ကမ္ဘာကျော်များနှင့် ၎င်းတို့၏ သရဲခြောက်သောနေအိမ်များ

ကမ္ဘာကျော်များနှင့် ၎င်းတို့၏ သရဲခြောက်သောနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
29 Aug 2023 11:21 am တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁။ Courtney Cox

Courtney Cox သည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း Jimmy Kimmel Live ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့စဉ်က သူ၏ သရဲခြောက်သော နေအိမ်အကြောင်း ပြောပြခဲ့ဖူးသည်။

Courtney Cox ၏ ထိုစဉ်ကအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ Laurel Canyon အရပ်တွင် တည်ရှိပြီး ထိုကာလက Courtney Cox ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

Courtney Cox က ပြောသည်မှာ ထိုအိမ်ကို ယခင်က ဂန္ထဝင်အဆိုတော်ကြီး Carole King ပိုင်ဆိုင်ခဲ့ဖူးကြောင်း၊ Carole King သည် တစ်ရက်တွင် မိမိ၏ နေအိမ်သို့ ရောက်လာပြီး ဤအိမ်တွင် သရဲရှိသည်ဟု လာရောက်ပြောပြခဲ့ကြောင်း ပြောသည်။

“အဲဒီအိမ်မှာ ကျွန်မနဲ့အတူနေခဲ့ဖူးသူတွေ၊ ကျွန်မရဲ့သူငယ်ချင်းတွေက အိပ်ယာအစွန်းမှာ အမျိုးသမီး တစ်ယောက် ထိုင်နေတာ တွေ့ကြတယ်လို့ ပြောကြတယ်”

“တစ်ရက်…၊ ကျွန်မအိမ်မှာရှိနေတုန်း UPS Delivery ကုမ္ပဏီက delivery ပို့တဲ့သူတစ်ယောက် ရောက်လာတယ်။ ကျွန်မက အိမ်တံခါးဖွင့်လိုက်ချိန်မှာ သူက….ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုတာ သိလား….လို့ ပြောပါတယ်။”

ထိုအခါ Courtney Cox က “ဟုတ်လား…ဘာကြောင့်လဲ။ ဘာလို့ သရဲခြောက်တယ်ထင်တာလဲ”ဟု ပြန်မေးသောအခါ အဆိုပါ Delivery ယာဉ်မောင်းက ပြန်ပြောသည်မှာ “ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့နောက်မှာ လူတစ်ယောက် မတ်တပ်ရပ်နေတယ်” ဟု ပြန်ပြောခဲ့သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင်ကား Courtney Cox သည် အဆိုပါအိမ်ကို ရောင်းချလိုက်တော့သည်။

၂။ ဂျနီဖာ အန်နစ္စတန် (Jennifer Aniston)

ဂျနီဖာ အန်နစ္စတန်သည် လော့စ်အိန်ဂျလိမြို့သို့ ပထမဆုံး ပြောင်းရွှေ့ရောက်ရှိလာချိန်က လူနေခန်းတစ်ခန်း ငှားရမ်းနေထိုင်ခဲ့ရာ အလွန်သရဲခြောက်သော အခန်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အခန်းသို့ရောက်ချိန်တွင် အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များ ကြုံခဲ့ရကြောင်း ဂျနီဖာ အန်နစ္စတန်က The Late Late Show ရုပ်သံအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူ James Corden အား ပြောပြခဲ့သည်။

သူမ၏ ပြောပြချက်အရ ပန်းကန်ဆေးစက် အလိုအလျောက် စက်ပွင့်ခြင်း ၊ ကော်ဖီဖျော်စက် သူ့အလိုလို လည်ပတ်နေခြင်းနှင့် ကက်ဆက်မှာ သူ့အလိုလို အသံကုန်ထပွင့်ခြင်းများ ကြုံတွေ့ရကြောင်း ပြောသည်။

“ပန်းကန်ဆေးစက် ၊ ကော်ဖီဖျော်စက်တွေ အလိုလိုထပွင့်ပြီး ကက်ဆက်ကလည်း အသံကုန် ထမြည်တာတွေ ကြုံရပါတယ်။ ဒါက တော်တော်ခြောက်ခြားဖို့ ကောင်းပါတယ်။”ဟု သူမက ပြောသည်။

ဂျနီဖာ အန်နစ္စတန်သည် သူငယ်ချင်းတစ်ယောက်၏ အကြံပေးချက်အရ မကောင်းဆိုးဝါးများ နှင်ထုတ်ပေး မည့်သူတစ်ဦးကို ခေါ်ယူခဲ့သည်။

“သူတို့က လော်ဗန်အမွှေးတိုင်ခဲတစ်ခုကို ပန်းကန်ပြားလေးတစ်ခုထဲ၌ ထည့်လိုက်ပြီး ရွတ်ဖတ်တာတွေ လုပ်တယ်။ ပြီးတော့ အခန်းထောင့်နေရာတစ်ခုကို ရောက်ချိန်မှာ ပန်းကန်က ကွဲသွားခဲ့တယ်။”ဟု အန်နစ္စတန်က ပြောပြသည်။

စားပွဲပေါ်တွင်ထားသော ၁၉၇၅ ခုနှစ်ထုတ် ထူထဲလှသော ပြာခွက်မှာလည်း ကွဲသွားကြောင်း ၊ ထိုခွက်ကို မိမိအား ဖယ်ခိုင်းကြောင်း ၊ ယင်းနောက်တွင် သရဲနှင့် စကားပြောမှု ပြုလုပ်ခဲ့ကြောင်း ဂျနီဖာ အန်နစ္စတန်က ပြောသည်။

ပရလောက ပညာရှင်က သရဲနှင့် စကားပြောပြီးနောက်တွင် ခြောက်လှန့်မှုများ ပေါ်ပေါက်ရသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့သည်။

ထိုသရဲက သူ၏ နေရာတွင် လာရောက်နေထိုင်မှုကို မနှစ်သက်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ကျွန်မလည်း အဲဒီအခန်းက ပြောင်းခဲ့ပါတယ်။ ကျွန်မ တော်တော်ခြောက်ခြားသွားတယ်။”

၃။ မိုင်လေ ဆိုင်းရပ် (Miley Cyrus)

ကမ္ဘာကျော် အဆိုတော် မိုင်လေ ဆိုင်းရပ်နှင့် သူမ၏ မိသားစုသည် လန်ဒန်မြို့တွင် သရဲခြောက်သော တိုက်ခန်းတစ်ခန်းကို ငှားရမ်းနေထိုင်ခဲ့စဉ် သွေးပျက်ဖွယ်ရာ ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရဖူးသည်။

“ကျွန်မ တကယ့်ကို သွေးပျက်ခြောက်ခြားစရာတွေနဲ့ ကြုံခဲ့ရတယ်။ ပြန်ပြောရမှာတောင် ရူးကြောင်ကြောင် ဆန်တယ်။ တစ်ညမှာ ကျွန်မရဲ့ ညီမလေးက ရေချိုးခန်းထဲမှာ ရေပန်းနဲ့ ရေချိုးနေတုန်း သူ့ရဲ့ စူးစူးရွားရွား အော်သံကို ကြားလိုက်ရတယ်။ ကျွန်မ အဲဒီကို ချက်ချင်းပြေးသွားခဲ့တယ်။ ရေတွေက ရေပူတွေ ဖြစ်နေတယ်။ ခလုတ်ကို သူ မလှည့်ဘဲ သူ့အလိုလို ရေပူဘက်ကို ပြောင်းသွားခဲ့တယ်။ ညီမလေးလည်း အရေပြားတွေ လောင်သွားတယ်။ တစ်ကိုယ်လုံးမှာ နီရဲသွားတယ်။ ”ဟု မိုင်လေ ဆိုင်းရပ်က Elle UK သို့ ပြောသည်။

“အဲဒီလို မဖြစ်ခင်မှာ ကျွန်မရေချိုးခန်းထဲမှာ ရေချိုးနေတုန်း ကလေးလေးတစ်ယောက် ရေစိမ်ကန်ထဲမှာ ထိုင်နေရင်း ကျွန်မကို ကြည့်နေတာ ကြုံခဲ့ရတယ်။ တကယ့်ကို သွေးပျက်မတတ် ခြောက်ခြားခဲ့ရတယ်။”

မိုင်လေ ဆိုင်းရပ်က ဆက်လက်ပြောကြားသည်မှာ သူမ၏ မိခင် ၊ အဒေါ်နှင့် ချစ်သူဟောင်း Liam Hemsworth တို့လည်း ခြောက်လှန့်ခံရမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် အခြားနေရာကို ပြောင်းရွှေ့ခဲ့ကြရကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Celebrities Who Say They've Lived in Real Haunted Houses (people)

[Zawgyi]

ကမၻာေက်ာ္မ်ားႏွင့္ ၎တို႔၏ သရဲေျခာက္ေသာေနအိမ္မ်ား

၁။ Courtney Cox

Courtney Cox သည္ ၂၀၂၂ ခုႏွစ္၊ မတ္လအတြင္း Jimmy Kimmel Live ရုပ္သံအစီအစဥ္တြင္ ပါဝင္ခဲ့စဥ္က သူ၏ သရဲေျခာက္ေသာ ေနအိမ္အေၾကာင္း ေျပာျပခဲ့ဖူးသည္။

Courtney Cox ၏ ထုိစဥ္ကအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Laurel Canyon အရပ္တြင္ တည္ရွိျပီး ထိုကာလက Courtney Cox ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

Courtney Cox က ေျပာသည္မွာ ထိုအိမ္ကို ယခင္က ဂႏၳဝင္အဆိုေတာ္ၾကီး Carole King ပိုင္ဆိုင္ခဲ့ဖူးေၾကာင္း၊ Carole King သည္ တစ္ရက္တြင္ မိမိ၏ ေနအိမ္သို႔ ေရာက္လာျပီး ဤအိမ္တြင္ သရဲရွိသည္ဟု လာေရာက္ေျပာျပခဲ့ေၾကာင္း ေျပာသည္။

“အဲဒီအိမ္မွာ ကၽြန္မနဲ႔အတူေနခဲ့ဖူးသူေတြ၊ ကၽြန္မရဲ႕သူငယ္ခ်င္းေတြက အိပ္ယာအစြန္းမွာ အမ်ဳိးသမီး တစ္ေယာက္ ထိုင္ေနတာ ေတြ႔ၾကတယ္လို႔ ေျပာၾကတယ္”

“တစ္ရက္…၊ ကၽြန္မအိမ္မွာရွိေနတုန္း UPS Delivery ကုမၸဏီက delivery ပို႔တဲ့သူတစ္ေယာက္ ေရာက္လာတယ္။ ကၽြန္မက အိမ္တံခါးဖြင့္လိုက္ခ်ိန္မွာ သူက….ဒီအိမ္ၾကီးက သရဲေျခာက္တယ္ဆိုတာ သိလား….လို႔ ေျပာပါတယ္။”

ထိုအခါ Courtney Cox က “ဟုတ္လား…ဘာေၾကာင့္လဲ။ ဘာလို႔ သရဲေျခာက္တယ္ထင္တာလဲ”ဟု ျပန္ေမးေသာအခါ အဆိုပါ Delivery ယာဥ္ေမာင္းက ျပန္ေျပာသည္မွာ “ဘာေၾကာင့္လဲဆိုေတာ့ ခင္ဗ်ားရဲ႕ေနာက္မွာ လူတစ္ေယာက္ မတ္တပ္ရပ္ေနတယ္” ဟု ျပန္ေျပာခဲ့သည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္းတြင္ကား Courtney Cox သည္ အဆိုပါအိမ္ကို ေရာင္းခ်လိုက္ေတာ့သည္။

၂။ ဂ်နီဖာ အန္နစၥတန္ (Jennifer Aniston)

ဂ်နီဖာ အန္နစၥတန္သည္ ေလာ့စ္အိန္ဂ်လိျမဳိ႕သို႔ ပထမဆံုး ေျပာင္းေရႊ႕ေရာက္ရွိလာခ်ိန္က လူေနခန္းတစ္ခန္း ငွားရမ္းေနထိုင္ခဲ့ရာ အလြန္သရဲေျခာက္ေသာ အခန္းျဖစ္သည္ဟု ဆိုသည္။

အဆိုပါ အခန္းသို႔ေရာက္ခ်ိန္တြင္ အလြန္တုန္လႈပ္ေျခာက္ျခားဖြယ္ရာ ျဖစ္ရပ္မ်ား ၾကံဳခဲ့ရေၾကာင္း ဂ်နီဖာ အန္နစၥတန္က The Late Late Show ရုပ္သံအစီအစဥ္တြင္ အစီအစဥ္တင္ဆက္သူ James Corden အား ေျပာျပခဲ့သည္။

သူမ၏ ေျပာျပခ်က္အရ ပန္းကန္ေဆးစက္ အလိုအေလ်ာက္ စက္ပြင့္ျခင္း ၊ ေကာ္ဖီေဖ်ာ္စက္ သူ႔အလိုလို လည္ပတ္ေနျခင္းႏွင့္ ကက္ဆက္မွာ သူ႔အလိုလို အသံကုန္ထပြင့္ျခင္းမ်ား ၾကံဳေတြ႔ရေၾကာင္း ေျပာသည္။

“ပန္းကန္ေဆးစက္ ၊ ေကာ္ဖီေဖ်ာ္စက္ေတြ အလိုလိုထပြင့္ျပီး ကက္ဆက္ကလည္း အသံကုန္ ထျမည္တာေတြ ၾကံဳရပါတယ္။ ဒါက ေတာ္ေတာ္ေျခာက္ျခားဖုိ႔ ေကာင္းပါတယ္။”ဟု သူမက ေျပာသည္။ ဂ်နီဖာ အန္နစၥတန္သည္ သူငယ္ခ်င္းတစ္ေယာက္၏ အၾကံေပးခ်က္အရ မေကာင္းဆိုးဝါးမ်ား ႏွင္ထုတ္ေပး မည့္သူတစ္ဦးကို ေခၚယူခဲ့သည္။

“သူတို႔က ေလာ္ဗန္အေမႊးတိုင္ခဲတစ္ခုကို ပန္းကန္ျပားေလးတစ္ခုထဲ၌ ထည့္လိုက္ျပီး ရြတ္ဖတ္တာေတြ လုပ္တယ္။ ျပီးေတာ့ အခန္းေထာင့္ေနရာတစ္ခုကို ေရာက္ခ်ိန္မွာ ပန္းကန္က ကြဲသြားခဲ့တယ္။”ဟု အန္နစၥတန္က ေျပာျပသည္။

စားပြဲေပၚတြင္ထားေသာ ၁၉၇၅ ခုႏွစ္ထုတ္ ထူထဲလွေသာ ျပာခြက္မွာလည္း ကြဲသြားေၾကာင္း ၊ ထိုခြက္ကို မိမိအား ဖယ္ခုိင္းေၾကာင္း ၊ ယင္းေနာက္တြင္ သရဲႏွင့္ စကားေျပာမႈ ျပဳလုပ္ခဲ့ေၾကာင္း ဂ်နီဖာ အန္နစၥတန္က ေျပာသည္။

ပရေလာက ပညာရွင္က သရဲႏွင့္ စကားေျပာျပီးေနာက္တြင္ ေျခာက္လွန္႔မႈမ်ား ေပၚေပါက္ရသည့္ အေၾကာင္းရင္းကို ေဖာ္ထုတ္ႏိုင္ခဲ့သည္။

ထိုသရဲက သူ၏ ေနရာတြင္ လာေရာက္ေနထိုင္မႈကို မႏွစ္သက္ေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

“ကၽြန္မလည္း အဲဒီအခန္းက ေျပာင္းခဲ့ပါတယ္။ ကၽြန္မ ေတာ္ေတာ္ေျခာက္ျခားသြားတယ္။”

၃။ မိုင္ေလ ဆုိင္းရပ္ (Miley Cyrus)

ကမၻာေက်ာ္ အဆိုေတာ္ မိုင္ေလ ဆိုင္းရပ္ႏွင့္ သူမ၏ မိသားစုသည္ လန္ဒန္ျမဳိ႕တြင္ သရဲေျခာက္ေသာ တိုက္ခန္းတစ္ခန္းကို ငွားရမ္းေနထိုင္ခဲ့စဥ္ ေသြးပ်က္ဖြယ္ရာ ျဖစ္ရပ္တစ္ခုႏွင့္ ၾကံဳေတြ႔ရဖူးသည္။

“ကၽြန္မ တကယ့္ကို ေသြးပ်က္ေျခာက္ျခားစရာေတြနဲ႔ ၾကံဳခဲ့ရတယ္။ ျပန္ေျပာရမွာေတာင္ ရူးေၾကာင္ေၾကာင္ ဆန္တယ္။ တစ္ညမွာ ကၽြန္မရဲ႕ ညီမေလးက ေရခ်ဳိးခန္းထဲမွာ ေရပန္းနဲ႔ ေရခ်ဳိးေနတုန္း သူ႔ရဲ႕ စူးစူးရြားရြား ေအာ္သံကို ၾကားလိုက္ရတယ္။ ကၽြန္မ အဲဒီကို ခ်က္ခ်င္းေျပးသြားခဲ့တယ္။ ေရေတြက ေရပူေတြ ျဖစ္ေနတယ္။ ခလုတ္ကို သူ မလွည့္ဘဲ သူ႔အလိုလို ေရပူဘက္ကို ေျပာင္းသြားခဲ့တယ္။ ညီမေလးလည္း အေရျပားေတြ ေလာင္သြားတယ္။ တစ္ကုိယ္လံုးမွာ နီရဲသြားတယ္။ ”ဟု မိုင္ေလ ဆုိင္းရပ္က Elle UK သို႔ ေျပာသည္။

“အဲဒီလို မျဖစ္ခင္မွာ ကၽြန္မေရခ်ဳိးခန္းထဲမွာ ေရခ်ဳိးေနတုန္း ကေလးေလးတစ္ေယာက္ ေရစိမ္ကန္ထဲမွာ ထိုင္ေနရင္း ကၽြန္မကို ၾကည့္ေနတာ ၾကံဳခဲ့ရတယ္။ တကယ့္ကို ေသြးပ်က္မတတ္ ေျခာက္ျခားခဲ့ရတယ္။”

မိုင္ေလ ဆိုင္းရပ္က ဆက္လက္ေျပာၾကားသည္မွာ သူမ၏ မိခင္ ၊ အေဒၚႏွင့္ ခ်စ္သူေဟာင္း Liam Hemsworth တုိ႔လည္း ေျခာက္လွန္႔ခံရမႈမ်ား ျဖစ္ေပၚခဲ့ေသာေၾကာင့္ အျခားေနရာကို ေျပာင္းေရႊ႕ခဲ့ၾကရေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Celebrities Who Say They've Lived in Real Haunted Houses (people)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service