မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သူ့ရဲ့တန်ဖိုးကြီးကားတွေကို ဘယ်လမ်းကြောင်းတွေကနေ ဝယ်ခဲ့လဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သူ့ရဲ့တန်ဖိုးကြီးကားတွေကို ဘယ်လမ်းကြောင်းတွေကနေ ဝယ်ခဲ့လဲ - Property Knowledge in Myanmar from iMyanmarHouse.com
12 Aug 2023 12:08 pm တွင် တင်ခဲ့သည်
425 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

 [Unicode]

ကျည်ကာ အနက်ရောင် Limousines များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သွားလေရာတွင် တွေ့ရသည်။

ကင်ဂျုံအန်အတွက် သားနားသော အနောက်တိုင်း စစ်ရထားလုံးများဟုလည်း ဆိုနိုင်သည်။

ကင်ဂျုံအန်သည် သူ၏ ဆီဒင်ကားများကို မြောက်ကိုရီးယား၏ မြို့တော် ပြုံယမ်းမှ ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော စင်္ကာပူ၊ ဟနွိုင်းနှင့် ဗလာဒီဗော့စတော့မြို့များတွင် စီးနင်းသွားလာခဲ့ခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် အဆိုပါကားများဘေးတွင် သက်တော်စောင့်အဖွဲ့က ခပ်ရွရွပြေးရင်း လိုက်ပါပုံကို တွေ့ကြရသည်။

ကားအမျိုးအစားများမှာ နိုင်ငံတကာ ခေါင်းဆောင်များ စီးလေ့ရှိသော Mercedes-Benz များဖြစ်သည့် Maybach S62 နှင့် Maybach S600 Pullman Guard များဖြစ်ပြီး ၁ စီးလျှင် ဒေါ်လာ ၅၀၀၀၀၀ မှ ၁ ဒသမ ၆ သန်းကြား တန်ကြေးရှိသည်။

အနောက်တိုင်းထုတ် High-end ကားတို့သည် မြောက်ကိုရီယားသို့ ဆိပ်ကမ်းပေါင်းများစွာတွင် သင်္ဘောအလွှဲအပြောင်းများ ၊ အမည်ခံကုမ္ပဏီများဖြင့် ပို့ဆောင်ခဲ့ကြကြောင်း မှောင်ခိုကွန်ရက်များ စောင့်ကြည့်ရေးဆိုင်ရာ ဝါရှင်တန်အခြေစိုက် Center for Advanced Defense Studies မှ ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်တွင် ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံ ၊ ဟနွိုင်းမြို့တွင် ကင်ဂျုံအန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က အဓိက တောင်းဆိုခဲ့သည်မှာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူထားသော အရေးပါသည့် ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအပေါ် ၂၀၁၆ နှစ်ကုန်ပိုင်းကတည်းက ပိတ်ဆို့အရေးယူထားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် အစိုးရ၏ တောင်းဆိုချက်အရ မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများ တင်ပို့ခွင့်ကို ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူထားခဲ့သည်။

 

(စင်္ကာပူ ၊ ဟနွိုင်းနှင့် ဗလာဒီဗော့စတော့မြို့များတွင် ဒေါ်နယ်ထရမ့် ၊ ပူတင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် ကာလများအတွင်း ကင်ဂျုံအန်သည် ပိတ်ဆို့အရေးယူထားသော ဇိမ်ခံကားများကို စီးနင်းခဲ့သည်။ ဓာတ်ပုံ- Joseph Nair/Associated Press)

Center for Advanced Defense Studies မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများ တင်ပို့ရာတွင် နိုင်ငံပေါင်း ၉၀ ခန့် ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

ဇိမ်ခံပစ္စည်းများတင်ပို့သည့် ကွင်းဆက်တွင် တရုတ် ၊ ရုရှား ၊ ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများ၏ ပိုင်နက်နေရာများ ပါဝင်ခဲ့သည်။

 

 

(ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးစဉ် ကင်ဂျုံအန်က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူထားမှု ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ဓာတ်ပုံ- Pool photo by Sergei Ilnitsky)

 

မြောက်ကိုရီးယားသို့ ဇိမ်ခံကားများ တင်ပို့သည့် လမ်းကြောင်းမှာ နယ်သာလန်နိုင်ငံ ၊ Rotterdam ဆိပ်ကမ်းမှ စတင်သည်။

၂၀၁၈ ခုနှစ် ၊ ဇွန်လတွင် Mercedes ကားများ ပါဝင်သော ချိတ်ပိတ်ထားသည့် ကွန်တိန်နာ ၂ လုံးကို ထရပ်ကားဖြင့် သင်္ဘောဆိပ်ကမ်းတစ်ခုသို့ သယ်ဆောင်ခဲ့ကြောင်း ၊ အဆိုပါ Mercedes များမှာ တစ်စီးလျှင် ဒေါ်လာ ၅၀၀၀၀၀ ခန့်တန်ကြေးရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

အဆိုပါကားများကို မည်သူက ဝယ်ယူခဲ့သည်ကို မသိရချေ။

Mercedes ၏ မိခင်ကုမ္ပဏီဖြစ်သော Daimler က ပြောသည်မှာ မိမိတို့ကုမ္ပဏီအနေဖြင့် အရေးယူပိတ်ဆို့ထား သူများကို ရောင်းချမိခြင်း မရှိစေရန် ဝယ်လက်များ၏ နောက်ခံကို စစ်ဆေးလေ့ရှိကြောင်း ပြောသည်။

အဆိုပါကားများသည် တရုတ်ပြည်အရှေ့မြောက်ပိုင်း ဒါလျန်းသို့ ရောက်သည်အထိ သင်္ဘောများအဆင့်ဆင့် ပြောင်းကာ ၄၁ ရက်ကြာ သယ်ဆောင်ခဲ့သည်။

 

(မြောက်ကိုရီးယားသို့ ဇိမ်ခံကားများ သယ်ယူခဲ့သည့် လမ်းကြောင်း)

၁။ ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၂၀ ရက်တွင် နယ်သာလန်နိုင်ငံ ၊ Rotterdam ရှိ ကွန်တိန်နာသင်္ဘောတစ်စင်းပေါ်သို့ Mercedes-Benz ကား ၂ စင်း စတင်ရောက်ရှိသည်။

၂။ ၄၁ ရက်ကြာမြင့်ပြီးနောက် အဆိုပါကားများသည် တရုတ်ပြည် ၊ ဒါလျန်းမြို့သို့ ရောက်ရှိခဲ့ပြီး အခြားကုန်တင်သင်္ဘောတစ်စီးပေါ်သို့ လွှဲပြောင်းခဲ့သည်။

၃။ ဂျပန်နိုင်ငံ အိုဆာကာသို့ ရောက်သောအခါ အခြားသင်္ဘောတစ်စင်းပေါ် ထပ်မံလွှဲပြောင်းခဲ့ပြန်သည်။

၄။ ယင်းနောက် တောင်ကိုရီးယားနိုင်ငံ ၊ ဘူဆန်မြို့သို့ ရောက်ရှိခဲ့သည်။ ဘူဆန်တွင် ကုန်သင်္ဘော DN5505 သို့ လွှဲပြောင်းခဲ့သည်။

၅။ DN5505 သည် ရုရှားနိုင်ငံ Nakhodka သို့ ထွက်ခွာခဲ့ဖွယ်ရှိကြောင်း သင်္ဘောမှတ်တမ်းများတွင် ဖော်ပြသည်။

၆။ ရုရှားသို့ ရောက်ချိန်တွင် မြောက်ကိုရီးယားကုန်တင်ဂျက်လေယာဉ်များဖြင့် ထိုကားများကို မြောက်ကိုရီးယားနိုင်ငံ ၊ ပြုံယမ်းသို့ သယ်ဆောင်ခဲ့ဖွယ် ရှိသည်။

 

(Source: Center for Advanced Defense Studies By The New York Times)

 

(ရုရှားနိုင်ငံ ၊ ဗလာဒီဗော့စတော့မြို့တွင် ကင်ဂျုံအန်၏ Mercedes limousine ကို အနီးကပ်တွေ့ရပုံ။ ဓာတ်ပုံ-Alexander Khitrov/Associated Press)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How North Korea’s Leader Gets His Luxury Cars (nytimes)

 

 

[Zawgyi]

 

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ သူ႔ရဲ႕တန္ဖုိးၾကီးကားေတြကို ဘယ္လမ္းေၾကာင္းေတြကေန ဝယ္ခဲ့လဲ

 

က်ည္ကာ အနက္ေရာင္ Limousines မ်ားကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ သြားေလရာတြင္ ေတြ႔ရသည္။

ကင္ဂ်ံဳအန္အတြက္ သားနားေသာ အေနာက္တိုင္း စစ္ရထားလံုးမ်ားဟုလည္း ဆိုႏိုင္သည္။

ကင္ဂ်ံဳအန္သည္ သူ၏ ဆီဒင္ကားမ်ားကို ေျမာက္ကိုရီးယား၏ ျမိဳ႕ေတာ္ ျပံဳယမ္းမွ ကုန္တင္ေလယာဥ္ျဖင့္ သယ္ေဆာင္ကာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၊ ရုရွားသမၼတ ဗလာဒီမာပူတင္တို႔ႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့ေသာ စကၤာပူ၊ ဟႏြိဳင္းႏွင့္ ဗလာဒီေဗာ့စေတာ့ျမိဳ႕မ်ားတြင္ စီးနင္းသြားလာခဲ့ျခင္း ျဖစ္သည္။

တစ္ခါတစ္ရံတြင္ အဆိုပါကားမ်ားေဘးတြင္ သက္ေတာ္ေစာင့္အဖြဲ႔က ခပ္ရြရြေျပးရင္း လိုက္ပါပံုကို ေတြ႔ၾကရသည္။

ကားအမ်ဳိးအစားမ်ားမွာ ႏိုင္ငံတကာ ေခါင္းေဆာင္မ်ား စီးေလ့ရွိေသာ Mercedes-Benz မ်ားျဖစ္သည့္ Maybach S62 ႏွင့္ Maybach S600 Pullman Guard မ်ားျဖစ္ျပီး ၁ စီးလွ်င္ ေဒၚလာ ၅၀၀၀၀၀ မွ ၁ ဒသမ ၆ သန္းၾကား တန္ေၾကးရွိသည္။

အေနာက္တုိင္းထုတ္ High-end ကားတုိ႔သည္ ေျမာက္ကိုရီယားသို႔ ဆိပ္ကမ္းေပါင္းမ်ားစြာတြင္ သေဘၤာအလႊဲအေျပာင္းမ်ား ၊ အမည္ခံကုမၸဏီမ်ားျဖင့္ ပို႔ေဆာင္ခဲ့ၾကေၾကာင္း ေမွာင္ခိုကြန္ရက္မ်ား ေစာင့္ၾကည့္ေရးဆိုင္ရာ ဝါရွင္တန္အေျခစိုက္ Center for Advanced Defense Studies မွ ျပဳလုပ္ခဲ့ေသာ သုေတသနတစ္ရပ္တြင္ ေဖာ္ျပသည္။

ဗီယက္နမ္ႏိုင္ငံ ၊ ဟႏြိဳင္းျမဳိ႕တြင္ ကင္ဂ်ံဳအန္သည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့စဥ္က အဓိက ေတာင္းဆိုခဲ့သည္မွာ ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔အေရးယူထားေသာ အေရးပါသည့္ ပိတ္ဆို႔မႈမ်ား ရုပ္သိမ္းေပးရန္ ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။

ေျမာက္ကိုရီးယားအေပၚ ၂၀၁၆ ႏွစ္ကုန္ပိုင္းကတည္းက ပိတ္ဆို႔အေရးယူထားခဲ့ျခင္း ျဖစ္သည္။

အေမရိကန္သမၼတ ေဂ်ာ့ခ်္ ဒဗလ်ဴ ဘုရွ္ အစိုးရ၏ ေတာင္းဆိုခ်က္အရ ေျမာက္ကိုရီးယားသို႔ ဇိမ္ခံပစၥည္းမ်ား တင္ပို႔ခြင့္ကို ကုလသမဂၢက ၂၀၀၆ ခုႏွစ္ကတည္းက ပိတ္ဆို႔အေရးယူထားခဲ့သည္။

(စကၤာပူ ၊ ဟႏြိဳင္းႏွင့္ ဗလာဒီေဗာ့စေတာ့ျမဳိ႕မ်ားတြင္ ေဒၚနယ္ထရမ့္ ၊ ပူတင္တို႔ႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့စဥ္ ကာလမ်ားအတြင္း ကင္ဂ်ံဳအန္သည္ ပိတ္ဆုိ႔အေရးယူထားေသာ ဇိမ္ခံကားမ်ားကို စီးနင္းခဲ့သည္။ ဓာတ္ပံု- Joseph Nair/Associated Press)

Center for Advanced Defense Studies မွ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာအရ ၂၀၁၅ မွ ၂၀၁၇ ခုႏွစ္အတြင္း ေျမာက္ကိုရီးယားသို႔ ဇိမ္ခံပစၥည္းမ်ား တင္ပို႔ရာတြင္ ႏိုင္ငံေပါင္း ၉၀ ခန္႔ ပါဝင္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ဇိမ္ခံပစၥည္းမ်ားတင္ပို႔သည့္ ကြင္းဆက္တြင္ တရုတ္ ၊ ရုရွား ၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားကဲ့သို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီအဖြဲ႔ဝင္ႏိုင္ငံမ်ားႏွင့္ အေမရိကန္၏ မဟာမိတ္ႏိုင္ငံမ်ား၏ ပိုင္နက္ေနရာမ်ား ပါဝင္ခဲ့သည္။

(ေဒၚနယ္ထရမ့္ႏွင့္ ေတြ႔ဆံုေဆြးေႏြးစဥ္ ကင္ဂ်ံဳအန္က ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔အေရးယူထားမႈ ရုပ္သိမ္းေပးရန္ ေတာင္းဆိုခဲ့သည္။ ဓာတ္ပံု- Pool photo by Sergei Ilnitsky)

ေျမာက္ကုိရီးယားသို႔ ဇိမ္ခံကားမ်ား တင္ပို႔သည့္ လမ္းေၾကာင္းမွာ နယ္သာလန္ႏိုင္ငံ ၊ Rotterdam ဆိပ္ကမ္းမွ စတင္သည္။

၂၀၁၈ ခုႏွစ္ ၊ ဇြန္လတြင္ Mercedes ကားမ်ား ပါဝင္ေသာ ခ်ိတ္ပိတ္ထားသည့္ ကြန္တိန္နာ ၂ လံုးကို ထရပ္ကားျဖင့္ သေဘၤာဆိပ္ကမ္းတစ္ခုသို႔ သယ္ေဆာင္ခဲ့ေၾကာင္း ၊ အဆုိပါ Mercedes မ်ားမွာ တစ္စီးလွ်င္ ေဒၚလာ ၅၀၀၀၀၀ ခန္႔တန္ေၾကးရွိေၾကာင္း မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

အဆိုပါကားမ်ားကို မည္သူက ဝယ္ယူခဲ့သည္ကို မသိရေခ်။

Mercedes ၏ မိခင္ကုမၸဏီျဖစ္ေသာ Daimler က ေျပာသည္မွာ မိမိတုိ႔ကုမၸဏီအေနျဖင့္ အေရးယူပိတ္ဆို႔ထား သူမ်ားကို ေရာင္းခ်မိျခင္း မရိွေစရန္ ဝယ္လက္မ်ား၏ ေနာက္ခံကို စစ္ေဆးေလ့ရွိေၾကာင္း ေျပာသည္။

အဆိုပါကားမ်ားသည္ တရုတ္ျပည္အေရွ႕ေျမာက္ပိုင္း ဒါလ်န္းသို႔ ေရာက္သည္အထိ သေဘၤာမ်ားအဆင့္ဆင့္ ေျပာင္းကာ ၄၁ ရက္ၾကာ သယ္ေဆာင္ခဲ့သည္။

(ေျမာက္ကိုရီးယားသို႔ ဇိမ္ခံကားမ်ား သယ္ယူခဲ့သည့္ လမ္းေၾကာင္း)

၁။ ၂၀၁၈ ခုႏွစ္ ၊ ဇြန္လ ၂၀ ရက္တြင္ နယ္သာလန္ႏိုင္ငံ ၊ Rotterdam ရွိ ကြန္တိန္နာသေဘၤာတစ္စင္းေပၚသို႔ Mercedes-Benz ကား ၂ စင္း စတင္ေရာက္ရွိသည္။

၂။ ၄၁ ရက္ၾကာျမင့္ျပီးေနာက္ အဆုိပါကားမ်ားသည္ တရုတ္ျပည္ ၊ ဒါလ်န္းျမိဳ႕သို႔ ေရာက္ရွိခဲ့ျပီး အျခားကုန္တင္သေဘၤာတစ္စီးေပၚသို႔ လႊဲေျပာင္းခဲ့သည္။

၃။ ဂ်ပန္ႏိုင္ငံ အိုဆာကာသို႔ ေရာက္ေသာအခါ အျခားသေဘၤာတစ္စင္းေပၚ ထပ္မံလႊဲေျပာင္းခဲ့ျပန္သည္။

၄။ ယင္းေနာက္ ေတာင္ကိုရီးယားႏိုင္ငံ ၊ ဘူဆန္ျမဳိ႕သို႔ ေရာက္ရွိခဲ့သည္။ ဘူဆန္တြင္ ကုန္သေဘၤာ DN5505 သို႔ လႊဲေျပာင္းခဲ့သည္။

၅။ DN5505 သည္ ရုရွားႏိုင္ငံ Nakhodka သို႔ ထြက္ခြာခဲ့ဖြယ္ရွိေၾကာင္း သေဘၤာမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

၆။ ရုရွားသုိ႔ ေရာက္ခ်ိန္တြင္ ေျမာက္ကိုရီးယားကုန္တင္ဂ်က္ေလယာဥ္မ်ားျဖင့္ ထိုကားမ်ားကို ေျမာက္ကိုရီးယားႏိုင္ငံ ၊ ျပဳံယမ္းသို႔ သယ္ေဆာင္ခဲ့ဖြယ္ ရွိသည္။

(Source: Center for Advanced Defense Studies By The New York Times)

(ရုရွားႏိုင္ငံ ၊ ဗလာဒီေဗာ့စေတာ့ျမိဳ႕တြင္ ကင္ဂ်ံဳအန္၏ Mercedes limousine ကို အနီးကပ္ေတြ႔ရပံု။ ဓာတ္ပံု-Alexander Khitrov/Associated Press)

(ကင္ဂ်ံဳအန္၏ limousine ။ ဓာတ္ပံု- Brendan Smialowski/Agence France-Presse — Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How North Korea’s Leader Gets His Luxury Cars (nytimes)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service