ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
၁။ သပဋ္ဌာန - ကိစ္စတိုင်း၌ ကိုယ်တိုင်စိုးမိုးလုပ်ကိုင် အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
၂။ ပိတု မန္ဒိရ နိဝသန - အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
၃။ ယာတြောဿဝ အင်္ဂတိ - အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
၄။ ပုရိသ သနိဓိဂေါဋ္ဌီ - ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
၅။ အ နိယမဝါသ - အိမ်တကာ လျှောက်လည်၍ နေခြင်း၊
၆။ ဝိဒေသဝါသ - တမြို့ တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
၇။ သကုလဋ သံသဂ္ဂ - လော်လီ သော့သွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်းနေထိုင်ခြင်း၊
၈။ နိဇာယ ဝုတ္တိ ဗျာသန - သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
၉။ ပတိ ဝုဒ္ဓက - လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
၁၀။ ဣဿိတ - လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
၁၁။ ပဝါသန - လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
၁၂။ ပါန - သေအရက် သောက်ခြင်း၊
၁၃။ သုပ္ပ - ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်နေရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။
ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ၏ “သုတေသန သရုပ်ပြ အဘိဓာန်” မှ
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း ကြောင်းတရား (၁၃) ပါး
၁၂။ ပါန - သေအရက် သောက်ခြင်း၊