အင်္ဂလန်တွင် အဘွားတစ်ဦးက အိမ်ခြံမြေမဲပေါက်ကာ ရရှိထားသော ဒေါ်လာ ၆ သန်းတန်အိမ်ကို ပြန်လည်ရောင်းချ

အင်္ဂလန်တွင် အဘွားတစ်ဦးက အိမ်ခြံမြေမဲပေါက်ကာ ရရှိထားသော ဒေါ်လာ ၆ သန်းတန်အိမ်ကို ပြန်လည်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
9 Aug 2023 11:44 am တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် အဘွားတစ်ဦးသည် အိမ်ခြံမြေမဲပေါက်ကာ ရရှိထားသော ဒေါ်လာ ၆ သန်းတန်အိမ်ကို ၃ လအကြာတွင် ပြန်လည်အရောင်းဈေးကွက်တင်လာသည်။

ယခုနှစ် ဇွန်လအတွင်း ဗြိတိန်နိုင်ငံ ၊ အက်ဆက်စ်ပြည်နယ်မှ အသက် ၇၄ နှစ်အရွယ်ရှိ ဂျွန်စမစ် (June Smith) သည် Omaze Million Pound House Draw အိမ်ခြံမြေထီတွင် ၂၅ ပေါင် (၃၁ ဒေါ်လာ) ဖိုး ထီထိုးခဲ့ရာမှ မဲပေါက်ခဲ့ခြင်း ဖြစ်သည်။

အဘွားအိုသည် ပင်လယ်ကမ်းခြေခရိုင်တစ်ခုဖြစ်သော ကွန်းဝေါရှိ အိပ်ခန်း ၆ ခန်းပါ ၃ ထပ်အိမ်ကို ရရှိခဲ့သည်။

အဆိုပါအိမ်သည် ဗြိတိန်တွင် အိမ်ခြံမြေမဲဖောက်ပေးခဲ့သော အိမ်များအနက် အကြီးဆုံးဖြစ်ပြီး တံဆိပ်ခေါင်းခွန်ဖိုး အပါအဝင် Mortgage ပေးသွင်းရမှုများ မရှိချေ။

မစ္စက်စမစ်သည် အိမ်နှင့်အတူ ပြောင်းရွှေ့နေထိုင်မှု အထောက်အကူရစေရန် ပေါင် ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၂၇၀၀၀) လည်း ရရှိခဲ့သည်။

မစ္စက်စမစ်သည် သားသမီး ၃ ဦး ၊ မြေး ၆ ဦးရှိပြီး အိမ်ထောင်သက် ၄၂ နှစ်ကြာ ပေါင်းသင်းခဲ့သော ခင်ပွန်းဖြစ်သူ ပြီးခဲ့သောနှစ်အတွင်း ဆုံးပါးခဲ့သည်။

သူ၏ ခင်ပွန်း Ron သည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည်။

(အဆိုပါအိမ်သည် ဗြိတိန်တွင် အိမ်ခြံမြေမဲဖောက်ပေးခဲ့သော အိမ်များအနက် အကြီးဆုံးဖြစ်သည်။ ဓာတ်ပုံ-Omaze)

အိမ်ရရှိခဲ့ချိန်က အဘွားပြောသည်မှာ ထိုအိမ်ကို မည်သို့ လုပ်ရမည် မဆုံးဖြတ်ရသေးကြောင်း ပြောသည်။

ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်တို့က ခန့်မှန်းသည်မှာ အငှားချထားမည်ဆိုပါက တစ်လလျှင် ဒေါ်လာ ၆၂၀၀ မှ ၈၉၀၁ ဒေါ်လာကြား ရနိုင်ကြောင်း ခန့်မှန်းသည်။

မစ္စက်စမစ်က ထိုအိမ်ကို ကာလအတန်ကြာ ထိန်းသိမ်းပိုင်ဆိုင်ထားမည်ဖြစ်ကြောင်း ပြောခဲ့ဖူးသော်လည်း အိမ်သော့ရရှိပြီး ၃ လအကြာတွင် အရောင်းဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

အဆိုပါ ဈေးနှုန်းမှာ မစ္စက်စမစ် မဲပေါက်ခဲ့စဉ်က အိမ်တန်ဖိုးအတိုင်း ဖြစ်သည်။

(ထိုအိမ်ကို RightMove အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ပေါင် ၄ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၅ ဒသမ ၇ သန်း) ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ထားသည်ကို တွေ့ရသည်။ အဆိုပါ ဈေးနှုန်းမှာ မစ္စက်စမစ် မဲပေါက်ခဲ့စဉ်က အိမ်တန်ဖိုးအတိုင်း ဖြစ်သည်။ ဓာတ်ပုံ-Omaze)

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ နေအိမ်မှတဆင့် ကွန်းဝေါခရိုင်ရှိ Fowey မြစ်ဝကို စီးမိုးတွေ့မြင်နေရပြီး ရင်သပ်ရှုမောဖွယ် ကမ်းခြေအိမ်ဖြစ်ကာ ဝန်းကျင်ရှုမျှော်ခင်းများကို အတားအဆီးမဲ့ ကျယ်ပြောစွာ တွေ့မြင်ရကြောင်း ဖော်ပြသည်။

နေအိမ်အတွင်း ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော မှန်ပြတင်းများမှတဆင့် မြစ်ဝရှုမျှော်ခင်းများကို တွေ့မြင်ရနိုင်သော ပင်မနားနေခန်း ၊ နောက်ဆုံးပေါ်ပစ္စည်းများ ထည့်သွင်းထားသော မီးဖိုဆောင် ၊ ခေတ်မီညစာစားခန်း ၊ ကိုယ်ပိုင်လှေဆိပ်နှင့် ပန်းဥယျာဉ်ထဲတွင် ယောဂစတူဒီယိုတစ်ခုတို့ ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Widowed grandma flipping seaside mansion she won for just $31 into eye-popping $6M (news.com)

[Zawgyi]

အဂၤလန္တြင္ အဘြားတစ္ဦးက အိမ္ျခံေျမမဲေပါက္ကာ ရရွိထားေသာ ေဒၚလာ ၆ သန္းတန္အိမ္ကို ျပန္လည္ေရာင္းခ်

အဂၤလန္တြင္ အဘြားတစ္ဦးသည္ အိမ္ျခံေျမမဲေပါက္ကာ ရရွိထားေသာ ေဒၚလာ ၆ သန္းတန္အိမ္ကို ၃ လအၾကာတြင္ ျပန္လည္အေရာင္းေစ်းကြက္တင္လာသည္။

ယခုႏွစ္ ဇြန္လအတြင္း ျဗိတိန္ႏိုင္ငံ ၊ အက္ဆက္စ္ျပည္နယ္မွ အသက္ ၇၄ ႏွစ္အရြယ္ရွိ ဂၽြန္စမစ္ (June Smith) သည္ Omaze Million Pound House Draw အိမ္ျခံေျမထီတြင္ ၂၅ ေပါင္ (၃၁ ေဒၚလာ) ဖုိး ထီထိုးခဲ့ရာမွ မဲေပါက္ခဲ့ျခင္း ျဖစ္သည္။

အဘြားအိုသည္ ပင္လယ္ကမ္းေျခခရိုင္တစ္ခုျဖစ္ေသာ ကြန္းေဝါရွိ အိပ္ခန္း ၆ ခန္းပါ ၃ ထပ္အိမ္ကို ရရွိခဲ့သည္။

အဆိုပါအိမ္သည္ ျဗိတိန္တြင္ အိမ္ျခံေျမမဲေဖာက္ေပးခဲ့ေသာ အိမ္မ်ားအနက္ အၾကီးဆံုးျဖစ္ျပီး တံဆိပ္ေခါင္းခြန္ဖုိး အပါအဝင္ Mortgage ေပးသြင္းရမႈမ်ား မရွိေခ်။

မစၥက္စမစ္သည္ အိမ္ႏွင့္အတူ ေျပာင္းေရႊ႕ေနထုိင္မႈ အေထာက္အကူရေစရန္ ေပါင္ ၁၀၀,၀၀၀ (ကန္ေဒၚလာ ၁၂၇၀၀၀) လည္း ရရွိခဲ့သည္။

မစၥက္စမစ္သည္ သားသမီး ၃ ဦး ၊ ေျမး ၆ ဦးရွိျပီး အိမ္ေထာင္သက္ ၄၂ ႏွစ္ၾကာ ေပါင္းသင္းခဲ့ေသာ ခင္ပြန္းျဖစ္သူ ျပီးခဲ့ေသာႏွစ္အတြင္း ဆံုးပါးခဲ့သည္။

သူ၏ ခင္ပြန္း Ron သည္ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၄ ႏွစ္ရွိျပီ ျဖစ္သည္။

(အဆိုပါအိမ္သည္ ျဗိတိန္တြင္ အိမ္ျခံေျမမဲေဖာက္ေပးခဲ့ေသာ အိမ္မ်ားအနက္ အၾကီးဆံုးျဖစ္သည္။ ဓာတ္ပံု-Omaze)

အိမ္ရရွိခဲ့ခ်ိန္က အဘြားေျပာသည္မွာ ထိုအိမ္ကို မည္သုိ႔ လုပ္ရမည္ မဆံုးျဖတ္ရေသးေၾကာင္း ေျပာသည္။

ေဒသတြင္း အိမ္ျခံေျမအက်ဳိးေဆာင္တို႔က ခန္႔မွန္းသည္မွာ အငွားခ်ထားမည္ဆိုပါက တစ္လလွ်င္ ေဒၚလာ ၆၂၀၀ မွ ၈၉၀၁ ေဒၚလာၾကား ရႏိုင္ေၾကာင္း ခန္႔မွန္းသည္။

မစၥက္စမစ္က ထိုအိမ္ကို ကာလအတန္ၾကာ ထိန္းသိမ္းပိုင္ဆုိင္ထားမည္ျဖစ္ေၾကာင္း ေျပာခဲ့ဖူးေသာ္လည္း အိမ္ေသာ့ရရွိျပီး ၃ လအၾကာတြင္ အေရာင္းေစ်းကြက္တင္လာျခင္းလည္း ျဖစ္သည္။

အဆိုပါ ေစ်းႏႈန္းမွာ မစၥက္စမစ္ မဲေပါက္ခဲ့စဥ္က အိမ္တန္ဖိုးအတုိင္း ျဖစ္သည္။

(ထိုအိမ္ကို RightMove အိမ္ျခံေျမဝက္ဘ္ဆုိက္တြင္ ေပါင္ ၄ ဒသမ ၅ သန္း (ကန္ေဒၚလာ ၅ ဒသမ ၇ သန္း) ေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ထားသည္ကို ေတြ႔ရသည္။ အဆိုပါ ေစ်းႏႈန္းမွာ မစၥက္စမစ္ မဲေပါက္ခဲ့စဥ္က အိမ္တန္ဖိုးအတုိင္း ျဖစ္သည္။ ဓာတ္ပံု-Omaze)

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ေနအိမ္မွတဆင့္ ကြန္းေဝါခရိုင္ရွိ Fowey ျမစ္ဝကို စီးမိုးေတြ႔ျမင္ေနရျပီး ရင္သပ္ရႈေမာဖြယ္ ကမ္းေျခအိမ္ျဖစ္ကာ ဝန္းက်င္ရႈေမွ်ာ္ခင္းမ်ားကို အတားအဆီးမဲ့ က်ယ္ေျပာစြာ ေတြ႔ျမင္ရေၾကာင္း ေဖာ္ျပသည္။

ေနအိမ္အတြင္း ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ မွန္ျပတင္းမ်ားမွတဆင့္ ျမစ္ဝရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ရႏိုင္ေသာ ပင္မနားေနခန္း ၊ ေနာက္ဆံုးေပၚပစၥည္းမ်ား ထည့္သြင္းထားေသာ မီးဖိုေဆာင္ ၊ ေခတ္မီညစာစားခန္း ၊ ကိုယ္ပိုင္ေလွဆိပ္ႏွင့္ ပန္းဥယ်ာဥ္ထဲတြင္ ေယာဂစတူဒီယိုတစ္ခုတို႔ ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Widowed grandma flipping seaside mansion she won for just $31 into eye-popping $6M (news.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service