ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ပေါ့ပ်ကြယ်ပွင့် Cher နေထိုင်ခဲ့ဖူးသော အမေရိကန်ပြည် မိုင်အမ်မီကမ်းခြေမှ စံအိမ် ပေါင် ၃၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
Cher သည် အံ့မခန်းဖွယ်ရာ ဤစံအိမ်ကို ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင် ပေါင် ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြီး နောက် ၃ နှစ်အကြာတွင် ပေါင် ၃ ဒသမ ၄ သန်းဖြင့် ပြန်လည်ရောင်းချခဲ့ရာ ၃ ဆနီးပါး ရရှိခဲ့ခြင်း ဖြစ်သည်။
(ပေါ့ပ်ကြယ်ပွင့် Cher နေထိုင်ခဲ့ဖူးသော အမေရိကန်ပြည် မိုင်အမ်မီကမ်းခြေမှ စံအိမ် ပေါင် ၃၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။ ဓာတ်ပုံ- The Mega Agency)
(La Gorce ကျွန်းပေါ်တွင် အသက်ရှုမှားလောက်ဖွယ် ခေတ်ပြိုင် စပိန် ဗိသုကာဟန်စံအိမ်တွင် ၁၉၉၀ ပြည့်လွန် ကာလများအတွင်း ပေါ့ပ်ကြယ်ပွင့် Cher နေထိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ- The Mega Agency)
(Cher သည် ပေါင် ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြီး နောက် ၃ နှစ်အကြာတွင် ပေါင် ၃ ဒသမ ၄ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။ ဓာတ်ပုံ-Getty)
La Gorce ကျွန်းပေါ်တွင် တည်ရှိပြီး ၂၄ နာရီ လုံခြုံရေးရှိသော ဂိတ်ဝန်းခတ် အိမ်ယာဝန်းအတွင်း တည်ရှိသည့် စံအိမ်ကို ယခုအခါ ပေါင် သန်း ၃၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါအိမ်သည် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီး ဂျက်ကလင်းကနေဒီ၏ ကလေးဘဝ နေအိမ်လည်း ဖြစ်သည်။
ဂျက်ကလင်းကနေဒီ နောက်ပိုင်း Calvin Klein ပူးတွဲတည်ထောင်သူ Barry K.Schwartz က ၁၉၉၃ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ လက်ရှိပိုင်ရှင်များမှာ James Eaton နှင့် သူ၏ ဇနီး Cecily တို့ဖြစ်သည်။
၎င်းတို့စုံတွဲက ယခုစံအိမ်ကို ပေါင် ၁၃ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၃ နှစ်အကြာတွင် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။ စံအိမ်အတွင်း အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၉ ခန်း ပါဝင်သည်။
ခေတ်ပြိုင်စပိန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စံအိမ်အကျယ် ၁၂၄၅၀ စတုရန်းပေ ရှိသည်။
ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းများ တပ်ဆင်ထားသောကြောင့် သဘာဝအလင်း ကောင်းစွာရကာ မိုင်အမ်မီ၏ ပင်လယ်ရှုခင်းကို ခံစားနိုင်သည်။
စံအိမ်အတွင်း ဝင်လိုက်သည်နှင့် မြင့်မားလှသော အမိုးများ ၊ အမိုးခုံးစင်္ကြန်လမ်းများ ၊ ၂ ဘက်လှေကားကြီးတစ်ခုရှိသော အထင်ကြီးလောက်ဖွယ်ရာ အဝင်ခန်းမကြီးတစ်ခုသို့ ရောက်မည် ဖြစ်သည်။
မီးဖိုဆောင်တွင် စကျင်ကျောက်ပြားခင်း စားပွဲမျက်နှာပြင်များရှိပြီး အရက်ဘားနှင့် ကြီးမားသော ဗဟိုချက်ပြုတ်ခုံကြီးတို့မှာ ညစာပါတီပွဲများနှင့် အခမ်းအနားများ ကျင်းပရန် ပြီးပြည့်စုံသည့်နေရာ ဖြစ်စေသည်။
Cher သည် ယခုစံအိမ်တွင် နေထိုင်ခြင်း မရှိတော့သော်လည်း ဟာဝိုင်အီ ၊ ကယ်လီဖိုးနီးယား ၊ နယူးယောက်နှင့် ဖလော်ရီဒါတို့တွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
(အံ့မခန်းဖွယ်ရာ အဝင်ခန်းမ။ ဓာတ်ပုံ- The Mega Agency)
(အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၉ ခန်းပါဝင်သည်။ ဓာတ်ပုံ- The Mega Agency)
(မိုင်အမ်မီ ပင်လယ်ကမ်းခြေရှုမျှော်ခင်းကို စီးမိုးကြည့်ရှုခံစားနိုင်သည်။ ဓာတ်ပုံ- The Mega Agency)
(ပါတီပွဲများ ကျင်းပရန် သင့်တော်သော မီးဖိုဆောင်။ ဓာတ်ပုံ- The Mega Agency)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:Pop superstar Cher’s incredible £33m mansion goes on sale with link to Jackie Kennedy in ultra-exclusive celeb enclave (thesun)
[Zawgyi]
အေမရိကန္သမၼတကေတာ္ေဟာင္း ဂ်က္ကလင္း ကေနဒီ၏ ကေလးဘဝ ေနအိမ္ ၊ ေပါ့ပ္စူပါစတား Cher ေနထိုင္ခဲ့ဖူးေသာအိမ္ ေပါင္ ၃၃ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ
ေပါ့ပ္ၾကယ္ပြင့္ Cher ေနထိုင္ခဲ့ဖူးေသာ အေမရိကန္ျပည္ မိုင္အမ္မီကမ္းေျခမွ စံအိမ္ ေပါင္ ၃၃ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။
Cher သည္ အံ့မခန္းဖြယ္ရာ ဤစံအိမ္ကို ၁၉၉၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားတြင္ ေပါင္ ၁ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ေနာက္ ၃ ႏွစ္အၾကာတြင္ ေပါင္ ၃ ဒသမ ၄ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ရာ ၃ ဆနီးပါး ရရွိခဲ့ျခင္း ျဖစ္သည္။
(ေပါ့ပ္ၾကယ္ပြင့္ Cher ေနထိုင္ခဲ့ဖူးေသာ အေမရိကန္ျပည္ မိုင္အမ္မီကမ္းေျခမွ စံအိမ္ ေပါင္ ၃၃ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။ ဓာတ္ပံု- The Mega Agency)
(La Gorce ကၽြန္းေပၚတြင္ အသက္ရႈမွားေလာက္ဖြယ္ ေခတ္ျပဳိင္ စပိန္ ဗိသုကာဟန္စံအိမ္တြင္ ၁၉၉၀ ျပည့္လြန္ ကာလမ်ားအတြင္း ေပါ့ပ္ၾကယ္ပြင့္ Cher ေနထုိင္ခဲ့ဖူးသည္။ ဓာတ္ပံု- The Mega Agency)
(Cher သည္ ေပါင္ ၁ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ေနာက္ ၃ ႏွစ္အၾကာတြင္ ေပါင္ ၃ ဒသမ ၄ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။ ဓာတ္ပံု-Getty)
La Gorce ကၽြန္းေပၚတြင္ တည္ရွိျပီး ၂၄ နာရီ လံုျခံဳေရးရွိေသာ ဂိတ္ဝန္းခတ္ အိမ္ယာဝန္းအတြင္း တည္ရွိသည့္ စံအိမ္ကို ယခုအခါ ေပါင္ သန္း ၃၀ ေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။
အဆုိပါအိမ္သည္ အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီ၏ ဇနီး ဂ်က္ကလင္းကေနဒီ၏ ကေလးဘဝ ေနအိမ္လည္း ျဖစ္သည္။
ဂ်က္ကလင္းကေနဒီ ေနာက္ပိုင္း Calvin Klein ပူးတြဲတည္ေထာင္သူ Barry K.Schwartz က ၁၉၉၃ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။ လက္ရွိပိုင္ရွင္မ်ားမွာ James Eaton ႏွင့္ သူ၏ ဇနီး Cecily တို႔ျဖစ္သည္။
၎တို႔စံုတြဲက ယခုစံအိမ္ကို ေပါင္ ၁၃ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ၃ ႏွစ္အၾကာတြင္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။ စံအိမ္အတြင္း အိပ္ခန္း ၆ ခန္း ၊ ေရခ်ဳိးခန္း ၉ ခန္း ပါဝင္သည္။
ေခတ္ျပဳိင္စပိန္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး စံအိမ္အက်ယ္ ၁၂၄၅၀ စတုရန္းေပ ရွိသည္။
ၾကမ္းျပင္မွ မ်က္ႏွာက်က္အထိ ျမင့္မားေသာ ျပတင္းမ်ား တပ္ဆင္ထားေသာေၾကာင့္ သဘာဝအလင္း ေကာင္းစြာရကာ မိုင္အမ္မီ၏ ပင္လယ္ရႈခင္းကို ခံစားႏိုင္သည္။
စံအိမ္အတြင္း ဝင္လုိက္သည္ႏွင့္ ျမင့္မားလွေသာ အမိုးမ်ား ၊ အမိုးခံုးစၾကၤန္လမ္းမ်ား ၊ ၂ ဘက္ေလွကားၾကီးတစ္ခုရွိေသာ အထင္ၾကီးေလာက္ဖြယ္ရာ အဝင္ခန္းမၾကီးတစ္ခုသို႔ ေရာက္မည္ ျဖစ္သည္။
မီးဖိုေဆာင္တြင္ စက်င္ေက်ာက္ျပားခင္း စားပြဲမ်က္ႏွာျပင္မ်ားရွိျပီး အရက္ဘားႏွင့္ ၾကီးမားေသာ ဗဟိုခ်က္ျပဳတ္ခံုၾကီးတို႔မွာ ညစာပါတီပြဲမ်ားႏွင့္ အခမ္းအနားမ်ား က်င္းပရန္ ျပီးျပည့္စံုသည့္ေနရာ ျဖစ္ေစသည္။
Cher သည္ ယခုစံအိမ္တြင္ ေနထိုင္ျခင္း မရွိေတာ့ေသာ္လည္း ဟာဝိုင္အီ ၊ ကယ္လီဖုိးနီးယား ၊ နယူးေယာက္ႏွင့္ ဖေလာ္ရီဒါတုိ႔တြင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားဆဲ ျဖစ္သည္။
(အံ့မခန္းဖြယ္ရာ အဝင္ခန္းမ။ ဓာတ္ပံု- The Mega Agency)
(အိပ္ခန္း ၆ ခန္း ၊ ေရခ်ဳိးခန္း ၉ ခန္းပါဝင္သည္။ ဓာတ္ပံု- The Mega Agency)
(မိုင္အမ္မီ ပင္လယ္ကမ္းေျခရႈေမွ်ာ္ခင္းကို စီးမုိးၾကည့္ရႈခံစားႏုိင္သည္။ ဓာတ္ပံု- The Mega Agency)
(ပါတီပြဲမ်ား က်င္းပရန္ သင့္ေတာ္ေသာ မီးဖုိေဆာင္။ ဓာတ္ပံု- The Mega Agency)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref:Pop superstar Cher’s incredible £33m mansion goes on sale with link to Jackie Kennedy in ultra-exclusive celeb enclave (thesun)