Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် မိုင်အမ်မီတွင် ဒေါ်လာ ၆၈ သန်းတန် စံအိမ်ကြီးတစ်လုံး ဝယ်ယူ

Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် မိုင်အမ်မီတွင် ဒေါ်လာ ၆၈ သန်းတန် စံအိမ်ကြီးတစ်လုံး ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
24 Aug 2023 10:58 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်သည် မိုင်အမ်မီရှိ Billionaire Bunker အမည်ရှိ လူလုပ်ကျွန်း တစ်ကျွန်းပေါ်တွင် စံအိမ်ကြီးတစ်လုံးဝယ်ယူလိုက်ရာ အမေရိကန်ဘောလုံးသမား တွမ်ဘရက်ဒီ ၊ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာထရမ့်နှင့် သူမ၏ခင်ပွန်း ဂျရက် ကွတ်ရှ်နာတို့နှင့် အိမ်နီးချင်းများ ဖြစ်လာပြီ ဖြစ်သည်။

ခြံအကျယ်အဝန်း ၂ ဒသမ ၈ ဧကရှိပြီး အိပ်ခန်း ၃ ခန်းပါသော ကမ်းခြေစံအိမ်ကို အသက် ၅၉ နှစ်အရွယ်ရှိ ဂျက်ဘေးဇော့စ်က ကန်ဒေါ်လာ ၆၈ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း Fortune မဂ္ဂဇင်းနှင့် Bloomberg သတင်းဌာနတို့က ဖော်ပြသည်။

ဂျက်ဘေးဇော့စ်သည် ပရဟိတလုပ်ငန်းများအတွက် ပိုမိုအချိန်ပေးနိုင်ရန် ၂၀၂၁ ခုနှစ်တွင် Amazon ၏ စီအီးအိုရာထူးမှ နှုတ်ထွက်ခဲ့သည်။

စံအိမ်၏ ယခင်ပိုင်ရှင်မှာ MTM Star International ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများက ဖော်ပြသည်။

ထိုခရိုင်၏ ဝက်ဘ်ဆိုက်တွင် ဂျက်ဘေးဇော့စ်ကို ပိုင်ရှင်သစ်အဖြစ် ဖော်ပြမထားသော်လည်း အဆိုပါ စံအိမ် ဇွန်လတွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

စံအိမ်တည်ရှိရာ Indian Creek ကျေးရွာ၏ မန်နေဂျာ Guillermo Olmedillo က အေပီသတင်းဌာနသို့ ပြောသည်မှာ ယခုစံအိမ်အရောင်းအဝယ်ဖြစ်သည်ကို မသိရှိကြောင်း ပြောသည်။

အဆိုပါ ရွာကလေးတွင် ကန်းထရီးကလပ်တစ်ခုနှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသည်။

ထိုခရိုင်မှ မှတ်တမ်းများအရ ယခုစံအိမ်သည် ၁၉၈၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ဖူးကြောင်း ဖော်ပြသည်။

စံအိမ်အကျယ်မှာ စတုရန်းပေ ၉၃၀၀ ရှိပြီး ရေကူးကန် ၁ ခုပါသည်။

ဂျက်ဘေးဇော့စ်သည် မိုင်အမ်မီနှင့် မစိမ်း။

Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဂျက်ဘေးဇော့စ်သည် ကမ္ဘာပေါ်တွင် တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆၁ ဘီလီယံခန့် ရှိသည်ဟု ဆိုသည်။

(ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ။ ဓာတ်ပုံ-Getty Images)

ဂျက်ဘေးဇော့စ်က သက်ရှိထင်ရှားရှိနေစဉ်ကာလအတွင်း မိမိ၏ ကြွယ်ဝ ချမ်းသာမှု အများစုကို လှူဒါန်းသွားမည်ဟု လွန်ခဲ့သောနှစ် နိုဝင်ဘာလအတွင်း CNN သတင်းဌာနသို့ ပြောခဲ့ဖူးသည်။

သူ၏ ငွေများကို မည်သည့်နေရာသို့ လှူဒါန်းမည်ဟူသော အသေးစိတ်အချက်အလက်များကိုမူ ဂျက်ဘေးဇော့စ်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

(ဆက်စပ်သတင်းများ)

မကြာသေးမီက စေ့စပ်လိုက်သော ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ လော့စ်အိန်ဂျလိမှ စံအိမ်ကြီးတစ်လုံးကို တစ်လလျှင် ဒေါ်လာ ၆၀၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်

https://www.imyanmarhouse.com/news/read/1069981

Amazon သူဌေးကြီး ဂျက်ဘေးဇော့စ် မိဘများကို ဒေါ်လာ ၇၈ သန်းဖိုး စံအိမ် ၂ လုံးဝယ်ပေး

https://www.imyanmarhouse.com/news/read/1028333

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos reportedly buys $68 million home in Miami's "billionaire bunker." Tom Brady and Ivanka Trump will be his neighbors (cbsnews)

[Zawgyi]

Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ မိုင္အမ္မီတြင္ ေဒၚလာ ၆၈ သန္းတန္ စံအိမ္ၾကီးတစ္လံုး ဝယ္ယူ

Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္သည္ မိုင္အမ္မီရွိ Billionaire Bunker အမည္ရွိ လူလုပ္ကၽြန္း တစ္ကၽြန္းေပၚတြင္ စံအိမ္ၾကီးတစ္လံုးဝယ္ယူလုိက္ရာ အေမရိကန္ေဘာလံုးသမား တြမ္ဘရက္ဒီ ၊ အေမရိကန္ သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ သမီး အုိင္ဗန္ကာထရမ့္ႏွင့္ သူမ၏ခင္ပြန္း ဂ်ရက္ ကြတ္ရွ္နာတုိ႔ႏွင့္ အိမ္နီးခ်င္းမ်ား ျဖစ္လာျပီ ျဖစ္သည္။

ျခံအက်ယ္အဝန္း ၂ ဒသမ ၈ ဧကရွိျပီး အိပ္ခန္း ၃ ခန္းပါေသာ ကမ္းေျခစံအိမ္ကုိ အသက္ ၅၉ ႏွစ္အရြယ္ရွိ ဂ်က္ေဘးေဇာ့စ္က ကန္ေဒၚလာ ၆၈ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း Fortune မဂၢဇင္းႏွင့္ Bloomberg သတင္းဌာနတို႔က ေဖာ္ျပသည္။

ဂ်က္ေဘးေဇာ့စ္သည္ ပရဟိတလုပ္ငန္းမ်ားအတြက္ ပိုမိုအခ်ိန္ေပးႏိုင္ရန္ ၂၀၂၁ ခုႏွစ္တြင္ Amazon ၏ စီအီးအိုရာထူးမွ ႏႈတ္ထြက္ခဲ့သည္။

စံအိမ္၏ ယခင္ပိုင္ရွင္မွာ MTM Star International ျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားက ေဖာ္ျပသည္။

ထိုခရိုင္၏ ဝက္ဘ္ဆိုက္တြင္ ဂ်က္ေဘးေဇာ့စ္ကို ပိုင္ရွင္သစ္အျဖစ္ ေဖာ္ျပမထားေသာ္လည္း အဆိုပါ စံအိမ္ ဇြန္လတြင္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

စံအိမ္တည္ရွိရာ Indian Creek ေက်းရြာ၏ မန္ေနဂ်ာ Guillermo Olmedillo က ေအပီသတင္းဌာနသို႔ ေျပာသည္မွာ ယခုစံအိမ္အေရာင္းအဝယ္ျဖစ္သည္ကို မသိရွိေၾကာင္း ေျပာသည္။

အဆုိပါ ရြာကေလးတြင္ ကန္းထရီးကလပ္တစ္ခုႏွင့္ ကိုယ္ပိုင္ရဲတပ္ဖြဲ႔ ရွိသည္။

ထိုခရိုင္မွ မွတ္တမ္းမ်ားအရ ယခုစံအိမ္သည္ ၁၉၈၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့ဖူးေၾကာင္း ေဖာ္ျပသည္။

စံအိမ္အက်ယ္မွာ စတုရန္းေပ ၉၃၀၀ ရွိျပီး ေရကူးကန္ ၁ ခုပါသည္။

ဂ်က္ေဘးေဇာ့စ္သည္ မိုင္အမ္မီႏွင့္ မစိမ္း။

Forbes မဂၢဇင္း၏ ေဖာ္ျပခ်က္အရ ဂ်က္ေဘးေဇာ့စ္သည္ ကမၻာေပၚတြင္ တတိယေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ ျဖစ္ျပီး သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၆၁ ဘီလီယံခန္႔ ရွိသည္ဟု ဆိုသည္။

(ဂ်က္ေဘးေဇာ့စ္ႏွင့္ ေလာ္ရန္ဆန္းခ်က္ဇ္တို႔စံုတြဲ။ ဓာတ္ပံု-Getty Images)

ဂ်က္ေဘးေဇာ့စ္က သက္ရွိထင္ရွားရွိေနစဥ္ကာလအတြင္း မိမိ၏ ၾကြယ္ဝ ခ်မ္းသာမႈ အမ်ားစုကို လွဴဒါန္းသြားမည္ဟု လြန္ခဲ့ေသာႏွစ္ ႏိုဝင္ဘာလအတြင္း CNN သတင္းဌာနသို႔ ေျပာခဲ့ဖူးသည္။

သူ၏ ေငြမ်ားကို မည္သည့္ေနရာသို႔ လွဴဒါန္းမည္ဟူေသာ အေသးစိတ္အခ်က္အလက္မ်ားကိုမူ ဂ်က္ေဘးေဇာ့စ္က ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေခ်။

(ဆက္စပ္သတင္းမ်ား)

မၾကာေသးမီက ေစ့စပ္လိုက္ေသာ ဂ်က္ေဘးေဇာ့စ္ႏွင့္ ေလာ္ရန္ဆန္းခ်က္ဇ္တို႔စံုတြဲ ေလာ့စ္အိန္ဂ်လိမွ စံအိမ္ၾကီးတစ္လံုးကို တစ္လလွ်င္ ေဒၚလာ ၆၀၀၀၀၀ ျဖင့္ ငွားရမ္းေနထိုင္

https://www.imyanmarhouse.com/news/read/1069981

Amazon သူေဌးၾကီး ဂ်က္ေဘးေဇာ့စ္ မိဘမ်ားကို ေဒၚလာ ၇၈ သန္းဖိုး စံအိမ္ ၂ လံုးဝယ္ေပး

https://www.imyanmarhouse.com/news/read/1028333

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos reportedly buys $68 million home in Miami's "billionaire bunker." Tom Brady and Ivanka Trump will be his neighbors (cbsnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service