သြစတေးလျတွင် နေအိမ်ကိုအငှားချကာ ခြံဝန်းအတွင်း ဗန်ကားတစ်စီးဖြင့် နေထိုင်သော အိမ်ရှင်အမျိုးသမီးက အိမ်ငှားမရှိချိန်များတွင် မီးဖိုဆောင်နှင့် ရေချိုးခန်းများကို ဝင်ရောက်အသုံးပြုမှု လူမှုကွန်ရက်တွင် ဝေဖန်ခံရ

သြစတေးလျတွင် နေအိမ်ကိုအငှားချကာ ခြံဝန်းအတွင်း ဗန်ကားတစ်စီးဖြင့် နေထိုင်သော အိမ်ရှင်အမျိုးသမီးက အိမ်ငှားမရှိချိန်များတွင် မီးဖိုဆောင်နှင့် ရေချိုးခန်းများကို ဝင်ရောက်အသုံးပြုမှု လူမှုကွန်ရက်တွင် ဝေဖန်ခံရ - Property News in Myanmar from iMyanmarHouse.com
11 Aug 2023 3:33 pm တွင် တင်ခဲ့သည်
424 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တာလီယာသည် သြစတေးလျနိုင်ငံ ၊ ဘရစ္စဘိန်းမြို့မှ ဆစ်ဒနီမြို့သို့ ပြောင်းရွှေ့ချိန်တွင် အိမ်ကောင်းကောင်း တစ်လုံး ငှားရမ်းရရှိရန် မျှော်လင့်ခဲ့သည်။

သူမတို့ ဇနီးမောင်နှံသည် ယခင်က ဆစ်ဒနီမြို့သို့ မရောက်ဖူးချေ။ ဆစ်ဒနီတွင် တာလီယာတို့စုံတွဲသည် မြို့နှင့်နီးသည့်အပြင် ဈေးနှုန်းလည်း သင့်တင့်ကာ ပရိဘောဂအပြည့်အစုံ ပါသော နေအိမ်ကို ငှားရမ်းခဲ့သည်။ တာလီယာက သူမကြုံခဲ့ရသည့် ဖြစ်ရပ်ကို TikTok တွင် ဗွီဒီယိုဖိုင်ဖြင့် ပြောပြခဲ့ခြင်း ဖြစ်သည်။

တာလီယာက နေအိမ်တည်နေရာကိုမူ အတိအကျ မပြောချေ။ နေအိမ်အတွင်းသို့ စတင်ရောက်ရှိချိန်တွင် တွေ့ရှိရသည့် မြင်ကွင်းမှာ အလွန်ထူးဆန်းကြောင်း တာလီယာက ပြောသည်။

(တာလီယာ အိမ်ထဲရောက်သွားချိန်တွင် မီးဖိုဆောင်ထဲ၌ အစားအစာများ တွေ့ခဲ့ရပြီး သူမ ပြောင်းရွှေ့မလာမီ နာရီပိုင်းအလိုတွင် အိမ်တွင်း၌ တစ်စုံတစ်ဦး နေထိုင်ခဲ့သည့် ပုံမျိုးဖြစ်သည်။ ဓာတ်ပုံ-TikTok)

နေအိမ်သို့ ရောက်ရှိချိန်တွင် တာလီယာတို့စုံတွဲ သတိပြုမိသည်မှာ ခြင်လုံဇကာတံခါးပိတ်ထားသော်လည်း အိမ်ရှေ့တံခါးမကြီး ပွင့်နေသည်ကို တွေ့ခဲ့ကြသည်။

“ကျွန်မတို့မလာမီ ဆယ်မိနစ်အလိုလောက်ကမှ အိမ်ရှင်းထားသလိုမျိုးပဲ။ ပန်ကာကပွင့်နေတယ်။ မီးတွေလည်း ပွင့်နေတယ်။ နောက်ဖေးတံခါးကလည်း သော့ခတ်မထားဘူး။”

တာလီယာသည် မီးဖိုဆောင်အတွင်း ငှက်ပျောသီးများနှင့် စည်သွပ်ဘူးအစားအစာများလည်း တွေ့ခဲ့ပြီး ကြောင်တစ်ကောင်မှာ အိမ်အတွင်းသို့ ဝင်ရန် အပြင်းအထန်ကြိုးစားနေသည်ကိုလည်း တွေ့ခဲ့သည်။

“ပြီးခဲ့တဲ့ ၁ နာရီလောက်က တစ်ယောက်ယောက် ဒီမှာ နေသွားခဲ့လား။”ဟု သူမက အကျိုးဆောင်အား မေးခဲ့သည်။

သို့သော် ထိုသို့ တွေ့ကြုံရမှုများကို မေ့ဖျောက်ကာ သူမတို့စုံတွဲ ကာလကြာရှည် ငှားရမ်းနေထိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင် သတိပြုမိလာသည်မှာ အမျိုးသမီးကြီးတစ်ဦးသည် အိမ်ရှေ့ကွက်လပ်တွင် ထိုင်နေပြီး စာတိုက်ပုံးနှင့် အမှိုက်ပုံးကို မကြာခဏ စစ်ဆေးနေသည်ကိုလည်း တွေ့ခဲ့ကြသည်။

(တာလီယာက ပြောသည်မှာ အိမ်ရှင်သည် အိမ်ရှေ့ကွက်လပ်တွင် ဗန်ကားတစ်စီးဖြင့် နေထိုင်ပြီး နေအိမ်မှ ရေချိုးခန်းနှင့် မီးဖိုဆောင်ကို အသုံးပြုကြောင်း ပြောသည်။ ဓာတ်ပုံ-TikTok)

“ကျွန်မတို့ အိမ်မှာ မရှိတဲ့အချိန်မျိုးမှာ သူက ရေချိုးခန်းနှင့် မီးဖိုဆောင်ကို သုံးပါတယ်။ ပြီးတော့ အဝတ်လျှော်စက်ကိုလည်း ကျွန်မတို့ မသိဘဲ သုံးပါတယ်”ဟု တာလီယာက ပြောသည်။

တာလီယာ အိမ်မှ အလုပ်လုပ်သော နေ့တစ်နေ့တွင် အိမ်ရှင်အမျိုးသမီးသည် အိမ်ရှေ့ကွက်လပ်တွင် အဖော်တစ်ဦးနှင့်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်ကို တွေ့ခဲ့သည်ဟု ဆိုသည်။

NSW Fair Trading ၏ ဖော်ပြချက်အရ အိမ်ရှင်တစ်ဦးသည် အငှားချထားသော အိမ်အတွင်း အိမ်ငှား၏ ခွင့်ပြုချက်မရှိဘဲ ဝင်လိုသည်ဆိုပါက အိမ်ငှားအား ပြောင်းရွှေ့ပေးရန် အကြောင်းကြားထားသည့်အခါမျိုး တွင်သာ ဝင်ရောက်နိုင်ကြောင်း ဖော်ပြသည်။

လူမှုကွန်ရက်အသုံးပြုသော သြစတေးလျနိုင်ငံသားတို့က အိမ်ရှင်၏ အပြုအမူမှာ စက်ဆုပ်ဖွယ်ရာကောင်း ကြောင်း မှတ်ချက်ပြုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A woman lived in a van outside my building and used my apartment when I wasn’t home — it was my landlord (kidspot)

[Zawgyi]

သစေတးလ်တြင္ ေနအိမ္ကိုအငွားခ်ကာ ျခံဝန္းအတြင္း ဗန္ကားတစ္စီးျဖင့္ ေနထိုင္ေသာ အိမ္ရွင္အမ်ဳိးသမီးက အိမ္ငွားမရွိခ်ိန္မ်ားတြင္ မီးဖိုေဆာင္ႏွင့္ ေရခ်ဳိးခန္းမ်ားကို ဝင္ေရာက္အသံုးျပဳမႈ လူမႈကြန္ရက္တြင္ ေဝဖန္ခံရ

တာလီယာသည္ ၾသစေတးလ်ႏိုင္ငံ ၊ ဘရစၥဘိန္းျမဳိ႕မွ ဆစ္ဒနီျမိဳ႕သို႔ ေျပာင္းေရႊ႕ခ်ိန္တြင္ အိမ္ေကာင္းေကာင္း တစ္လံုး ငွားရမ္းရရွိရန္ ေမွ်ာ္လင့္ခဲ့သည္။

သူမတို႔ ဇနီးေမာင္ႏွံသည္ ယခင္က ဆစ္ဒနီျမဳိ႕သို႔ မေရာက္ဖူးေခ်။ ဆစ္ဒနီတြင္ တာလီယာတို႔စံုတြဲသည္ ျမဳိ႕ႏွင့္နီးသည့္အျပင္ ေစ်းႏႈန္းလည္း သင့္တင့္ကာ ပရိေဘာဂအျပည့္အစံု ပါေသာ ေနအိမ္ကို ငွားရမ္းခဲ့သည္။ တာလီယာက သူမၾကံဳခဲ့ရသည့္ ျဖစ္ရပ္ကို TikTok တြင္ ဗြီဒီယိုဖိုင္ျဖင့္ ေျပာျပခဲ့ျခင္း ျဖစ္သည္။

တာလီယာက ေနအိမ္တည္ေနရာကိုမူ အတိအက် မေျပာေခ်။ ေနအိမ္အတြင္းသို႔ စတင္ေရာက္ရွိခ်ိန္တြင္ ေတြ႔ရွိရသည့္ ျမင္ကြင္းမွာ အလြန္ထူးဆန္းေၾကာင္း တာလီယာက ေျပာသည္။

(တာလီယာ အိမ္ထဲေရာက္သြားခ်ိန္တြင္ မီးဖိုေဆာင္ထဲ၌ အစားအစာမ်ား ေတြ႔ခဲ့ရျပီး သူမ ေျပာင္းေရႊ႕မလာမီ နာရီပိုင္းအလိုတြင္ အိမ္တြင္း၌ တစ္စံုတစ္ဦး ေနထိုင္ခဲ့သည့္ ပံုမ်ဳိးျဖစ္သည္။ ဓာတ္ပံု-TikTok)

ေနအိမ္သို႔ ေရာက္ရွိခ်ိန္တြင္ တာလီယာတို႔စံုတြဲ သတိျပဳမိသည္မွာ ျခင္လံုဇကာတံခါးပိတ္ထားေသာ္လည္း အိမ္ေရွ႕တံခါးမၾကီး ပြင့္ေနသည္ကုိ ေတြ႔ခဲ့ၾကသည္။

“ကၽြန္မတို႔မလာမီ ဆယ္မိနစ္အလုိေလာက္ကမွ အိမ္ရွင္းထားသလုိမ်ဳိးပဲ။ ပန္ကာကပြင့္ေနတယ္။ မီးေတြလည္း ပြင့္ေနတယ္။ ေနာက္ေဖးတံခါးကလည္း ေသာ့ခတ္မထားဘူး။”

တာလီယာသည္ မီးဖိုေဆာင္အတြင္း ငွက္ေပ်ာသီးမ်ားႏွင့္ စည္သြပ္ဘူးအစားအစာမ်ားလည္း ေတြ႔ခဲ့ျပီး ေၾကာင္တစ္ေကာင္မွာ အိမ္အတြင္းသုိ႔ ဝင္ရန္ အျပင္းအထန္ၾကိဳးစားေနသည္ကိုလည္း ေတြ႔ခဲ့သည္။

“ျပီးခဲ့တဲ့ ၁ နာရီေလာက္က တစ္ေယာက္ေယာက္ ဒီမွာ ေနသြားခဲ့လား။”ဟု သူမက အက်ဳိးေဆာင္အား ေမးခဲ့သည္။

သို႔ေသာ္ ထိုသို႔ ေတြ႔ၾကံဳရမႈမ်ားကို ေမ့ေဖ်ာက္ကာ သူမတို႔စံုတြဲ ကာလၾကာရွည္ ငွားရမ္းေနထိုင္ခဲ့ၾကသည္။

ေနာက္ပိုင္းတြင္ သတိျပဳမိလာသည္မွာ အမ်ဳိးသမီးၾကီးတစ္ဦးသည္ အိမ္ေရွ႕ကြက္လပ္တြင္ ထိုင္ေနျပီး စာတုိက္ပံုးႏွင့္ အမိႈက္ပံုးကို မၾကာခဏ စစ္ေဆးေနသည္ကိုလည္း ေတြ႔ခဲ့ၾကသည္။

(တာလီယာက ေျပာသည္မွာ အိမ္ရွင္သည္ အိမ္ေရွ႕ကြက္လပ္တြင္ ဗန္ကားတစ္စီးျဖင့္ ေနထုိင္ျပီး ေနအိမ္မွ ေရခ်ဳိးခန္းႏွင့္ မီးဖိုေဆာင္ကို အသံုးျပဳေၾကာင္း ေျပာသည္။ ဓာတ္ပံု-TikTok)

“ကၽြန္မတို႔ အိမ္မွာ မရွိတဲ့အခ်ိန္မ်ဳိးမွာ သူက ေရခ်ဳိးခန္းႏွင့္ မီးဖိုေဆာင္ကုိ သံုးပါတယ္။ ျပီးေတာ့ အဝတ္ေလွ်ာ္စက္ကိုလည္း ကၽြန္မတို႔ မသိဘဲ သံုးပါတယ္”ဟု တာလီယာက ေျပာသည္။

တာလီယာ အိမ္မွ အလုပ္လုပ္ေသာ ေန႔တစ္ေန႔တြင္ အိမ္ရွင္အမ်ဳိးသမီးသည္ အိမ္ေရွ႕ကြက္လပ္တြင္ အေဖာ္တစ္ဦးႏွင့္ထုိင္ကာ လက္ဖက္ရည္ေသာက္ေနသည္ကို ေတြ႔ခဲ့သည္ဟု ဆိုသည္။

NSW Fair Trading ၏ ေဖာ္ျပခ်က္အရ အိမ္ရွင္တစ္ဦးသည္ အငွားခ်ထားေသာ အိမ္အတြင္း အိမ္ငွား၏ ခြင့္ျပဳခ်က္မရွိဘဲ ဝင္လုိသည္ဆိုပါက အိမ္ငွားအား ေျပာင္းေရႊ႕ေပးရန္ အေၾကာင္းၾကားထားသည့္အခါမ်ဳိး တြင္သာ ဝင္ေရာက္ႏိုင္ေၾကာင္း ေဖာ္ျပသည္။

လူမႈကြန္ရက္အသံုးျပဳေသာ ၾသစေတးလ်ႏိုင္ငံသားတို႔က အိမ္ရွင္၏ အျပဳအမူမွာ စက္ဆုပ္ဖြယ္ရာေကာင္း ေၾကာင္း မွတ္ခ်က္ျပဳၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A woman lived in a van outside my building and used my apartment when I wasn’t home — it was my landlord (kidspot)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service