USA Today တွင်ဖော်ပြသော သိပ္ပံပညာကပြောသည့် နနွင်း၏ အကျိုးကျေးဇူးများ

USA Today တွင်ဖော်ပြသော သိပ္ပံပညာကပြောသည့် နနွင်း၏ အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
8 Aug 2023 10:32 am တွင် တင်ခဲ့သည်
840 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

နနွင်းသည် ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပြီး ယခင်က အရှေ့တောင်အာရှတွင်သာ လူသုံးများခဲ့သည်။

၂၀၁၉ နှစ်ကုန်ပိုင်းက အမေရိကန်တွင် နနွင်းရောင်းချရမှု ပမာဏ ကန်ဒေါ်လာ ၃၂၈ သန်းဖိုးအထိ ရှိခဲ့သည်ဟု ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ဖြည့်စွက်စာကုမ္ပဏီများစွာက နနွင်း၏ ကျန်းမာရေးကောင်းကျိုးများကို အင်တိုက်အားတိုက်ကြော်ငြာမှုများ ပြုလုပ်လာပြီးနောက် နနွင်းမှာ နာမည်ကြီးလာခဲ့သည်။

အများပြည်သူများအကြား လူသိများသော နနွင်း၏ ကောင်းကျိုးအချို့မှာ သိပ္ပံနည်းကျ အတည်ပြုထားခြင်း မရှိသော်လည်း အခြားအချက်များစွာမှာမူ သိပ္ပံပညာအရ အတည်ပြုထားပြီး ဖြစ်သည်။

“နနွင်းမှာ အဓိကပါဝင်တဲ့ Curcumin ဟာ ရောဂါအများအပြား ကုသနိုင်တဲ့အလားအလာရှိပါတယ်”ဟု အရီဇိုးနားပြည်နယ်အခြေစိုက် Mayo Clinic မှ အမျိုးသမီးကျန်းမာရေးနှင့် Integrative Medicine ကျွမ်းကျင်ပညာရှင် Denise Millstine က ပြောသည်။

သို့သော် သူမအပါအဝင် အခြားကျွမ်းကျင်ပညာရှင်များက ပြောသည်မှာ နနွင်းကို ဆက်လက်သုတေသန လုပ်ရန် လိုအပ်ကြောင်း ၊ နနွင်းများစွာ စားသုံးလျှင် ဘေးထွက်ဆိုးကျိုးများရှိကြောင်း ပြောသည်။

 

(နနွင်းဘာလဲ)

 

နနွင်းသည် ဂျင်းအုပ်စုဝင်ဖြစ်ပြီး Curcuma Longa ဟုလည်း ခေါ်သည်။

ပန်းပွင့်သောအပင်ဖြစ်ပြီး နနွင်းဥမှာ ဂျင်းနှင့်ဆင်တူသည်။ သို့သော် အညိုရောင်မဟုတ်ဘဲ ဝါလိမ္မော်ရောင် ဖြစ်သည်။

နနွင်းဥများကို အခြောက်လှန်း ၊ အမှုန့်ပြုလုပ်ကာ ရရှိလာသော နနွင်းမှုန့်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိန္ဒိယတွင် ကျယ်ပြန့်စွာ အသုံးပြုကြပြီး အစားအစာများအတွက် အရောင်နှင့် အရသာနှစ်မျိုးလုံးအတွက် အသုံးဝင်သည်။

နနွင်းကို အိန္ဒိယတွင် ရိုးရာတိုင်းရင်းဆေးအဖြစ် ရာစုနှစ်များစွာ အသုံးပြုခဲ့ကြသည်။

ယနေ့ကာလတွင် နနွင်းကို ဖြည့်စွက်စာအဖြစ် အသုံးပြုကြပြီး အမှုန်နှင့် ဆေးတောင့်ပုံစံနှစ်မျိုးဖြင့် ရရှိနိုင်သည်။

 

(နနွင်းဘာအတွက်ကောင်းလဲ)

 

 

နနွင်းတွင် စွမ်းအားကောင်းသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သော Phytonutrients များ ပေါကြွယ်ဝသည်။

ဓာတ်တိုးဆန့်ကျင် ပစ္စည်းတို့သည် လူတို့၏ ခန္ဓာကိုယ်ကို Free Radicals များမှ အကာအကွယ်ပေးပြီး ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။

“နနွင်းဟာ အစာချေဖျက်မှုကို ကူညီပေးပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေတဲ့အပြင် အရေပြားကျန်းမာရေးအတွက်လည်း အထောက်အပံ့ပြုပါတယ်”ဟု နယူးယောက်တက္ကသိုလ်မှ အာဟာရဆိုင်ရာ တွဲဖက်ပါမောက္ခ Lisa Young က ရှင်းပြသည်။

နနွင်းတွင် ပါဝင်သော Curcumin သည် အဆစ်နာခြင်းနှင့် အရိုးအဆစ်ကိုက်ခြင်းတို့ကဲ့သို့ အဆစ်ရောင်ရောဂါ ၏ အပျော့စား ရောဂါလက္ခဏာအချို့ကို သက်သာပျောက်ကင်းစေကြောင်း JS Health တည်ထောင်သူ အာဟာရပညာရှင် Jessica Sepel က ပြောသည်။

နနွင်းသည် မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးပြီး ကောင်းသော ကိုလက်စထရောများကို မြှင့်တင်ပေးသောကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်း Lisa Young က ပြောသည်။

 

 

Curcumin သည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်းနှင့် အကျိတ်များအတွင်း သွေးကြောသစ် များ ဖွဲ့စည်းမှုကို ကာကွယ်ပေးသောကြောင့် ကင်ဆာတိုက်ဖျက်နိုင်သည့် ဂုဏ်သတ္တိများရှိကြောင်း အာဟာရ ပညာရှင် Jen Messer က ပြောသည်။

နနွင်းစားသုံးခြင်းမှာ အန္တရာယ်မရှိသော်လည်း အလွန်အကျွံစားသုံးပါက ဝမ်းလျှောခြင်း ၊ မအီမသာဖြစ်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ကြောင်း Lisa Young က ပြောသည်။

နနွင်းသည် သွေးမခဲစေနိုင်သည့် ဂုဏ်သတ္တိရှိသောကြောင့် နနွင်းစားခြင်းသည် သွေးခဲခြင်းကို နှေးကွေးစေ နိုင်ရာ အချို့သူများအတွက် ကောင်းကျိုးဖြစ်ထွန်းနိုင်သော်လည်း အချို့အတွက်မူ အန္တရာယ်များကြောင်း Lisa Young က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Turmeric has many purported health benefits. Does science back any of them up? (usatoday)

 

 

 

 

[Zawgyi]

USA Today တြင္ေဖာ္ျပေသာ သိပၸံပညာကေျပာသည့္ နႏြင္း၏ အက်ဳိးေက်းဇူးမ်ား

 

နႏြင္းသည္ ဟင္းခတ္အေမႊးအၾကိဳင္တစ္ခုျဖစ္ျပီး ယခင္က အေရွ႕ေတာင္အာရွတြင္သာ လူသံုးမ်ားခဲ့သည္။

၂၀၁၉ ႏွစ္ကုန္ပိုင္းက အေမရိကန္တြင္ နႏြင္းေရာင္းခ်ရမႈ ပမာဏ ကန္ေဒၚလာ ၃၂၈ သန္းဖုိးအထိ ရွိခဲ့သည္ဟု ဆိုသည္။

မၾကာေသးမီႏွစ္မ်ားအတြင္း ျဖည့္စြက္စာကုမၸဏီမ်ားစြာက နႏြင္း၏ က်န္းမာေရးေကာင္းက်ဳိးမ်ားကို အင္တိုက္အားတုိက္ေၾကာ္ျငာမႈမ်ား ျပဳလုပ္လာျပီးေနာက္ နႏြင္းမွာ နာမည္ၾကီးလာခဲ့သည္။

အမ်ားျပည္သူမ်ားအၾကား လူသိမ်ားေသာ နႏြင္း၏ ေကာင္းက်ဳိးအခ်ဳိ႕မွာ သိပၸံနည္းက် အတည္ျပဳထားျခင္း မရွိေသာ္လည္း အျခားအခ်က္မ်ားစြာမွာမူ သိပၸံပညာအရ အတည္ျပဳထားျပီး ျဖစ္သည္။

“နႏြင္းမွာ အဓိကပါဝင္တဲ့ Curcumin ဟာ ေရာဂါအမ်ားအျပား ကုသႏိုင္တဲ့အလားအလာရွိပါတယ္”ဟု အရီဇိုးနားျပည္နယ္အေျခစိုက္ Mayo Clinic မွ အမ်ဳိးသမီးက်န္းမာေရးႏွင့္ Integrative Medicine ကၽြမ္းက်င္ပညာရွင္ Denise Millstine က ေျပာသည္။

သို႔ေသာ္ သူမအပါအဝင္ အျခားကၽြမ္းက်င္ပညာရွင္မ်ားက ေျပာသည္မွာ နႏြင္းကို ဆက္လက္သုေတသန လုပ္ရန္ လုိအပ္ေၾကာင္း ၊ နႏြင္းမ်ားစြာ စားသံုးလွ်င္ ေဘးထြက္ဆိုးက်ဳိးမ်ားရွိေၾကာင္း ေျပာသည္။

(နႏြင္းဘာလဲ)

နႏြင္းသည္ ဂ်င္းအုပ္စုဝင္ျဖစ္ျပီး Curcuma Longa ဟုလည္း ေခၚသည္။

ပန္းပြင့္ေသာအပင္ျဖစ္ျပီး နႏြင္းဥမွာ ဂ်င္းႏွင့္ဆင္တူသည္။ သို႔ေသာ္ အညိဳေရာင္မဟုတ္ဘဲ ဝါလိေမၼာ္ေရာင္ ျဖစ္သည္။

နႏြင္းဥမ်ားကို အေျခာက္လွန္း ၊ အမႈန္႔ျပဳလုပ္ကာ ရရွိလာေသာ နႏြင္းမႈန္႔ကို ဟင္းခတ္အေမႊးအၾကိဳင္အျဖစ္ အိႏိၵယတြင္ က်ယ္ျပန္႔စြာ အသံုးျပဳၾကျပီး အစားအစာမ်ားအတြက္ အေရာင္ႏွင့္ အရသာႏွစ္မ်ဳိးလံုးအတြက္ အသံုးဝင္သည္။

နႏြင္းကို အိႏိၵယတြင္ ရုိးရာတုိင္းရင္းေဆးအျဖစ္ ရာစုႏွစ္မ်ားစြာ အသံုးျပဳခဲ့ၾကသည္။

ယေန႔ကာလတြင္ နႏြင္းကို ျဖည့္စြက္စာအျဖစ္ အသံုးျပဳၾကျပီး အမႈန္ႏွင့္ ေဆးေတာင့္ပံုစံႏွစ္မ်ဳိးျဖင့္ ရရွိႏိုင္သည္။

 

(နႏြင္းဘာအတြက္ေကာင္းလဲ)

နႏြင္းတြင္ စြမ္းအားေကာင္းသည့္ ဓာတ္တုိးဆန္႔က်င္ပစၥည္းျဖစ္ေသာ Phytonutrients မ်ား ေပါၾကြယ္ဝသည္။

ဓာတ္တုိးဆန္႔က်င္ ပစၥည္းတို႔သည္ လူတို႔၏ ခႏၶာကိုယ္ကို Free Radicals မ်ားမွ အကာအကြယ္ေပးျပီး ဆဲလ္မ်ား ပ်က္စီးျခင္းကို ကာကြယ္ေပးသည္။

“နႏြင္းဟာ အစာေခ်ဖ်က္မႈကို ကူညီေပးျပီး ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာကို ပိုမုိေကာင္းမြန္ေစတဲ့အျပင္ အေရျပားက်န္းမာေရးအတြက္လည္း အေထာက္အပံ့ျပဳပါတယ္”ဟု နယူးေယာက္တကၠသိုလ္မွ အာဟာရဆိုင္ရာ တြဲဖက္ပါေမာကၡ Lisa Young က ရွင္းျပသည္။

နႏြင္းတြင္ ပါဝင္ေသာ Curcumin သည္ အဆစ္နာျခင္းႏွင့္ အရိုးအဆစ္ကိုက္ျခင္းတုိ႔ကဲ့သို႔ အဆစ္ေရာင္ေရာဂါ ၏ အေပ်ာ့စား ေရာဂါလကၡဏာအခ်ိဳ႕ကို သက္သာေပ်ာက္ကင္းေစေၾကာင္း JS Health တည္ေထာင္သူ အာဟာရပညာရွင္ Jessica Sepel က ေျပာသည္။

နႏြင္းသည္ မေကာင္းေသာ ကိုလက္စထေရာမ်ားကို ေလွ်ာ့ခ်ေပးျပီး ေကာင္းေသာ ကိုလက္စထေရာမ်ားကို ျမွင့္တင္ေပးေသာေၾကာင့္ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းက်ဳိးရွိေၾကာင္း Lisa Young က ေျပာသည္။

Curcumin သည္ ကင္ဆာဆဲလ္မ်ား ၾကီးထြားမႈကို ထိန္းခ်ဳပ္ေပးျခင္းႏွင့္ အက်ိတ္မ်ားအတြင္း ေသြးေၾကာသစ္ မ်ား ဖြဲ႔စည္းမႈကို ကာကြယ္ေပးေသာေၾကာင့္ ကင္ဆာတိုက္ဖ်က္ႏိုင္သည့္ ဂုဏ္သတၱိမ်ားရွိေၾကာင္း အာဟာရ ပညာရွင္ Jen Messer က ေျပာသည္။

နႏြင္းစားသံုးျခင္းမွာ အႏၱရာယ္မရွိေသာ္လည္း အလြန္အကၽြံစားသံုးပါက ဝမ္းေလွ်ာျခင္း ၊ မအီမသာျဖစ္ျခင္းႏွင့္ ေခါင္းကိုက္ျခင္းတုိ႔ ျဖစ္ႏိုင္ေၾကာင္း Lisa Young က ေျပာသည္။

နႏြင္းသည္ ေသြးမခဲေစႏိုင္သည့္ ဂုဏ္သတၱိရွိေသာေၾကာင့္ နႏြင္းစားျခင္းသည္ ေသြးခဲျခင္းကို ေႏွးေကြးေစ ႏုိင္ရာ အခ်ဳိ႕သူမ်ားအတြက္ ေကာင္းက်ဳိးျဖစ္ထြန္းႏိုင္ေသာ္လည္း အခ်ဳိ႕အတြက္မူ အႏၱရာယ္မ်ားေၾကာင္း Lisa Young က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Turmeric has many purported health benefits. Does science back any of them up? (usatoday)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service