ဟောင်ကောင်တွင် ကြီးမားသော စံအိမ်ကြီးတစ်လုံး ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ ဟောင်ကောင်၏ ဈေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင်

ဟောင်ကောင်တွင် ကြီးမားသော စံအိမ်ကြီးတစ်လုံး ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ ဟောင်ကောင်၏ ဈေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
29 Aug 2023 10:12 am တွင် တင်ခဲ့သည်
474 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်တွင် Repulse Bay ၏ ရှုခင်းများ ပိုင်ဆိုင်ထားသည့် ကြီးမားသော စံအိမ်ကြီးတစ်လုံး ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၂၈၁ ဒသမ ၁ သန်းခန့်) ဖြင့် အရောင်းဈေးကွက်ဝင်လာရာ ဟောင်ကောင်၏ ဈေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင်သွားသည်။

အဆိုပါစံအိမ်သည် ကမ္ဘာ့အိမ်ခြံမြေဈေးကွက်တွင်လည်း ဈေးအကြီးဆုံးစံအိမ်များတွင် ပါဝင်နေကာ နယူးယောက်မြို့ Central Park တာဝါမှ ဒေါ်လာ သန်း ၂၅၀ တန် Penthouse ခန်းထက် ပိုမိုများပြားသည့် ဈေးနှုန်းဖြစ်သည်။

နယူးယောက်မှ ထိုအခန်းသည် လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် အရောင်းဈေးကွက်ဝင်နေသော အိမ်ခြံမြေများအနက် ဈေးအကြီးဆုံး ဖြစ်သည်။

ယခုနှစ်အစောပိုင်းကလည်း ဟောင်ကောင်မှ The Peak အရပ်မှ စံအိမ်သစ်တစ်လုံး ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ဖူးသည်။

ယခုစံအိမ်သည် စတုရန်းပေ ၁၈၀၀၀ ကျယ်ဝန်းပြီး ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

ဆောက်လုပ်ပြီးစီးခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများနှင့် ကိုဗစ်ကပ်ဘေး တို့ကြောင့် Developer မှာ အရောင်းဈေးကွက် မတင်နိုင်ခဲ့။

ယခုအခါ အရောင်းဈေးကွက်တင်လာခဲ့ပြီ ဖြစ်သော်လည်း အိမ်ခြံမြေဈေးကွက်မှာ အေးနေကြောင်း ယခုစံအိမ် ကို အရောင်းဈေးကွက်တင်ပေးသည့် Habitat Property အိမ်ခြံမြေကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဗစ်တိုးရီးယား အယ်လန်က ပြောသည်။

ဈေးကွက်အေးနေချိန်ဖြစ်သောကြောင့် ဈေးနှုန်းညှိနှိုင်းနိုင်ကြောင်းလည်း ဗစ်တိုးရီးယားက ပြောသည်။

စံအိမ်၏ ကြီးမားသော အရွယ်အစား ၊ ကမ်းခြေနှင့် နီးကပ်မှု ၊ Repulse Bay အရပ်တွင် တည်ရှိမှုတို့မှာ ဟောင်ကောင်တွင် အခြေချလိုသူတို့အတွက် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဗစ်တိုးရီးယားက ဆိုသည်။

ဟောင်ကောင်တွင် High-end အိမ်ခြံမြေများမှာ အလွန်နည်းပါးကြောင်း ၊ ဟောင်ကောင်၏ မြေနေရာ အကန့်အသတ်ရှိခြင်းကြောင့် ဖြစ်ကြောင်း သူမက ဖြည့်စွက် ပြောကြားသည်။

စံအိမ်ကြီးအတွင်း ကြီးမားသော ပတ္တာတပ်ပြတင်းပေါက်ကြီးများ ၊ စကျင်ကျောက်ပြားခင်း ကြမ်းပြင်များနှင့် ရေချိုးခန်းအများအပြား ပါဝင်ကြောင်း ဈေးကွက်တင် ဓာတ်ပုံများတွင် တွေ့ရသည်။

ပင်မအထပ်မှာ အခန်းဖွင့် ခင်းကျင်းထားပြီး ဓာတ်လှေကားတစ်ခုလည်း ပါဝင်သည်။

အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါဝင်ရာ မိသားစုဝင် များပြားသူများအတွက် အထူးသင့်တော်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

Outdoor နေရာများစွာလည်း ပါဝင်ရာ ပင်လယ်ရေပြင် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသော roof deck နှင့် နားနေ နေရာ ဝန်းပတ်ထားသော ရေကူးကန်တစ်ခုလည်း ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:Hong Kong Megamansion Hits the Market for HK$2.2 Billion, the City’s Priciest Listing (mansionglobal)

[Zawgyi]

ေဟာင္ေကာင္တြင္ ၾကီးမားေသာ စံအိမ္ၾကီးတစ္လံုး ေဟာင္ေကာင္ေဒၚလာ ၂ ဒသမ ၂ ဘီလီယံျဖင့္ အေရာင္းေစ်းကြက္ဝင္လာရာ ေဟာင္ေကာင္၏ ေစ်းအၾကီးဆံုးစံအိမ္အျဖစ္ စံခ်ိန္တင္

ေဟာင္ေကာင္တြင္ Repulse Bay ၏ ရႈခင္းမ်ား ပိုင္ဆိုင္ထားသည့္ ၾကီးမားေသာ စံအိမ္ၾကီးတစ္လံုး ေဟာင္ေကာင္ေဒၚလာ ၂ ဒသမ ၂ ဘီလီယံ (ကန္ေဒၚလာ ၂၈၁ ဒသမ ၁ သန္းခန္႔) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာရာ ေဟာင္ေကာင္၏ ေစ်းအၾကီးဆံုးစံအိမ္အျဖစ္ စံခ်ိန္တင္သြားသည္။

အဆိုပါစံအိမ္သည္ ကမၻာ့အိမ္ျခံေျမေစ်းကြက္တြင္လည္း ေစ်းအၾကီးဆံုးစံအိမ္မ်ားတြင္ ပါဝင္ေနကာ နယူးေယာက္ျမဳိ႕ Central Park တာဝါမွ ေဒၚလာ သန္း ၂၅၀ တန္ Penthouse ခန္းထက္ ပိုမိုမ်ားျပားသည့္ ေစ်းႏႈန္းျဖစ္သည္။

နယူးေယာက္မွ ထိုအခန္းသည္ လက္ရွိအားျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ အေရာင္းေစ်းကြက္ဝင္ေနေသာ အိမ္ျခံေျမမ်ားအနက္ ေစ်းအၾကီးဆံုး ျဖစ္သည္။

ယခုႏွစ္အေစာပိုင္းကလည္း ေဟာင္ေကာင္မွ The Peak အရပ္မွ စံအိမ္သစ္တစ္လံုး ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့ဖူးသည္။

ယခုစံအိမ္သည္ စတုရန္းေပ ၁၈၀၀၀ က်ယ္ဝန္းျပီး ၂၀၁၉ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့သည္။

ေဆာက္လုပ္ျပီးစီးခဲ့ျပီးေနာက္ပိုင္း ေဟာင္ေကာင္တြင္ ျဖစ္ေပၚခဲ့သည့္ ဆႏၵျပပြဲမ်ားႏွင့္ ကိုဗစ္ကပ္ေဘး တုိ႔ေၾကာင့္ Developer မွာ အေရာင္းေစ်းကြက္ မတင္ႏိုင္ခဲ့။

ယခုအခါ အေရာင္းေစ်းကြက္တင္လာခဲ့ျပီ ျဖစ္ေသာ္လည္း အိမ္ျခံေျမေစ်းကြက္မွာ ေအးေနေၾကာင္း ယခုစံအိမ္ ကို အေရာင္းေစ်းကြက္တင္ေပးသည့္ Habitat Property အိမ္ျခံေျမကုမၸဏီမွ မန္ေနဂ်င္းဒါရိုက္တာ ဗစ္တုိးရီးယား အယ္လန္က ေျပာသည္။

ေစ်းကြက္ေအးေနခ်ိန္ျဖစ္ေသာေၾကာင့္ ေစ်းႏႈန္းညွိႏိႈင္းႏိုင္ေၾကာင္းလည္း ဗစ္တုိးရီးယားက ေျပာသည္။

စံအိမ္၏ ၾကီးမားေသာ အရြယ္အစား ၊ ကမ္းေျခႏွင့္ နီးကပ္မႈ ၊ Repulse Bay အရပ္တြင္ တည္ရွိမႈတို႔မွာ ေဟာင္ေကာင္တြင္ အေျခခ်လိုသူတို႔အတြက္ ဆြဲေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ဗစ္တုိးရီးယားက ဆိုသည္။

ေဟာင္ေကာင္တြင္ High-end အိမ္ျခံေျမမ်ားမွာ အလြန္နည္းပါးေၾကာင္း ၊ ေဟာင္ေကာင္၏ ေျမေနရာ အကန႔္အသတ္ရွိျခင္းေၾကာင့္ ျဖစ္ေၾကာင္း သူမက ျဖည့္စြက္ ေျပာၾကားသည္။

စံအိမ္ၾကီးအတြင္း ၾကီးမားေသာ ပတၱာတပ္ျပတင္းေပါက္ၾကီးမ်ား ၊ စက်င္ေက်ာက္ျပားခင္း ၾကမ္းျပင္မ်ားႏွင့္ ေရခ်ဳိးခန္းအမ်ားအျပား ပါဝင္ေၾကာင္း ေစ်းကြက္တင္ ဓာတ္ပံုမ်ားတြင္ ေတြ႔ရသည္။

ပင္မအထပ္မွာ အခန္းဖြင့္ ခင္းက်င္းထားျပီး ဓာတ္ေလွကားတစ္ခုလည္း ပါဝင္သည္။

အိပ္ခန္း ၁၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းပါဝင္ရာ မိသားစုဝင္ မ်ားျပားသူမ်ားအတြက္ အထူးသင့္ေတာ္ေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

Outdoor ေနရာမ်ားစြာလည္း ပါဝင္ရာ ပင္လယ္ေရျပင္ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆုိင္ထားေသာ roof deck ႏွင့္ နားေန ေနရာ ဝန္းပတ္ထားေသာ ေရကူးကန္တစ္ခုလည္း ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:Hong Kong Megamansion Hits the Market for HK$2.2 Billion, the City’s Priciest Listing (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service