Metallica ဂစ်တာသမား Kirk Hammett က သူ့ကား Porsche ကို ဘာလို့ဆုံးရှုံးသွားတာလဲ
Metallica ဂစ်တာသမား Kirk Hammett က သူ့ကား Porsche ကို ဘာလို့ဆုံးရှုံးသွားတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
7 Aug 2023 10:27 am တွင် တင်ခဲ့သည်
594 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
Metallica ၏ ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်သော Metallica အမည်ပင်ပေးထားသော (Black Album ဟုလည်းခေါ်ကြ။) အယ်လ်ဘမ်ထွက်ရှိခဲ့ချိန် ၁၉၉၁ ခုနှစ်အတွင်းက Tour Manager ဖြစ်သူ တိုနီစမစ်က အဆိုပါ အယ်လ်ဘမ်သည် နောင်တစ်နေ့တွင် အချပ်ရေ ၁၀ သန်း ရောင်းချရလိမ့်မည်ဟု Kirk Hammett အား ကတိပေးခဲ့သည်။
Kirk Hammett က ရယ်မောခြင်း ပြန်ပြောခဲ့သည်မှာ ထိုအတိုင်းသာဖြစ်ခဲ့ပါက မိမိ၏ Porsche ကို ပေးမည်ဟု ပြောခဲ့သည်။
Kirk Hammett ၏ ကားမှာ ၁၉၈၉ ခုနှစ်ထုတ် Porsche 911 Carrera 4 ဖြစ်သည်။
အဆိုပါကားကို တိုနီစမစ်က ၂၀၀၉ ခုနှစ်အတွင်း လေလံတင်ရောင်းချခဲ့ချိန်တွင် Kirk Hammett က အထက်ပါဖြစ်ရပ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။
“ဒီ အယ်လ်ဘမ်က အချပ်ရေ ၁၀ သန်းရောင်းရပြီး နံပါတ် ၁ နေရာ ချိတ်သွားချိန်မှာ သူက ဖုန်းဆက်ပြောခဲ့ ပါတယ်”ဟု Kirk Hammett က ပြောသည်။
ထို့နောက် Kirk Hammett က Porsche ၏ ကားသော့ထည့်ထားသော စာအိတ်တစ်လုံးကို တိုနီထံ ပေးပို့ခဲ့သည်။
Kirk Hammett သည် Porsche ၈ စီးခန့်အထိ နောက်ပိုင်းတွင် ဝယ်ယူခဲ့သေးသည်။
Metallica ၏ အဆိုပါ အယ်လ်ဘမ်သည် နှစ်ပေါင်း ၃၀ ကြာသည်အထိ Billboard 200 စာရင်းမှ ကျဆင်းသွားခြင်းမရှိပေ။
၂၀၁၂ ခုနှစ် အချက်အလက်များအရ ထိုအယ်လ်ဘမ်သည် ချပ်ရေ ၁၆ သန်းကျော် ရောင်းချခဲ့ရပြီး ပလက်တီနမ် ဓာတ်ပြားဆု ၁၆ ကြိမ် ရရှိခဲ့သည်။
တိုနီစမစ်သည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး Metallica တွင် ၁၉၈၇ ခုနှစ်မှ စတင်ကာ ဂီတဖျော်ဖြေပွဲ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် အနားယူခဲ့သည်။
၁၉၉၄ ခုနှစ်တွင် တိုနီသည် Metallica Club ကို တည်ထောင်ခဲ့ပြီး တရားဝင် ထုတ်ဝေသော Fan Club မဂ္ဂဇင်း၏ အစောပိုင်းကာလ ဆောင်းပါးများစွာကို ရေးသားခဲ့သည်။
Metallica ပရိသတ်များအား တိုနီစမစ်က ပြောသည်မှာ Metallica တွင် အချိန်ပြည့်ဝန်ထမ်း ၂ ဦးသာ ရှိသည့်အနက် မိမိမှာ တစ်ဦးအပါအဝင်ဖြစ်ကြောင်း ပြောသည်။
၂၀၀၃ ခုနှစ်တွင် တိုနီစမစ်သည် Metallica နှင့် ပတ်သက်သည့် သူ၏ အမှတ်တရပစ္စည်းများကို အွန်လိုင်းလေလံ ဝက်ဘ်ဆိုက် eBay တွင် လေလံတင်ရောင်းချခဲ့ရာ Kirk Hammett လက်မှတ်ထိုးထားသော ရိုးလင်းစတုန်းမဂ္ဂဇင်း ၊ အရောင်းမြှင့်တင်ရေး ဓာတ်ပုံများ ၊ ဂစ်တာလက်ခတ်များနှင့် တီရှပ်အကျီ များပါဝင်သည်။
ယင်းနောက် နှစ်အနည်းငယ်အကြာတွင် Porsche ကိုလည်း eBay တွင် လေလံတင်ရောင်းချခဲ့သည်။
Kirk Hammett က သူပေးခဲ့သောကား လေလံတင်ရောင်းချမှုအပေါ် သဘောတူခဲ့သည်။
ဤကားကို ရောင်းလျှင် ခွင့်ပြုမည်လားဟု တိုနီစမစ်က မေးရာတွင် Kirk Hammett က “ဟေး Bro..ကျွန်တော် ဒီကားကို ခင်ဗျားကို ပေးပြီးပြီ။ ခင်ဗျားဘာသာ ကြိုက်သလိုလုပ်နိုင်ပါတယ်” ဟု ဖြေကြားခဲ့ကြောင်း တိုနီစမစ်က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: HOW METALLICA’S KIRK HAMMETT LOST HIS PORSCHE (loudwire)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service