ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိမ်ခြံမြေလောကသားတိုင်း သိမှတ်ထားသင့်တဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေလေးများကို iMyanmarHouse.com မှ အပတ်စဥ်ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ ဒီကနေ့ညမှာလည်း ဥပဒေအရေး မေးမြန်းစူးစမ်းသူများ ပေးပို့လာတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးထားပါတယ်။
မေးခွန်း (၁ ) - မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးနောက် သားသမီးတစ်ဦးဦးသည် မိဘအရင်ဦးစွာ ကွယ်လွန်လျှင် ကွယ်လွန် သူရဲ့သားသမီးတွေက အမွေဝေစုကို မိသားစုစီမံမှု့အတိုင်းရ/မရ
မိသားစုစီမံမှုစာချုပ်ပြုလုပ်မည်ဆိုပါက မိသားစုအစုံအလင်သဘောတူကြရန် လိုအပ်ပါတယ်။ ထိုမိသား စုစီမံစာချုပ်တွင် တရားဝင် အမွေဆိုင်မဟုတ်သူ တစ်ဦးက ပါဝင်၍ လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုလျှင် စာချုပ် ပျက်ပြယ်ပါတယ်။
အမွေခွဲဝေမှုတွင် တန်ဖိုးငွေကျပ်တစ်ရာထက်ပိုသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများပါဝင်ပါက ထိုအမွေပုံစီမံခန့်ခွဲမှုစာချုပ်အား မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ထို့ပြင်စာချုပ်မှာ ဥပဒေနှင့်မညီညွတ်ကြောင်း တွေ့ရှိပါက အမွေခွဲဝေမှုပျက်ပြယ်ပါတယ်။ ဥပဒေနှင့်အညီ အမွေစီမံခွဲဝေမှုများ ပြုလုပ်ပြီးပါက မိသားစုအတွင်း အမွေမှုများ ထပ်မံဖြစ်ပွားရန် အကြောင်းမရှိတော့ပါဘူး။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေကို နှုတ်ဖြင့် ခွဲဝေခြင်းပင်ပြုနိုင်ပါတယ်။ အမွေပုံစီမံခန့်ခွဲမှု စာချုပ်ချုပ်ဆိုပြီး အမွေခွဲဝေပြီးနောက် အမွေအား ချက်ချင်းအကျိုးခံစားခွင့်မရှိသေးဘဲ အမွေရှင်မိဘဖြစ်သူများ ကွယ်လွန်ပြီး နောက်မှဝေစုရရှိပါသည်။ အမွေရှင်မိဘများ မကွယ်လွန်မီ အမွေပုံပစ္စည်းကို ကြိုတင် တောင်းခံခြင်းလဲ မပြုနိုင်ပါဘူး။ အမွေရှင်မိဘများ ကွယ်လွန်ပြီးနောက် မိသားစုစီမံမှုအရ အမွေခွဲဝေပြီး ဖြစ်လျှင် ထိုခွဲဝေမှုကို မကျေနပ်ပါဟု ငြင်းဆိုပိုင်ခွင့်လဲ မရှိပါ။
အမွေဆက်ခံခွင့်မှာ မိဘများ သေဆုံးပြီးနောက်မှ ပေါ်ပေါက်သဖြင့် မိဘအရင်ဦးစွာ ကွယ်လွန်သော သားသမီးမှ မွေးဖွားသော မြေးများ၏ အမွေဝေစုမှာ မိသားစုစီမံမှုစာချုပ်အတိုင်း ရရှိရန် အခွင့်အရေးမရှိပါ အဆိုပါမြေးများမှာ အမွေမမှီမြေး ဝေစုအတိုင်းသာ အမွေအား ရရှိနိုင်ပါသည်။
ထို့ကြောင့် အမွေမမှီမြေတို့၏ အခွင့်အရေးသည် အမွေမီမြေးများ ကဲ့သို့မဟုတ်။ မိဘဆက်ခံခွင့်ရှိသော အမွေကိုရရှိခြင်း မဟုတ်ဘဲ ၎င်းတို့ကိုယ်ပိုင်အခွင့်အရေးအရ အမွေဆက်ခံခွင့်ရရှိခြင်းဖြစ်သည်။ တနည်းဆို ရသော ဘိုးဘွားများ၏ အမွေကို တိုက်ရိုက်ဆက်ခံခြင်းဖြစ်ပါတယ်။ မြေးများသည် ဘိုးဘွားများနှင့်မနေဟူသော အကြောင်းပြချက်ဖြင့် အမွေဆက်ခံခွင့်မဆုံးရှုံးပါ။
ဥပမာသားသမီး၃ဦးရှိမည်ဆိုပါက တစ်ဦးမှာ မိဘများအရင်ရှေးဦးစွာ စောသေလျှင် မသေလျှင်ရသော သုံးပုံတစ်ပုံအနက်မှ ကွယ်လွန်သူနှင့် သက်ဆိုင်သူများမှ လေးပုံတစ်ပုံ (သို့) ဆယ်နှစ်ပုံတစ်ပုံ ရရှိသည့် သဘောပင်ဖြစ်ပါတယ်။
ဘိုးဘွားတို့၏ အမွေကို ဩရသနှင့်အကြီးဆုံးသားသမီးမှ မွေးဖွားသည့် အမွေမမီမြေးနှင့် ၎င်းတို့၏ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးတို့သည် အညီအမျှရရှိပြီး အခြားသားသမီးများမှ မွေးဖွားသည့် အမွေမမီ မြေများသည် မိမိတို့၏ မိဘများ၊ဘိုးဘွားများ ကွယ်လွန်စဉ် အသက်ထင်ရှားရှိခဲ့လျှင် ရချေမည်ဖြစ်သော ဝေစု၏ လေးပုံတစ်ပုံကို ရရှိကြပါတယ်။
မေးခွန်း (၂) - အမွေဆိုင်တစ်ဦးသည် အမွေခွဲဝေခြင်းမပြုရသေးဘဲ အိမ်ခြံမြေကို အမည်ပြောင်းထားပါက မည်သို့ ဆောင်ရွက်နိုင်သနည်း။
အမွေရှင်မိဘများသေဆုံးပြီး မိသားစု အမွေပုံပစ္စည်းစီမံခန့်ခွဲမှုစာချုပ်လဲ ကြိုတင် ချုပ်ဆိုထားခြင်း မရှိပါက အမွေပုံပစ္စည်းများအား မိသားစုစုံလင်စွာ သဘောတူညီချက်ဖြင့် အမွေခွဲဝေခြင်း ပြုနိုင်ပါတယ်။
အကယ်၍ သဘောတူညီချက်ဖြင့် အမွေခွဲဝေခြင်း မပြုနိုင်ပါက အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုဖြင့် သေသူ၏ ပစ္စည်းများကို တရားစွဲဆိုတောင်းခံနိုင်ပါတယ်။
ထို့ကြောင့် အိမ်ခြံမြေ အရောင်းအဝယ်များပြုမည်ဆိုပါက အမွေဆိုင်ပစ္စည်း ဟုတ်မဟုတ် အမည်ပေါက် ပိုင်ရှင်နှင့် မည့်သို့ဆက်နွယ်ကာ အမွေဆက်ခံခွင့်ရှိကြောင်းကို အထောက်အထား အခိုင်အမာဖြင့် စစ်ဆေးရန် လိုအပ်ပါတယ်။
အမွေဆိုင်ပစ္စည်းကို တစ်ဦးတစ်ယောက် သဘောဆန္ဒအရ လွှဲပြောင်းရောင်းချသည်ဟု သိရှိပါက အရောင်းအဝယ် မပြီးမြောက်ခင် စည်ပင်သာယာရေး ကော်မတီမြို့ပြ စီမံခန့်ခွဲမှုနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာနတွင် ကန့်ကွက်စာတင်နိုင်ပါတယ်။ တဖက်မှ ဝယ်ယူသူများမှ စရန်ငွေချပြီး သတင်းစာကြေငြာခြင်း များပြုလုပ်ကြ သည်ကို တွေ့ရှိပါကလဲ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ ယူဆောင်၍ အရောင်းအဝယ်အား ကန့်ကွက်ကြောင်း အကြောင်းကြားရပါမယ်။
ထိုသို့ဆောင်ရွက်ပါက ရောင်းချသူအနေဖြင့်ပြုလုပ်သော အမွေဆိုင်မှာ မိမိမပိုင်ဆိုင်သော မရွှေ့မ ပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်း ရောင်းချခြင်းပြုသည့်အတွက် ၎င်းအရောင်းအဝယ်စာချုပ်အရ စရန်ငွေ (၂)ဆ ဝယ်ယူသူထံ ပေးလျှော်ပြီး ထိုအရောင်းအဝယ်လဲပျက်ပြယ်မယ်ဖြစ်ပါတယ်။
အရောင်းအဝယ်အဆုံးထိပြုလုပ်ပြီး (သို့) အမည်ပြောင်းလဲပြီးနောက်မှ အမွေဆိုင်များမှ သိရှိပါက ကျန်အမွေဆိုင်များ သဘောမတူဘဲ ရောင်းချခြင်းဖြစ်သည့်အတွက် တရားရုံးမှတဆင့် အရောင်းအဝယ် စာချုပ်များကို ဖျက်သိမ်းပေးစေလိုမှုဖြင့် တရားမမှုစွဲဆိုရမည်သာဖြစ်ပါတယ်။ ကာလစည်းကမ်းသတ်အတွင်း တရားစွဲဆိုရန်တော့ လိုအပ်ပါသည်။
အမွေမှုကာလစည်းကမ်းသတ်မှာ အမွေပုံပစ္စည်းသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်လျှင် (၁၂)နှစ် အတွင်း တရားစွဲဆိုရမည်ဖြစ်ကာ အမွေပုံပစ္စည်းသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက (၆)နှစ်အတွင်း တရားစွဲဆိုရမှာ ဖြစ်ပါတယ်။ ကာလစည်းကမ်းသတ် ကျော်လွန်ပါက တရားစွဲဆိုရန် အခွင့်အရေး ဆုံးရှုံးမည်သာ ဖြစ်ကြောင်း ဖြေဆိုပေးလိုက်ပါတယ်။
မေးခွန်း (၃) - ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိပါသလဲ။
အထက်မြန်မာပြည်အား ၁၈၈၅ခုနှစ် အဂလိပ်တို့သိမ်းပိုက်ပြီးနောက်တွင် မြန်မာမင်းများနှင့် မင်းမူမင်း ထမ်းများကို ပိုင်ဆိုင်သောမြေနှင့် ဘိုးဘွားများ လက်ထက်ကပင် ဓားမဦးချလုပ်ကိုင်သော မြေများအား အသိ အမှတ်ပြုသည့်အနေဖြင့် ၁၈၈၉ခုနှစ်၊ မြေခွန်တော်ဥပဒေနှင့်အညီ ဘိုးဘွားပိုင်မြေဟု ခေါ်ဆိုကြပါတယ်။ ဘိုးဘွားပိုင်မြေ၊မြေပိုင်မြေ၊အပိုင်ဂရန်မြေ ပိုင်ဆိုင်သူများမှာ မြေရှင်အခွင့်အရေးရရှိကြပါတယ်။
ဂရန်မြေကဲ့သို့ စာရွက်စာတမ်းမရှိသော်လည်း မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အစပ်နဲ့ သက်ဆိုင်ရာ မြေစာရင်းရုံးတွင် အမည်ပေါက်စာရင်းဝင်နေရင် အဆင်ပြေပါတယ်။ ယင်းမြေအား စီမံခန့်ခွဲခြင်း၊ မြို့မြေခွန်စည်းကြပ်ခြင်းမရှိပါဘူး။
ဘိုးဘွားပိုင်မြေအား အမည်ပေါက်ပိုင်ဆိုင်သူကိုယ်တိုင်မှ လွှဲပြောင်းရောင်းချသည့်အခါ အမည်ပေါက် စာချုပ်(သို့) မှတ်ပုံတင်စာချုပ်ရှိရန် လိုအပ်ပါတယ်။ အမွေဆက်ခံပိုင်ဆိုင်သူများလဲ လွှဲပြောင်းရောင်းချခွင့်ရှိပြီး ပိုင်ဆိုင်မှု စာချုပ်စာတမ်းမရှိပါက တရားရုံးမှချမှတ်ထားသည့် စီရင်ချက်အမိန့်နှင့်ဒီကရီဖြင့် တရားဝင် အမွေဆက်ခံခွင့် ရရှိရန် လိုအပ်ပါသည်။
အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာများဖြင့် လွှဲပြောင်း ရောင်းချမှုများ ပြုလုပ်သည့်အခါ လွှဲအပ်သူ မသေဆုံးမီနှင့် ကိုယ်စားလှယ်လွှဲစာ ပြန်မရုတ်သိမ်းမီ လက်မှတ်ရေးထိုး ဆောင်ရွက်ရန် လိုအပ်ပါတယ်။
လွှဲပြောင်းရောင်းချမည့်သူသည် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် မှတ်ပုံတင်စာချုပ်နှင့် ပိုင်ဆိုင်မှုအထောက်အထားများအား ပြသပြီး အရောင်းမြေပုံကူးယူကာ အရောင်းအဝယ် အတွက် ဆောင်ရွက်ရပါမယ်။
ပူးတွဲအမည်ပေါက်ပိုင်ဆိုင်သူမှ မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် စွန့်လွှတ်ပါက လက်ခံရရှိသူ ကျန်ပူးတွဲ ပိုင်ဆိုင်သူမှ လွှဲပြောင်းရောင်းချခွင့်ရှိသလို ဝယ်ယူသည့်အခါတွင် မြေကွက်အား ခွဲစိတ်ဂရန် လျှောက်ထားရန် လိုအပ်ပါသည်။ အမည်ပြောင်းဆောင်ရွက်ရာတွင် ရောင်းဝယ်ခြင်းအတွက် အမည်ပြောင်းလဲခြင်း၊ အမည်နောက် ထပ် တစ်ဦးဖြည့်စွက်ခြင်း၊ ပထမအမည်ပေါက်ပိုင်ရှင် နာမည်ပါဝင်သူအား ပယ်ဖျက်ခြင်း၊ ဦးပိုင်တစ်ခုကို ခွဲစိတ် ၍ အမည်ပြောင်းလဲခြင်းများ အမျိုးမျိုးရှိကြတယ်။
ထို့ကြောင့် မြို့မြေတွေမှာ ဘိုးဘွားပိုင်မြေကို ဝယ်ယူမည်ဆိုရင်တော့ ဥပဒေအရ သတ်မှတ်ထားသည့် အခွန်ထမ်းဆောင်ပြီး အမည်ပေါက်ဂရန် ပြန်လျှောက်သင့်ကြောင်း ဖော်ပြရေးသားပေးလိုက်ပါတယ်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com
[Zawgyi]
အိမ္ျခံေျမေရးရာ သိမွတ္ဖြယ္ရာ
အိမ္ျခံေျမေလာကသားတိုင္း သိမွတ္ထားသင့္တဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖေလးမ်ားကို iMyanmarHouse.com မွ အပတ္စဥ္ေရးသားတင္ဆက္ေပးလ်က္႐ွိပါတယ္။ ဒီကေန႔ညမွာလည္း ဥပေဒအေရး ေမးျမန္းစူးစမ္းသူမ်ား ေပးပို႔လာတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖသုံးခုကို တင္ဆက္ေပးထားပါတယ္။
ေမးခြန္း (၁ ) - မိသားစုစီမံမႈစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ သားသမီးတစ္ဦးဦးသည္ မိဘအရင္ဦးစြာ ကြယ္လြန္လွ်င္ ကြယ္လြန္ သူရဲ႕သားသမီးေတြက အေမြေဝစုကို မိသားစုစီမံမႈ႕အတိုင္းရ/မရ
မိသားစုစီမံမႈစာခ်ဳပ္ျပဳလုပ္မည္ဆိုပါက မိသားစုအစုံအလင္သေဘာတူၾကရန္ လိုအပ္ပါတယ္။ ထိုမိသား စုစီမံစာခ်ဳပ္တြင္ တရားဝင္ အေမြဆိုင္မဟုတ္သူ တစ္ဦးက ပါဝင္၍ လက္မွတ္ေရးထိုးစာခ်ဳပ္ခ်ဳပ္ဆိုလွ်င္ စာခ်ဳပ္ ပ်က္ျပယ္ပါတယ္။
အေမြခြဲေဝမႈတြင္ တန္ဖိုးေငြက်ပ္တစ္ရာထက္ပိုေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားပါဝင္ပါက ထိုအေမြပုံစီမံခန္႔ခြဲမႈစာခ်ဳပ္အား မွတ္ပုံတင္ရန္ လိုအပ္ပါသည္။ ထို႔ျပင္စာခ်ဳပ္မွာ ဥပေဒႏွင့္မညီၫြတ္ေၾကာင္း ေတြ႕႐ွိပါက အေမြခြဲေဝမႈပ်က္ျပယ္ပါတယ္။ ဥပေဒႏွင့္အညီ အေမြစီမံခြဲေဝမႈမ်ား ျပဳလုပ္ၿပီးပါက မိသားစုအတြင္း အေမြမႈမ်ား ထပ္မံျဖစ္ပြားရန္ အေၾကာင္းမ႐ွိေတာ့ပါဘူး။
ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ အေမြကို ႏႈတ္ျဖင့္ ခြဲေဝျခင္းပင္ျပဳႏိုင္ပါတယ္။ အေမြပုံစီမံခန္႔ခြဲမႈ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အေမြခြဲေဝၿပီးေနာက္ အေမြအား ခ်က္ခ်င္းအက်ိဳးခံစားခြင့္မ႐ွိေသးဘဲ အေမြ႐ွင္မိဘျဖစ္သူမ်ား ကြယ္လြန္ၿပီး ေနာက္မွေဝစုရ႐ွိပါသည္။ အေမြ႐ွင္မိဘမ်ား မကြယ္လြန္မီ အေမြပုံပစၥည္းကို ႀကိဳတင္ ေတာင္းခံျခင္းလဲ မျပဳႏိုင္ပါဘူး။ အေမြ႐ွင္မိဘမ်ား ကြယ္လြန္ၿပီးေနာက္ မိသားစုစီမံမႈအရ အေမြခြဲေဝၿပီး ျဖစ္လွ်င္ ထိုခြဲေဝမႈကို မေက်နပ္ပါဟု ျငင္းဆိုပိုင္ခြင့္လဲ မ႐ွိပါ။
အေမြဆက္ခံခြင့္မွာ မိဘမ်ား ေသဆုံးၿပီးေနာက္မွ ေပၚေပါက္သျဖင့္ မိဘအရင္ဦးစြာ ကြယ္လြန္ေသာ သားသမီးမွ ေမြးဖြားေသာ ေျမးမ်ား၏ အေမြေဝစုမွာ မိသားစုစီမံမႈစာခ်ဳပ္အတိုင္း ရ႐ွိရန္ အခြင့္အေရးမ႐ွိပါ အဆိုပါေျမးမ်ားမွာ အေမြမမွီေျမး ေဝစုအတိုင္းသာ အေမြအား ရ႐ွိႏိုင္ပါသည္။
ထို႔ေၾကာင့္ အေမြမမွီေျမတို႔၏ အခြင့္အေရးသည္ အေမြမီေျမးမ်ား ကဲ့သို႔မဟုတ္။ မိဘဆက္ခံခြင့္႐ွိေသာ အေမြကိုရ႐ွိျခင္း မဟုတ္ဘဲ ၎တို႔ကိုယ္ပိုင္အခြင့္အေရးအရ အေမြဆက္ခံခြင့္ရ႐ွိျခင္းျဖစ္သည္။ တနည္းဆို ရေသာ ဘိုးဘြားမ်ား၏ အေမြကို တိုက္႐ိုက္ဆက္ခံျခင္းျဖစ္ပါတယ္။ ေျမးမ်ားသည္ ဘိုးဘြားမ်ားႏွင့္မေနဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အေမြဆက္ခံခြင့္မဆုံး႐ႈံးပါ။
ဥပမာသားသမီး၃ဦး႐ွိမည္ဆိုပါက တစ္ဦးမွာ မိဘမ်ားအရင္ေ႐ွးဦးစြာ ေစာေသလွ်င္ မေသလွ်င္ရေသာ သုံးပုံတစ္ပုံအနက္မွ ကြယ္လြန္သူႏွင့္ သက္ဆိုင္သူမ်ားမွ ေလးပုံတစ္ပုံ (သို႔) ဆယ္ႏွစ္ပုံတစ္ပုံ ရ႐ွိသည့္ သေဘာပင္ျဖစ္ပါတယ္။ ဘိုးဘြားတို႔၏ အေမြကို ဩရသႏွင့္အႀကီးဆုံးသားသမီးမွ ေမြးဖြားသည့္ အေမြမမီေျမးႏွင့္ ၎တို႔၏ ဦးႀကီး၊ ဦးေလး၊ ေဒၚႀကီး၊ ေဒၚေလးတို႔သည္ အညီအမွ်ရ႐ွိၿပီး အျခားသားသမီးမ်ားမွ ေမြးဖြားသည့္ အေမြမမီ ေျမမ်ားသည္ မိမိတို႔၏ မိဘမ်ား၊ဘိုးဘြားမ်ား ကြယ္လြန္စဥ္ အသက္ထင္႐ွား႐ွိခဲ့လွ်င္ ရေခ်မည္ျဖစ္ေသာ ေဝစု၏ ေလးပုံတစ္ပုံကို ရ႐ွိၾကပါတယ္။
ေမးခြန္း (၂) - အေမြဆိုင္တစ္ဦးသည္ အေမြခြဲေဝျခင္းမျပဳရေသးဘဲ အိမ္ျခံေျမကို အမည္ေျပာင္းထားပါက မည္သို႔ ေဆာင္႐ြက္ႏိုင္သနည္း။
အေမြ႐ွင္မိဘမ်ားေသဆုံးၿပီး မိသားစု အေမြပုံပစၥည္းစီမံခန္႔ခြဲမႈစာခ်ဳပ္လဲ ႀကိဳတင္ ခ်ဳပ္ဆိုထားျခင္း မ႐ွိပါက အေမြပုံပစၥည္းမ်ားအား မိသားစုစုံလင္စြာ သေဘာတူညီခ်က္ျဖင့္ အေမြခြဲေဝျခင္း ျပဳႏိုင္ပါတယ္။
အကယ္၍ သေဘာတူညီခ်က္ျဖင့္ အေမြခြဲေဝျခင္း မျပဳႏိုင္ပါက အေမြပုံပစၥည္းစီမံခန္႔ခြဲေပးေစလိုမႈျဖင့္ ေသသူ၏ ပစၥည္းမ်ားကို တရားစြဲဆိုေတာင္းခံႏိုင္ပါတယ္။
ထို႔ေၾကာင့္ အိမ္ျခံေျမ အေရာင္းအဝယ္မ်ားျပဳမည္ဆိုပါက အေမြဆိုင္ပစၥည္း ဟုတ္မဟုတ္ အမည္ေပါက္ ပိုင္႐ွင္ႏွင့္ မည့္သို႔ဆက္ႏြယ္ကာ အေမြဆက္ခံခြင့္႐ွိေၾကာင္းကို အေထာက္အထား အခိုင္အမာျဖင့္ စစ္ေဆးရန္ လိုအပ္ပါတယ္။
အေမြဆိုင္ပစၥည္းကို တစ္ဦးတစ္ေယာက္ သေဘာဆႏၵအရ လႊဲေျပာင္းေရာင္းခ်သည္ဟု သိ႐ွိပါက အေရာင္းအဝယ္ မၿပီးေျမာက္ခင္ စည္ပင္သာယာေရး ေကာ္မတီၿမိဳ႕ျပ စီမံခန္႔ခြဲမႈႏွင့္ ေျမစီမံခန္႔ခြဲမႈဦးစီးဌာနတြင္ ကန္႔ကြက္စာတင္ႏိုင္ပါတယ္။ တဖက္မွ ဝယ္ယူသူမ်ားမွ စရန္ေငြခ်ၿပီး သတင္းစာေၾကျငာျခင္း မ်ားျပဳလုပ္ၾက သည္ကို ေတြ႕႐ွိပါကလဲ ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းမ်ား ယူေဆာင္၍ အေရာင္းအဝယ္အား ကန္႔ကြက္ေၾကာင္း အေၾကာင္းၾကားရပါမယ္။
ထိုသို႔ေဆာင္႐ြက္ပါက ေရာင္းခ်သူအေနျဖင့္ျပဳလုပ္ေသာ အေမြဆိုင္မွာ မိမိမပိုင္ဆိုင္ေသာ မေ႐ႊ႕မ ေျပာင္းႏိုင္ေသာ ပစၥည္းအား လႊဲေျပာင္း ေရာင္းခ်ျခင္းျပဳသည့္အတြက္ ၎အေရာင္းအဝယ္စာခ်ဳပ္အရ စရန္ေငြ (၂)ဆ ဝယ္ယူသူထံ ေပးေလွ်ာ္ၿပီး ထိုအေရာင္းအဝယ္လဲပ်က္ျပယ္မယ္ျဖစ္ပါတယ္။
အေရာင္းအဝယ္အဆုံးထိျပဳလုပ္ၿပီး (သို႔) အမည္ေျပာင္းလဲၿပီးေနာက္မွ အေမြဆိုင္မ်ားမွ သိ႐ွိပါက က်န္အေမြဆိုင္မ်ား သေဘာမတူဘဲ ေရာင္းခ်ျခင္းျဖစ္သည့္အတြက္ တရား႐ုံးမွတဆင့္ အေရာင္းအဝယ္ စာခ်ဳပ္မ်ားကို ဖ်က္သိမ္းေပးေစလိုမႈျဖင့္ တရားမမႈစြဲဆိုရမည္သာျဖစ္ပါတယ္။ ကာလစည္းကမ္းသတ္အတြင္း တရားစြဲဆိုရန္ေတာ့ လိုအပ္ပါသည္။
အေမြမႈကာလစည္းကမ္းသတ္မွာ အေမြပုံပစၥည္းသည္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းျဖစ္လွ်င္ (၁၂)ႏွစ္ အတြင္း တရားစြဲဆိုရမည္ျဖစ္ကာ အေမြပုံပစၥည္းသည္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းျဖစ္ပါက (၆)ႏွစ္အတြင္း တရားစြဲဆိုရမွာ ျဖစ္ပါတယ္။ ကာလစည္းကမ္းသတ္ ေက်ာ္လြန္ပါက တရားစြဲဆိုရန္ အခြင့္အေရး ဆုံး႐ႈံးမည္သာ ျဖစ္ေၾကာင္း ေျဖဆိုေပးလိုက္ပါတယ္။
ေမးခြန္း (၃) - ဘိုးဘြားပိုင္ေျမကို မည္သူက၊ မည္သည့္နည္းလမ္းျဖင့္ လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိပါသလဲ။
အထက္ျမန္မာျပည္အား ၁၈၈၅ခုႏွစ္ အဂလိပ္တို႔သိမ္းပိုက္ၿပီးေနာက္တြင္ ျမန္မာမင္းမ်ားႏွင့္ မင္းမူမင္း ထမ္းမ်ားကို ပိုင္ဆိုင္ေသာေျမႏွင့္ ဘိုးဘြားမ်ား လက္ထက္ကပင္ ဓားမဦးခ်လုပ္ကိုင္ေသာ ေျမမ်ားအား အသိ အမွတ္ျပဳသည့္အေနျဖင့္ ၁၈၈၉ခုႏွစ္၊ ေျမခြန္ေတာ္ဥပေဒႏွင့္အညီ ဘိုးဘြားပိုင္ေျမဟု ေခၚဆိုၾကပါတယ္။ ဘိုးဘြားပိုင္ေျမ၊ေျမပိုင္ေျမ၊အပိုင္ဂရန္ေျမ ပိုင္ဆိုင္သူမ်ားမွာ ေျမ႐ွင္အခြင့္အေရးရ႐ွိၾကပါတယ္။
ဂရန္ေျမကဲ့သို႔ စာ႐ြက္စာတမ္းမ႐ွိေသာ္လည္း မိမိပိုင္ဆိုင္ခဲ့ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္အဆက္အစပ္နဲ႔ သက္ဆိုင္ရာ ေျမစာရင္း႐ုံးတြင္ အမည္ေပါက္စာရင္းဝင္ေနရင္ အဆင္ေျပပါတယ္။ ယင္းေျမအား စီမံခန္႔ခြဲျခင္း၊ ၿမိဳ႕ေျမခြန္စည္းၾကပ္ျခင္းမ႐ွိပါဘူး။
ဘိုးဘြားပိုင္ေျမအား အမည္ေပါက္ပိုင္ဆိုင္သူကိုယ္တိုင္မွ လႊဲေျပာင္းေရာင္းခ်သည့္အခါ အမည္ေပါက္ စာခ်ဳပ္(သို႔) မွတ္ပုံတင္စာခ်ဳပ္႐ွိရန္ လိုအပ္ပါတယ္။ အေမြဆက္ခံပိုင္ဆိုင္သူမ်ားလဲ လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိၿပီး ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ႐ွိပါက တရား႐ုံးမွခ်မွတ္ထားသည့္ စီရင္ခ်က္အမိန္႔ႏွင့္ဒီကရီျဖင့္ တရားဝင္ အေမြဆက္ခံခြင့္ ရ႐ွိရန္ လိုအပ္ပါသည္။
အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔) အထူးကိုယ္စားလွယ္လႊဲစာမ်ားျဖင့္ လႊဲေျပာင္း ေရာင္းခ်မႈမ်ား ျပဳလုပ္သည့္အခါ လႊဲအပ္သူ မေသဆုံးမီႏွင့္ ကိုယ္စားလွယ္လႊဲစာ ျပန္မ႐ုတ္သိမ္းမီ လက္မွတ္ေရးထိုး ေဆာင္႐ြက္ရန္ လိုအပ္ပါတယ္။
လႊဲေျပာင္းေရာင္းခ်မည့္သူသည္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ မွတ္ပုံတင္စာခ်ဳပ္ႏွင့္ ပိုင္ဆိုင္မႈအေထာက္အထားမ်ားအား ျပသၿပီး အေရာင္းေျမပုံကူးယူကာ အေရာင္းအဝယ္ အတြက္ ေဆာင္႐ြက္ရပါမယ္။
ပူးတြဲအမည္ေပါက္ပိုင္ဆိုင္သူမွ မွတ္ပုံတင္စြန္႔လႊတ္စာခ်ဳပ္ျဖင့္ စြန္႔လႊတ္ပါက လက္ခံရ႐ွိသူ က်န္ပူးတြဲ ပိုင္ဆိုင္သူမွ လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိသလို ဝယ္ယူသည့္အခါတြင္ ေျမကြက္အား ခြဲစိတ္ဂရန္ ေလွ်ာက္ထားရန္ လိုအပ္ပါသည္။ အမည္ေျပာင္းေဆာင္႐ြက္ရာတြင္ ေရာင္းဝယ္ျခင္းအတြက္ အမည္ေျပာင္းလဲျခင္း၊ အမည္ေနာက္ ထပ္ တစ္ဦးျဖည့္စြက္ျခင္း၊ ပထမအမည္ေပါက္ပိုင္႐ွင္ နာမည္ပါဝင္သူအား ပယ္ဖ်က္ျခင္း၊ ဦးပိုင္တစ္ခုကို ခြဲစိတ္ ၍ အမည္ေျပာင္းလဲျခင္းမ်ား အမ်ိဳးမ်ိဳး႐ွိၾကတယ္။ ထို႔ေၾကာင့္ ၿမိဳ႕ေျမေတြမွာ ဘိုးဘြားပိုင္ေျမကို ဝယ္ယူမည္ဆိုရင္ေတာ့ ဥပေဒအရ သတ္မွတ္ထားသည့္ အခြန္ထမ္းေဆာင္ၿပီး အမည္ေပါက္ဂရန္ ျပန္ေလွ်ာက္သင့္ေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါတယ္။
လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။
ေမးခြန္းေပးပို႔ရန္ Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com