ကားအစင်း ၃၀၀ ၊ လေယာဉ်ပျံ ၃၈ စင်း ၊ သင်္ဘော ၅၂ စင်း ၊ ကန်ဒေါ်လာ ၆ သန်းကျော်ဖိုးရှိ စိန်များ ပိုင်ဆိုင်ထားသူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သော ထိုင်းဘုရင်

ကားအစင်း ၃၀၀ ၊ လေယာဉ်ပျံ ၃၈ စင်း ၊ သင်္ဘော ၅၂ စင်း ၊ ကန်ဒေါ်လာ ၆ သန်းကျော်ဖိုးရှိ စိန်များ ပိုင်ဆိုင်ထားသူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သော ထိုင်းဘုရင် - Property Knowledge in Myanmar from iMyanmarHouse.com
11 Aug 2023 4:13 pm တွင် တင်ခဲ့သည်
413 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ထိုင်းဘုရင် ရာမ ၁၀ ဟု လူသိများသူ ဘုရင်မဟာဝိဇယလောင်ကွန်းသည် ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ရာမ ၁၀ သည် စိန်များနှင့် ကျောက်မျက်ရတနာများ များပြားစွာ ပိုင်ဆိုင်ထားသည့်အပြင် မြေဧက ထောင်ပေါင်းများစွာ ၊ ကားအစင်းရေများစွာနှင့် အခြားဇိမ်ခံပစ္စည်းပေါင်းများစွာ ပိုင်ဆိုင်ထားသည်။

Financial Times ၏ ဖော်ပြချက်အရ ထိုင်းတော်ဝင်မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၀ ဘီလီယံအထက် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ဘုရင် မဟာဝိဇယလောင်ကွန်း၏ အကြီးမားဆုံး ပိုင်ဆိုင်မှုမှာ ထိုင်းနိုင်ငံတစ်ဝန်း ဖြန့်ကျက်တည်ရှိသော များပြားလှသည့် မြေယာများ ဖြစ်သည်။

 

 

ထိုင်းဘုရင်သည် မြေ ၆၅၆၀ ဟက်တာ (၁၆၂၁၀ ဧက) ပိုင်ဆိုင်ထားပြီး အငှားစာချုပ်ပေါင်း ၄၀၀၀၀ ခန့်ဖြင့် အငှားချထားရာ ဘန်ကောက်တွင် အငှားချထားမှုပေါင်း ၁၇၀၀၀ ရှိသည်။

အဆိုပါ မြေနေရာများတွင် အစိုးရအဆောက်အအုံများစွာ ၊ ဈေးဝယ်စင်တာများ ၊ ဟိုတယ်များ တည်ရှိသည်။

 

 

ဘုရင် မဟာဝိဇယလောင်ကွန်းသည် ထိုင်း၏ ဒုတိယအကြီးမားဆုံး ဘဏ်ဖြစ်သော Siam Commercial Bank တွင် ရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ထိုင်း၏ အကြီးမားဆုံး စက်မှုကုမ္ပဏီကြီးဖြစ်သော Siam Cement Group (SCG) တွင် ရှယ်ယာ ၃၃ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ SCG ၏ အကြီးမားဆုံး ရှယ်ယာရှင် လည်း ဖြစ်သည်။

မြန်မာပြည်တွင် ဆင်တံဆိပ်ဘိလပ်မြေဟု နာမည်ကြီးသော ဘိလပ်မြေကို SCG က ထုတ်လုပ်ခြင်းဖြစ်သည်။

 

 

ထိုင်းဘုရင်၏ သရဖူတွင်ရှိသော Golden Jubilee အမည်ရှိ စိန်ကြီးမှာ ၅၄၅ ဒသမ ၆၇ ကာရက်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် တန်ကြေးအကြီးဆုံး စိန်ဖြစ်ကာ ကန်ဒေါ်လာ ၄ သန်းမှ ၁၂ သန်းကြား တန်ကြေးရှိသည်ဟု ခန့်မှန်းကြသည်။

Financial Times ၏ ဖော်ပြချက်အရ ထိုင်းဘုရင်သည် ရဟတ်ယာဉ် ၂၁ စင်းအပါအဝင် လေယာဉ် ၃၈ စင်း ပိုင်ဆိုင်ထားကာ Boeing , Airbus aircraft နှင့် Sukhoi Superjet တို့လည်း ပါဝင်သည်။

 

 

အဆိုပါ လေယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းစရိတ် နှစ်စဉ် ကန်ဒေါ်လာ ၆၃ သန်းခန့် ကုန်ကျသည်။

ဘုရင် ရာမ ၁၀ သည် ကားများ အလွန်များပြားစွာ ပိုင်ဆိုင်ထားရာ Limousine နှင့် Mercedes Benz တို့ကဲ့သို့ တန်ဖိုးကြီးကား အစင်း ၃၀၀ ကျော်လည်း ပါဝင်သည်။

 

 

ထို့အပြင် တော်ဝင်ရွက်လှေအပါအဝင် လှေသင်္ဘောပေါင်း ၅၂ စင်းပိုင်ဆိုင်ထားသည်။

ထိုင်းဘုရင်၏ နန်းတော်မှာ အကျယ်အဝန်း စတုရန်းပေ ၂၃၅၁၀၀၀ ကျယ်ဝန်းပြီး ၁၇၈၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဘုရင် ရာမ ၁၀ သည် တော်ဝင်နန်းတော်တွင် စံမြန်းခြင်းမရှိချေ။

နန်းတော်ဝန်းအတွင်း အစိုးရရုံးများစွာနှင့် ပြတိုက်များ ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet the man who owns 38 airplanes, 300 cars, 52 boats, diamond worth Rs 92 crore, not Mukesh Ambani, Adani, Ratan Tata (dnaindia)

 

 

 

[Zawgyi]

 

ကားအစင္း ၃၀၀ ၊ ေလယာဥ္ပ်ံ ၃၈ စင္း ၊ သေဘၤာ ၅၂ စင္း ၊ ကန္ေဒၚလာ ၆ သန္းေက်ာ္ဖိုးရွိ စိန္မ်ား ပိုင္ဆိုင္ထားသူ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ေသာ ထိုင္းဘုရင္

 

ထိုင္းဘုရင္ ရာမ ၁၀ ဟု လူသိမ်ားသူ ဘုရင္မဟာဝိဇယေလာင္ကြန္းသည္ ကမၻာအခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ရာမ ၁၀ သည္ စိန္မ်ားႏွင့္ ေက်ာက္မ်က္ရတနာမ်ား မ်ားျပားစြာ ပိုင္ဆိုင္ထားသည့္အျပင္ ေျမဧက ေထာင္ေပါင္းမ်ားစြာ ၊ ကားအစင္းေရမ်ားစြာႏွင့္ အျခားဇိမ္ခံပစၥည္းေပါင္းမ်ားစြာ ပိုင္ဆိုင္ထားသည္။

Financial Times ၏ ေဖာ္ျပခ်က္အရ ထိုင္းေတာ္ဝင္မိသားစု၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၄၀ ဘီလီယံအထက္ ရွိႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

ဘုရင္ မဟာဝိဇယေလာင္ကြန္း၏ အၾကီးမားဆံုး ပိုင္ဆိုင္မႈမွာ ထိုင္းႏိုင္ငံတစ္ဝန္း ျဖန္႔က်က္တည္ရွိေသာ မ်ားျပားလွသည့္ ေျမယာမ်ား ျဖစ္သည္။

ထိုင္းဘုရင္သည္ ေျမ ၆၅၆၀ ဟက္တာ (၁၆၂၁၀ ဧက) ပိုင္ဆိုင္ထားျပီး အငွားစာခ်ဳပ္ေပါင္း ၄၀၀၀၀ ခန္႔ျဖင့္ အငွားခ်ထားရာ ဘန္ေကာက္တြင္ အငွားခ်ထားမႈေပါင္း ၁၇၀၀၀ ရွိသည္။

အဆိုပါ ေျမေနရာမ်ားတြင္ အစုိးရအေဆာက္အအံုမ်ားစြာ ၊ ေစ်းဝယ္စင္တာမ်ား ၊ ဟိုတယ္မ်ား တည္ရွိသည္။

ဘုရင္ မဟာဝိဇယေလာင္ကြန္းသည္ ထိုင္း၏ ဒုတိယအၾကီးမားဆံုး ဘဏ္ျဖစ္ေသာ Siam Commercial Bank တြင္ ရွယ္ယာ ၂၃ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားျပီး ထိုင္း၏ အၾကီးမားဆံုး စက္မႈကုမၸဏီၾကီးျဖစ္ေသာ Siam Cement Group (SCG) တြင္ ရွယ္ယာ ၃၃ ဒသမ ၃ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားကာ SCG ၏ အၾကီးမားဆံုး ရွယ္ယာရွင္ လည္း ျဖစ္သည္။

ျမန္မာျပည္တြင္ ဆင္တံဆိပ္ဘိလပ္ေျမဟု နာမည္ၾကီးေသာ ဘိလပ္ေျမကို SCG က ထုတ္လုပ္ျခင္းျဖစ္သည္။

ထုိင္းဘုရင္၏ သရဖူတြင္ရွိေသာ Golden Jubilee အမည္ရွိ စိန္ၾကီးမွာ ၅၄၅ ဒသမ ၆၇ ကာရက္ရွိျပီး ကမၻာေပၚတြင္ အၾကီးမားဆံုးႏွင့္ တန္ေၾကးအၾကီးဆံုး စိန္ျဖစ္ကာ ကန္ေဒၚလာ ၄ သန္းမွ ၁၂ သန္းၾကား တန္ေၾကးရွိသည္ဟု ခန္႔မွန္းၾကသည္။

Financial Times ၏ ေဖာ္ျပခ်က္အရ ထိုင္းဘုရင္သည္ ရဟတ္ယာဥ္ ၂၁ စင္းအပါအဝင္ ေလယာဥ္ ၃၈ စင္း ပိုင္ဆိုင္ထားကာ Boeing , Airbus aircraft ႏွင့္ Sukhoi Superjet တို႔လည္း ပါဝင္သည္။

အဆိုပါ ေလယာဥ္မ်ားအတြက္ ျပဳျပင္ထိန္းသိမ္းစရိတ္ ႏွစ္စဥ္ ကန္ေဒၚလာ ၆၃ သန္းခန္႔ ကုန္က်သည္။

ဘုရင္ ရာမ ၁၀ သည္ ကားမ်ား အလြန္မ်ားျပားစြာ ပိုင္ဆိုင္ထားရာ Limousine ႏွင့္ Mercedes Benz တို႔ကဲ့သုိ႔ တန္ဖိုးၾကီးကား အစင္း ၃၀၀ ေက်ာ္လည္း ပါဝင္သည္။

ထို႔အျပင္ ေတာ္ဝင္ရြက္ေလွအပါအဝင္ ေလွသေဘၤာေပါင္း ၅၂ စင္းပိုင္ဆိုင္ထားသည္။

ထိုင္းဘုရင္၏ နန္းေတာ္မွာ အက်ယ္အဝန္း စတုရန္းေပ ၂၃၅၁၀၀၀ က်ယ္ဝန္းျပီး ၁၇၈၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ဘုရင္ ရာမ ၁၀ သည္ ေတာ္ဝင္နန္းေတာ္တြင္ စံျမန္းျခင္းမရွိေခ်။

နန္းေတာ္ဝန္းအတြင္း အစိုးရရံုးမ်ားစြာႏွင့္ ျပတိုက္မ်ား ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet the man who owns 38 airplanes, 300 cars, 52 boats, diamond worth Rs 92 crore, not Mukesh Ambani, Adani, Ratan Tata (dnaindia)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service