မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုခွင့်လျှောက်ထားလို့ရပါသလား ?

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုခွင့်လျှောက်ထားလို့ရပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2023 1:12 pm တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ရှုပ်ထွေးလှတဲ့ အိမ်ခြံမြေဥပဒေလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါ iMyanmarHouse.com ကို မမေ့ပါနဲ့ ။ လူကြီးမင်းတို့သိချင်နေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုခွင့်လျှောက်ထားလို့ရပါသလား ဆိုတဲ့ မေးခွန်းအပါအဝင် အမေးအဖြေသုံးခုကို ဒီတစ်ပတ် ဥပဒေအမေးအဖြေကဏ္ဍ မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

 

မေးခွန်း (၁ ) - မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုခွင့်လျှောက်ထားလို့ရပါသလား။ မည်သည့်ဌာနတွင် လျှောက်ထားမလဲ။

 

မြေလွတ်၊မြေလပ်ဆိုသည်မှာ ယခင်က သီးနှံစိုက်ပျိုးလာပြီး စွန့်လွှတ်ထားသော စိုက်ပျိုးနိုင်သော မွေးမြူရေးလုပ်နိုင်သော မြေအမျိုးအစားကို ဆိုလိုပါတယ်။မြေရိုင်းဆိုသည်မှာ ခြုံနွယ်များပေါက် ရောက်လျက် ရှိသော မြေပြင်ညီညာမှုရှိသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော စိုက်ပျိုးရေး၊ ထုတ် လုပ်ရေး၊ သတ္တူတွင်းလုပ်ငန်းများ တရားဝင်လုပ်ကိုင်ခြင်းမရှိတော့ဘဲ မြေ ၊ ကြိုးဝိုင်း၊ သစ်တောမြေ၊ စားကျက် မြေ၊ အင်းအိုင်မြေတို့ ပါဝင်ပါတယ်။

မြေလွတ်မြေရိုင်းများကို အောက်ပါလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ဗဟိုကော်မတီအဖွဲ့က ခွင့်ပြု ချက်ပေးနိုင်ပါတယ်။

(၁)။ စိုက်ပျိုးရေးလုပ်ငန်း၊

(၂)။ မွေးမြူရေးလုပ်ငန်း၊

(၃)။ သတ္တူတွင်းထုတ်လုပ်ရေးလုပ်ငန်း၊

(၄)။ အစိုးရမှခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လျှောက်ထား နိုင်ပါတယ်။ လျှောက်ထားရယူလိုသူသည် သတ်မှတ်ချက်များနှင့်အညီ ဗဟိုကော်မတီသို့လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထာသော ဗဟိုကော်မတီအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကဥက္ကဌအဖြစ်၊ ကြေးတိုင်နှင့်မြေစာရင်းဌာန ညွှန်ကြား ရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ်၊ သက်ဆိုင်အစိုးရဌာန အသီးသီးမှ သင့်လျော်သော ပုဂ္ဂိုလ်များကအဖွဲ့ဝင် အဖြစ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲမှု ဗဟိုကော်မတီကို ဖွဲ့စည်းပါသည်။

မြေလွတ်၊မြေလပ်၊မြေရိုင်းများ လုပ်ကိုင်ရန် ခွင့်ပြုချက်ရယူရာတွင် ကြိုတင်ပေးငွေတစ်ရပ်ကို အာမခံ အဖြစ်တင်သွင်းရပါတယ်။၂၀၁၂ခုနှစ်၊ဩဂုတ်လ၊(၃၁)ရက်နေ့ ထွက်ရှိထားသော နည်းဥပဒေအရအောက်ပါသူ များသည် မြေလွတ်၊မြေလပ်၊မြေရိုင်းများ လျှောက်ထားနိုင်ပါသည်။

(က) မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံသူများ၊

(ခ) အစိုးရဌာန၊အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊

(ဂ) ၁၉၈၇ခုနှစ်၊မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ(၁၄) အရ ကင်းလွတ်ခွင့်ပြုထားသူများ နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊

(ဃ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်နှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊

(င) မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊

(စ) ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး လုပ်ကိုင်လိုသူ များလျှောက်ထားရယူနိုင်ပါသည်။

 

မေးခွန်း (၂) - လယ်ယာမြေမှ ကျေးရွာမြေငှားဂရန် လျှောက်ထားလို့ရသလား။ မည်သို့လျှောက်ထားမလဲ။ ဘာတွေ လိုအပ်သလဲ။

 

ကျေးရွာမြေငှားဂရန်အဖြစ် လယ်မြေအမျိုးအစားကို လူနေထိုင်ခွင့် မြေအမျိုးအစားဖြစ်အောင် တန်း လျှောက်လို့တော့ မရပါဘူး။ လယ်ယာမြေနဲ့ဆိုင်ရင် ၂၀၁၂ခုနှစ်၊ မတ်လ၊(၃၀)ရက်နေ့မှာ ထွက်ရှိထားသော လယ်ယာမြေဥပဒေအကြောင်းကို သိရှိထားဖို့လိုအပ်ပါတယ်။ လယ်ယာမြေဆိုတာကတော့ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ဓနိမြေ၊ဥယျာဉ်မြေ၊သီးနှံများ စိုက်ပျိုးသောခြံမြေ၊ မြေနုကျွန်းမြေကို ဆိုလိုပါသည်။

အထက်ဖော်ပြပါမြေအမျိုးအစားများကို လယ်ယာမြေလုပ်ပိုင်ခွင့်(၇)ရရှိရန် ပုံစံ(၁)ဖြင့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့်မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ကာ လျှောက် ထားသူသည် လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော အိမ်ထောင်စုဝင်ဖြစ်ရမည်။ တရားဝင်လက်ငုတ် လက်ရင်း လုပ်ကိုင်နေသူ၊တရားဝင်အကျိုးခံစားခွင့်ရှိသူဖြစ်ရန်လဲ လိုအပ်ပါသည်။ သတ်မှတ်ပုံစံအတိုင်း လျှောက်ထားခြင်းပြည့်စုံပါက ပုံစံ(၇)ထုတ်ပေးပြီး ငြင်းပယ်ပါက ပုံစံ(၈)ဖြင့် အကြောင်းကြားစာပေးပို့ပါတယ်။

ထိုလယ်ယာမြေအား လူနေထိုင်ခွင့်အတွက် ဂရန်လျှောက်ထားပါက ရှေးဦးစွာ လယ်ယာမြေပုံစံ(၇) အား ပုံစံ(၁၄)ဖြင့် အခြားနည်းသုံးစွဲခွင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ် ပါတယ်။

ထို့သို့လျှောက်ထားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်း၊ ကျန်းမာရေး ဌာန၊ ဆေးရုံ၊ ဆေးပေးခန်း စာကြည့်တိုက်၊ လမ်း၊ တံတား၊ ကျေးလက်ဈေး၊ ဘာသာရေး၊ အဆောက်အအုံ သုသာန်နှင့်အခြားလိုအပ်သောအဆောက်အအုံများအတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရရှိနိုင်ပါတယ်။ လျှောက်ထားလိုသည့် လုပ်ငန်းစဉ်ပေါ်မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာခွင့်ပြုချက်အရင် တင်ပြရန်လိုအပ်ပါတယ်။

လယ်ယာမြေဥပဒေပုဒ်မ-(၃၀)အရ အခြားနည်းအသုံးပြုမှုရရှိပါက (၆)လအတွင်း ခွင့်ပြုလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးမှုများလဲရှိပါတယ်။ ပျက်ကွက်ပါက လယ်ယာမြေကိုပြန်လည် သိမ်းယူခြင်းအထိ ခံရနိုင်ပါတယ်။ ထိုအခြားနည်းအသုံးပြုခွင့်မှတဆင့် မြေပုံ၊မြေရာဇဝင် ၁၀၅၊၁၀၆ လျှောက် ထားပြီး (၁)ဧကဖြစ်ပါက သက်ဆိုင်ရာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရပြီး (၁)ဧက မှ (၅)ဧကအထိဖြစ်ပါက နေပြည်တော် (သို့) တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှာ လျှောက် ထားရယူကာ၊(၅)ဧက အထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်သို့ လျှောက်ထားရပါမယ်။

 

မေးခွန်း (၃) - အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မည်သည့် အမျိုးအစား မြေငှားဂရန်တွေကို ထုတ်ပေးပါသလဲ။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဆိုသည်မှာ အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ -(၂-၃-၄)အရ မြို့မြေ/ရွာမြေအဖြစ် သတ်မှတ်ထားသော ဧရိယာအတွင်းကျရောက်ပြီး အခြားမည်သူတစ်ဦး တစ်ယောက်ကိုမှ အပိုင်ဖြစ်စေ၊အငှားဖြစ်စေ ချမှတ်ပေးထားခြင်း မရှိသောမြေကို ဆိုလိုသည်။

နေပြည်တော်/ရန်ကုန်/မန္တလေး စည်ပင်သာယာရေးကော်မတီပြင်ပရှိ ဂရန်များထုတ်ပေးသည့်အခါ အမူတွဲဖွင့်လှစ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းအဆင့်ဆင့်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက် ပါတယ်။ ဂရန်ထုတ်ပေးခြင်းများကိုဆောင်ရွက်သည့်အခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးပြီး စီစစ်ဆောင်ရွက်ခြင်းကိုတော့ မြေစာရင်းဌာနကပဲ ဆောင်ရွက်ပါတယ်။

အောက်မြန်မာပြည် မြေနှင့်အခွန်တော်လက်စွဲ ဥပဒေ၊အထက်မြန်မာပြည်‌ မြေနှင့်အခွန်တော်စည်းမျဉ်း ဥပဒေနှင့်အညီ ကော်လိပ်တော်အရာရှိများက ဂရန်ထုတ်ပေးနိုင်ခြင်းရှိမရှိ ဆုံးဖြတ်ပါတယ်။ အဆောက်အအုံနှင့် မြေအမျိုးအစားပေါ်မူတည်၍ လူနေထိုင်ရန်အတွက် မြေငှားလိုင်စင်၊ နှစ်တိုမြေဌားဂရန်၊ နှစ်ရှည်မြေဌား ဂရန်များ ထုတ်ပေးပါတယ်။

လူနေထိုင်ရန်အတွက် မြေဌားဂရန်အပြင် စက်မှုလုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများ လျှောက်ထားရယူ ရန်အတွက် စက်မှု/စီးပွား မြေဌားဂရန်များထုတ်ပေးပါတယ်။ ထို့ပြင် ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ သူတို့ အား ကျေးရွာမြေဌား ဂရန်ထုတ်ပေးပါတယ်။

၁။ ကျေးရွာအတွင်းနေထိုင်သူဖြစ်ကာ အသက်(၁၈)နှစ်ပြည့်ပြီးသူ

၂။ အခြားဒေသမှ ပုံစံ(၁၀)ဖြင့် ပြောင်းလဲလာသူဖြစ်ပါက (၁၂)ကျော်ကျေးရွာတွင်နေထိုင်ပြီးသူဖြစ်ရမည်။

၃။ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား

၄။ အိမ်ထောင်စုစာရင်း

ထို့ပြင်လျှောက်ထားရာတွင် အောက်ပါအချက်အလက်များပူးတွဲပါရှိရမည်။

၁။ ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊နယ်မြေဒေသ

၂။ လျှောက်ထားသည့်မြေပေါ်တွင်ရှိသော အဆောက်အဦးအမျိုးအစား

၃။ လျှောက်ထားမြေ၏ အလားလေးမျက်နှာ

၄။ မြေစာရင်းဦးစီးဌာန၏ မြေပုံ/မြေရာဇဝင်

၅။ အဆောက်အဦး၏ မှတ်တမ်းဓာတ်ပုံများ

၆။ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ

၇။ မြေကွက်မှာ အရှုပ်အရှင်းကင်းရှင်းကြောင်းကိုယ်တိုင် ဝန်ခံချက်

၈။မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းအထောက်အထားများ ပူးတွဲတင်ပြကာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဂရန်လျှောက်ထားနိုင်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြရေးသားပေးလိုက်ပါတယ်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို အသုံးျပဳခြင့္ေလွ်ာက္ထားလို႔ရပါသလား ?

 

႐ႈပ္ေထြးလွတဲ့ အိမ္ျခံေျမဥပေဒလုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္တဲ့အခါ iMyanmarHouse.com ကို မေမ့ပါနဲ႔ ။ လူႀကီးမင္းတို႔သိခ်င္ေနတဲ့ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို အသုံးျပဳခြင့္ေလွ်ာက္ထားလို႔ရပါသလား ဆိုတဲ့ ေမးခြန္းအပါအဝင္ အေမးအေျဖသုံးခုကို ဒီတစ္ပတ္ ဥပေဒအေမးအေျဖက႑ မွာ ေျပာျပေပးသြားမွာျဖစ္ပါတယ္။

 

ေမးခြန္း (၁ ) - ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားကို အသုံးျပဳခြင့္ေလွ်ာက္ထားလို႔ရပါသလား။ မည္သည့္ဌာနတြင္ ေလွ်ာက္ထားမလဲ။

 

ေျမလြတ္၊ေျမလပ္ဆိုသည္မွာ ယခင္က သီးႏွံစိုက္ပ်ိဳးလာၿပီး စြန္႔လႊတ္ထားေသာ စိုက္ပ်ိဳးႏိုင္ေသာ ေမြးျမဴေရးလုပ္ႏိုင္ေသာ ေျမအမ်ိဳးအစားကို ဆိုလိုပါတယ္။ေျမ႐ိုင္းဆိုသည္မွာ ျခဳံႏြယ္မ်ားေပါက္ ေရာက္လ်က္ ႐ွိေသာ ေျမျပင္ညီညာမႈ႐ွိသည္ျဖစ္ေစ၊ မညီညာသည္ျဖစ္ေစ စိုက္ပ်ိဳးလုပ္ကိုင္ျခင္းမ႐ွိေသာ စိုက္ပ်ိဳးေရး၊ ထုတ္ လုပ္ေရး၊ သတၱဴတြင္းလုပ္ငန္းမ်ား တရားဝင္လုပ္ကိုင္ျခင္းမ႐ွိေတာ့ဘဲ ေျမ ၊ ႀကိဳးဝိုင္း၊ သစ္ေတာေျမ၊ စားက်က္ ေျမ၊ အင္းအိုင္ေျမတို႔ ပါဝင္ပါတယ္။

ေျမလြတ္ေျမ႐ိုင္းမ်ားကို ေအာက္ပါလုပ္ငန္းမ်ားလုပ္ေဆာင္ရန္အတြက္ ဗဟိုေကာ္မတီအဖြဲ႕က ခြင့္ျပဳ ခ်က္ေပးႏိုင္ပါတယ္။

(၁)။စိုက္ပ်ိဳးေရးလုပ္ငန္း၊

(၂)။ေမြးျမဴေရးလုပ္ငန္း၊

(၃)။သတၱဴတြင္းထုတ္လုပ္ေရးလုပ္ငန္း၊

(၄)။အစိုးရမွခြင့္ျပဳထားေသာ ဥပေဒႏွင့္ညီၫြတ္သည့္လုပ္ငန္းမ်ား လုပ္ကိုင္ရန္အတြက္ ေလွ်ာက္ထား ႏိုင္ပါတယ္။ ေလွ်ာက္ထားရယူလိုသူသည္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ဗဟိုေကာ္မတီသို႔ေလွ်ာက္ထားရယူရမွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ဖြဲ႕ၿဖိဳးတိုးတက္ေရးအတြက္ ဖြဲ႕စည္းထာေသာ ဗဟိုေကာ္မတီအဖြဲ႕တြင္ လယ္ယာစိုက္ပ်ိဳးေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးကဥကၠဌအျဖစ္၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္မွ အတြင္းေရးမႉးအျဖစ္၊ သက္ဆိုင္အစိုးရဌာန အသီးသီးမွ သင့္ေလ်ာ္ေသာ ပုဂၢိဳလ္မ်ားကအဖြဲ႕ဝင္ အျဖစ္ ေျမလြတ္၊ေျမလပ္ႏွင့္ေျမ႐ိုင္းစီမံခန္႔ခြဲမႈ ဗဟိုေကာ္မတီကို ဖြဲ႕စည္းပါသည္။

ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ား လုပ္ကိုင္ရန္ ခြင့္ျပဳခ်က္ရယူရာတြင္ ႀကိဳတင္ေပးေငြတစ္ရပ္ကို အာမခံ အျဖစ္တင္သြင္းရပါတယ္။၂၀၁၂ခုႏွစ္၊ဩဂုတ္လ၊(၃၁)ရက္ေန႔ ထြက္႐ွိထားေသာ နည္းဥပေဒအရေအာက္ပါသူ မ်ားသည္ ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ား ေလွ်ာက္ထားႏိုင္ပါသည္။

(က) ျမန္မာႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံသူမ်ား၊

(ခ) အစိုးရဌာန၊အစိုးရအဖြဲ႕အစည္းႏွင့္ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား၊

(ဂ) ၁၉၈၇ခုႏွစ္၊မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒပုဒ္မ(၁၄) အရ ကင္းလြတ္ခြင့္ျပဳထားသူမ်ား ႏိုင္ငံျခားသံတမန္အဖြဲ႕အစည္းမ်ား၊ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊

(ဃ) အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္းတစ္ရပ္ရပ္ႏွင့္ အက်ိဳးတူကိစၥရပ္မ်ားအတြက္ ေဆာင္႐ြက္မည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ခြင့္ျပဳထားေသာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၊

(င) ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ အက်ိဳးတူကိစၥရပ္မ်ားအတြက္ ေဆာင္႐ြက္မည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ခြင့္ျပဳထားေသာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၊

(စ) ေက်းလက္ေဒသ ေတာင္သူလယ္သမားမ်ားႏွင့္ မိသားစုတစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဳးေရး လုပ္ကိုင္လိုသူ မ်ားေလွ်ာက္ထားရယူႏိုင္ပါသည္။

 

ေမးခြန္း (၂) -လယ္ယာေျမမွ ေက်း႐ြာေျမငွားဂရန္ ေလွ်ာက္ထားလို႔ရသလား။ မည္သို႔ေလွ်ာက္ထားမလဲ။ ဘာေတြ လိုအပ္သလဲ။

 

 

ေက်း႐ြာေျမငွားဂရန္အျဖစ္ လယ္ေျမအမ်ိဳးအစားကို လူေနထိုင္ခြင့္ ေျမအမ်ိဳးအစားျဖစ္ေအာင္ တန္း ေလွ်ာက္လို႔ေတာ့ မရပါဘူး။ လယ္ယာေျမနဲ႔ဆိုင္ရင္ ၂၀၁၂ခုႏွစ္၊ မတ္လ၊(၃၀)ရက္ေန႔မွာ ထြက္႐ွိထားေသာ လယ္ယာေျမဥပေဒအေၾကာင္းကို သိ႐ွိထားဖို႔လိုအပ္ပါတယ္။ လယ္ယာေျမဆိုတာကေတာ့ လယ္ေျမ၊ ယာေျမ၊ ကိုင္းကြၽန္းေျမ၊ ေတာင္ယာေျမ၊ ႏွစ္႐ွည္ပင္ စိုက္ပ်ိဳးေသာေျမ၊ဓနိေျမ၊ဥယ်ာဥ္ေျမ၊သီးႏွံမ်ား စိုက္ပ်ိဳးေသာျခံေျမ၊ ေျမႏုကြၽန္းေျမကို ဆိုလိုပါသည္။

အထက္ေဖာ္ျပပါေျမအမ်ိဳးအစားမ်ားကို လယ္ယာေျမလုပ္ပိုင္ခြင့္(၇)ရ႐ွိရန္ ပုံစံ(၁)ျဖင့္ ရပ္ကြက္(သို႔) ေက်း႐ြာအုပ္စုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ တဆင့္ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ ေလွ်ာက္ထားရမည္ျဖစ္ကာ ေလွ်ာက္ ထားသူသည္ လယ္ယာေျမကို အသုံးျပဳခြင့္ရ႐ွိထားေသာ အိမ္ေထာင္စုဝင္ျဖစ္ရမည္။ တရားဝင္လက္ငုတ္ လက္ရင္း လုပ္ကိုင္ေနသူ၊တရားဝင္အက်ိဳးခံစားခြင့္႐ွိသူျဖစ္ရန္လဲ လိုအပ္ပါသည္။ သတ္မွတ္ပုံစံအတိုင္း ေလွ်ာက္ထားျခင္းျပည့္စုံပါက ပုံစံ(၇)ထုတ္ေပးၿပီး ျငင္းပယ္ပါက ပုံစံ(၈)ျဖင့္ အေၾကာင္းၾကားစာေပးပို႔ပါတယ္။

ထိုလယ္ယာေျမအား လူေနထိုင္ခြင့္အတြက္ ဂရန္ေလွ်ာက္ထားပါက ေ႐ွးဦးစြာ လယ္ယာေျမပုံစံ(၇) အား ပုံစံ(၁၄)ျဖင့္ အျခားနည္းသုံးစြဲခြင့္ သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ေလွ်ာက္ထားရမည္ျဖစ္ ပါတယ္။

ထို႔သို႔ေလွ်ာက္ထားရာတြင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စာသင္ေက်ာင္း၊ က်န္းမာေရး ဌာန၊ ေဆး႐ုံ၊ ေဆးေပးခန္း စာၾကည့္တိုက္၊ လမ္း၊ တံတား၊ ေက်းလက္ေဈး၊ ဘာသာေရး၊ အေဆာက္အအုံ သုသာန္ႏွင့္အျခားလိုအပ္ေသာအေဆာက္အအုံမ်ားအတြက္ လယ္ယာေျမကို အျခားနည္းအသုံးျပဳခြင့္ ေလွ်ာက္ထားရ႐ွိႏိုင္ပါတယ္။ ေလွ်ာက္ထားလိုသည့္ လုပ္ငန္းစဥ္ေပၚမူတည္၍ သက္ဆိုင္ရာဝန္ႀကီးဌာန၏ လုပ္ငန္းဆိုင္ရာခြင့္ျပဳခ်က္အရင္ တင္ျပရန္လိုအပ္ပါတယ္။

လယ္ယာေျမဥပေဒပုဒ္မ-(၃၀)အရ အျခားနည္းအသုံးျပဳမႈရ႐ွိပါက (၆)လအတြင္း ခြင့္ျပဳလုပ္ငန္းစဥ္ အတိုင္း ေဆာင္႐ြက္ျခင္း႐ွိမ႐ွိ စစ္ေဆးမႈမ်ားလဲ႐ွိပါတယ္။ ပ်က္ကြက္ပါက လယ္ယာေျမကိုျပန္လည္ သိမ္းယူျခင္းအထိ ခံရႏိုင္ပါတယ္။ ထိုအျခားနည္းအသုံးျပဳခြင့္မွတဆင့္ ေျမပုံ၊ေျမရာဇဝင္ ၁၀၅၊၁၀၆ ေလွ်ာက္ ထားၿပီး (၁)ဧကျဖစ္ပါက သက္ဆိုင္ရာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ေလွ်ာက္ထားရၿပီး (၁)ဧက မွ (၅)ဧကအထိျဖစ္ပါက ေနျပည္ေတာ္ (သို႔) တိုင္းေဒသႀကီး/ျပည္နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွာ ေလွ်ာက္ ထားရယူကာ၊(၅)ဧက အထက္ျဖစ္ပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႐ုံးခ်ဳပ္သို႔ ေလွ်ာက္ထားရပါမယ္။

 

ေမးခြန္း (၃) - အ‌ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ မည္သည့္ အမ်ိဳးအစား ေျမငွားဂရန္ေတြကို ထုတ္ေပးပါသလဲ။

 

အစိုးရစီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမဆိုသည္မွာ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားအက္ဥပေဒပုဒ္မ -(၂-၃-၄)အရ ၿမိဳ႕ေျမ/႐ြာေျမအျဖစ္ သတ္မွတ္ထားေသာ ဧရိယာအတြင္းက်ေရာက္ၿပီး အျခားမည္သူတစ္ဦး တစ္ေယာက္ကိုမွ အပိုင္ျဖစ္ေစ၊အငွားျဖစ္ေစ ခ်မွတ္ေပးထားျခင္း မ႐ွိေသာေျမကို ဆိုလိုသည္။

ေနျပည္ေတာ္/ရန္ကုန္/မႏၲေလး စည္ပင္သာယာေရးေကာ္မတီျပင္ပ႐ွိ ဂရန္မ်ားထုတ္ေပးသည့္အခါ အမူတြဲဖြင့္လွစ္ျခင္းႏွင့္ လုပ္ငန္းေဆာင္႐ြက္ျခင္းအဆင့္ဆင့္ကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေဆာင္႐ြက္ ပါတယ္။ ဂရန္ထုတ္ေပးျခင္းမ်ားကိုေဆာင္႐ြက္သည့္အခါ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ထုတ္ေပးၿပီး စီစစ္ေဆာင္႐ြက္ျခင္းကိုေတာ့ ေျမစာရင္းဌာနကပဲ ေဆာင္႐ြက္ပါတယ္။

ေအာက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္လက္စြဲ ဥပေဒ၊အထက္ျမန္မာျပည္‌ ေျမႏွင့္အခြန္ေတာ္စည္းမ်ဥ္း ဥပေဒႏွင့္အညီ ေကာ္လိပ္ေတာ္အရာ႐ွိမ်ားက ဂရန္ထုတ္ေပးႏိုင္ျခင္း႐ွိမ႐ွိ ဆုံးျဖတ္ပါတယ္။ အေဆာက္အအုံႏွင့္ ေျမအမ်ိဳးအစားေပၚမူတည္၍ လူေနထိုင္ရန္အတြက္ ေျမငွားလိုင္စင္၊ ႏွစ္တိုေျမဌားဂရန္၊ ႏွစ္႐ွည္ေျမဌား ဂရန္မ်ား ထုတ္ေပးပါတယ္။

လူေနထိုင္ရန္အတြက္ ေျမဌားဂရန္အျပင္ စက္မႈလုပ္ငန္းမ်ား၊စီးပြားေရးလုပ္ငန္းမ်ား ေလွ်ာက္ထားရယူ ရန္အတြက္ စက္မႈ/စီးပြား ေျမဌားဂရန္မ်ားထုတ္ေပးပါတယ္။ ထို႔ျပင္ ေက်း႐ြာေျမဂရန္ထုတ္ေပးေရးစီမံခ်က္အရ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေအာက္ေဖာ္ျပပါ သူတို႔ အား ေက်း႐ြာေျမဌား ဂရန္ထုတ္ေပးပါတယ္။

၁။ေက်း႐ြာအတြင္းေနထိုင္သူျဖစ္ကာ အသက္(၁၈)ႏွစ္ျပည့္ၿပီးသူ

၂။အျခားေဒသမွ ပုံစံ(၁၀)ျဖင့္ ေျပာင္းလဲလာသူျဖစ္ပါက (၁၂)ေက်ာ္ေက်း႐ြာတြင္ေနထိုင္ၿပီးသူျဖစ္ရမည္။

၃။ႏိုင္ငံသားမွတ္ပုံတင္ကဒ္ျပား

၄။အိမ္ေထာင္စုစာရင္း

ထို႔ျပင္ေလွ်ာက္ထားရာတြင္ ေအာက္ပါအခ်က္အလက္မ်ားပူးတြဲပါ႐ွိရမည္။

၁။ဦးပိုင္အမွတ္၊ေျမကြက္အမွတ္၊နယ္ေျမေဒသ

၂။ေလွ်ာက္ထားသည့္ေျမေပၚတြင္႐ွိေသာ အေဆာက္အဦးအမ်ိဳးအစား

၃။ေလွ်ာက္ထားေျမ၏ အလားေလးမ်က္ႏွာ

၄။ေျမစာရင္းဦးစီးဌာန၏ ေျမပုံ/ေျမရာဇဝင္

၅။အေဆာက္အဦး၏ မွတ္တမ္းဓာတ္ပုံမ်ား

၆။ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္မ်ား

၇။ေျမကြက္မွာ အ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္းကိုယ္တိုင္ ဝန္ခံခ်က္

၈။ေျမပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းအေထာက္အထားမ်ား ပူးတြဲတင္ျပကာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာနတြင္ ဂရန္ေလွ်ာက္ထားႏိုင္ပါတယ္ဆိုတဲ့အေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါတယ္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service