ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
Japan ကိုသွားမယ်စဉ်းစားထားရင် Tokyo နဲ့ Kyoto ခရီးစဉ်ကတော့ မပါမဖြစ်ပါ။ ဒီမြို့ နှစ်ခုကဂျပန်ရဲ့ Personality နှစ်ခုကိုယှဉ်ပြီးကြည့်နိုင်သလိုပါပဲ။
တိုကျို ရဲ့ ခေတ်မှီမှု နဲ့ ကျိုတိုရဲ့ ရှေးကျတဲ့ယဉ်ကျေးမှု ကိုအပြည့်အဝခံစားနိုင်မယ်။ ဒီမြို့နှစ်ခု က 450Km ပဲကွာဝေးတာကြောင့် Tokyo ကိုသွားမယ်စိတ်ကူးထားရင် Kyoto မြို့ကို သွားဖို့ပါရည်ရွယ်ထားသင့်ပါတယ်။
1. ကျည်ဆံရထားနဲ့သွားမယ်
Tokyo ကနေ Kyoto ကိုသွားဖို့ဆိုရင်တော့ ကျည်ဆံရထားက တစ်နိုင်ငံလုံးမှာနာမည်အကြီးဆုံးပါပဲ။ နိုင်ငံခြားသားတွေအတွက် ဈေးလည်းသက်သာတယ်၊ Comfort ဖြစ်တယ်၊ သူ့ရဲ့မထင်ထားလောက်တဲ့အမြန်နှုန်းကလည်း အံ့ဩစရာပါပဲ။
Tokyo station မှာ Tokyo to Kyoto သွားမယ့် ကျည်ဆံရထားကိုရွေးနိုင်ပြီး ထိုင်ခုံရဖို့အတွက် အွန်လိုင်းကနေကြိုတင် Booking တင်ထားဖို့တော့လိုပါမယ် မဟုတ်ရင်တော့ရဖို့မလွယ်ပါဘူး။
ဂျပန်ကို shin ken sen ခေါ် ကျည်ဆံရထားနဲ့လည်မယ်လို့စဉ်းစားထားရင်တော့ Japan Rail Pass အရင်လုပ်ထားပါ။ Japan Rail Pass ကိုတော့ short terms လာတဲ့သူတွေပဲလုပ်လို့ရနိုင်ပြီးတော့ Discount Price တွေနဲ့ free reservations တွေပါရနိုင်ပါတယ်။ JR pass နဲ့ဆိုရင် Tokyo to Kyoto Train cost က $110 လောက်ပဲကျပါတော့တယ်။
2. လေယာဉ်နဲ့သွားမယ်
ကြားရင်တော့အံ့ဩသွားလောက်မယ်ဆိုပေမယ့် လေယာဉ်နဲ့သွားတာက ကျည်ဆံရထားနဲ့သွားတာထက်ပိုကြာပါတယ်။ Flight ဆိုက်ရောက်ချိန်ကိုက ၇၅ မိနစ်လောက်ကြာပြီးတော့ ခရီးသည်တွေကိုအဲ့ဒီအချိန်မတိုင်ခင်အရောက်လာခိုင်းတာမျိုးပါရှိတာကြောင့် အချိန်အတိအကျမပြောနိုင်သလို ၄ နာရီလောက်အနည်းဆုံးကြာနိုင်ပါတယ်။
ဂျပန်နိုင်ငံထဲမှာတင် တစ်နေရာနဲ့တစ်နေရာကို Flight နဲ့သွားတာက ခရီးထောက်တယ်လို့ထင်ရပေမယ့် သိတဲ့အတိုင်း ဂျပန်နိုင်ငံကဘယ်လောက်ထိကြီးထဲဆိုတာ ဒါကြောင့် Flight ကလည်း ဒီနိုင်ငံက transporation တစ်ခုပဲဆိုတော့ Flight နဲ့သွားဖို့နှောင့်နှေးနေစရာမလိုပါဘူး။
တစ်ခုထပ်ရှိတာက Kyoto မှာလေဆိပ်မရှိပါဘူး ဒါကြောင့် အိုဆာကာကိုအရင်သွားပြီး Kyoto ကိုရောက်ဖို့ နောက်တစ်နည်းနဲ့ထပ်သွားရမှာပါ။ နှစ်ခါသွားရမှာမလို့ များတယ်ထင်ပေမယ့် လေယာဉ် နဲ့သွားတာက ရထားနဲ့သွားတာထက်ပိုပြီးဈေးသက်သာပါတယ်။ လေယာဉ်ခ $40 သာကုန်ကျပြီး oska airpot ကနေ kyoto ကိုသွားဖို့ express ခသာကုန်ပါမယ်။
3. Bus နဲ့သွားမယ်
Tokyo to Kyoto ကိုသွားဖို့ အချိန်အကြာဆုံးကတော့ Bus ကားစီးတာပါပဲ။ ဒါပေမယ့်သူ့ရဲ့အကျိုးကျေးဇူးတွေကတော့ ဈေးသက်သာတာပါ။ Flight နဲ့သွားတာဈေးသက်သာတယ်ထင်ရတယ်မလား Bus နဲ့သွားရင်တော့ $13 ပဲကုန်ကျပါတယ်။ အကောင်းစား Bus တွေစီးမှသာ $72 ထိကုန်ကျတာပါ။
သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမှာ ရှုခင်းတွေကြည့်ရင်း ကားအကြာကြီးစီးချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဘတ်စ်ကားတွေစီးပါ ပိုက်ဆံလည်းအများကြီးမကုန်ပါဘူး။ ခရီးစဉ်က ၆ နာရီမှ ၉ နာရီမှ ကြာမှာဖြစ်ပြီး ကိုယ်ရွေးတဲ့ ကားပေါ်လည်းမူတည်ပါတယ်။ ညကားတွေကိုရွေးဖို့တော့ပြောချင်ပါတယ် အဲ့တာမှ တညလုံးအိပ်ပြီး မနက် ကျိုတိုရောက်တဲ့အခါမှာလန်းဆန်းနေပါလိမ့်မယ်။ မနက်ကားစီးရင်တော့ daytime traffic တွေကြောင့် ကားစီးရတာပင်ပန်းပြီး မလည်ပတ်နိုင်ပဲ ပင်ပန်းနေပါလိမ့်မယ်။
4. သာမန်ရထားနဲ့သွားမယ်
ပုံမှန်ဂျပန်ရထားနဲ့လည်ပတ်မယ်လို့စဉ်းစားနေရင်တော့ Normal Japan train တွေက ရပ်တဲ့ trip stop ဘူတာတွေနဲ့ အချိန် ၉ နာရီလောက်ကြာနိုင်ပါတယ်။ နေ့တစ်ဝက်လောက်ကိုအချိန်ပေးရပါတယ်။
Shinkensan ခေါ်ကျည်ဆံရထားတွေက ရပ်တဲ့ဘူတာနည်းတော့ ခရီးစဉ်မြန်စေတယ်။ ကျည်ဆံရထားက ပုံမှန်ရထားထက် နှစ်ဆမြန်တယ်။ Japan Normal train တွေက 120- 160 km/hr မောင်းနှင်ရင် ကျည်ဆံရထားတွေက အမြန်နှုန်း 250- 280 Km/hr အမြန်နှုန်းနှစ်ဆနဲ့မောင်းနှင်ပါတယ်။ ရိုးရိုးရထားတွေက $84 သာကုန်ကျမှာဖြစ်ပြီး ရှုခင်းအေးဆေးကြည့်ရင်း budget save လဲဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ကျည်ဆံရထားနဲ့ နှစ်နာရီသာကြာမြင့်မယ့် ဈေးအသက်သာဆုံး Tokyo to Kyoto ခရီးစဉ်
2. လေယာဉ်နဲ့သွားမယ်
3. Bus နဲ့သွားမယ်