ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ပြင်သစ်သမ္မတ အီမန်ညူယယ် မက်ခရွန် (မွေး ၁၉၇၇) ၏ အမည်အပြည့်အစုံမှာ အီမန်ညူယယ် ယွန်း မီရှယ် ဖရက်ဒရစ် မက်ခရွန်ဖြစ်ပြီး ပြင်သစ်သမ္မတအဖြစ် ၂၀၁၇ ခုနှစ်မှစတင်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။
မက်ခရွန်သည် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ (François Hollande) လက်ထက်တွင် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ စီးပွားရေး ၊ စက်မှုနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
အသက် ၃၉ နှစ်အရွယ်တွင် သမ္မတတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ရာ ပြင်သစ်သမိုင်းတွင် နပိုလီယန်နောက်ပိုင်း ပြင်သစ်၏ အသက်အငယ်ဆုံး နိုင်ငံအကြီးအကဲလည်း ဖြစ်သည်။
မက်ခရွန်သည် ၂၀၁၇ ခုနှစ်အတွင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုချိန်တွင် DS 7 Crossback Présidentiel edition ကားကို စီးခဲ့ပြီး နောက်ပိုင်းတွင် DS 7 Crossback Élysée ကားအဖြစ် upgrade ပြုလုပ်ခဲ့သည်။
DS 7 Crossback Élysée ကို သမ္မတ၏ ယာဉ်တန်းတွင် ၂၀၂၁ ခုနှစ်အတွင်း စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဤကားကို DS 7 Crossback E-Tense 300 အပေါ် အခြေခံထုတ်လုပ်ထားခြင်းဖြစ်ကာ အလျား ၇ ဒသမ ၉ လက်မ (၂၀၀ မီလီမီတာ) ပိုမိုတိုးချဲ့ခဲ့သည်။
DS 7 Élysée ၏ အလျားမှာ ၄ ဒသမ ၇၉ မီတာရှိသည်။
အမေရိကန် ၊ ရုရှားသမ္မတတို့၏ ကားများယှဉ်လျှင် အလျားတိုသည်။
ရုရှားသမ္မတပူတင်၏ ကားမှာ အလျား ၆ ဒသမ ၆၀ မီတာရှိပြီး အမေရိကန်သမ္မတ၏ ကားမှာ အလျားအနည်းငယ် ပိုရှည်သည်။
အင်ဂျင်မှာ 300bhp ရှိပြီး hybrid power ဖြစ်ကာ လျှပ်စစ်ဖြင့်လည်း မောင်းနှင်နိုင်သည်။
DS 7 Élysée အဖြစ် ပြောင်းလဲမှုများတွင် ကျည်ကာစနစ်များ ၊ flashing lights နှင့် Ink Blue ဆေးရောင် ပြောင်းလဲမှုတို့ ပါဝင်ကာ အထူးဆက်သွယ်ရေးစနစ်အတွက် shark fin antenna တပ်ဆင်ထားသည်။
DS 7 Élysée တွင် power adjustment ပါ သီးခြားနောက်ခုံ ၂ ခု ပါဝင်ပြီး ခုံ ၂ ခုကြားတွင် အလည်ဘောင်ဖြင့် ပိုင်းခြားထားသည်။
Wireless smartphone charger ပါဝင်ပြီး နောက်ခုံများအတွက် အပူနှင့် လေဝင်လေထွက် ထိန်းချုပ်စနစ်တို့ ပါသည်။
မူလမော်ဒယ်နှင့် တူညီသည့်အချက်မှာ plug-in hybrid powertrain ၊ PureTech အင်ဂျင် ၊ လျှပ်စစ်မော်တာ ၂ ခုနှင့် 13.2 kWh ဘထ္ထရီတို့ဖြစ်သည်။
All-wheel drive ဖြစ်ပြီး 296 hp ထုတ်လုပ်ကာ ရုန်းအားမှာ 520 Nm ရှိသည်။
DS 9 မှာ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးပေးသော ကားအမျိုးအစားဖြစ်ပြီး တရုတ်ပြည်တွင် ထုတ်လုပ်သည်။
DS 7 Crossback မှာမူ ပြင်သစ်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet France’s New Presidential Ride, The DS 7 Crossback Elysee (carscoops)
[Zawgyi]
ပြင်သစ်သမ္မတ အီမန်ညူယယ် မက်ခရွန်၏ DS 7 Crossback Élysée