ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်ခန်း တစ်ညလျှင် ဒေါ်လာ ၇၅၀၀၀ တည်းခိုခ ပေးရ

ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်ခန်း တစ်ညလျှင် ဒေါ်လာ ၇၅၀၀၀ တည်းခိုခ ပေးရ - Property News in Myanmar from iMyanmarHouse.com
16 Aug 2023 12:21 pm တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂပ်စ်မြို့ရှိ ဟိုတယ်တစ်ခု၏ အခန်းသည် အနည်းဆုံး ၂ ည တည်းခိုရပြီး ၂ ညအတွက် ဒေါ်လာ ၁၅၀,၀၀၀ ပေးရသည်။

အိမ်ခြံမြေအကျိုးဆောင် ၊ YouTuber တစ်ဦးဖြစ်သူ Enes Yilmazer က အဆိုပါအခန်းသို့ ရောက်ရှိကာ ဗွီဒီယိုရိုက်ကူးပြီး YouTube တွင် တင်ခဲ့ရာ အွန်လိုင်းသုံးစွဲသူတို့က ပေးရသော ဈေးနှင့်မတန်ကြောင်း မှတ်ချက်ပြုကြသည်။

လာ့စ်ဗီးဂပ်စ်မြို့ရှိ Palms Casino Resort ဟိုတယ်တွင် တည်ရှိကာ Empathy Suite ဟု အမည်ပေးထားသော အခန်းဖြစ်ပြီး အပေါ်ဆုံး ၂ လွှာတွင် ဖြန့်ကျက်တည်ရှိသည်။

ထိုအခန်းကို ဒီဇိုင်းရေးဆွဲ မွမ်းမံပေးသူမှာ ဗြိတိန်ပန်းချီကျော် Damien Hirst ဖြစ်သည်။

စတုရန်းပေ ၉၁၅၆ ကျယ်ဝန်းသော ထို Penthouse ခန်းတွင် သူ၏ အနုပညာလက်ရာ တစ်ခုတည်း သည်ပင်လျှင် ဒေါ်လာ ၃၆ သန်းမှ ၃၉ သန်းကြား တန်ကြေးရှိသည်။

Enes Yilmazer က သူ၏ အမည်ဖြင့်ပင် ဖွင့်လှစ်ထားသော YouTube ချန်နယ်တွင် မေလအတွင်း ထိုအခန်း အကြောင်း ဗွီဒီယိုတစ်ခု လွှင့်တင်ခဲ့သည်။

ဗွီဒီယိုထဲတွင် ကြီးမားသော အိပ်ခန်းကြီး ၂ ခု ၊ သီးသန့်ရေကူးကန်နှင့် လသာဆောင်တို့အပြင် ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းပေါက်များမှ တဆင့် လာ့စ်ဗီးဂပ်စ် ကမ်းမြောင်ဒေသ၏ ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများကို ပြသခဲ့သည်။

(တစ်ညလျှင် ဒေါ်လာ ၇၅၀၀၀ ပေးရသော Penthouse ခန်း။ ဓာတ်ပုံ- Enes Yilmazer)

(လာ့စ်ဗီးဂပ်စ်ကို စီးမိုးတွေ့မြင်နေရသည့် သီးသန့်ရေကူးကန်။ဓာတ်ပုံ- Enes Yilmazer)

အခန်းတစ်ခုလုံးတွင် လိပ်ပြာပုံများဖြင့် အလှဆင်ထားပြီး ၂၄ နာရီ ဝန်ဆောင်မှု ၊ ဂိမ်းကစားခန်း ၊ သီးသန့်ရုပ်ရှင်ရုံ ၊ ဆားကုထုံးခန်းမ ၊ Fitness room နှင့် အနှိပ်ခန်းမ ၂ ခုတို့ ရှိသည်။

Enes Yilmazer က အဆိုပါအခန်း၏ ပင်မနားနေ နေရာမှ စတင်ပြသထားပြီး မီးခိုးရောင်စကျင်ကျောက်ပြားများ ခင်းထားသော ကြမ်းပြင်များကို ပြသခဲ့ပြီး သူတွေ့ဖူးသမျှတွင် အရှည်လျားဆုံး ခုံတန်းတစ်ခုကိုလည်း ပြသခဲ့သည်။

Enes Yilmazer က ပြောသည်မှာ ထိုအခန်းတစ်ခုထဲတွင်ပင် လူ ၄၀ မှ ၅၀ ဦးအထိ ဧည့်ခံနိုင်ကြောင်း ပြောသည်။

“ဒီနေရာက ပွဲလမ်းတွေ ဒါမှမဟုတ် ပါတီကျင်းပဖို့ ပြီးပြည့်စုံတဲ့ နေရာပါပဲ။ ကမ်းမြောင်ဒေသရဲ့ အံ့အားသင့်ဖွယ် ရှုခင်းတွေ ပိုင်ဆိုင်ထားပါတယ်။”

ကမ္ဘာ့ဈေးအကြီးဆုံးအခန်း၏ အထူးခြားဆုံးအချက်မှာ လသာဆောင်တွင်ရှိသော ရေကူးကန်ဖြစ်ကြောင်း Enes Yilmazer က ပြောသည်။

(အခန်းတစ်ခုလုံးတွင် လိပ်ပြာပုံများဖြင့် အလှဆင်ထားသည်။ ဓာတ်ပုံ- Enes Yilmazer)

(ဤအခန်းတွင် amenities များအားလုံး ရှိနိုင်သော်လည်း အွန်လိုင်းသုံးသူတို့ကမူ မတန်ကြောင်း ဝေဖန်ကြသည်။ ဓာတ်ပုံ- Enes Yilmazer)

(ကြီးမားသော ဧည့်ခန်းကြီးမှာ ပါတီပွဲများလုပ်ရန် ကောင်းမွန်ကြောင်း Enes Yilmazer က ပြောသည်။ ဓာတ်ပုံ- Enes Yilmazer)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s most expensive hotel room costs $75K — critics say it’s ‘gaudy’ (nypost)

[Zawgyi]

ကမၻာ့ေစ်းအၾကီးဆံုး ဟိုတယ္ခန္း တစ္ညလွ်င္ ေဒၚလာ ၇၅၀၀၀ တည္းခိုခ ေပးရ

အေမရိကန္ျပည္ေထာင္စု လာ့စ္ဗီးဂပ္စ္ျမဳိ႕ရွိ ဟုိတယ္တစ္ခု၏ အခန္းသည္ အနည္းဆံုး ၂ ည တည္းခိုရျပီး ၂ ညအတြက္ ေဒၚလာ ၁၅၀,၀၀၀ ေပးရသည္။

အိမ္ျခံေျမအက်ဳိးေဆာင္ ၊ YouTuber တစ္ဦးျဖစ္သူ Enes Yilmazer က အဆိုပါအခန္းသို႔ ေရာက္ရွိကာ ဗြီဒီယိုရိုက္ကူးျပီး YouTube တြင္ တင္ခဲ့ရာ အြန္လိုင္းသံုးစြဲသူတုိ႔က ေပးရေသာ ေစ်းႏွင့္မတန္ေၾကာင္း မွတ္ခ်က္ျပဳၾကသည္။

လာ့စ္ဗီးဂပ္စ္ျမိဳ႕ရွိ Palms Casino Resort ဟိုတယ္တြင္ တည္ရွိကာ Empathy Suite ဟု အမည္ေပးထားေသာ အခန္းျဖစ္ျပီး အေပၚဆံုး ၂ လႊာတြင္ ျဖန္႔က်က္တည္ရွိသည္။

ထိုအခန္းကို ဒီဇိုင္းေရးဆြဲ မြမ္းမံေပးသူမွာ ျဗိတိန္ပန္းခ်ီေက်ာ္ Damien Hirst ျဖစ္သည္။

စတုရန္းေပ ၉၁၅၆ က်ယ္ဝန္းေသာ ထို Penthouse ခန္းတြင္ သူ၏ အႏုပညာလက္ရာ တစ္ခုတည္း သည္ပင္လွ်င္ ေဒၚလာ ၃၆ သန္းမွ ၃၉ သန္းၾကား တန္ေၾကးရွိသည္။

Enes Yilmazer က သူ၏ အမည္ျဖင့္ပင္ ဖြင့္လွစ္ထားေသာ YouTube ခ်န္နယ္တြင္ ေမလအတြင္း ထိုအခန္း အေၾကာင္း ဗြီဒီယိုတစ္ခု လႊင့္တင္ခဲ့သည္။

ဗြီဒီယိုထဲတြင္ ၾကီးမားေသာ အိပ္ခန္းၾကီး ၂ ခု ၊ သီးသန္႔ေရကူးကန္ႏွင့္ လသာေဆာင္တို႔အျပင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ျပတင္းေပါက္မ်ားမွ တဆင့္ လာ့စ္ဗီးဂပ္စ္ ကမ္းေျမာင္ေဒသ၏ ရင္သပ္ရႈေမာဖြယ္ ရႈေမွ်ာ္ခင္းမ်ားကို ျပသခဲ့သည္။

(တစ္ညလွ်င္ ေဒၚလာ ၇၅၀၀၀ ေပးရေသာ Penthouse ခန္း။ ဓာတ္ပံု- Enes Yilmazer)

(လာ့စ္ဗီးဂပ္စ္ကို စီးမိုးေတြ႔ျမင္ေနရသည့္ သီးသန္႔ေရကူးကန္။ဓာတ္ပံု- Enes Yilmazer)

အခန္းတစ္ခုလံုးတြင္ လိပ္ျပာပံုမ်ားျဖင့္ အလွဆင္ထားျပီး ၂၄ နာရီ ဝန္ေဆာင္မႈ ၊ ဂိမ္းကစားခန္း ၊ သီးသန္႔ရုပ္ရွင္ရံု ၊ ဆားကုထံုးခန္းမ ၊ Fitness room ႏွင့္ အႏွိပ္ခန္းမ ၂ ခုတို႔ ရွိသည္။

Enes Yilmazer က အဆိုပါအခန္း၏ ပင္မနားေန ေနရာမွ စတင္ျပသထားျပီး မီးခိုးေရာင္စက်င္ေက်ာက္ျပားမ်ား ခင္းထားေသာ ၾကမ္းျပင္မ်ားကို ျပသခဲ့ျပီး သူေတြ႔ဖူးသမွ်တြင္ အရွည္လ်ားဆံုး ခံုတန္းတစ္ခုကိုလည္း ျပသခဲ့သည္။

Enes Yilmazer က ေျပာသည္မွာ ထုိအခန္းတစ္ခုထဲတြင္ပင္ လူ ၄၀ မွ ၅၀ ဦးအထိ ဧည့္ခံႏိုင္ေၾကာင္း ေျပာသည္။

“ဒီေနရာက ပြဲလမ္းေတြ ဒါမွမဟုတ္ ပါတီက်င္းပဖို႔ ျပီးျပည့္စံုတဲ့ ေနရာပါပဲ။ ကမ္းေျမာင္ေဒသရဲ႕ အံ့အားသင့္ဖြယ္ ရႈခင္းေတြ ပိုင္ဆိုင္ထားပါတယ္။”

ကမၻာ့ေစ်းအၾကီးဆံုးအခန္း၏ အထူးျခားဆံုးအခ်က္မွာ လသာေဆာင္တြင္ရွိေသာ ေရကူးကန္ျဖစ္ေၾကာင္း Enes Yilmazer က ေျပာသည္။

(အခန္းတစ္ခုလံုးတြင္ လိပ္ျပာပံုမ်ားျဖင့္ အလွဆင္ထားသည္။ ဓာတ္ပံု- Enes Yilmazer)

(ဤအခန္းတြင္ amenities မ်ားအားလံုး ရွိႏိုင္ေသာ္လည္း အြန္လုိင္းသံုးသူတို႔ကမူ မတန္ေၾကာင္း ေဝဖန္ၾကသည္။ ဓာတ္ပံု- Enes Yilmazer)

(ၾကီးမားေသာ ဧည့္ခန္းၾကီးမွာ ပါတီပြဲမ်ားလုပ္ရန္ ေကာင္းမြန္ေၾကာင္း Enes Yilmazer က ေျပာသည္။ ဓာတ္ပံု- Enes Yilmazer)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World’s most expensive hotel room costs $75K — critics say it’s ‘gaudy’ (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service