အမေရိကန်တွင် သေနတ်ပစ်ကွင်းနှင့် ဖဲကစားခန်းပါသော ဧက ၉၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည်

အမေရိကန်တွင် သေနတ်ပစ်ကွင်းနှင့် ဖဲကစားခန်းပါသော ဧက ၉၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
15 Aug 2023 10:30 am တွင် တင်ခဲ့သည်
536 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ပြည်နယ်တွင် စတုရန်းပေ ၁၂၀၀၀ ကျယ်သော အိမ်တစ်လုံး ၊ SPA ၊ ဂိုဒေါင်တစ်လုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ ပါဝင်သော ဧက ၉၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးတစ်ခု ဒေါ်လာ ၁၄ သန်းမျှဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

Buck Quarter Ranch အမည်ရှိ မွေးမြူရေးခြံကြီးသည် အပန်းဖြေစခန်းဟန် ခြံကြီးဖြစ်ပြီး လူဦးရေ ၂၀၀ ခန့်သာရှိသော Cusick မြို့ငယ်လေးတွင် တည်ရှိသည်။

“Buck Quarter Ranch ခြံကြီးဟာ သူကိုယ်တိုင်က မြို့တစ်မြို့လိုပါပဲ”ဟု အရောင်းဈေးကွက်တင်ပေးသော Coldwell Banker Realty ကုမ္ပဏီမှအကျိုးဆောင် ကာဆန်ဒရာ ပီတာဆန်က ပြောသည်။

ကာဆန်ဒရာနှင့်အတူ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် မီဂန်ဝပ်ဆန်ကလည်း ရောင်းချပေးရန် ပူးတွဲ ကိုင်တွယ်ထားသည်။

“ဒီခြံကြီးဟာ အလွန်လှပပြီး မြို့လေးရဲ့ဆုလာဒ် အိမ်ခြံမြေတစ်ခုပါပဲ။ တစ်ခြားဘယ်နေရာနဲ့မှ မတူတဲ့ ထူးခြားချက် ရှိပါတယ်။ ဒီလိုမြင်ကွင်းမျိုး မြင်ရဖို့ဆိုရင် အိုင်ဒါဟို ဒါမှမဟုတ် မွန်တားနားပြည်နယ်တွေကို သွားမှ ရပါမယ်။ ဈေးကွက်ထဲမှာ ဒီလိုခြံမျိုးမရှိပါဘူး။”

(ပင်မအိမ်ကို ကျောက်တုံး ၊ သစ်လုံးများဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Travel Through Images)

မီဂန်ဝပ်ဆန်က ပြောသည်မှာ ဤခြံကြီးသည် ဝန်းကျင်ဒေသများနှင့် မတူဘဲ ဆွဲဆောင်မှုများစွာရှိကြောင်း ၊ ဝါရှင်တန်ပြည်နယ်တွင် ဝင်ငွေခွန်မရှိကြောင်း ပြောသည်။

ကာဆန်ဒရာက ပြောသည်မှာ ကွယ်လွန်သွားပြီဖြစ်သော ပိုင်ရှင်ဖြစ်သူက ဤခြံကြီးကို လွန်ခဲ့သော ၁၄ နှစ်ခန့်က ဝယ်ယူခဲ့ပြီး အပန်းဖြေနေရာအဖြစ် အသုံးပြုခဲ့ကြောင်း ပြောသည်။

“သူက လေယာဉ်ပေါ်မှာ မဂ္ဂဇင်းဖတ်နေတုန်း မဂ္ဂဇင်းထဲမှာ တွေ့ခဲ့တာဖြစ်ပြီး ကိုယ်တိုင် မတွေ့မြင်ရဘဲ ဝယ်လိုက်တာပါ”ဟု ကာဆန်ဒရာက ပြောသည်။

ဝယ်ယူပြီးနောက်ပိုင်းတွင် အဆင့်မြှင့်တင်မှုများနှင့် မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သူမက ပြောသည်။

ဤခြံကြီးသည် Brownie နှင့် Metcalf ရေကန်ကြီးများ၏ ဧက ၁၅၀ ခန့်ကို ကိုယ်ပိုင်ပိုင်ဆိုင်ထားပြီး နွားခြံ ၊ မြင်းဇောင်းများ ၊ နွားနို့ကားများ ဆေးကြောသန့်စင်သည့်နေရာနှင့် စားကျက်များ ပါဝင်သည်။

ပင်မအိမ်မှာ ရေကန်စပ်တွင် တည်ရှိပြီး သစ်လုံးများဖြင့် ဆောက်လုပ်ထားကာ အပြောကျယ်သော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

နေအိမ်အတွင်း အဆောက်အအုံ ၂ ထပ်အထိ မြင့်မားသော မီးလင်းဖိုကြီးတစ်ခု ၊ ထုတ်တန်းဖော် မျက်နှာကြက်များ ၊ ပြည်ပမှ တင်သွင်းထားသော ဖန်မီးဆိုင်းများနှင့် စိတ်ကြိုက်ဒီဇိုင်းဆင်ထားသော မီးများ ပါဝင်သည်။

ဧည့်ဂေဟာအိမ်မှာ စတုရန်းပေ ၂၈၀၀ ကျယ်ဝန်းပြီး ရေကန်စပ်တွင် တည်ရှိကာ မီးဖိုဆောင်တစ်ခု ပါဝင်သည်။

အခြားဧည့်ဂေဟာတစ်လုံးမှာ စတုရန်းပေ ၅၀၀ ရှိသော သစ်လုံးအိမ်ဖြစ်သည်။

ခြံဝန်းအတွင်း ခြံစောင့်အိမ်တစ်လုံးနှင့် ကားများထားရှိသည့် စတုရန်းပေ ၆၈၀၀ ကျယ်ဝန်းသော ဂိုဒေါင်တစ်လုံးလည်း ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A 900-Acre Washington Ranch With a Shooting Range and a Poker Room Lists for $14 Million (mansionglobal)

[Zawgyi]

အေမရိကန္တြင္ ေသနတ္ပစ္ကြင္းႏွင့္ ဖဲကစားခန္းပါေသာ ဧက ၉၀၀ က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံၾကီး ေဒၚလာ ၁၄ သန္းျဖင့္ ေရာင္းမည္

အေမရိကန္ျပည္ေထာင္စု ၊ ဝါရွင္တန္ျပည္နယ္တြင္ စတုရန္းေပ ၁၂၀၀၀ က်ယ္ေသာ အိမ္တစ္လံုး ၊ SPA ၊ ဂိုေဒါင္တစ္လံုးႏွင့္ ရဟတ္ယာဥ္ကြင္းတို႔ ပါဝင္ေသာ ဧက ၉၀၀ က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံၾကီးတစ္ခု ေဒၚလာ ၁၄ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။

Buck Quarter Ranch အမည္ရွိ ေမြးျမဴေရးျခံၾကီးသည္ အပန္းေျဖစခန္းဟန္ ျခံၾကီးျဖစ္ျပီး လူဦးေရ ၂၀၀ ခန္႔သာရွိေသာ Cusick ျမဳိ႕ငယ္ေလးတြင္ တည္ရွိသည္။

“Buck Quarter Ranch ျခံၾကီးဟာ သူကိုယ္တုိင္က ျမဳိ႕တစ္ျမဳိ႕လိုပါပဲ”ဟု အေရာင္းေစ်းကြက္တင္ေပးေသာ Coldwell Banker Realty ကုမၸဏီမွအက်ဳိးေဆာင္ ကာဆန္ဒရာ ပီတာဆန္က ေျပာသည္။

ကာဆန္ဒရာႏွင့္အတူ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ မီဂန္ဝပ္ဆန္ကလည္း ေရာင္းခ်ေပးရန္ ပူးတြဲ ကိုင္တြယ္ထားသည္။

“ဒီျခံၾကီးဟာ အလြန္လွပျပီး ျမဳိ႕ေလးရဲ႕ဆုလာဒ္ အိမ္ျခံေျမတစ္ခုပါပဲ။ တစ္ျခားဘယ္ေနရာနဲ႔မွ မတူတဲ့ ထူးျခားခ်က္ ရွိပါတယ္။ ဒီလိုျမင္ကြင္းမ်ဳိး ျမင္ရဖို႔ဆုိရင္ အုိင္ဒါဟို ဒါမွမဟုတ္ မြန္တားနားျပည္နယ္ေတြကို သြားမွ ရပါမယ္။ ေစ်းကြက္ထဲမွာ ဒီလိုျခံမ်ဳိးမရွိပါဘူး။”

(ပင္မအိမ္ကို ေက်ာက္တံုး ၊ သစ္လံုးမ်ားျဖင့္ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-Travel Through Images)

မီဂန္ဝပ္ဆန္က ေျပာသည္မွာ ဤျခံၾကီးသည္ ဝန္းက်င္ေဒသမ်ားႏွင့္ မတူဘဲ ဆြဲေဆာင္မႈမ်ားစြာရွိေၾကာင္း ၊ ဝါရွင္တန္ျပည္နယ္တြင္ ဝင္ေငြခြန္မရွိေၾကာင္း ေျပာသည္။

ကာဆန္ဒရာက ေျပာသည္မွာ ကြယ္လြန္သြားျပီျဖစ္ေသာ ပိုင္ရွင္ျဖစ္သူက ဤျခံၾကီးကို လြန္ခဲ့ေသာ ၁၄ ႏွစ္ခန႔္က ဝယ္ယူခဲ့ျပီး အပန္းေျဖေနရာအျဖစ္ အသံုးျပဳခဲ့ေၾကာင္း ေျပာသည္။

“သူက ေလယာဥ္ေပၚမွာ မဂၢဇင္းဖတ္ေနတုန္း မဂၢဇင္းထဲမွာ ေတြ႔ခဲ့တာျဖစ္ျပီး ကိုယ္တုိင္ မေတြ႔ျမင္ရဘဲ ဝယ္လိုက္တာပါ”ဟု ကာဆန္ဒရာက ေျပာသည္။

ဝယ္ယူျပီးေနာက္ပိုင္းတြင္ အဆင့္ျမွင့္တင္မႈမ်ားႏွင့္ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သူမက ေျပာသည္။

ဤျခံၾကီးသည္ Brownie ႏွင့္ Metcalf ေရကန္ၾကီးမ်ား၏ ဧက ၁၅၀ ခန္႔ကို ကိုယ္ပိုင္ပိုင္ဆိုင္ထားျပီး ႏြားျခံ ၊ ျမင္းေဇာင္းမ်ား ၊ ႏြားႏို႔ကားမ်ား ေဆးေၾကာသန္႔စင္သည့္ေနရာႏွင့္ စားက်က္မ်ား ပါဝင္သည္။

ပင္မအိမ္မွာ ေရကန္စပ္တြင္ တည္ရွိျပီး သစ္လံုးမ်ားျဖင့္ ေဆာက္လုပ္ထားကာ အေျပာက်ယ္ေသာ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

ေနအိမ္အတြင္း အေဆာက္အအံု ၂ ထပ္အထိ ျမင့္မားေသာ မီးလင္းဖိုၾကီးတစ္ခု ၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား ၊ ျပည္ပမွ တင္သြင္းထားေသာ ဖန္မီးဆိုင္းမ်ားႏွင့္ စိတ္ၾကိဳက္ဒီဇိုင္းဆင္ထားေသာ မီးမ်ား ပါဝင္သည္။

ဧည့္ေဂဟာအိမ္မွာ စတုရန္းေပ ၂၈၀၀ က်ယ္ဝန္းျပီး ေရကန္စပ္တြင္ တည္ရွိကာ မီးဖုိေဆာင္တစ္ခု ပါဝင္သည္။

အျခားဧည့္ေဂဟာတစ္လံုးမွာ စတုရန္းေပ ၅၀၀ ရွိေသာ သစ္လံုးအိမ္ျဖစ္သည္။

ျခံဝန္းအတြင္း ျခံေစာင့္အိမ္တစ္လံုးႏွင့္ ကားမ်ားထားရွိသည့္ စတုရန္းေပ ၆၈၀၀ က်ယ္ဝန္းေသာ ဂိုေဒါင္တစ္လံုးလည္း ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A 900-Acre Washington Ranch With a Shooting Range and a Poker Room Lists for $14 Million (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service