လီဗာပူးနည်းပြ ယာဂန် ကလော့၏ ပေါင် ၁၅၀၀၀၀ တန် Bentley GT Continental ကား
လီဗာပူးနည်းပြ ယာဂန် ကလော့၏ ပေါင် ၁၅၀၀၀၀ တန် Bentley GT Continental ကား - Property Knowledge in Myanmar from iMyanmarHouse.com
29 Aug 2023 11:43 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ယာဂန် နောဘက် ကလော့ (Jurgen Norbert Klopp) (မွေး ၁၉၆၇) သည် ဂျာမန်လူမျိုး ဘောလုံးနည်းပြ တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူး၏ နည်းပြဖြစ်သည်။
ယာဂန် ကလော့ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးနည်းပြများ၌ တစ်ဦးအပါအဝင်အဖြစ် အများက သတ်မှတ်ထားကြသည်။
ယာဂန် ကလော့စီးသော ကားမှာ ပေါင် ၁၅၀၀၀၀ တန် Bentley GT Continental ဖြစ်သည်။
အသက် ၅၆ နှစ် ရှိပြီဖြစ်သူ ယာဂန်ကလော့သည် ယခင်က ဈေးအလွန်သက်သာသော ပေါင် ၂၅၀၀၀ တန် Opel Insignia စီးခဲ့ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းတွင် လီဗာပူး၏ လေ့ကျင့်ရေးကွင်းသို့ ပေါင် ၁၅၀၀၀၀ တန် Luxury ကားဖြင့် ရောက်ရှိလာခဲ့သည်။
(လေ့ကျင့်ရေးကွင်းသို့ ပေါင် ၁၅၀၀၀၀ တန် Bentley GT Continental ဖြင့် ယာဂန် ကလော့ ရောက်ရှိလာပုံ။)
(ယာဂန် ကလော့သည် ဂျာမန်ကားကုမ္ပဏီ Opel ၏ Brand Ambassador တစ်ဦးဖြစ်သည်။)
(ယာဂန် ကလော့ကို Bentley GT Continental ကားဖြင့် တွေ့ရပုံ။)
ယာဂန် ကလော့သည် ဂျာမန် Car brand တစ်ခုဖြစ်သော Opel နှင့် ၂၀၁၂ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
သူသည် Opel ၏ ရုပ်သံကြော်ငြာများစွာတွင် ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စာချုပ်သစ်ချုပ်ဆိုခဲ့သည်။
Opel တွင် ယာဂန် ကလော့ Brand Ambassador အဖြစ် လုပ်ဆောင်ပေးခဲ့မှုမှာ ရုန်းကန်နေရသော Opel အတွက် များစွာ အထောက်အကူဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း Insignia မော်ဒယ်ကားများ ရောင်းချရမှု ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ကလော့သည် ကမ္ဘာပေါ်တွင် လစာအများဆုံး နည်းပြများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
သူသည် Luxury ကား Bentley GT Continental ကို ပြီးခဲ့သောနှစ် မေလ ၂၈ ရက်က ကျင်းပခဲ့သော ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်ကြယ်ပွင့်များအနက် Bentley GT Continental ပိုင်ဆိုင်ထားသူများတွင် လီဗာပူးကြယ်ပွင့်များဖြစ်သော မိုဟာမက် ဆာလာနှင့် ဆာဒီယို မာနီတို့လည်း အပါအဝင် ဖြစ်သည်။
ယာဂန် ကလော့သည် Soccer AM နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ကျွန်တော် စီးတာက Opel Insignia ဒီဇယ်ကားပါ။ ဂျာမနီမှာ ကျွန်တော်ရဲ့ မိတ်ဖက်က Opel ပါ။ လူတွေ ပြောနေကြတာက ကျွန်တော်ဟာ Porsche စီးတယ်လို့ ပြောကြတယ်။ အဲဒါ မမှန်ပါဘူး။”ဟု သူ၏ Opel ကားအကြောင်း ပြောခဲ့ဖူးသည်။
“ကျွန်တော်မှာ Porsche တစ်စီး ရှိခဲ့ဖူးတယ်။ အဲဒီကားကို နှစ်ဝက်လောက် စီးခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ Opel နဲ့ စာချုပ်ချုပ်ခဲ့တယ်။
ကျွန်တော်ရဲ့ Porsche ကို ဂိုဒေါင်ထဲမှာ ထားလိုက်ပြီး Opel ကို စီးခဲ့တယ်။
ဂျာမနီမှာဆိုရင် ကျွန်တော့်ကို Porsche စီးတယ်လို့ အမြဲ ပြောကြတယ်။ အဲဒါက မမှန်ပါဘူး။
အောက်ထပ်မှာ ကျွန်တော့်ကားကို တွေ့ပါလိမ့်မယ်။ တကယ်ကောင်းတဲ့ ကားပါပဲ။”ဟု ယာဂန် ကလော့က Opel အကြောင်း ပြောပြခဲ့ဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Liverpool manager Jurgen Klopp swaps £25k Opel for £150k luxury Bentley GT Continental (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
imyanmarmarket
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service