ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကမ္ဘာ့အလှဆုံး သန္တာကျောက်တန်းများစွာရှိနေတဲ့ Great Barrier Reef ဟာ အပေါ်စီးမှ ကြည့်ရှုလျှင်လည်း စိမ်းပြနုနုရေအသွင်နဲ့ လက်ဖျားခါလောက်အောင် လှပပြီး ရေအောက်မှာတော့ တစ်သက်စာစိတ်နှလုံးအိမ်ထဲ စွဲကျန်ရစ်မယ့် ရောင်စုံသန္တာကျောက်တန်းအလှက စောင့်ကြိုနေပါတယ်။
ဩစတေးယျနိုင်ငံမှာတည်ရှိပြီး စတုရန်းမိုင် ၁၃၅,၀၀၀ မိုင် ကျယ်ပြန့်လျက် သန္တာကျောက်တန်းအမျိုးပေါင်း ၂၁၀၀ ကျော် စုဝေးတည်ရှိနေပါတယ်။ ရှားပါးငါးမျိုးစိတ်ပေါင်း ၁၅၀၀ ကျော် ကျက်စားပြီး ရေလိပ်အမျိုးအစား ၆ မျိုး ၊ ငါးမန်းမျိုးစိတ် ၁၂၅ မျိုးစိတ် မှီတင်းနေထိုင်ပါတယ်။
လည်ပတ်သွားလာသူတွေဟာ ရေအောက်ကမ္ဘာထဲ ရေငုပ်ပြီး သန္တာကျောက်တန်းရဲ့အလှကို လည်ပတ်ရှုစားနိုင်ပြီး ရောင်စုံငါးမျိုးစိတ်လေးများက လမ်းပြပေးပါလိမ့်မယ်။ scuba diving, snorkeling, helicopter scenic tours, cruise ship ကဲ့သို့သော လှုပ်ရှားမှုများပြုလုပ်နိုင်ပြီး ရေအောက်ကမ္ဘာရဲ့ အလှကို စူးစမ်းရှာဖွေလိုသူတိုင်း တစ်သက်မှာတစ်ခါ မဖြစ်မနေဆိုသလို သွားရောက်သင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ် ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ကမ္ဘာ့အလှဆုံး သန္တာကျောက်တန်းများကို တစ်ဝကြီးကြည့်ရှုခံစားနိုင်မယ့် ဩစတေးလျနိုင်ငံက Great Barrier Reef