ဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားဖွယ်ရာ အမေးအဖြေများ

ဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားဖွယ်ရာ အမေးအဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2023 1:33 pm တွင် တင်ခဲ့သည်
657 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေအမေးအဖြေများကို iMyanmarHouse.com မှတင်ဆက်ပေးလျှက်ရှိနေပါတယ်။ ဒီတစ်ပတ်အတွက် " မယ်သီလရှင်များ အမွေရခွင့်ရှိပါသလား " ဆိုတဲ့ မေးခွန်းအပါအဝင် မေးခွန်းသုံးခုကို ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

 

မေးခွန်း (၁) - မယ်သီလရှင်များ အမွေရခွင့်ရှိပါသလား။

မယ်သီလရှင်များမှာ ဖိုးသူတော်များနည်းတူပင် အမွေဆက်ခံခွင့်ရှိပြီး သာမာန်ပုဂ္ဂိုလ်များ သကဲ့သို့ အမွေအတွက် အကျိုးခံစားခွင့်ရှိသည်။ မ(မိ)မင်းဒင်နှင့် မ(မိ)လှေ့(၁၉၀၄-၀၆) အထက်မြန်မာ မြန်မာဓလေ့ အမွေ -၁၁ ( D1 C 211)။ မယ်သီလတို့သည် သာမာန်ပုဂ္ဂိုလ်များထက် အကျင့်သိက္ခာပြည့်စုံသူများဖြစ်သည်ဟု ဒေါ်စိန်နှင့် မမယ်မ၊ အေအိုင်အာရ် ၁၉၃၈ ရန်ကုန် ၃၀၃ မှာ ထုံးဖွဲ့ထားပါတယ်။

ဘိက္ခုနီ သာသနာပြန်ထူထောင်ဖို့ ကြိုးစားသူအဖြစ် အရှင်အာဒိစ္စဝံသကို လွတ်လပ်ရေး မရခင်က လူသိများခဲ့ပါတယ်။ ၁၉၇ဝ ကျော်မှာတော့ တရားပြ မြန်မာ အမျိုးသမီးတယောက်က ဘိက္ခုနီပြုခွင့်တောင်းတဲ့ စာကို အစိုးရနဲ့ ဆရာတော် အပါး ၂ဝ ဆီကို ပို့ခဲ့တယ်လို့ ဂျာမန်ပညာရှင် ဒေါက်တာလိုတာမိုဆာက ရေးခဲ့ဖူးပါတယ်။ ဘိက္ခုနီ ရဟန်းမ ပြုကြတဲ့ အမျိုးသမီးတွေ ပြည်ပမှာရှိကြပြီး ပြည်တွင်းမှာတော့ သီလရှင် အဖြစ်သာ ခွင့်ပြုပေးထားပါတယ်။

သာသနာနွယ်ဝင် သီလရှင်ဆရာကြီးများနှင့် ခန်းနေသီလရှင်များ လိုက်နာကျင့်သုံးရန် စည်းမျဉ်းစည်း ကမ်းများ ထုတ်ပြန်ညွှန်ကြားခြင်း ညွှန်ကြားလွှာအမှတ်(၈၄) ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်ရန် စည်း ကမ်းကျင့်ဝတ်(၁၅)ချက်လဲရှိပါတယ်။ ရဟန်းတော်များ၌ စောင့်ထိန်းရမည့် သိက္ခာ(၂၂၇) ပါးရှိသကဲ့သို့၊ သီလရှင် များသည်လဲ အထက်ဖော်ပြပါ စောင့်ထိန်းရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာရပါတယ်။ ၈ ပါးသီလ(သို့) ၁၀ ပါးသီလကို မကျိုးပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်ရခြင်းကတော့ အဓိကဖြစ်ပါတယ်။

သီလရှင်ချောင် (ကျောင်း) သို့ ရောက်လာသော ဧည့်သည်သီလရှင်များကိုပင် အလွယ်တကူလက်မခံပဲ ဆရာ၏ ဆိုဆုံးမမှုအောက်မှာ လိုက်နာစောင့်ထိန်းစေပါတယ်။ မင်းတုန်းမင်းကြီး လက်ထက်တော်ကတည်းက သမီးတော်များ၊ ဆွေမျိုးတော်များ သီလရှင်အဖြစ် သာသနာဘောင်ထဲ ဝင်ရောက်ခြင်းများရှိပြီး အမွေဆက်ခံ အကျိုးခံစားခွင့် ဆက်လက်ရရှိသည်ကို တွေ့ရှိနိုင်ပါတယ်။

ထို့ကြောင့် အမွေဆက်ခံခွင့်များတွင် သီလရှင်များပါ ပါဝင်အကျိုးခံစားခွင့်ရှိနေပြီး ကန့်ကွက်မှုများ ပြုနိုင်သလို အမွေပုံပစ္စည်းခွဲဝေရာ၌ ၎င်းတို့အတွက်ပါ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ၎င်းမှ မလိုချင်၍ စွန့်လွှတ်လိုပါက တရားဝင်စွန့်လွှတ်ခြင်းလဲပြုနိုင်ပါသည်။

 

မေးခွန်း (၂) - လယ်ယာမြေကို လွှဲပြောင်း လှူဒါန်းလို့ရပါသလား။

လယ်ယာမြေအား ရဟန်းတော်များအား ပစ္စည်းလေးပါးအတွက် လှူဒါန်းနိုင်ပြီး လယ်ယာမြေ၊ မြေကွက်၊ ကျောင်း၊ အိမ်၊ တိုက်တာ အဆောက်အဦးစသည်တို့ လှူတန်းလျှင် ရေစက်ချ လှူဒါန်းကာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၁၂၃အရ မှတ်ပုံတင်စာချုပ်ပြု လုပ်ချုပ်ဆိုရမည်။

ဦးစိုးမြင့်နှင့်ဒေါ်ပြုံး၊ ၁၉၉၀ ပြည့်နှစ် တရားမ အထွေထွေလျှောက်လွှာအမှတ်-၁၇၀ အမှုတွင် တရားရုံးချုပ်က အချင်းဖြစ်ဥပစာမှာ အိမ်၊ခြံမြေဖြစ်သောကြောင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ လှူဒါန်းမှသာ ဥပဒေအရ တရားဝင်ပေမည်ဟု ဆုံးဖြတ်ထားပါသည်။ ထို့ကြောင့် မရွှေ့မပြောင်းနိုင်သော လယ်ယာမြေအား လှူဒါန်းခြင်းစာချုပ်ဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ သာသနာဂရန်မြေအဖြစ် မြေအမျိုးအစား ဦးပိုင်အမည် ပြောင်းလဲခြင်းတို့ ပြုရမည်။

ကပ္ပိယသည် ရဟန်းတော်အား လှူတန်းသည့် လယ်ယာမြေ၊ တိုက်တာ အဆောက်အဦးအား ထိန်းသိမ်း ဆောင်ရွက်ပေးရသည်။ ရဟန်းတော်တစ်ပါးသည် မိမိအား လှူဒါန်းထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်း အား အခြားသော ရဟန်းတော်တစ်ပါးအားပြန်လည်လှူဒါန်းမှုပြုနိုင်ပြီး မိမိဆွေမျိုးနီးစပ်များအား ပေးကမ်းခြင်း မပြုနိုင်ပါ။

ထိုသို့ ရဟန်းတော်တစ်ပါးအား ပြန်လည်လှူဒါန်းခြင်း မပြုခဲ့လျှင်လဲ ထိုလယ်ယာမြေ၊ တိုက်တာ အဆောက်အဦးမှာ သံဃိကပစ္စည်းပင်ဖြစ်ပါသည်။ သံဃိကပစ္စည်းဆိုသည်မှာ သံဃာတော် အားလုံးနှင့်သက် ဆိုင်ပါသည်။

ရဟန်းတော်ဘဝ ၊ သာသနဘောင်မှ လူဘောင်ဘဝသို့ ကူးပြောင်းလျှင်လဲ ထိုရဟန်းတော်ဘဝမှ အလှူခံပစ္စည်းများအားလုံးကို ရောင်းချပိုင်ခွင့်မရှိသလို ယူဆောင်သွားပိုင်ခွင့်လဲမရှိပါ။ ထိုပစ္စည်းများမှာ သာသနာနှင့်သက်ဆိုင်သော သံဃိက ပစ္စည်းပင်ဖြစ်ပါသည်။ ရဟန်းသံဃာတော်များသည် မြန့်မာဓလေ့ထုံး တမ်း ဥပဒေအရ မိဘဆွေမျိုးများ၏ အမွေဆက်ခံခွင့်လဲမရှိပါ။

 

မေးခွန်း (၃) - ရဟန်းဘောင်သို့ ကူးပြောင်းသွားသူ၏ မြေနှင့်အိမ်ကို ဝယ်ယူလို့ရပါသလား။

ရဟန်းဆိုသည်မှာ ပစ္စည်းလေးပါးသာ ထားရှိပိုင်ဆိုင်ခွင့်ရှိပြီး ဒုလ္လဘရဟန်းဝတ်ခြင်းမဟုတ်ဘဲ အပြီး တိုင် ရဟန်းပြုခဲ့ပါက လူ့ဘဝက ပိုင်ဆိုင်ခဲ့သောပစ္စည်းများမှာ စွန့်လွတ်ရမည်သာ ဖြစ်ပါသည်။

အေ၊ အာရ်၊ အယ်လ် ပီဖမ်းနှင့် ဦးဖိုးကြိုင်ပါ-၂အမှုတွင် ခေတ္တရဟန်းပြုရန် ရည်ရွယ်ခြင်းမရှိဘဲ သက်သေခံချက်လဲ မရှိပါက ရဟန်းဘဝဖြင့် နေထိုင်သွားရန် အစီအစဉ်ရှိသည်ဟု ယူဆနိုင်ကာ လူဝတ်ဘဝက ပိုင်ဆိုင်ခဲ့သော အိုး၊အိမ်၊ တိုက်တာအဆောက်အဦးအပါအဝင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား အကျိုး ခံစားခွင့်ဆုံးရှုံးပြီး စွန့်လွတ်ပြီးဖြစ်သည်ဟု ထုံးဖွဲ့ထားသည်။

ဖခင်ဖြစ်သူမှာ ရဟန်းပြုသောကြောင့် အိမ်ခြံမြေအား လွှဲပြောင်းရောင်းချခွင့်မရှိသောလဲ ၎င်း၏သား သမီးများမှာ အမွေဆက်ခံခွင့်မဆုံးရှုံးဘဲ ဖခင်အမည်ပေါက်ပိုင်ဆိုင်မှုအား အမွေဆက်ခံခွင့်ဖြင့် လွှဲပြောင်း ရောင်းချခြင်း ပြုနိုင်ပါသည်။ ဦးမြရွှေနှင့် ဦးသာထွန်းအမှု ၁၉၉၂မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ -၁၁၅ အမှုမှာ ရဟန်းဘောင် ကူးပြောင်းသွားသည့် ဖခင်၏ အမွေကို သားသမီးများက ဆက်ခံခွင့်ရှိကြောင်း ဆုံးဖြတ်ထားပါသည်။

ထိုသို့သော လွှဲပြောင်းရောင်းချခြင်းများတွင် အမွေဆက်ခံခွင့်အရ အကျိုးခံစားခွင့်ရှိသော သားသမီးများ မှာ ကျမ်းကျိန်လွှာ၊ အမွေဆက်ခံခွင့်တရားရုံးအမိန့်တို့ လိုအပ်ပါသည်။ထို့ပြင် အမွေရှင်မိဘများ ကွယ်လွန်ပြီး နောက် ရဟန်းဝတ်သွားသော သားဖြစ်သူမှာ လူပြန်ထွက်ပါက အမွေဆက်ခံခွင့်ပြန်လည်မရရှိနိုင်ဟု မောင်နီနှင့် မောင်သက်ရှည် ၁၉၂၁-၂၂ အထက်မြန်မာ ၁၅၉ (D1 C 164) စီရင်ထုံးတွင် တွေ့ရှိနိုင်သည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ဥပေဒအသိႂကြယ္ေစဖို႔ရာ မွတ္သားဖြယ္ရာ အေမးအေျဖမ်ား

 

မွတ္သားဖြယ္ အိမ္ျခံေျမဥပေဒအေမးအေျဖမ်ားကို iMyanmarHouse.com မွတင္ဆက္ေပးလွ်က္႐ွိေနပါတယ္။ ဒီတစ္ပတ္အတြက္ " မယ္သီလ႐ွင္မ်ား အေမြရခြင့္႐ွိပါသလား " ဆိုတဲ့ ေမးခြန္းအပါအဝင္ ေမးခြန္းသုံးခုကို ေျဖၾကားေပးသြားမွာျဖစ္ပါတယ္။

 

ေမးခြန္း (၁) - မယ္သီလ႐ွင္မ်ား အေမြရခြင့္႐ွိပါသလား။

 

မယ္သီလ႐ွင္မ်ားမွာ ဖိုးသူေတာ္မ်ားနည္းတူပင္ အေမြဆက္ခံခြင့္႐ွိၿပီး သာမာန္ပုဂၢိဳလ္မ်ား သကဲ့သို႔ အေမြအတြက္ အက်ိဳးခံစားခြင့္႐ွိသည္။ မ(မိ)မင္းဒင္ႏွင့္ မ(မိ)ေလွ႔(၁၉၀၄-၀၆) အထက္ျမန္မာ ျမန္မာဓေလ့ အေမြ -၁၁ ( D1 C 211)။ မယ္သီလတို႔သည္ သာမာန္ပုဂၢိဳလ္မ်ားထက္ အက်င့္သိကၡာျပည့္စုံသူမ်ားျဖစ္သည္ဟု ေဒၚစိန္ႏွင့္ မမယ္မ၊ ေအအိုင္အာရ္ ၁၉၃၈ ရန္ကုန္ ၃၀၃ မွာ ထုံးဖြဲ႕ထားပါတယ္။

ဘိကၡဳနီ သာသနာျပန္ထူေထာင္ဖို႔ ႀကိဳးစားသူအျဖစ္ အ႐ွင္အာဒိစၥဝံသကို လြတ္လပ္ေရး မရခင္က လူသိမ်ားခဲ့ပါတယ္။ ၁၉၇ဝ ေက်ာ္မွာေတာ့ တရားျပ ျမန္မာ အမ်ိဳးသမီးတေယာက္က ဘိကၡဳနီျပဳခြင့္ေတာင္းတဲ့ စာကို အစိုးရနဲ႔ ဆရာေတာ္ အပါး ၂ဝ ဆီကို ပို႔ခဲ့တယ္လို႔ ဂ်ာမန္ပညာ႐ွင္ ေဒါက္တာလိုတာမိုဆာက ေရးခဲ့ဖူးပါတယ္။ ဘိကၡဳနီ ရဟန္းမ ျပဳၾကတဲ့ အမ်ိဳးသမီးေတြ ျပည္ပမွာ႐ွိၾကၿပီး ျပည္တြင္းမွာေတာ့ သီလ႐ွင္ အျဖစ္သာ ခြင့္ျပဳေပးထားပါတယ္။

သာသနာႏြယ္ဝင္ သီလ႐ွင္ဆရာႀကီးမ်ားႏွင့္ ခန္းေနသီလ႐ွင္မ်ား လိုက္နာက်င့္သုံးရန္ စည္းမ်ဥ္းစည္း ကမ္းမ်ား ထုတ္ျပန္ၫႊန္ၾကားျခင္း ၫႊန္ၾကားလႊာအမွတ္(၈၄) ထုတ္ျပန္ထားၿပီး လိုက္နာေဆာင္႐ြက္ရန္ စည္း ကမ္းက်င့္ဝတ္(၁၅)ခ်က္လဲ႐ွိပါတယ္။ ရဟန္းေတာ္မ်ား၌ ေစာင့္ထိန္းရမည့္ သိကၡာ(၂၂၇) ပါး႐ွိသကဲ့သို႔၊ သီလ႐ွင္ မ်ားသည္လဲ အထက္ေဖာ္ျပပါ ေစာင့္ထိန္းရမည့္ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာရပါတယ္။ ၈ ပါးသီလ(သို႔) ၁၀ ပါးသီလကို မက်ိဳးေပါက္ေအာင္ ထိန္းသိမ္းေစာင့္ေ႐ွာက္ရျခင္းကေတာ့ အဓိကျဖစ္ပါတယ္။

သီလ႐ွင္ေခ်ာင္ (ေက်ာင္း) သို႔ ေရာက္လာေသာ ဧည့္သည္သီလ႐ွင္မ်ားကိုပင္ အလြယ္တကူလက္မခံပဲ ဆရာ၏ ဆိုဆုံးမမႈေအာက္မွာ လိုက္နာေစာင့္ထိန္းေစပါတယ္။ မင္းတုန္းမင္းႀကီး လက္ထက္ေတာ္ကတည္းက သမီးေတာ္မ်ား၊ ေဆြမ်ိဳးေတာ္မ်ား သီလ႐ွင္အျဖစ္ သာသနာေဘာင္ထဲ ဝင္ေရာက္ျခင္းမ်ား႐ွိၿပီး အေမြဆက္ခံ အက်ိဳးခံစားခြင့္ ဆက္လက္ရ႐ွိသည္ကို ေတြ႕႐ွိႏိုင္ပါတယ္။

ထို႔ေၾကာင့္ အေမြဆက္ခံခြင့္မ်ားတြင္ သီလ႐ွင္မ်ားပါ ပါဝင္အက်ိဳးခံစားခြင့္႐ွိေနၿပီး ကန္႔ကြက္မႈမ်ား ျပဳႏိုင္သလို အေမြပုံပစၥည္းခြဲေဝရာ၌ ၎တို႔အတြက္ပါ စီမံေဆာင္႐ြက္ေပးရန္ လိုအပ္ပါသည္။ ၎မွ မလိုခ်င္၍ စြန္႔လႊတ္လိုပါက တရားဝင္စြန္႔လႊတ္ျခင္းလဲျပဳႏိုင္ပါသည္။

 

ေမးခြန္း (၂) - လယ္ယာေျမကို လႊဲေျပာင္း လႉဒါန္းလို႔ရပါသလား။

လယ္ယာေျမအား ရဟန္းေတာ္မ်ားအား ပစၥည္းေလးပါးအတြက္ လႉဒါန္းႏိုင္ၿပီး လယ္ယာေျမ၊ ေျမကြက္၊ ေက်ာင္း၊ အိမ္၊ တိုက္တာ အေဆာက္အဦးစသည္တို႔ လႉတန္းလွ်င္ ေရစက္ခ် လႉဒါန္းကာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ-၁၂၃အရ မွတ္ပုံတင္စာခ်ဳပ္ျပဳ လုပ္ခ်ဳပ္ဆိုရမည္။

ဦးစိုးျမင့္ႏွင့္ေဒၚျပဳံး၊ ၁၉၉၀ ျပည့္ႏွစ္ တရားမ အေထြေထြေလွ်ာက္လႊာအမွတ္-၁၇၀ အမႈတြင္ တရား႐ုံးခ်ဳပ္က အခ်င္းျဖစ္ဥပစာမွာ အိမ္၊ျခံေျမျဖစ္ေသာေၾကာင့္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ လႉဒါန္းမွသာ ဥပေဒအရ တရားဝင္ေပမည္ဟု ဆုံးျဖတ္ထားပါသည္။ ထို႔ေၾကာင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ လယ္ယာေျမအား လႉဒါန္းျခင္းစာခ်ဳပ္ျဖင့္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ သာသနာဂရန္ေျမအျဖစ္ ေျမအမ်ိဳးအစား ဦးပိုင္အမည္ ေျပာင္းလဲျခင္းတို႔ ျပဳရမည္။

ကပၸိယသည္ ရဟန္းေတာ္အား လႉတန္းသည့္ လယ္ယာေျမ၊ တိုက္တာ အေဆာက္အဦးအား ထိန္းသိမ္း ေဆာင္႐ြက္ေပးရသည္။ ရဟန္းေတာ္တစ္ပါးသည္ မိမိအား လႉဒါန္းထားေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း အား အျခားေသာ ရဟန္းေတာ္တစ္ပါးအားျပန္လည္လႉဒါန္းမႈျပဳႏိုင္ၿပီး မိမိေဆြမ်ိဳးနီးစပ္မ်ားအား ေပးကမ္းျခင္း မျပဳႏိုင္ပါ။

ထိုသို႔ ရဟန္းေတာ္တစ္ပါးအား ျပန္လည္လႉဒါန္းျခင္း မျပဳခဲ့လွ်င္လဲ ထိုလယ္ယာေျမ၊ တိုက္တာ အေဆာက္အဦးမွာ သံဃိကပစၥည္းပင္ျဖစ္ပါသည္။ သံဃိကပစၥည္းဆိုသည္မွာ သံဃာေတာ္ အားလုံးႏွင့္သက္ ဆိုင္ပါသည္။

ရဟန္းေတာ္ဘဝ ၊ သာသနေဘာင္မွ လူေဘာင္ဘဝသို႔ ကူးေျပာင္းလွ်င္လဲ ထိုရဟန္းေတာ္ဘဝမွ အလႉခံပစၥည္းမ်ားအားလုံးကို ေရာင္းခ်ပိုင္ခြင့္မ႐ွိသလို ယူေဆာင္သြားပိုင္ခြင့္လဲမ႐ွိပါ။ ထိုပစၥည္းမ်ားမွာ သာသနာႏွင့္သက္ဆိုင္ေသာ သံဃိက ပစၥည္းပင္ျဖစ္ပါသည္။ ရဟန္းသံဃာေတာ္မ်ားသည္ ျမန္႔မာဓေလ့ထုံး တမ္း ဥပေဒအရ မိဘေဆြမ်ိဳးမ်ား၏ အေမြဆက္ခံခြင့္လဲမ႐ွိပါ။

 

ေမးခြန္း (၃) - ရဟန္းေဘာင္သို႔ ကူးေျပာင္းသြားသူ၏ ေျမႏွင့္အိမ္ကို ဝယ္ယူလို႔ရပါသလား။

ရဟန္းဆိုသည္မွာ ပစၥည္းေလးပါးသာ ထား႐ွိပိုင္ဆိုင္ခြင့္႐ွိၿပီး ဒုလႅဘရဟန္းဝတ္ျခင္းမဟုတ္ဘဲ အၿပီး တိုင္ ရဟန္းျပဳခဲ့ပါက လူ႕ဘဝက ပိုင္ဆိုင္ခဲ့ေသာပစၥည္းမ်ားမွာ စြန္႔လြတ္ရမည္သာ ျဖစ္ပါသည္။

ေအ၊ အာရ္၊ အယ္လ္ ပီဖမ္းႏွင့္ ဦးဖိုးႀကိဳင္ပါ-၂အမႈတြင္ ေခတၱရဟန္းျပဳရန္ ရည္႐ြယ္ျခင္းမ႐ွိဘဲ သက္ေသခံခ်က္လဲ မ႐ွိပါက ရဟန္းဘဝျဖင့္ ေနထိုင္သြားရန္ အစီအစဥ္႐ွိသည္ဟု ယူဆႏိုင္ကာ လူဝတ္ဘဝက ပိုင္ဆိုင္ခဲ့ေသာ အိုး၊အိမ္၊ တိုက္တာအေဆာက္အဦးအပါအဝင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားအား အက်ိဳး ခံစားခြင့္ဆုံး႐ႈံးၿပီး စြန္႔လြတ္ၿပီးျဖစ္သည္ဟု ထုံးဖြဲ႕ထားသည္။

ဖခင္ျဖစ္သူမွာ ရဟန္းျပဳေသာေၾကာင့္ အိမ္ျခံေျမအား လႊဲေျပာင္းေရာင္းခ်ခြင့္မ႐ွိေသာလဲ ၎၏သား သမီးမ်ားမွာ အေမြဆက္ခံခြင့္မဆုံး႐ႈံးဘဲ ဖခင္အမည္ေပါက္ပိုင္ဆိုင္မႈအား အေမြဆက္ခံခြင့္ျဖင့္ လႊဲေျပာင္း ေရာင္းခ်ျခင္း ျပဳႏိုင္ပါသည္။ ဦးျမေ႐ႊႏွင့္ ဦးသာထြန္းအမႈ ၁၉၉၂ျမန္မာႏိုင္ငံတရားစီရင္ထုံးစာမ်က္ႏွာ -၁၁၅ အမႈမွာ ရဟန္းေဘာင္ ကူးေျပာင္းသြားသည့္ ဖခင္၏ အေမြကို သားသမီးမ်ားက ဆက္ခံခြင့္႐ွိေၾကာင္း ဆုံးျဖတ္ထားပါသည္။

ထိုသို႔ေသာ လႊဲေျပာင္းေရာင္းခ်ျခင္းမ်ားတြင္ အေမြဆက္ခံခြင့္အရ အက်ိဳးခံစားခြင့္႐ွိေသာ သားသမီးမ်ား မွာ က်မ္းက်ိန္လႊာ၊ အေမြဆက္ခံခြင့္တရား႐ုံးအမိန္႔တို႔ လိုအပ္ပါသည္။ထို႔ျပင္ အေမြ႐ွင္မိဘမ်ား ကြယ္လြန္ၿပီး ေနာက္ ရဟန္းဝတ္သြားေသာ သားျဖစ္သူမွာ လူျပန္ထြက္ပါက အေမြဆက္ခံခြင့္ျပန္လည္မရ႐ွိႏိုင္ဟု ေမာင္နီႏွင့္ ေမာင္သက္႐ွည္ ၁၉၂၁-၂၂ အထက္ျမန္မာ ၁၅၉ (D1 C 164) စီရင္ထုံးတြင္ ေတြ႕႐ွိႏိုင္သည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service