နယူးယောက်ပြည်နယ်တွင် အိမ်ရှင်များကို ခြံဝန်းအတွင်း အပိုအိမ်ငယ်များ ဆောက်လုပ်ရန် ဒေါ်လာ ၁၂၅၀၀၀ စီ ထောက်ပံ့
နယူးယောက်ပြည်နယ်တွင် အိမ်ရှင်များကို ခြံဝန်းအတွင်း အပိုအိမ်ငယ်များ ဆောက်လုပ်ရန် ဒေါ်လာ ၁၂၅၀၀၀ စီ ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
30 Aug 2023 10:02 am တွင် တင်ခဲ့သည်
736 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တွင် အိမ်ရှင်များကို ၎င်းတို့၏ ခြံဝန်းတွင်း အိမ်နောက်ဘက်တွင် အပိုလူနေအိမ်များ (ADUs) ဟုခေါ်သော အိမ်ငယ်များ ဆောက်လုပ်ရန် ပြည်နယ်အစိုးရက အိမ်ရှင်များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိသည်။
ယခုကဲ့သို့ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သော ‘နယူးယောက်ပြည်နယ် အိုးအိမ်နှင့် အသိုက်အဝန်းအသစ် ဆောက်လုပ်မှုဌာန (HCR)’ ၏ အချက်အလက်များအရ ယခုနှစ် သြဂုတ်လ ၁၅ ရက်အထိ ထောက်ပံ့ငွေ အတွက် ကန်ဒေါ်လာ ၂၃ ဒသမ ၄ သန်းအထိ သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
ယခုထောက်ပံ့ငွေသည် Plus One ADU Program ဟုခေါ်သော ၂၀၂၂-၂၀၂၃ ဘတ်ဂျက်မှ ခွင့်ပြုငွေတွင် ပါဝင်ပြီး နယူးယောက်ပြည်နယ်တစ်လွှားရှိ အိမ်ရှင်များကို အိမ်နောက်ဘက်တွင် အပိုအိမ်ငယ်တစ်လုံး ဆောက်လုပ်ရန် ကန်ဒေါ်လာ ၁၂၅၀၀၀ နှင့်အထက် ထောက်ပံ့ပေးခြင်း ဖြစ်သည်။
နယူးယောက်ပြည်နယ်အစိုးရက ၂၀၂၈ ခုနှစ်အထိ ဒေါ်လာ ၈၅ သန်း ထောက်ပံ့ကူညီသွားရန် စီစဉ်ထားသည်။
“လမ်းတိုင်းမှာရှိတဲ့ အိမ်တိုင်းမှာ အရံအိမ်တစ်လုံးဆောက်ဖို့ လေ့လာဖို့စီစဉ်နေတဲ့အချိန်မှာပဲ ဒီထောက်ပံ့မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်”ဟု နယူးယောက်ပြည်နယ် တန်ဖိုးသင့်အိမ်ရာအသင်း ဥက္ကဋ္ဌ Jolie Milstein က Business Insider သတင်းဌာနသို့ ပြောသည်။
ဆိုးရွားလာနေသော အိမ်ခြံမြေရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ယခုစီမံကိန်းမှာ လွှတ်တော်အမတ်တို့၏ ကြိုးပမ်းမှု နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
အိမ်ခြံမြေရှားပါးမှုသည် အမေရိကန်ပြည်ထောင်စုတစ်ဝန်း ရင်ဆိုင်နေရသော ပြဿနာဖြစ်ပြီး အမေရိကန်ပြည်သူ အများစုမှာ နေအိမ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ရာတွင် ဈေးနှုန်းအလွန်မြင့်မားမှုနှင့် ရင်ဆိုင်ကြရသည်။
(အမေရိကန်ပြည်ထောင်စုတွင် အိမ်ခြံမြေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ဓာတ်ပုံ-adamkaz/Getty Images)
ယခုအစီအစဉ်နှင့် အခြားသော ခြေလှမ်းများမှတဆင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul သည် နေအိမ် supply ကို မြှင့်တင်ပေးခြင်းအားဖြင့် နယူးယောက်ပြည်နယ်၏ အိမ်ခြံမြေအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် စီစဉ်ထားကြောင်း HCR ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က Business Insider သတင်းဌာနသို့ ပြောသည်။
ထောက်ပံ့မှု ပထမအသုတ်အနေဖြင့် HCR သည် Ulster ခရိုင်၊ Amherst မြို့နှင့် အကျိုးအမြတ်အတွက် မဟုတ်သည့်အဖွဲ့များဖြစ်သော Habitat for Humanity of New York City နှင့် Westchester တို့ထံ ဒေါ်လာ ၅၀၀၀၀၀ မှ ဒေါ်လာ ၂ ဒသမ ၆ သန်းကြား ၉ ကြိမ် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ထောက်ပံ့မှုများမှတစ်ဆင့် Buffalo မှသည် နယူးယောက်မြို့အထိ အိမ်ရှင်တို့သည် ၎င်းတို့အိမ် နောက်ဘက်ရှိ ဂိုဒေါင်များကို နေအိမ်ငယ်များအဖြစ် ပြောင်းလဲနိုင်ရန် ထောက်ပံ့ငွေများ ရကြမည်ဖြစ်ကြောင်း HCR က ထုတ်ပြန်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: New York is paying homeowners up to $125,000 to build an ADU in their backyard to help ease the nation's housing shortage (businessinsider)
[Zawgyi]
ယခုအစီအစဉ်နှင့် အခြားသော ခြေလှမ်းများမှတစ်ဆင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul သည် နေအိမ် supply ကို မြှင့်တင်ပေးခြင်းအားဖြင့် နယူးယောက်ပြည်နယ်၏ အိမ်ခြံမြေအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် စီစဉ်ထားကြောင်း HCR ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က Business Insider သတင်းဌာနသို့ ပြောသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service