ဘီလျံနာ စူပါမော်ဒယ် ကိုင်လီဂျင်းနာ၏ ဟိုတယ်အရွယ်အစားခန့်ရှိ တတိယမြောက်နေအိမ် ဆောက်လုပ်မှု အပြီးသတ်လုနီးပါးရှိ

ဘီလျံနာ စူပါမော်ဒယ် ကိုင်လီဂျင်းနာ၏ ဟိုတယ်အရွယ်အစားခန့်ရှိ တတိယမြောက်နေအိမ် ဆောက်လုပ်မှု အပြီးသတ်လုနီးပါးရှိ - Property News in Myanmar from iMyanmarHouse.com
22 Aug 2023 12:06 pm တွင် တင်ခဲ့သည်
1030 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုင်လီဂျင်းနာသည် ၂၀၂၀ ပြည့်နှစ်က ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ခဲ့သော မြေကွက်လွတ်တွင် နန်းတော်သမျှ ခမ်းနားသော တတိယမြောက်စံအိမ် ဆောက်လုပ်နေမှုမှာ များစွာ ပြီးစီးနေပြီ ဖြစ်သည်ကို Daily Mail သတင်းဌာနက သီးသန့်ရရှိခဲ့သော ဓာတ်ပုံများတွင် တွေ့ရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဘီလျံနာ ကိုင်လီဂျင်းနာ ဆောက်လုပ်နေသော စံအိမ်မှာ နာမည်ကျော်များ အခြေချရာ Hidden Hills အရပ်တွင် တည်ရှိသည်။

ဆက်လက်မွမ်းမံမှုများစွာ ပြုလုပ်ရန် လိုအပ်သေးသော်လည်း စံအိမ်မှာ အလုံးအထည် ပေါ်နေပြီ ဖြစ်သည်။ အဆိုပါ စံအိမ်ကို ဟိုတယ်တစ်လုံးကဲ့သို့ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြီး ဆောက်လုပ်ရေး ဝန်ထမ်းများစွာ ပါဝင်ဆောက်လုပ် ခဲ့ကြရသည်။

(Daily Mail သတင်းဌာနက သီးသန့်ရရှိခဲ့သော ဓာတ်ပုံတွင် ကိုင်လီဂျင်းနာ၏ တတိယအိမ် ဆောက်လုပ်နေမှုကို တွေ့ရမည် ဖြစ်သည်။)

(ကိုင်လီဂျင်းနာသည် ၅ ဧကကျယ်သော မြေကွက်ကို ၂၀၂၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ မြေသားလမ်းတလျောက် ထရပ်ကားများစွာ ရပ်နားထားသည်ကို တွေ့ရပြီး တောင်ကုန်းအောက်ခြေတွင်လည်း ဝန်ချီစက်တစ်စီး တွေ့ရသည်။

အိမ်ရှေ့လသာဆောင်ဆီသို့ လှေကားတစ်ခု ထောင်ထားသည်ကိုလည်း တွေ့ရသည်။

မြေယာအလှ ပြုပြင်မှုအနေဖြင့် ခြံနောက်ဘက်အစွန်းစီတွင် စိမ်းလန်းသော သစ်ပင်ခြုံပင် အနည်းငယ်သာ တွေ့ရသည်။

ခွင့်ပြုချက်ရထားသော design plans အရ ကား ၁၂ စင်းဆန့် ဂိုဒေါင် ၁ လုံး ၊ ဧည့်ဂေဟာအိမ် ၊ အချိန်ပြည့် လုံခြုံရေးဂိတ်တဲ ၊ အားကစားကွင်းနှင့် ရေကူးကန်တို့ ပါဝင်သည်။

ဤခြံနေရာကို ယခင်က မိုင်လေဆိုင်းရပ် ပိုင်ဆိုင်ခဲ့ဖူးသည်။

မိုင်လေဆိုင်းရပ်က ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သူ၏ မြင်းများ ထားရှိခဲ့သည်။

မိုင်လေဆိုင်းရပ်က ဤမြေကွက်တွင် နေအိမ်ဆောက်လုပ်ခဲ့ခြင်း မရှိဘဲ ဝယ်ယူပြီး ၃ နှစ်အကြာတွင် ပြန်လည် ရောင်းချခဲ့သည်။

ကိုင်လီဂျင်းနာသည် အသက် ၁၇ နှစ်အရွယ် ၂၀၁၅ ခုနှစ်တွင် သူ၏ ဇာတိ Calabasas ၌ ၄၈၅၁ စတုရန်းပေ ကျယ်ဝန်းသော ပထမဆုံးအိမ်ကို ဝယ်ယူခဲ့သည်။

ထိုအိမ်ကို ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ဝယ်ခဲ့ပြီး ၂ နှစ်အကြာတွင် ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ပြန်လည် ရောင်းချခဲ့သည်။

(ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ထရပ်ကားများစွာ တွေ့ရပုံ)

(လက်ရန်းမရှိသေးသော အိမ်ရှေ့လသာဆောင်ဆီသို့ လှေကား ၁ ခုထောင်ထားပုံ)

(လွန်ခဲ့သော ၃ နှစ်က ဝယ်ယူခဲ့သော မြေကွက်လွတ်တွင် ဆောက်လုပ်မှုလုပ်ငန်း များစွာ ပြီးစီးနေပြီ ဖြစ်သည်။)

(တောင်ကုန်းတစ်ခုထိပ်တွင် တည်ရှိသောကြောင့် ဝန်းကျင်ရှုမျှော်ခင်းများကို တမျှော်တခေါ် တွေ့မြင်နိုင်သည်။)

(ကိုင်လီဂျင်းနာ၏ စံအိမ်မှာ ဟိုတယ်တစ်လုံးအသွင်ထင်ရသည်)

(မြေယာအလှပြင်ဆင်မှုအနေဖြင့် ခြံနောက်ဘက်အစပ်ဆီတွင် သစ်ပင်ခြုံပင်အနည်းငယ်သာ တွေ့ရသည်)

(ကမ္ဘာကျော်များစုဝေးနေထိုင်ရာ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်တွင် တည်ရှိသည်)

(စံအိမ်၏ ကောင်းကင်မြင်ကွင်း)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Kylie Jenner, 26, nears completion on her THIRD home as construction continues at the billionaire's Hidden Hills estate which is 'as complex to build as a hotel' (dailymail)

[Zawgyi]

ဘီလ်ံနာ စူပါေမာ္ဒယ္ ကိုင္လီဂ်င္းနာ၏ ဟိုတယ္အ႐ြယ္အစားခန္႔႐ွိ တတိယေျမာက္ေနအိမ္ ေဆာက္လုပ္မႈ အၿပီးသတ္လုနီးပါး႐ွိ

ကိုင္လီဂ်င္းနာသည္ ၂၀၂၀ ျပည့္ႏွစ္က ေဒၚလာ ၁၅ သန္းျဖင့္ ဝယ္ခဲ့ေသာ ေျမကြက္လြတ္တြင္ နန္းေတာ္သမွ် ခမ္းနားေသာ တတိယေျမာက္စံအိမ္ ေဆာက္လုပ္ေနမႈမွာ မ်ားစြာ ၿပီးစီးေနၿပီ ျဖစ္သည္ကို Daily Mail သတင္းဌာနက သီးသန္႔ရ႐ွိခဲ့ေသာ ဓာတ္ပုံမ်ားတြင္ ေတြ႕ရသည္။

အသက္ ၂၆ ႏွစ္အ႐ြယ္႐ွိ ဘီလ်ံနာ ကိုင္လီဂ်င္းနာ ေဆာက္လုပ္ေနေသာ စံအိမ္မွာ နာမည္ေက်ာ္မ်ား အေျခခ်ရာ Hidden Hills အရပ္တြင္ တည္႐ွိသည္။

ဆက္လက္မြမ္းမံမႈမ်ားစြာ ျပဳလုပ္ရန္ လိုအပ္ေသးေသာ္လည္း စံအိမ္မွာ အလုံးအထည္ ေပၚေနၿပီ ျဖစ္သည္။ အဆိုပါ စံအိမ္ကို ဟိုတယ္တစ္လုံးကဲ့သို႔ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုၾကၿပီး ေဆာက္လုပ္ေရး ဝန္ထမ္းမ်ားစြာ ပါဝင္ေဆာက္လုပ္ ခဲ့ၾကရသည္။

(Daily Mail သတင္းဌာနက သီးသန္႔ရ႐ွိခဲ့ေသာ ဓာတ္ပုံတြင္ ကိုင္လီဂ်င္းနာ၏ တတိယအိမ္ ေဆာက္လုပ္ေနမႈကို ေတြ႕ရမည္ ျဖစ္သည္။)

(ကိုင္လီဂ်င္းနာသည္ ၅ ဧကက်ယ္ေသာ ေျမကြက္ကို ၂၀၂၀ ျပည့္ႏွစ္အတြင္း ကန္ေဒၚလာ ၁၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

ဓာတ္ပုံမ်ားတြင္ ေတြ႕ျမင္ရမႈအရ ေျမသားလမ္းတေလ်ာက္ ထရပ္ကားမ်ားစြာ ရပ္နားထားသည္ကို ေတြ႕ရၿပီး ေတာင္ကုန္းေအာက္ေျခတြင္လည္း ဝန္ခ်ီစက္တစ္စီး ေတြ႕ရသည္။

အိမ္ေ႐ွ႕လသာေဆာင္ဆီသို႔ ေလွကားတစ္ခု ေထာင္ထားသည္ကိုလည္း ေတြ႕ရသည္။

ေျမယာအလွ ျပဳျပင္မႈအေနျဖင့္ ျခံေနာက္ဘက္အစြန္းစီတြင္ စိမ္းလန္းေသာ သစ္ပင္ျခဳံပင္ အနည္းငယ္သာ ေတြ႕ရသည္။

ခြင့္ျပဳခ်က္ရထားေသာ design plans အရ ကား ၁၂ စင္းဆန္႔ ဂိုေဒါင္ ၁ လုံး ၊ ဧည့္ေဂဟာအိမ္ ၊ အခ်ိန္ျပည့္ လုံျခဳံေရးဂိတ္တဲ ၊ အားကစားကြင္းႏွင့္ ေရကူးကန္တို႔ ပါဝင္သည္။

ဤျခံေနရာကို ယခင္က မိုင္ေလဆိုင္းရပ္ ပိုင္ဆိုင္ခဲ့ဖူးသည္။

မိုင္ေလဆိုင္းရပ္က ၂၀၁၅ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး သူ၏ ျမင္းမ်ား ထား႐ွိခဲ့သည္။

မိုင္ေလဆိုင္းရပ္က ဤေျမကြက္တြင္ ေနအိမ္ေဆာက္လုပ္ခဲ့ျခင္း မ႐ွိဘဲ ဝယ္ယူၿပီး ၃ ႏွစ္အၾကာတြင္ ျပန္လည္ ေရာင္းခ်ခဲ့သည္။

ကိုင္လီဂ်င္းနာသည္ အသက္ ၁၇ ႏွစ္အ႐ြယ္ ၂၀၁၅ ခုႏွစ္တြင္ သူ၏ ဇာတိ Calabasas ၌ ၄၈၅၁ စတုရန္းေပ က်ယ္ဝန္းေသာ ပထမဆုံးအိမ္ကို ဝယ္ယူခဲ့သည္။

ထိုအိမ္ကို ေဒၚလာ ၂ ဒသမ ၇ သန္းျဖင့္ ဝယ္ခဲ့ၿပီး ၂ ႏွစ္အၾကာတြင္ ေဒၚလာ ၃ ဒသမ ၁ သန္းျဖင့္ ျပန္လည္ ေရာင္းခ်ခဲ့သည္။

(ေဆာက္လုပ္ေရး လုပ္ငန္းခြင္တြင္ ထရပ္ကားမ်ားစြာ ေတြ႕ရပုံ)

(လက္ရန္းမ႐ွိေသးေသာ အိမ္ေ႐ွ႕လသာေဆာင္ဆီသို႔ ေလွကား ၁ ခုေထာင္ထားပုံ)

(လြန္ခဲ့ေသာ ၃ ႏွစ္က ဝယ္ယူခဲ့ေသာ ေျမကြက္လြတ္တြင္ ေဆာက္လုပ္မႈလုပ္ငန္း မ်ားစြာ ၿပီးစီးေနၿပီ ျဖစ္သည္။)

(ေတာင္ကုန္းတစ္ခုထိပ္တြင္ တည္႐ွိေသာေၾကာင့္ ဝန္းက်င္႐ႈေမွ်ာ္ခင္းမ်ားကို တေမွ်ာ္တေခၚ ေတြ႕ျမင္ႏိုင္သည္။)

(ကိုင္လီဂ်င္းနာ၏ စံအိမ္မွာ ဟိုတယ္တစ္လုံးအသြင္ထင္ရသည္)

(ေျမယာအလွျပင္ဆင္မႈအေနျဖင့္ ျခံေနာက္ဘက္အစပ္ဆီတြင္ သစ္ပင္ျခဳံပင္အနည္းငယ္သာ ေတြ႕ရသည္)

(ကမ႓ာေက်ာ္မ်ားစုေဝးေနထိုင္ရာ ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ Hidden Hills အရပ္တြင္ တည္႐ွိသည္)

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Kylie Jenner, 26, nears completion on her THIRD home as construction continues at the billionaire's Hidden Hills estate which is 'as complex to build as a hotel' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service