အိုင်ယာလန်တွင် ဧကပေါင်း ၄၅၀ နီးပါး ကျယ်ဝန်းပြီး ကိုယ်ပိုင်ကျွန်း ၄ ကျွန်းပါသော ရဲတိုက်ကြီးတစ်လုံး ယူရို ၁၂ ဒသမ ၅ သန်းဖြင့် ရောင်းမည်

အိုင်ယာလန်တွင် ဧကပေါင်း ၄၅၀ နီးပါး ကျယ်ဝန်းပြီး ကိုယ်ပိုင်ကျွန်း ၄ ကျွန်းပါသော ရဲတိုက်ကြီးတစ်လုံး ယူရို ၁၂ ဒသမ ၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
11 Aug 2023 3:59 pm တွင် တင်ခဲ့သည်
543 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်မြောက်ပိုင်းတွင် နေအိမ်ပေါင်း ၁၇ လုံးနှင့် လူနေခန်းများ ပါဝင်သော ၁၇ ရာစုနှစ် ရဲတိုက်ကြီး တစ်လုံး ယူရို ၇ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၈ ဒသမ ၂၇ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Belle Isle Estate ဟု အမည်ရသော ရဲတိုက်ဝန်းကြီးသည် Fermanagh ခရိုင်တွင် အကြီးဆုံးမြို့ဖြစ်သော Enniskillen မှ ၈ မိုင်ခန့်အကွာတွင်ရှိပြီး ခြံအကျယ်မှာ ၄၄၈ ဧကရှိသည်။

Savills Country Agency ကုမ္ပဏီ၏ ဒါရိုက်တာ ဂျိမ်းစ်ဘတ်တလာက အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲတိုက်သည် ၂၀၀၆ ခုနှစ်ကတည်းက မင်္ဂလာဆောင်များနှင့် အခြားပွဲလမ်းများအတွက် ငှားရမ်းပေးခဲ့ပြီး ဧည့်သည်တော် ၂၀၀ အထက် ပွဲတက်နိုင်သော နေရာဖြစ်ခဲ့သည်။

ရဲတိုက်ကြီးကို ပဉ္စမမြောက် Abercorn နယ်စားကြီး ဂျိမ်းစ် ဟန်မိလ်တန်က သားဖြစ်သူ လော့ဒ်နီကိုလတ် ဟန်မိလ်တန် အတွက် ၁၉၉၁ ခုနှစ်တွင် ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

Erne မြစ်ကမ်းတွင် တည်ရှိသော ရဲတိုက်ကြီးကို အရောင်းဈေးကွက်တင်ရခြင်းမှာ မြို့စားကြီး၏ သားနှင့် မိသားစုက အမေရိကန်သို့ ပြောင်းရွှေ့အခြေချသွားခြင်းကြောင့် ဖြစ်ကြောင်း ဘတ်တလာက ပြောသည်။

“Belle Isle Estate ရဲတိုက်ကြီးဟာ တကယ့်ကို ထူးခြားပါတယ်။ မြေအကျယ် ၊ ရှုမျှော်ခင်း ၊ ကျေးငှက် သာရကာ ၊ ကျွန်းတွေနဲ့ အဆောက်အအုံအများအပြားပါဝင်မှုတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒီရဲတိုက်ဝန်းနဲ့ နှိုင်းယှဉ်လို့ရမယ့် တခြားခြံမရှိပါဘူး။”ဟု ဘတ်တလာက ပြောသည်။

နယ်စာကြီး၏ မိသားစုသည် ဗြိတိန်တော်ဝင်မိသားစုနှင့် ဆက်နွှယ်မှုများ ရှိသည်။

ဝေလမင်းသမီး ဒိုင်ယာနာသည် တတိယမြောက် Abercorn နယ်စားကြီး၏ မြစ်တော်စပ်သည်။

(အတွင်းပိုင်းမွမ်းမံမှုတွင် စင်္ကြန်လမ်းအမိုးခုံးများနှင့် အလွန်ထူထဲသော နံရံများကို တွေ့ရသည်။ ဓာတ်ပုံ-Savills)

လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း နယ်စားကြီး၏သား မိသားစုက စတုရန်းပေ ၁၅၅၂၄ ကျယ်ဝန်းသော ရဲတိုက်ကြီးကို မွမ်းမံမှုများ များစွာ ပြုလုပ်ခဲ့ရာ ဧည့်ခံဖျော်ဖြေရေးနေရာ ၂ ခု တိုးချဲ့မှုလည်း ပါဝင်သည်။

ရဲတိုက်အတွင်းရှိ အခန်းများကို အိမ်တွင်း ဒီဇိုင်နာ David Hicks က မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ရဲတိုက်ကြီးကို လွင်ပြင်တစ်ခုက ဝန်းပတ်ထားပြီး သက်ရင့်သစ်ကြီးဝါးကြီးများ စီတန်းစိုက်ပျိုးထားသော ယာဉ်မောင်းလမ်းမှတဆင့် ရောက်ရှိနိုင်သည်။

ညစာစားခန်းမမှာ ထိုင်ခုံ ၅၀ ဆန့်ပြီး အိပ်ခန်း ၁၃ ခန်း ၊ ထပ်ခိုးနှင့် မီးလင်းဖိုတစ်ခုပါသော စာကြည့်တိုက်တို့ ပါဝင်သည်။

ရဲတိုက်ဝန်းအတွင်း အိမ်တစ်လုံးပါသော တံတိုင်းခတ်ပန်းဥယျာဉ် ၊ လူနေခန်းနှင့် ကားပါကင်နေရာအဖြစ် အသုံးပြုသော ဗဟိုကွက်လပ်ဝန်းကျင်တွင် အိမ်ငယ်လေး ၂ လုံးတည်ရှိသည်။

ထို့အပြင် တစ်ထပ် ဧည့်ကြိုအဆောက်အအုံ ၊ Bridge House ဟု အမည်ပေးထားသော ၂ ထပ်အိမ်တစ်လုံး ၊ အိပ်ခန်း ၂ ခန်းပါ ဘန်ဂလို လုံးချင်းအိမ် ၂ လုံး ၊ စာတိုက်အဖြစ် အသုံးပြုခဲ့သော ၂ ထပ်အဆောက်အအုံ ၁ လုံး ၊ ညစာစားခန်း ၁ ခုပါသော စားသောက်ဆိုင်တစ်ခု ၊ အရက်ဘား ၊ မီးဖိုဆောင် ၊ ရုံးခန်း ၊ ရေချိုးခန်းများနှင့် ခေတ်မီ အဆောက်အအုံများစွာ ပါဝင်သည်။

(အခန်းများကို မကြာသေးမီကမှ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Savills)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Irish Castle With Four Private Islands Lists for €7.5 Million (mansionglobal)

[Zawgyi]

အိုင္ယာလန္တြင္ ဧကေပါင္း ၄၅၀ နီးပါး က်ယ္ဝန္းျပီး ကိုယ္ပိုင္ကၽြန္း ၄ ကၽြန္းပါေသာ ရဲတိုက္ၾကီးတစ္လံုး ယူရို ၁၂ ဒသမ ၅ သန္းျဖင့္ ေရာင္းမည္

အိုင္ယာလန္ေျမာက္ပိုင္းတြင္ ေနအိမ္ေပါင္း ၁၇ လံုးႏွင့္ လူေနခန္းမ်ား ပါဝင္ေသာ ၁၇ ရာစုႏွစ္ ရဲတိုက္ၾကီး တစ္လံုး ယူရို ၇ ဒသမ ၅ သန္း (ကန္ေဒၚလာ ၈ ဒသမ ၂၇ သန္း) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

Belle Isle Estate ဟု အမည္ရေသာ ရဲတုိက္ဝန္းၾကီးသည္ Fermanagh ခရိုင္တြင္ အၾကီးဆံုးျမဳိ႕ျဖစ္ေသာ Enniskillen မွ ၈ မိုင္ခန္႔အကြာတြင္ရွိျပီး ျခံအက်ယ္မွာ ၄၄၈ ဧကရွိသည္။

Savills Country Agency ကုမၸဏီ၏ ဒါရိုက္တာ ဂ်ိမ္းစ္ဘတ္တလာက အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ရဲတုိက္သည္ ၂၀၀၆ ခုႏွစ္ကတည္းက မဂၤလာေဆာင္မ်ားႏွင့္ အျခားပြဲလမ္းမ်ားအတြက္ ငွားရမ္းေပးခဲ့ျပီး ဧည့္သည္ေတာ္ ၂၀၀ အထက္ ပြဲတက္ႏိုင္ေသာ ေနရာျဖစ္ခဲ့သည္။

ရဲတုိက္ၾကီးကို ပဥၥမေျမာက္ Abercorn နယ္စားၾကီး ဂ်ိမ္းစ္ ဟန္မိလ္တန္က သားျဖစ္သူ ေလာ့ဒ္နီကိုလတ္ ဟန္မိလ္တန္ အတြက္ ၁၉၉၁ ခုႏွစ္တြင္ ဝယ္ယူေပးခဲ့ျခင္း ျဖစ္သည္။

Erne ျမစ္ကမ္းတြင္ တည္ရွိေသာ ရဲတုိက္ၾကီးကို အေရာင္းေစ်းကြက္တင္ရျခင္းမွာ ျမဳိ႕စားၾကီး၏ သားႏွင့္ မိသားစုက အေမရိကန္သို႔ ေျပာင္းေရႊ႕အေျခခ်သြားျခင္းေၾကာင့္ ျဖစ္ေၾကာင္း ဘတ္တလာက ေျပာသည္။

“Belle Isle Estate ရဲတုိက္ၾကီးဟာ တကယ့္ကို ထူးျခားပါတယ္။ ေျမအက်ယ္ ၊ ရႈေမွ်ာ္ခင္း ၊ ေက်းငွက္ သာရကာ ၊ ကၽြန္းေတြနဲ႔ အေဆာက္အအံုအမ်ားအျပားပါဝင္မႈေတြ ေတြ႔ရမွာ ျဖစ္ပါတယ္။ ဒီႏိုင္ငံမွာ ဒီရဲတုိက္ဝန္းနဲ႔ ႏိႈင္းယွဥ္လို႔ရမယ့္ တျခားျခံမရွိပါဘူး။”ဟု ဘတ္တလာက ေျပာသည္။

နယ္စာၾကီး၏ မိသားစုသည္ ျဗိတိန္ေတာ္ဝင္မိသားစုႏွင့္ ဆက္ႏႊယ္မႈမ်ား ရွိသည္။

ေဝလမင္းသမီး ဒိုင္ယာနာသည္ တတိယေျမာက္ Abercorn နယ္စားၾကီး၏ ျမစ္ေတာ္စပ္သည္။

(အတြင္းပိုင္းမြမ္းမံမႈတြင္ စၾကၤန္လမ္းအမိုးခံုးမ်ားႏွင့္ အလြန္ထူထဲေသာ နံရံမ်ားကို ေတြ႔ရသည္။ ဓာတ္ပံု-Savills)

လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာအတြင္း နယ္စားၾကီး၏သား မိသားစုက စတုရန္းေပ ၁၅၅၂၄ က်ယ္ဝန္းေသာ ရဲတိုက္ၾကီးကို မြမ္းမံမႈမ်ား မ်ားစြာ ျပဳလုပ္ခဲ့ရာ ဧည့္ခံေဖ်ာ္ေျဖေရးေနရာ ၂ ခု တိုးခ်ဲ႕မႈလည္း ပါဝင္သည္။

ရဲတိုက္အတြင္းရွိ အခန္းမ်ားကို အိမ္တြင္း ဒီဇိုင္နာ David Hicks က မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ရဲတုိက္ၾကီးကို လြင္ျပင္တစ္ခုက ဝန္းပတ္ထားျပီး သက္ရင့္သစ္ၾကီးဝါးၾကီးမ်ား စီတန္းစိုက္ပ်ဳိးထားေသာ ယာဥ္ေမာင္းလမ္းမွတဆင့္ ေရာက္ရွိႏိုင္သည္။

ညစာစားခန္းမမွာ ထိုင္ခံု ၅၀ ဆန္႔ျပီး အိပ္ခန္း ၁၃ ခန္း ၊ ထပ္ခုိးႏွင့္ မီးလင္းဖိုတစ္ခုပါေသာ စာၾကည့္တုိက္တို႔ ပါဝင္သည္။

ရဲတိုက္ဝန္းအတြင္း အိမ္တစ္လံုးပါေသာ တံတုိင္းခတ္ပန္းဥယ်ာဥ္ ၊ လူေနခန္းႏွင့္ ကားပါကင္ေနရာအျဖစ္ အသံုးျပဳေသာ ဗဟိုကြက္လပ္ဝန္းက်င္တြင္ အိမ္ငယ္ေလး ၂ လံုးတည္ရွိသည္။

ထို႔အျပင္ တစ္ထပ္ ဧည့္ၾကိဳအေဆာက္အအံု ၊ Bridge House ဟု အမည္ေပးထားေသာ ၂ ထပ္အိမ္တစ္လံုး ၊ အိပ္ခန္း ၂ ခန္းပါ ဘန္ဂလို လံုးခ်င္းအိမ္ ၂ လံုး ၊ စာတုိက္အျဖစ္ အသံုးျပဳခဲ့ေသာ ၂ ထပ္အေဆာက္အအံု ၁ လံုး ၊ ညစာစားခန္း ၁ ခုပါေသာ စားေသာက္ဆိုင္တစ္ခု ၊ အရက္ဘား ၊ မီးဖိုေဆာင္ ၊ ရံုးခန္း ၊ ေရခ်ဳိးခန္းမ်ားႏွင့္ ေခတ္မီ အေဆာက္အအံုမ်ားစြာ ပါဝင္သည္။

(အခန္းမ်ားကို မၾကာေသးမီကမွ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု-Savills)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Irish Castle With Four Private Islands Lists for €7.5 Million (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service