မန်စီးတီး စူပါစတား အာလင် ဟာလန်း ပိုင်ဆိုင်ထားသော High-end မော်တော်ကားများ

မန်စီးတီး စူပါစတား အာလင် ဟာလန်း ပိုင်ဆိုင်ထားသော High-end မော်တော်ကားများ - Property Knowledge in Myanmar from iMyanmarHouse.com
15 Aug 2023 11:22 am တွင် တင်ခဲ့သည်
687 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အာလင် ဟာလန်းသည် ကမ္ဘာ့ဘောလုံးလောကတွင် လက်ရှိကာလအတွင်း ဟိုးလေးတကျော် နာမည်အကြီးဆုံးသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ဟာလန်းသည် ၂၀၁၉ ခုနှစ်အတွင်း သြစတေးလျကလပ်အသင်း RB Salzburg အတွက် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ဟက်ထရစ် သွင်းခဲ့ရာမှ စတင်နာမည်ကြီးခဲ့ခြင်းဖြစ်သည်။

ထို ဟက်ထရစ်ရခဲ့ချိန်က ဟာလန်းမှာ စီရော်နယ်ဒိုနှင့် မက်ဆီတို့ ဟက်ထရစ်သွင်းခဲ့စဉ်ကထက် ပိုမိုအသက်ငယ်သေးချိန်ဖြစ်သည်။

နော်ဝေကြယ်ပွင့် ဟာလန်းသည် ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဒေါ့မွန်အတွက် ၂ ရာသီခွဲ ကစားခဲ့စဉ်အတွင်း ၈၆ ဂိုး သွင်းယူခဲ့သည်။

ထိုခြေစွမ်းကြောင့်ပင် ပြီးခဲ့သော နွေရာသီတွင် ဂွါဒီယိုလာ၏ မန်ချက်စတာစီးတီးအသင်းသို့ ခေါ်ယူခြင်း ခံခဲ့ရသည်။

မန်စီးတီးသို့ရောက်ရှိပြီး ပထမရာသီတွင်ပင် ၁ ရာသီအတွင်း ဂိုးသွင်းအများဆုံးအဖြစ် ပရီးမီးယားလိဂ် စံချိန်တင်နိုင်ခဲ့ပြီး မန်စီးတီးကိုလည်း ပထမဆုံး ချန်ပီယံလိဂ်ဖလားရရှိစေရန် အထောက်အပံ့ပေးနိုင်ခဲ့သည်။

မန်စီးတီးသည် အင်တာမီလန်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားရရှိသွားခြင်း ဖြစ်ပြီး ကလပ်တည်ထောင် ထားသည့် ၁၃၆ နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဖလား ပထမဆုံး ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဟာလန်း၏ လစာမှာ တစ်ပတ်လျှင် ပေါင် ၉၀၀,၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်း) (သို့မဟုတ်) ၁ ရာသီလျှင် ပေါင် ၄၅ သန်း (ကန်ဒေါ်လာ ၅၇ ဒသမ ၃၇ သန်း) ရရှိရာ ဥရောပတွင် လစာအများဆုံး ကစားသမားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ထိုသို့မြင့်မားသော လစာကြောင့် အသက် ၂၂ နှစ်အရွယ် ဟာလန်းတွင် high-end ကားမျိုးစုံလည်း ပိုင်ဆိုင် ထားသည်။

အောက်တွင် ဟာလန်းက မည်သည့်ကားများ ပိုင်ဆိုင်ထားသည်ကို ဖော်ပြသွားပါမည်။

 

၁။ Ferrari Monza SP2 | ပေါင် ၁ ဒသမ ၄ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း)

 

 

ဟာလန်း၏ ကားများတွင် တန်ကြေးအကြီးဆုံးမှာ အမိုးဖွင့် Ferrari Monza SP2 ဖြစ်သည်။

အနက်ရောင် ၂ ယောက်စီးဖြစ်ပြီး ဇူလိုင်လအတွင်း ဟာလန်းကို အဆိုပါကားဖြင့် မိုနာကိုတွင် တွေ့ခဲ့ရသည်။

Ferrari Monza SP2 သည် limited edition ဖြစ်ပြီး အစင်းရေ ၅၀၀ သာထုတ်လုပ်ထားကာ တစ်စင်းလျှင် ပေါင် ၁ ဒသမ ၄ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း) တန်ကြေးရှိသည်။ 812 Superfast 6.5-liter V-12 အင်ဂျင်တပ်ဆင်ထားပြီး ၇၉၈ hp ထွက်ကာ ရုန်းအား ၅၃၀ pf ရှိသည်။

၁၀၀ kmph ကို ၂ ဒသမ ၉ စက္ကန့်အတွင်း အမြန်နှုန်းရောက်ရှိနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း ၃၀၃ kmph (၁၈၈ mph) မောင်းနှင်နိုင်သည်။

 

၂။ Rolls Royce Cullinan | ပေါင် ၃၀၀၀၀၀ (ကန်ဒေါ်လာ ၃၈၂၄၄၀ )

 

 

ဟာလန်း၏ ကားများတွင် Rolls Royce Cullinan လည်း ပါဝင်သည်။

အလွန်အဆင့်အတန်းမြင့်သောကားဖြစ်ပြီး စီရော်နယ်ဒိုနှင့် ဘယ်လ်ဂျီယံ ဂိုးသမား တီဘော ကောတွာတို့လည်း ပိုင်ဆိုင်ထားသည်။

အလေးချိန် ၂ ဒသမ ၇ တန်ကျော်ရှိသော်လည်း ၅၇၀ bhp ထွက်သည့် 5.7 V12 အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံးအမြန်နှုန်း ၂၅၀ kmph (၁၅၅ mph) မောင်းနှင်နိုင်ပြီး ၁၀၀ kmph အမြန်နှုန်းကို ၅ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။

 

 

၃။ Range Rover Sport P510e First Edition | ပေါင် ၁၂၀၀၀၀ (ကန်ဒေါ်လာ ၁၅၂၉၇၆ )

 

 

ဟာလန်းသည် Range Rover Sport P510e First Edition ကို ၂၀၁၈ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်တွင် ထိုကားဖြင့် မကြာခဏတွေ့ရသည်။

အမြန်နှုန်း ၁၀၀ kmph ကို ၄ ဒသမ ၃ စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းမှာ ၂၈၄ kmph ဖြစ်သည်။

 

 

၄။ Mercedes-AMG GLE 63 S 4Matic Coupe | ပေါင် ၉၀၀၀၀ (ကန်ဒေါ်လာ ၁၁၄၇၃၂)

 

 

ဟာလန်းသည် ဒေါ့မွန်တွင် ကစားခဲ့စဉ်က Mercedes-AMG GLE 63 S 4Matic Coupe ကိုစီးခဲ့သည်။

aluminum V8 အင်ဂျင်တပ်ဆင်ထားပြီး ၆၁၂ hp ထွက်ကာ အမြင့်ဆုံးအမြန်နှုန်းမှာ ၂၈၀ kmph (၁၇၄ mph) ဖြစ်သည်။

 

 

၅။ Audi RS6 Avant | ပေါင် ၁၂၀၀၀၀ (ကန်ဒေါ်လာ ၁၅၂၉၇၆)

 

 

ဟာလန်းသည် ဂျာမနီတွင် ကစားခဲ့စဉ်က Audi RS6 Avant စီးခဲ့သည်။

၆၃၀ hp ထွက်သောအင်ဂျင်တပ်ထားပြီး ရုန်းအား ၈၅၀ Nm ရှိကာ အမြင့်ဆုံးအမြန်နှုန်း ၂၈၀ kmph (၁၇၄ mph) ရှိကာ ၁၀၀ kmph ကို ၃ ဒသမ ၄ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Erling Haaland's incredible car collection - From Rolls Royce Cullinan to Audi RS6 (goal)

 

 

 

 

[Zawgyi]

 

မန္စီးတီး စူပါစတား အာလင္ ဟာလန္ ပိုင္ဆိုင္ထားေသာ High-end ေမာ္ေတာ္ကားမ်ား

 

အာလင္ ဟာလန္သည္ ကမၻာ့ေဘာလံုးေလာကတြင္ လက္ရွိကာလအတြင္း ဟိုးေလးတေက်ာ္ နာမည္အၾကီးဆံုးသူမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္မွာ သံသယျဖစ္ဖြယ္မရွိေခ်။

ဟာလန္သည္ ၂၀၁၉ ခုႏွစ္အတြင္း ၾသစထရီးယားကလပ္အသင္း RB Salzburg အတြက္ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္တြင္ ဟက္ထရစ္ သြင္းခဲ့ရာမွ စတင္နာမည္ၾကီးခဲ့ျခင္းျဖစ္သည္။ ထို ဟက္ထရစ္ရခဲ့ခ်ိန္က ဟာလန္မွာ စီေရာ္နယ္ဒိုႏွင့္ မက္ဆီတို႔ ဟက္ထရစ္သြင္းခဲ့စဥ္ကထက္ ပိုမိုအသက္ငယ္ေသးခ်ိန္ျဖစ္သည္။

ေနာ္ေဝၾကယ္ပြင့္ ဟာလန္သည္ ဘြန္ဒက္စ္လီဂါထိပ္သီးကလပ္ ေဒါ့မြန္အတြက္ ၂ ရာသီခြဲ ကစားခဲ့စဥ္အတြင္း ၈၆ ဂိုး သြင္းယူခဲ့သည္။

ထိုေျခစြမ္းေၾကာင့္ပင္ ျပီးခဲ့ေသာ ေႏြရာသီတြင္ ဂြါဒီယိုလာ၏ မန္ခ်က္စတာစီးတီးအသင္းသို႔ ေခၚယူျခင္း ခံခဲ့ရသည္။

မန္စီးတီးသို႔ေရာက္ရွိျပီး ပထမရာသီတြင္ပင္ ၁ ရာသီအတြင္း ဂိုးသြင္းအမ်ားဆံုးအျဖစ္ ပရီးမီးယားလိဂ္ စံခ်ိန္တင္ႏိုင္ခဲ့ျပီး မန္စီးတီးကိုလည္း ပထမဆံုး ခ်န္ပီယံလိဂ္ဖလားရရွိေစရန္ အေထာက္အပံ့ေပးႏိုင္ခဲ့သည္။

မန္စီးတီးသည္ အင္တာမီလန္ကို အႏိုင္ယူကာ ခ်န္ပီယံလိဂ္ဖလားရရွိသြားျခင္း ျဖစ္ျပီး ကလပ္တည္ေထာင္ ထားသည့္ ၁၃၆ ႏွစ္တာကာလအတြင္း ခ်န္ပီယံလိဂ္ဖလား ပထမဆံုး ရရွိခဲ့ျခင္းလည္း ျဖစ္သည္။

ဟာလန္၏ လစာမွာ တစ္ပတ္လွ်င္ ေပါင္ ၉၀၀၀၀၀ (ကန္ေဒၚလာ ၁ ဒသမ ၁၅ သန္း) (သို႔မဟုတ္) ၁ ရာသီလွ်င္ ေပါင္ ၄၅ သန္း (ကန္ေဒၚလာ ၅၇ ဒသမ ၃၇ သန္း) ရရွိရာ ဥေရာပတြင္ လစာအမ်ားဆံုး ကစားသမားမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ထိုသို႔ျမင့္မားေသာ လစာေၾကာင့္ အသက္ ၂၂ ႏွစ္အရြယ္ ဟာလန္တြင္ high-end ကားမ်ိဳးစံုလည္း ပိုင္ဆိုင္ ထားသည္။

ေအာက္တြင္ ဟာလန္ မည္သည့္ကားမ်ား ပိုင္ဆုိင္ထားသည္ကို ေဖာ္ျပသြားပါမည္။

၁။ Ferrari Monza SP2 | ေပါင္ ၁ ဒသမ ၄ သန္း (ကန္ေဒၚလာ ၁ ဒသမ ၈ သန္း)

ဟာလန္၏ ကားမ်ားတြင္ တန္ေၾကးအၾကီးဆံုးမွာ အမိုးဖြင့္ Ferrari Monza SP2 ျဖစ္သည္။

အနက္ေရာင္ ၂ ေယာက္စီးျဖစ္ျပီး ဇူလိုင္လအတြင္း ဟာလန္ကို အဆုိပါကားျဖင့္ မိုနာကိုတြင္ ေတြ႔ခဲ့ရသည္။

Ferrari Monza SP2 သည္ limited edition ျဖစ္ျပီး အစင္းေရ ၅၀၀ သာထုတ္လုပ္ထားကာ တစ္စင္းလွ်င္ ေပါင္ ၁ ဒသမ ၄ သန္း (ကန္ေဒၚလာ ၁ ဒသမ ၈ သန္း) တန္ေၾကးရွိသည္။ 812 Superfast 6.5-liter V-12 အင္ဂ်င္တပ္ဆင္ထားျပီး ၇၉၈ hp ထြက္ကာ ရုန္းအား ၅၃၀ pf ရွိသည္။

၁၀၀ kmph ကို ၂ ဒသမ ၉ စကၠန္႔အတြင္း အျမန္ႏႈန္းေရာက္ရွိႏိုင္ျပီး အျမင့္ဆံုးအျမန္ႏႈန္း ၃၀၃ kmph (၁၈၈ mph) ေမာင္းႏွင္ႏိုင္သည္။

၂။ Rolls Royce Cullinan | ေပါင္ ၃၀၀၀၀၀ (ကန္ေဒၚလာ ၃၈၂၄၄၀ )

ဟာလန္၏ ကားမ်ားတြင္ Rolls Royce Cullinan လည္း ပါဝင္သည္။

အလြန္အဆင့္အတန္းျမင့္ေသာကားျဖစ္ျပီး စီေရာ္နယ္ဒိုႏွင့္ ဘယ္လ္ဂ်ီယံ ဂိုးသမား တီေဘာ ေကာတြာတို႔လည္း ပိုင္ဆိုင္ထားသည္။

အေလးခ်ိန္ ၂ ဒသမ ၇ တန္ေက်ာ္ရွိေသာ္လည္း ၅၇၀ bhp ထြက္သည့္ 5.7 V12 အင္ဂ်င္တပ္ထားျပီး အျမင့္ဆံုးအျမန္ႏႈန္း ၂၅၀ kmph (၁၅၅ mph) ေမာင္းႏွင္ႏိုင္ျပီး ၁၀၀ kmph အျမန္ႏႈန္းကို ၅ စကၠန္႔အတြင္း ေရာက္ရွိႏိုင္သည္။

၃။ Range Rover Sport P510e First Edition | ေပါင္ ၁၂၀၀၀၀ (ကန္ေဒၚလာ ၁၅၂၉၇၆ )

ဟာလန္သည္ Range Rover Sport P510e First Edition ကို ၂၀၁၈ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး အဂၤလန္တြင္ ထုိကားျဖင့္ မၾကာခဏေတြ႔ရသည္။

အျမန္ႏႈန္း ၁၀၀ kmph ကို ၄ ဒသမ ၃ စကၠန္႔အတြင္း ေရာက္ရွိႏိုင္ျပီး အျမင့္ဆံုးအျမန္ႏႈန္းမွာ ၂၈၄ kmph ျဖစ္သည္။

၄။ Mercedes-AMG GLE 63 S 4Matic Coupe | ေပါင္ ၉၀၀၀၀ (ကန္ေဒၚလာ ၁၁၄၇၃၂)

ဟာလန္သည္ ေဒါ့မြန္တြင္ ကစားခဲ့စဥ္က Mercedes-AMG GLE 63 S 4Matic Coupe စီးခဲ့သည္။

aluminum V8 အင္ဂ်င္တပ္ထားျပီး ၆၁၂ hp ထြက္ကာ အျမင့္ဆံုးအျမန္ႏႈန္းမွာ ၂၈၀ kmph (၁၇၄ mph) ျဖစ္သည္။

၅။ Audi RS6 Avant | ေပါင္ ၁၂၀၀၀၀ (ကန္ေဒၚလာ ၁၅၂၉၇၆)

ဟာလန္သည္ ဂ်ာမနီတြင္ ကစားခဲ့စဥ္က Audi RS6 Avant စီးခဲ့သည္။

၆၃၀ hp ထြက္ေသာအင္ဂ်င္တပ္ထားျပီး ရုန္းအား ၈၅၀ Nm ရွိကာ အျမင့္ဆံုးအျမန္ႏႈန္း ၂၈၀ kmph (၁၇၄ mph) ရွိကာ ၁၀၀ kmph ကို ၃ ဒသမ ၄ စကၠန္႔အတြင္း ေရာက္ရွိႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Erling Haaland's incredible car collection - From Rolls Royce Cullinan to Audi RS6 (goal)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service