ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
တစ်ခါတစ်ရံတွင် အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် သင့်အား ရယ်ရမလို ၊ ငိုရမလိုဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။
ယခုအရောင်းဈေးကွက်တင်လာမှု တစ်ခုမှာမူ သင့်အား ၂ ခုလုံးဖြစ်အောင် လုပ်ဆောင်နိုင်သည်။
လန်ဒန်မြို့ ၊ Kensington အရပ်ရှိ လသာဆောင် ၁ ခုကို ပေါင် ၅၀၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်သည်။
Kensington အရပ်သည် ဝိတိုရိယခေတ် အဆောက်အအုံကြီးများ ၊ ပြတိုက်များနှင့် သံရုံးများ တည်ရှိသော နေရာဖြစ်သည်။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ အဆိုပါ ဈေးကွက်တင်လာသော လသာဆောင်ကို စိတ်ဝင်စားသူ အလွန်များပြားနေသည်ဟု ဆိုသည်။
ရောင်းချမည့်လသာဆောင်မှာ Gloucester Road မြေအောက်ဘူတာရုံအနီး Stanhope Gardens လမ်းမှ အဆောက်အအုံတစ်ခု၏ တတိယထပ်တွင် တည်ရှိသည်။
ရောင်းချမည့်လသာဆောင်တွင် သတ္တုလက်ရန်းများရှိပြီး ရှေ့မှလူနေအိမ်များကို စီးမိုးတွေ့မြင်နေရသည်။
လသာဆောင် အကျယ်အဝန်းမှာ ၃ ဒသမ ၄ မီတာ × ၃ ဒသမ ၅ မီတာ (၁၁ ပေပတ်လည်ခန့် ) ရှိသည်။
ထူးခြားသည်မှာ ဤလသာဆောင်သည် လူနေခန်းတစ်ခုခု၏ အစိတ်အပိုင်းတစ်ခုမဟုတ်။
သီးခြားအိမ်ခြံမြေပိုင်ဆိုင်မှုတစ်ခုအနေဖြင့် ရပ်တည်ပြီး သီးခြားအမည်ပေါက်ရှိကာ ဂရန်သက်တမ်း နှစ်ပေါင်း ၁၁၀ ရှိသည်။
“ဒါက သီးခြား အမည်ပေါက်ပိုင်ဆိုင်မှုရှိတဲ့ လသာဆောင်ပါ ။ လှေကားကနေ တက်လာမယ်ဆိုရင် တံခါးတစ်ခုကနေ ဒီလသာဆောင်ကို ရောက်မှာ ဖြစ်ပါတယ်”ဟု Next Home Ltd အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Gleen Jacobs က ပြောသည်။
(လသာဆောင်မှ တွေ့ရမည့် မြင်ကွင်း။ ဓာတ်ပုံ- Next Home Ltd )
လက်ရှိပိုင်ရှင်မှာ လန်ဒန်မြို့အရှေ့ပိုင်းတွင် နေထိုင်ပြီး ဤလသာဆောင်ကို ရင်းနှီးမြုပ်နှံသည့်အနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယခုအခါ ပြန်လည်ရောင်းထုတ်လာခြင်း ဖြစ်သည်။
ဈေးကွက်တင်မှတ်တမ်းအရ မိမိတို့၏ အိမ်ခြံမြေပိုင်ဆိုင်မှု (သို့မဟုတ်) စီးပွားရေးကို ချဲ့ထွင်လိုသူများ စိတ်ဝင်စားမည့် နေရာတစ်ခုဖြစ်ကြောင်း ၊ သို့မဟုတ် လန်ဒန်မြို့လယ် လိပ်စာတစ်နေရာ ပိုင်ဆိုင်လိုသူများအတွက် နေရာတစ်ခုဖြစ်ကြောင်း ၊ စီးပွားရေးအခွင့်အလမ်းနှင့် အပန်းဖြေမှု ၂ မျိုးလုံးအတွက် ကောင်းမွန်ကြောင်း ဖော်ပြထားသည်။
ဈေးကွက်တင်ပြီးနောက်ပိုင်း အကျိုးဆောင်ထံ စုံစမ်းမေးမြန်းသူ ၂၀၀ ကျော်ရှိခဲ့သည်ဟု ဆိုသည်။
Stanhope Garden လမ်းတွင် ပျမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ ပေါင် ၁၃၈၈၇၅၀ ရှိပြီး ငှားခအနေဖြင့် အိပ်ခန်း ၁ ခန်းပါ လူနေခန်းမှာ ပျမ်းမျှအားဖြင့် တစ်လလျှင် ၁၀၀၆ ပေါင်ခန့်ရှိကြောင်း SpareRoom က ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: There’s a balcony up for sale in Kensington for an eye-watering £50,000 (metro)
[Zawgyi]
လန္ဒန္ျမဳိ႕တြင္ ၁၁ ေပပတ္လည္ခန္႔ရွိေသာ လသာေဆာင္တစ္ခုကို ေပါင္ ၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္
တစ္ခါတစ္ရံတြင္ အဂၤလန္ႏိုင္ငံ ၊ လန္ဒန္ျမဳိ႕၏ အိမ္ျခံေျမေစ်းကြက္သည္ သင့္အား ရယ္ရမလို ၊ ငုိရမလိုျဖစ္ေအာင္ ျပဳလုပ္ႏိုင္စြမ္းရွိသည္။
ယခုအေရာင္းေစ်းကြက္တင္လာမႈ တစ္ခုမွာမူ သင့္အား ၂ ခုလံုးျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္သည္။
လန္ဒန္ျမဳိ႕ ၊ Kensington အရပ္ရွိ လသာေဆာင္ ၁ ခုကို ေပါင္ ၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာျခင္းျဖစ္သည္။
Kensington အရပ္သည္ ဝိတိုရိယေခတ္ အေဆာက္အအံုၾကီးမ်ား ၊ ျပတိုက္မ်ားႏွင့္ သံရံုးမ်ား တည္ရွိေသာ ေနရာျဖစ္သည္။
ပုိ၍ အံ့ၾသဖြယ္ေကာင္းသည္မွာ အဆိုပါ ေစ်းကြက္တင္လာေသာ လသာေဆာင္ကို စိတ္ဝင္စားသူ အလြန္မ်ားျပားေနသည္ဟု ဆုိသည္။
ေရာင္းခ်မည့္လသာေဆာင္မွာ Gloucester Road ေျမေအာက္ဘူတာရံုအနီး Stanhope Gardens လမ္းမွ အေဆာက္အအံုတစ္ခု၏ တတိယထပ္တြင္ တည္ရွိသည္။
ေရာင္းခ်မည့္လသာေဆာင္တြင္ သတၱဳလက္ရန္းမ်ားရွိျပီး ေရွ႕မွလူေနအိမ္မ်ားကို စီးမုိးေတြ႔ျမင္ေနရသည္။
လသာေဆာင္ အက်ယ္အဝန္းမွာ ၃ ဒသမ ၄ မီတာ × ၃ ဒသမ ၅ မီတာ (၁၁ ေပပတ္လည္ခန္႔ ) ရွိသည္။
ထူးျခားသည္မွာ ဤလသာေဆာင္သည္ လူေနခန္းတစ္ခုခု၏ အစိတ္အပိုင္းတစ္ခုမဟုတ္။
သီးျခားအိမ္ျခံေျမပိုင္ဆိုင္မႈတစ္ခုအေနျဖင့္ ရပ္တည္ျပီး သီးျခားအမည္ေပါက္ရွိကာ ဂရန္သက္တမ္း ႏွစ္ေပါင္း ၁၁၀ ရွိသည္။
“ဒါက သီးျခား အမည္ေပါက္ပိုင္ဆိုင္မႈရွိတဲ့ လသာေဆာင္ပါ ။ ေလွကားကေန တက္လာမယ္ဆိုရင္ တံခါးတစ္ခုကေန ဒီလသာေဆာင္ကို ေရာက္မွာ ျဖစ္ပါတယ္”ဟု Next Home Ltd အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Gleen Jacobs က ေျပာသည္။
(လသာေဆာင္မွ ေတြ႔ရမည့္ ျမင္ကြင္း။ ဓာတ္ပုံ- Next Home Ltd )
လက္ရွိပိုင္ရွင္မွာ လန္ဒန္ျမဳိ႕အေရွ႕ပိုင္းတြင္ ေနထိုင္ျပီး ဤလသာေဆာင္ကုိ ရင္းႏွီးျမဳပ္ႏွံသည့္အေနျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ကာ ယခုအခါ ျပန္လည္ေရာင္းထုတ္လာျခင္း ျဖစ္သည္။
ေစ်းကြက္တင္မွတ္တမ္းအရ မိမိတုိ႔၏ အိမ္ျခံေျမပိုင္ဆိုင္မႈ (သို႔မဟုတ္) စီးပြားေရးကို ခ်ဲ႕ထြင္လိုသူမ်ား စိတ္ဝင္စားမည့္ ေနရာတစ္ခုျဖစ္ေၾကာင္း ၊ သို႔မဟုတ္ လန္ဒန္ျမိဳ႕လယ္ လိပ္စာတစ္ေနရာ ပိုင္ဆိုင္လိုသူမ်ားအတြက္ ေနရာတစ္ခုျဖစ္ေၾကာင္း ၊ စီးပြားေရးအခြင့္အလမ္းႏွင့္ အပန္းေျဖမႈ ၂ မ်ဳိးလံုးအတြက္ ေကာင္းမြန္ေၾကာင္း ေဖာ္ျပထားသည္။
ေစ်းကြက္တင္ျပီးေနာက္ပိုင္း အက်ဳိးေဆာင္ထံ စံုစမ္းေမးျမန္းသူ ၂၀၀ ေက်ာ္ရွိခဲ့သည္ဟု ဆိုသည္။
Stanhope Garden လမ္းတြင္ ပ်မ္းမွ်အိမ္ျခံေျမေစ်းႏႈန္းမွာ ေပါင္ ၁၃၈၈၇၅၀ ရွိျပီး ငွားခအေနျဖင့္ အိပ္ခန္း ၁ ခန္းပါ လူေနခန္းမွာ ပ်မ္းမွ်အားျဖင့္ တစ္လလွ်င္ ၁၀၀၆ ေပါင္ခန္႔ရွိေၾကာင္း SpareRoom က ေဖာ္ျပသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: There’s a balcony up for sale in Kensington for an eye-watering £50,000 (metro)