သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း ကားလုံးဝမမောင်းတတ်သော်လည်း မိုးပျံကားမောင်းနှင်ပုံ ရုပ်ရှင်ရိုက်ခဲ့သည့် ဖြစ်ရပ်

သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း ကားလုံးဝမမောင်းတတ်သော်လည်း မိုးပျံကားမောင်းနှင်ပုံ ရုပ်ရှင်ရိုက်ခဲ့သည့် ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
14 Aug 2023 11:52 am တွင် တင်ခဲ့သည်
334 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နှိုင်းရသီအိုရီဖြင့် ကမ္ဘာကိုကိုင်လှုပ်ခဲ့သူ ၂၀ ရာစု၏ အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း သည် ကားမောင်းလုံးဝ မသင်ခဲ့ဖူးချေ။

ကားမောင်းရသည်မှာ အလွန်ရှုပ်ထွေးခက်ခဲလှသည်ဟု အိုင်စတိုင်းက ယူဆပြီး လမ်းလျှောက်သွားရခြင်း ကိုသာ ပိုမိုနှစ်သက်ခဲ့သည်။

၁၉၈၂ ခုနှစ် ထုတ်လွှင့်ခဲ့သော Jetsons ကာတွန်းဇာတ်လမ်းတွဲ ၊ ၁၉၆၂ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော သိပ္ပံဆန်းကြယ် ဇာတ်လမ်းတွဲ Blade Runner နှင့် ၁၉၈၂ ခုနှစ်က ပြသခဲ့သော Back to the Future Part II တို့တွင် မိုးပျံကားများကို အနာဂတ်၏ ယာဉ်တစ်မျိုးအဖြစ် ရိုက်ကူးပြသခဲ့ကြသည်။

သို့သော် လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကျော်က သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်းသည် မိုးပျံကားတစ်စီး မောင်းနှင်ခဲ့ဖူးသည်။

သင်တို့ ယူဆသည့် ပုံစံမျိုးကားမဟုတ်။

မယုံနိုင်ဖွယ် အဆိုပါ ဖြစ်ရပ်မှန်ကို သင်တို့ သိလိုကြမည် ဖြစ်သည်။

၁၉၃၁ ခုနှစ်က လမ်းများပေါ်တွင် ကားများကို နေ့တိုင်းတွေ့မြင်နေရပြီ ဖြစ်သော်လည်း အများစုမှာ ကားမမောင်းတတ်ကြသေးဘဲ ကားမှာ အထူးဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေသေးချိန် ဖြစ်သည်။

၁၉၃၀ ပြည့်လွန်ကာလများအတွင်း ကားနယ်ပယ်တွင် နည်းပညာများ လျင်မြန်စွာ ဖွံဖြိုးလာနေချိန်ဖြစ်သည်။

ကားကုမ္ပဏီတို့သည် အဆိုပါကာလအတွင်း ကားများတွင် တီထွင်မှုအသစ်များ ဖြည့်စွက်လာကြရာ Automatic transmission များ ၊ V-8, V-12, V-16 အင်ဂျင်များ ၊ heater များနှင့် ရေဒီယိုများ အပါအဝင် ဖြစ်သည်။

အဲလ်ဘတ်အိုင်စတိုင်းနှင့် ဇနီးဖြစ်သူ အယ်လ်ဆာတို့ မိုးပျံကား မောင်းနှင်ခဲ့ပုံ ရုပ်ရှင်တစ်ခု ပေါ်ပေါက်ခဲ့ဖူး ကြောင်း From the Grapevine က ဖော်ပြသည်။

 

(အိုင်စတိုင်း မိုးပျံကားမောင်းသည့် ရုပ်ရှင်ရိုက်ကူးခဲ့ပုံ)

 

အိုင်စတိုင်းနှင့် သူ၏ဇနီးသည် အသံဖမ်းစတူဒီယိုရှိ ကားပျက်ကြီးတစ်စီးပေါ်သို့ ဦးစွာတက်ခဲ့ကြသည်ကို အဆိုပါ ရုပ်ရှင်တွင် တွေ့ရသည်။

ထိုသို့လုပ်ဆောင်ရန် အိုင်စတိုင်းက ကနဦးတွင် သဘောမတူခဲ့။

ကားအတွင်း ၎င်းရှိနေပုံကို ဓာတ်ပုံအရိုက်မခံလိုသောကြောင့် ဖြစ်သည်။

သို့သော် ဂျာမန်နည်းပညာရှင်အချို့က အိုင်စတိုင်းအား စည်းရုံးနားချနိုင်ခဲ့ကြသည်။

အိုင်စတိုင်းတို့စုံတွဲ ကားပေါ်သို့ ရောက်သွားချိန်တွင် မီးအလင်းမှိန်ချလိုက်ပြီး ကားနောက်ဘက်တွင် နောက်ခံပိတ်ကားတစ်ခု ပေါ်လာသည်။

အိုင်စတိုင်းမှာ ယာဉ်မောင်းနေရာတွင်ဖြစ်ပြီး အယ်လ်ဆာမှာ ခရီးသည်ခုံတွင်ဖြစ်ကာ မိုးပျံကားဖြင့် ကောင်းကင်ခရီးသွားခဲ့ကြပုံကို ရုပ်ရှင်ပညာဖြင့် လှည့်စားရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

 

 

ပထမဆုံးတွင် အိုင်စတိုင်းတို့သည် ဘရော့ဒ်ဝေးလမ်း ၊ ယင်းနောက် လော့စ်အိန်ဂျလိမြို့ ၊ ထိုမှတဆင့် ပင်လယ်ကမ်းခြေများသို့ ရောက်ရှိခဲ့ဟန် ပြသထားသည်။

ထို့နောက် ကားမှာ လေယာဉ်ပျံသဖွယ် ကောင်းကင်သို့ မြင့်တက်သွားဟန် တွေ့ရသည်။

အောက်ဘက်ဆီတွင် သာယာလှပသော ရော့ကီးတောင်တန်းကြီး တွေ့ရချိန်တွင် အိုင်စတိုင်းက ကားလက်ကိုင်ကို လွှတ်လိုက်သည်။

ထိုမှတဆင့် အိုင်စတိုင်းတို့ ကားပြန်လည်ဆင်းသက်ကာ ဂျာမနီတွင် လှည့်လည်သွားလာခဲ့ပုံကို ပြသထားသည်။

အဆိုပါ ရုပ်ရှင်သည် ဆယ်စုနှစ်များစွာ ပျောက်ဆုံးနေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ နယူးယောက်မြို့ ၊ Lincoln Center တွင် အလုပ်လုပ်ကိုင်သော ကျောင်းသားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအချိန်အထိ အိုင်စတိုင်း၏ ရုပ်ရှင်အကြောင်း အများပြည်သူတို့ မသိကြသေး။

Warner Brothers ရုပ်ရှင်ကုမ္ပဏီက မာစတာဖလင်ကို ဖျက်ဆီးခဲ့ပြီး အိုင်စတိုင်းတို့စုံတွဲကို ကော်ပီတစ်ခု ပေးခဲ့သည်။

 

((အိုင်စတိုင်း ကားမောင်းတတ်သလား))

 

(အိုင်စတိုင်းနှင့် သူ၏ ဇနီးကို ကားတစ်စင်းအတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Bettmann)

 

သိရသမျှ အထောက်အထားအားလုံးအရ အဲလ်ဘတ်အိုင်စတိုင်းသည် ကိုယ်ပိုင်ကားတစ်စီးမရှိခဲ့သည့်နည်းတူ ကားလည်း မမောင်းတတ်ချေ။

ထို့ကြောင့်ပင် Warner Brothers ရုပ်ရှင်ကုမ္ပဏီ၏ အသံဖမ်းစတူဒီယိုအတွင်းမှ ကားပေါ်တွင် ဓာတ်ပုံအရိုက်ခံရန် ကနဦးတွင် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အိုင်စတိုင်းသည် ကားမောင်းတတ်သော ဆွေမျိုးတို့၏ အကူအညီဖြင့် သွားလာခဲ့ခြင်း ဖြစ်သည်။

အိုင်စတိုင်းအပြင် ကားမမောင်းတတ်သော နာမည်ကျော်ပုဂ္ဂိုလ်များစွာရှိရာ အမေရိကန်၏ ၂၈ ဆက်မြောက် သမ္မတ ဝုဒရိုး ဝီလ်ဆင် ၊ အမေရိကန်စာရေးဆရာကြီး Jack Kerouac ၊ အမေရိကန်ကဗျာဆရာမ အဲလစ်ဇဘက် ဘစ်ရှော့ ၊ အမေရိကန်ရုပ်ရှင်မင်းသမီး Mae West ၊ အမေရိကန် စာရေးဆရာ Ray Bradbury တို့ အပါအဝင် ဖြစ်သည်။

မိုးပျံကားများသည် ဟောလိဝုဒ်ရုပ်ရှင်များမှသည် နေ့စဉ်ဘဝသို့ အမှန်တကယ်ရောက်ရှိလာမည်လော။

အမေရိကန်တွင်မူ မိုးပျံကားများ စတင်စမ်းသပ်နေပြီဟူသော သတင်းများရှိသည်။

ကျွန်ုပ်တို့အများစုအတွက်မူ အိပ်မက်သဖွယ်သာ ရှိသေးသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The True Story of When Albert Einstein Drove a Flying Car (docs)

 

[Zawgyi]

သိပၸံပညာရွင္ၾကီး အဲလ္ဘတ္အိုင္စတုိင္း ကားလံုးဝမေမာင္းတတ္ေသာ္လည္း မိုးပ်ံကားေမာင္းႏွင္ပံု ရုပ္ရွင္ရိုက္ခဲ့သည့္ ျဖစ္ရပ္

ႏိႈင္းရသီအိုရီျဖင့္ ကမၻာကိုကိုင္လႈပ္ခဲ့သူ ၂၀ ရာစု၏ အၾကီးျမတ္ဆံုး သိပၸံပညာရွင္ၾကီး အဲလ္ဘတ္အိုင္စတုိင္း သည္ ကားေမာင္းလံုးဝ မသင္ခဲ့ဖူးေခ်။

ကားေမာင္းရသည္မွာ အလြန္ရႈပ္ေထြးခက္ခဲလွသည္ဟု အိုင္စတုိင္းက ယူဆျပီး လမ္းေလွ်ာက္သြားရျခင္း ကိုသာ ပိုမိုႏွစ္သက္ခဲ့သည္။

၁၉၈၂ ခုႏွစ္ ထုတ္လႊင့္ခဲ့ေသာ Jetsons ကာတြန္းဇာတ္လမ္းတြဲ ၊ ၁၉၆၂ ခုႏွစ္က ထုတ္လႊင့္ျပသခဲ့ေသာ သိပၸံဆန္းၾကယ္ ဇာတ္လမ္းတြဲ Blade Runner ႏွင့္ ၁၉၈၂ ခုႏွစ္က ျပသခဲ့ေသာ Back to the Future Part II တို႔တြင္ မိုးပ်ံကားမ်ားကို အနာဂတ္၏ ယာဥ္တစ္မ်ဳိးအျဖစ္ ရုိက္ကူးျပသခဲ့ၾကသည္။

သို႔ေသာ္ လြန္ခဲ့ေသာႏွစ္ေပါင္း ၈၀ ေက်ာ္က သိပၸံပညာရွင္ၾကီး အဲလ္ဘတ္အိုင္စတိုင္းသည္ မိုးပ်ံကားတစ္စီး ေမာင္းႏွင္ခဲ့ဖူးသည္။

သင္တို႔ ယူဆသည့္ ပံုစံမ်ိဳးကားမဟုတ္။

မယံုႏိုင္ဖြယ္ အဆုိပါ ျဖစ္ရပ္မွန္ကုိ သင္တုိ႔ သိလိုၾကမည္ ျဖစ္သည္။

၁၉၃၁ ခုႏွစ္က လမ္းမ်ားေပၚတြင္ ကားမ်ားကို ေန႔တုိင္းေတြ႔ျမင္ေနရျပီ ျဖစ္ေသာ္လည္း အမ်ားစုမွာ ကားမေမာင္းတတ္ၾကေသးဘဲ ကားမွာ အထူးဇိမ္ခံပစၥည္းတစ္ခုျဖစ္ေနေသးခ်ိန္ ျဖစ္သည္။

၁၉၃၀ ျပည့္လြန္ကာလမ်ားအတြင္း ကားနယ္ပယ္တြင္ နည္းပညာမ်ား လ်င္ျမန္စြာ ဖြံျဖဳိးလာေနခ်ိန္ျဖစ္သည္။

ကားကုမၸဏီတို႔သည္ အဆုိပါကာလအတြင္း ကားမ်ားတြင္ တီထြင္မႈအသစ္မ်ား ျဖည့္စြက္လာၾကရာ Automatic transmission မ်ား ၊ V-8, V-12, V-16 အင္ဂ်င္မ်ား ၊ heater မ်ားႏွင့္ ေရဒီယိုမ်ား အပါအဝင္ ျဖစ္သည္။

အဲလ္ဘတ္အိုင္စတုိင္းႏွင့္ ဇနီးျဖစ္သူ အယ္လ္ဆာတို႔ မိုးပ်ံကား ေမာင္းႏွင္ခဲ့ပံု ရုပ္ရွင္တစ္ခု ေပၚေပါက္ခဲ့ဖူး ေၾကာင္း From the Grapevine က ေဖာ္ျပသည္။

(အိုင္စတုိင္း မိုးပ်ံကားေမာင္းသည့္ ရုပ္ရွင္ရိုက္ကူးခဲ့ပံု)

အိုင္စတုိင္းႏွင့္ သူ၏ဇနီးသည္ အသံဖမ္းစတူဒီယိုရွိ ကားပ်က္ၾကီးတစ္စီးေပၚသို႔ ဦးစြာတက္ခဲ့ၾကသည္ကို အဆိုပါ ရုပ္ရွင္တြင္ ေတြ႔ရသည္။

ထိုသို႔လုပ္ေဆာင္ရန္ အိုင္စတုိင္းက ကနဦးတြင္ သေဘာမတူခဲ့။

ကားအတြင္း ၎ရွိေနပံုကို ဓာတ္ပံုအရိုက္မခံလိုေသာေၾကာင့္ ျဖစ္သည္။

သို႔ေသာ္ ဂ်ာမန္နည္းပညာရွင္အခ်ဳိ႕က အိုင္စတုိင္းအား စည္းရံုးနားခ်ႏိုင္ခဲ့ၾကသည္။

အိုင္စတုိင္းတို႔စံုတြဲ ကားေပၚသို႔ ေရာက္သြားခ်ိန္တြင္ မီးအလင္းမွိန္ခ်လိုက္ျပီး ကားေနာက္ဘက္တြင္ ေနာက္ခံပိတ္ကားတစ္ခု ေပၚလာသည္။

အိုင္စတုိင္းမွာ ယာဥ္ေမာင္းေနရာတြင္ျဖစ္ျပီး အယ္လ္ဆာမွာ ခရီးသည္ခံုတြင္ျဖစ္ကာ မိုးပ်ံကားျဖင့္ ေကာင္းကင္ခရီးသြားခဲ့ၾကပံုကို ရုပ္ရွင္ပညာျဖင့္ လွည့္စားရုိက္ကူးခဲ့ျခင္း ျဖစ္သည္။

ပထမဆံုးတြင္ အုိင္စတိုင္းတုိ႔သည္ ဘေရာ့ဒ္ေဝးလမ္း ၊ ယင္းေနာက္ ေလာ့စ္အိန္ဂ်လိျမဳိ႕ ၊ ထိုမွတဆင့္ ပင္လယ္ကမ္းေျခမ်ားသို႔ ေရာက္ရွိခဲ့ဟန္ ျပသထားသည္။

ထုိ႔ေနာက္ ကားမွာ ေလယာဥ္ပ်ံသဖြယ္ ေကာင္းကင္သို႔ ျမင့္တက္သြားဟန္ ေတြ႔ရသည္။

ေအာက္ဘက္ဆီတြင္ သာယာလွပေသာ ေရာ့ကီးေတာင္တန္းၾကီး ေတြ႔ရခ်ိန္တြင္ အိုင္စတုိင္းက ကားလက္ကိုင္ကို လႊတ္လုိက္သည္။

ထုိမွတဆင့္ အိုင္စတုိင္းတုိ႔ ကားျပန္လည္ဆင္းသက္ကာ ဂ်ာမနီတြင္ လွည့္လည္သြားလာခဲ့ပံုကို ျပသထားသည္။

အဆိုပါ ရုပ္ရွင္သည္ ဆယ္စုႏွစ္မ်ားစြာ ေပ်ာက္ဆံုးေနခဲ့ျပီး ၂၀၁၈ ခုႏွစ္တြင္မူ နယူးေယာက္ျမဳိ႕ ၊ Lincoln Center တြင္ အလုပ္လုပ္ကိုင္ေသာ ေက်ာင္းသားတစ္ဦးက ရွာေဖြေတြ႔ရွိခဲ့သည္။

ထုိအခ်ိန္အထိ အိုင္စတုိင္း၏ ရုပ္ရွင္အေၾကာင္း အမ်ားျပည္သူတို႔ မသိၾကေသး။

Warner Brothers ရုပ္ရွင္ကုမၸဏီက မာစတာဖလင္ကို ဖ်က္ဆီးခဲ့ျပီး အိုင္စတုိင္းတုိ႔စံုတြဲကို ေကာ္ပီတစ္ခု ေပးခဲ့သည္။

((အိုင္စတုိင္း ကားေမာင္းတတ္သလား))

(အိုင္စတုိင္းႏွင့္ သူ၏ ဇနီးကို ကားတစ္စင္းအတြင္း ေတြ႔ရပံု။ ဓာတ္ပံု-Bettmann)

သိရသမွ် အေထာက္အထားအားလံုးအရ အဲလ္ဘတ္အိုင္စတုိင္းသည္ ကိုယ္ပိုင္ကားတစ္စီးမရွိခဲ့သည့္နည္းတူ ကားလည္း မေမာင္းတတ္ေခ်။

ထုိ႔ေၾကာင့္ပင္ Warner Brothers ရုပ္ရွင္ကုမၸဏီ၏ အသံဖမ္းစတူဒီယိုအတြင္းမွ ကားေပၚတြင္ ဓာတ္ပံုအရုိက္ခံရန္ ကနဦးတြင္ ျငင္းဆုိခဲ့ျခင္း ျဖစ္သည္။

အုိင္စတိုင္းသည္ ကားေမာင္းတတ္ေသာ ေဆြမ်ဳိးတုိ႔၏ အကူအညီျဖင့္ သြားလာခဲ့ျခင္း ျဖစ္သည္။

အိုင္စတုိင္းအျပင္ ကားမေမာင္းတတ္ေသာ နာမည္ေက်ာ္ပုဂၢိဳလ္မ်ားစြာရွိရာ အေမရိကန္၏ ၂၈ ဆက္ေျမာက္ သမၼတ ဝုဒရိုး ဝီလ္ဆင္ ၊ အေမရိကန္စာေရးဆရာၾကီး Jack Kerouac ၊ အေမရိကန္ကဗ်ာဆရာမ အဲလစ္ဇဘက္ ဘစ္ေရွာ့ ၊ အေမရိကန္ရုပ္ရွင္မင္းသမီး Mae West ၊ အေမရိကန္ စာေရးဆရာ Ray Bradbury တုိ႔ အပါအဝင္ ျဖစ္သည္။

မိုးပ်ံကားမ်ားသည္ ေဟာလိဝုဒ္ရုပ္ရွင္မ်ားမွသည္ ေန႔စဥ္ဘဝသို႔ အမွန္တကယ္ေရာက္ရွိလာမည္ေလာ။

အေမရိကန္တြင္မူ မိုးပ်ံကားမ်ား စတင္စမ္းသပ္ေနျပီဟူေသာ သတင္းမ်ားရွိသည္။

ကၽြႏ္ုပ္တို႔အမ်ားစုအတြက္မူ အိပ္မက္သဖြယ္သာ ရွိေသးသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The True Story of When Albert Einstein Drove a Flying Car (docs)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service