“ရဲရဲတောက်စကား”

“ရဲရဲတောက်စကား” - Property Knowledge in Myanmar from iMyanmarHouse.com
8 Aug 2023 2:31 pm တွင် တင်ခဲ့သည်
388 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ငါ၏အူခွေသည် ဆာလွန်းသည့်အတွက် အပြင်သို့ထွက်၍ အသက်ကို စွန့်ရစေကာမူ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်းကို ငါမဖျက်ပေ”

ဒီစကားက ရဲရဲတောက်စကားဖြစ်ပါတယ်။ ဤစကားကိုဆိုသူက ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ အရှင်မြတ်ကြီး မြွက်ကြားခဲ့တဲ့ စကားဖြစ်တယ်။

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူကြတဲ့ အရိယာသံဃာတော်များဟာ ဘုရားရှင်ပညတ်တော်မူတဲ့ သီလတော်များကို အစဉ်စောင့်ထိန်းသူ, အလွန်ချစ်ခင်သူ, အခါခပ်သိမ်း ရိုသေလိုက်နာသူများဖြစ်တော် မူပါတယ်။

တစ်ခါတော့ အရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလ္လာန်တို့နှစ်ပါးဟာ တောအုပ်တစ်ခုမှာ အရဟတ္တဖိုလ်ဝင်စား ကာ သီတင်သုံး နေတော်မူပါသတဲ့။ အဲဒီလို သီတင်းသုံးနေတော်မူရင်း တစ်ရက်မှာ အရှင်သာရိပုတ္တရာဟာ လေနာထပြီး ဆင်းရဲဒုက္ခရောက်နေပါသတဲ့။

အဲဒီလိုဖြစ်နေတာကို အရှင်မဟာမောဂ္ဂလ္လာန်ကတွေ့ပြီး “ငါ့ရှင် အရင်တုန်းက ဒီလိုဖြစ်ရင် ဘယ်ဆေးဝါးမျိုး တွေနဲ့ ပျောက်ကင်းဖူးပါသလဲ” လို့ မေးပါသတဲ့။

အရှင်သာရိပုတ္တရာက “ရဟန်း မတိုင်ခင် လူ့ဘဝမှာတုန်းက မိခင်က ထောပတ် ပျားသကာ ရောထားတဲ့ နို့ရည်သန့်သန့်ထမင်း(နို့ဃနာ)နဲ့ ချမ်းသာရာရခဲ့ဖူးကြောင်း” ပြန်ပြောပါသတဲ့။

“ကောင်းပါပြီ ငါ့ရှင်အားလည်းကောင်း၊ ငါ့အားလည်ကောင်း ကံရှိလျှင် မနက်ဖြန်မှာ ရနိုင်ပါလိမ့်မယ်” လို့ အရှင်မဟာမောဂ္ဂလ္လာန်က ဆိုပါသတဲ့။

အဲဒီလို အရှင်နှစ်ပါး ပြောနေကြတဲ့စကားကို အနီးမှာရှိတဲ့ သစ်ပင်စောင်နတ်ကကြားပြီး အရှင်သာရိပုတ္တရာ အတွက် နို့ရည်ဆွမ်း(နို့ဃနာ)ကို ရအောင်လုပ်ပေးမယ်လို့ ကြံကာ အရှင်သာရိပုတ္တရာရဲ့ ဆွမ်းဒါယကာအိမ်ကို သွားပြီး သားကြီးဖြစ်သူကို ပူးဝင်နှိပ်စက်ကာ “နက်ဖြန် အရှင်သာရိပုတ္တရာအတွက် နို့ရည်ဆွမ်း(နို့ဃနာ) ချက်ခဲ့လို့ရှိရင် လွှတ်ပေးမည်” ဟု ပြောပါသတဲ့။

ဆွမ်းဒါယကာ ဆွေမျိုးများက “သင်မခိုင်းသော်လည်း ငါတို့ဟာ မထေရ်အတွက် ဆွမ်းဝတ် အမြဲပြုနေသူများ ဖြစ်တယ်” လို့ ပြောပြီး နတ်ပြောတဲ့အတိုင်း နို့ရည်ဆွမ်းကို စီမံကြပါသတဲ့။

နောက်နေ့မှာ အရှင်မဟာမောဂ္ဂလ္လာန်ဟာ အရှင်သာရိပုတ္တရာကို “ ငါ့ရှင်…ဆွမ်းခံရာက ငါပြန်လာတဲ့အထိ ဤအရပ်ကနေစောင့်နေပါ” လို့ပြောပြီး ဆွမ်းခံကြွပါသတဲ့။

အရှင်သာရိပုတ္တရာရဲ့ ဆွမ်းဒကာတွေက အရှင်မဟာမောဂ္ဂလ္လာန်အား ခရီးဦးကြိုပြုပြီး သပိတ်အပြည့် နို့ဆွမ်းကို ကပ်လှူပါသတဲ့။ နို့ဆွမ်းရသဖြင့် အရှင်မဟာမောဂ္ဂလ္လာန်က ပြန်ကြွဖို့လုပ်တဲ့အခါ ဆွမ်းဒါယကာတို့က “အရှင်ဘုရား…ဘုန်းပေးတော်မူပါ၊ အခြားတစ်ပါးသော နို့ဃနာဆွမ်းကိုလည်း လှူလိုက်ပါ့မယ်” လို့ လျှောက်သတဲ့။

မထေရ်မြတ်လည်း ဘုန်းပေးပြီးထပ်မံ ပေးလှူလိုက်တဲ့ နို့ဃနာဆွမ်းကို ယူ၍ပြန်ကြွကာ အရှင်သာရိပုတ္တရာအား ဖိတ်ကြား ဆက်ကပ်ပါသတဲ့။အရှင်သာရိပုတ္တရာမထေရ်လည်း စိတ်တိုင်းကျ ချက်ပြုတ်ထားတဲ့ နို့ဃနာဆွမ်း တွေကိုမြင်တော့ ဘယ်အကြောင်းဖြင့် ဖြစ်သလဲလို့ ဆင်ခြင်ကြံဆ တော်မူပါသတဲ့။ နို့ဃနာဆွမ်း ဖြစ်လာခြင်းရဲ့ အကြောင်းရင်ဇာစ်မြစ်ကို မြင်တော်မူပြီး အရှင်မောဂ္ဂလ္လာန်အား “နို့ဃနာဆွမ်းသည် မသုံးဆောင်ထိုက်” ဟု မိန့်ကြားတော်မူပါသတဲ့။

အဲဒီလို မိန့်ကြားတဲ့အပေါ် မထေရ်မြတ်က “ ငါလိုမထေရ်တစ်ပါး ဆောင်ကြဉ်းလာသော ဆွမ်းကို မသုံးဆောင်ဘဲ ရှိရလေ” ဟု စိတ်ကွက်ခြင်းမျှပင် မဖြစ်ပါဘူးတဲ့။ အဲဒီလို တစ်ခွန်းတည်းသော စကားဖြင့်ပင် သပိတ်မျက်နှာဝကို ကိုင်ပြီး သင့်တော်တဲ့ နေရာမှာ မှောက်သွန်လိုက်ပါသတဲ့။ နို့ဃနာဆွမ်း မြေကြီးပေါ် ရောက်တာနဲ့ တစ်ပြိုင်နက် အရှင်သာရိပုတ္တရာရဲ့ လေနာဟာပျောက်သွားပါသတဲ့။ အဲဒီအချိန်ကစပြီး ၄၅-နှစ်ပတ်လုံး နောက်ထပ် လေနာရောဂါဟာ ပေါ်ကိုမလာတော့ပါဘူးတဲ့။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက“ဝစီဝိညတ်ကိုမှီပြီးဖြစ်လာသော(ဝါ)နှုတ်မြွတ်မိခြင်းကြောင့်ဖြစ်လာသော နို့ဃနာဆွမ်းကို စားမိသည်ဖြစ်အံ့- ငါ၏အသက်မွေးခြင်းသည် ကဲ့ရဲ့အပ်သည်ဖြစ်ရာ၏။ ငါ၏အူအခွေသည် ဆာလွန်းသည့်အတွက် အပြင်သို့ထွက်၍ အသက်ကို စွန့်ရစေကာမူ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်းကို ငါမဖျက်ပေ”ဟူသော ဥဒါန်းစကားကို ရဲရဲတောက် မြွက်ကြားတော်မူခဲ့ပါသတဲ့။

ကျွန်တော်တို့တ‌တွေလည်း ထိုသို့သောရဲရဲတောက်စကားကို ဆိုရဲလောက်အောင် စင်ကြယ်သော အသက်မွေးမှုတွေ ဘယ်လောက်တောင်လုပ်ထားနိုင်ကြပြီလဲ…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

“ရဲရဲေတာက္စကား”

 

“ငါ၏အူေခြသည္ ဆာလြန္းသည့္အတြက္ အျပင္သို႔ထြက္၍ အသက္ကို စြန္႔ရေစကာမူ သမၼာအာဇီဝျဖင့္ အသက္ေမြးျခင္းကို ငါမဖ်က္ေပ”

ဒီစကားက ရဲရဲေတာက္စကားျဖစ္ပါတယ္။ ဤစကားကိုဆိုသူက ဗုဒၶျမတ္စြာဘုရား႐ွင္ရဲ႕ လက္ယာေတာ္ရံ အ႐ွင္သာရိပုတၱရာ အ႐ွင္ျမတ္ႀကီး ႁမြက္ၾကားခဲ့တဲ့ စကားျဖစ္တယ္။

ဘုရား႐ွင္၏ တပည့္အစစ္ျဖစ္ေတာ္မူၾကတဲ့ အရိယာသံဃာေတာ္မ်ားဟာ ဘုရား႐ွင္ပညတ္ေတာ္မူတဲ့ သီလေတာ္မ်ားကို အစဥ္ေစာင့္ထိန္းသူ, အလြန္ခ်စ္ခင္သူ, အခါခပ္သိမ္း ႐ိုေသလိုက္နာသူမ်ားျဖစ္ေတာ္ မူပါတယ္။

တစ္ခါေတာ့ အ႐ွင္သာရိပုတၱရာနဲ႔ ႐ွင္မဟာေမာဂၢလႅာန္တို႔ႏွစ္ပါးဟာ ေတာအုပ္တစ္ခုမွာ အရဟတၱဖိုလ္ဝင္စား ကာ သီတင္သုံး ေနေတာ္မူပါသတဲ့။ အဲဒီလို သီတင္းသုံးေနေတာ္မူရင္း တစ္ရက္မွာ အ႐ွင္သာရိပုတၱရာဟာ ေလနာထၿပီး ဆင္းရဲဒုကၡေရာက္ေနပါသတဲ့။

အဲဒီလိုျဖစ္ေနတာကို အ႐ွင္မဟာေမာဂၢလႅာန္ကေတြ႕ၿပီး “ငါ့႐ွင္ အရင္တုန္းက ဒီလိုျဖစ္ရင္ ဘယ္ေဆးဝါးမ်ိဳး ေတြနဲ႔ ေပ်ာက္ကင္းဖူးပါသလဲ” လို႔ ေမးပါသတဲ့။

အ႐ွင္သာရိပုတၱရာက “ရဟန္း မတိုင္ခင္ လူ႕ဘဝမွာတုန္းက မိခင္က ေထာပတ္ ပ်ားသကာ ေရာထားတဲ့ ႏို႔ရည္သန္႔သန္႔ထမင္း(ႏို႔ဃနာ)နဲ႔ ခ်မ္းသာရာရခဲ့ဖူးေၾကာင္း” ျပန္ေျပာပါသတဲ့။

“ေကာင္းပါၿပီ ငါ့႐ွင္အားလည္းေကာင္း၊ ငါ့အားလည္ေကာင္း ကံ႐ွိလွ်င္ မနက္ျဖန္မွာ ရႏိုင္ပါလိမ့္မယ္” လို႔ အ႐ွင္မဟာေမာဂၢလႅာန္က ဆိုပါသတဲ့။

အဲဒီလို အ႐ွင္ႏွစ္ပါး ေျပာေနၾကတဲ့စကားကို အနီးမွာ႐ွိတဲ့ သစ္ပင္ေစာင္နတ္ကၾကားၿပီး အ႐ွင္သာရိပုတၱရာ အတြက္ ႏို႔ရည္ဆြမ္း(ႏို႔ဃနာ)ကို ရေအာင္လုပ္ေပးမယ္လို႔ ၾကံကာ အ႐ွင္သာရိပုတၱရာရဲ႕ ဆြမ္းဒါယကာအိမ္ကို သြားၿပီး သားႀကီးျဖစ္သူကို ပူးဝင္ႏွိပ္စက္ကာ “နက္ျဖန္ အ႐ွင္သာရိပုတၱရာအတြက္ ႏို႔ရည္ဆြမ္း(ႏို႔ဃနာ) ခ်က္ခဲ့လို႔႐ွိရင္ လႊတ္ေပးမည္” ဟု ေျပာပါသတဲ့။

ဆြမ္းဒါယကာ ေဆြမ်ိဳးမ်ားက “သင္မခိုင္းေသာ္လည္း ငါတို႔ဟာ မေထရ္အတြက္ ဆြမ္းဝတ္ အၿမဲျပဳေနသူမ်ား ျဖစ္တယ္” လို႔ ေျပာၿပီး နတ္ေျပာတဲ့အတိုင္း ႏို႔ရည္ဆြမ္းကို စီမံၾကပါသတဲ့။

ေနာက္ေန႔မွာ အ႐ွင္မဟာေမာဂၢလႅာန္ဟာ အ႐ွင္သာရိပုတၱရာကို “ ငါ့႐ွင္…ဆြမ္းခံရာက ငါျပန္လာတဲ့အထိ ဤအရပ္ကေနေစာင့္ေနပါ” လို႔ေျပာၿပီး ဆြမ္းခံႂကြပါသတဲ့။

အ႐ွင္သာရိပုတၱရာရဲ႕ ဆြမ္းဒကာေတြက အ႐ွင္မဟာေမာဂၢလႅာန္အား ခရီးဦးႀကိဳျပဳၿပီး သပိတ္အျပည့္ ႏို႔ဆြမ္းကို ကပ္လႉပါသတဲ့။ ႏို႔ဆြမ္းရသျဖင့္ အ႐ွင္မဟာေမာဂၢလႅာန္က ျပန္ႂကြဖို႔လုပ္တဲ့အခါ ဆြမ္းဒါယကာတို႔က “အ႐ွင္ဘုရား…ဘုန္းေပးေတာ္မူပါ၊ အျခားတစ္ပါးေသာ ႏို႔ဃနာဆြမ္းကိုလည္း လႉလိုက္ပါ့မယ္” လို႔ ေလွ်ာက္သတဲ့။

မေထရ္ျမတ္လည္း ဘုန္းေပးၿပီးထပ္မံ ေပးလႉလိုက္တဲ့ ႏို႔ဃနာဆြမ္းကို ယူ၍ျပန္ႂကြကာ အ႐ွင္သာရိပုတၱရာအား ဖိတ္ၾကား ဆက္ကပ္ပါသတဲ့။အ႐ွင္သာရိပုတၱရာမေထရ္လည္း စိတ္တိုင္းက် ခ်က္ျပဳတ္ထားတဲ့ ႏို႔ဃနာဆြမ္း ေတြကိုျမင္ေတာ့ ဘယ္အေၾကာင္းျဖင့္ ျဖစ္သလဲလို႔ ဆင္ျခင္ၾကံဆ ေတာ္မူပါသတဲ့။ ႏို႔ဃနာဆြမ္း ျဖစ္လာျခင္းရဲ႕ အေၾကာင္းရင္ဇာစ္ျမစ္ကို ျမင္ေတာ္မူၿပီး အ႐ွင္ေမာဂၢလႅာန္အား “ႏို႔ဃနာဆြမ္းသည္ မသုံးေဆာင္ထိုက္” ဟု မိန္႔ၾကားေတာ္မူပါသတဲ့။

အဲဒီလို မိန္႔ၾကားတဲ့အေပၚ မေထရ္ျမတ္က “ ငါလိုမေထရ္တစ္ပါး ေဆာင္ၾကဥ္းလာေသာ ဆြမ္းကို မသုံးေဆာင္ဘဲ ႐ွိရေလ” ဟု စိတ္ကြက္ျခင္းမွ်ပင္ မျဖစ္ပါဘူးတဲ့။ အဲဒီလို တစ္ခြန္းတည္းေသာ စကားျဖင့္ပင္ သပိတ္မ်က္ႏွာဝကို ကိုင္ၿပီး သင့္ေတာ္တဲ့ ေနရာမွာ ေမွာက္သြန္လိုက္ပါသတဲ့။ ႏို႔ဃနာဆြမ္း ေျမႀကီးေပၚ ေရာက္တာနဲ႔ တစ္ၿပိဳင္နက္ အ႐ွင္သာရိပုတၱရာရဲ႕ ေလနာဟာေပ်ာက္သြားပါသတဲ့။ အဲဒီအခ်ိန္ကစၿပီး ၄၅-ႏွစ္ပတ္လုံး ေနာက္ထပ္ ေလနာေရာဂါဟာ ေပၚကိုမလာေတာ့ပါဘူးတဲ့။

အ႐ွင္သာရိပုတၱရာမေထရ္ျမတ္ႀကီးက“ဝစီဝိညတ္ကိုမွီၿပီးျဖစ္လာေသာ(ဝါ)ႏႈတ္ႁမြတ္မိျခင္းေၾကာင့္ျဖစ္လာေသာ ႏို႔ဃနာဆြမ္းကို စားမိသည္ျဖစ္အံ့- ငါ၏အသက္ေမြးျခင္းသည္ ကဲ့ရဲ႕အပ္သည္ျဖစ္ရာ၏။ ငါ၏အူအေခြသည္ ဆာလြန္းသည့္အတြက္ အျပင္သို႔ထြက္၍ အသက္ကို စြန္႔ရေစကာမူ သမၼာအာဇီဝျဖင့္ အသက္ေမြးျခင္းကို ငါမဖ်က္ေပ”ဟူေသာ ဥဒါန္းစကားကို ရဲရဲေတာက္ ႁမြက္ၾကားေတာ္မူခဲ့ပါသတဲ့။

ကြၽန္ေတာ္တို႔တ‌ေတြလည္း ထိုသို႔ေသာရဲရဲေတာက္စကားကို ဆိုရဲေလာက္ေအာင္ စင္ၾကယ္ေသာ အသက္ေမြးမႈေတြ ဘယ္ေလာက္ေတာင္လုပ္ထားႏိုင္ၾကၿပီလဲ…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service