စကော့တလန်တွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦး တသက်လုံးစုဆောင်းထားငွေများဖြင့် အိမ်တစ်လုံးကို ပေါင် ၂၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ကို တဝက်သာပိုင်ကြောင်း သိခဲ့ရ
စကော့တလန်တွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦး တသက်လုံးစုဆောင်းထားငွေများဖြင့် အိမ်တစ်လုံးကို ပေါင် ၂၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ကို တဝက်သာပိုင်ကြောင်း သိခဲ့ရ - Property News in Myanmar from iMyanmarHouse.com
4 Aug 2023 10:35 am တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စကော့တလန်တွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက တသက်လုံးစုဆောင်းထားငွေများဖြင့် အိမ်တစ်လုံး ကို ပေါင် ၂၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ကို တဝက်သာပိုင်ကြောင်း သိခဲ့ရသည်။
ဒေါက်တာ ဘာဘာ အက္ကဘာက ပြောသည်မှာ စကော့တလန်နိုင်ငံ ၊ Dunfermline မြို့ရှိ အိမ်ကို လိမ်လည် ရောင်းချခံရခြင်းဖြစ်ကြောင်း ပြောသည်။
(ဒေါက်တာ ဘာဘာအား လိမ်လည်ရောင်းချခဲ့သောအိမ်။ ဓာတ်ပုံ-Google Maps)
(ဒေါက်တာဘာဘာကို စာရွက်စာတမ်းအတုများဖြင့် လိမ်လည်ရောင်းချသွားခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-University of Dundee)
နေအိမ်ရောင်းချခဲ့သော အမျိုးသား၏ အမည်မှာ ဒေါ်နယ်ဘုသ်ဖြစ်ပြီး အဆိုပါအိမ်ကို ၎င်းနှင့်ကွာရှင်းထားသော ဇနီးက တဝက်ပိုင်ဆိုင်ကြောင်း ထုတ်မပြောဘဲ ရောင်းချခဲ့ခြင်း ဖြစ်သည်။
မစ္စတာဘုသ်သည် ဥပဒေအရ နေအိမ်ပိုင်ဆိုင်မှု တဝက်ကိုသာ ရောင်းချနိုင်ပြီး အလုံးစုံပိုင်ဆိုင်မှု လွှဲပြောင်းခွင့် မရှိချေ။
ဒေါက်တာဘာဘာက အဆိုပါ လိမ်လည်မှုကို တရားရုံးတွင် တိုင်တန်းခဲ့သည်။
မစ္စတာဘုသ်က ထိုအိမ်ကို တစ်ဦးတည်းပိုင်ဆိုင်ကြောင်း ဖော်ပြထားသည့် စာရွက်စာတမ်းအတုများ ပြသခဲ့ ကြောင်း ဒေါက်တာဘာဘာက ပြောသည်။
The Courier သတင်းဌာနသို့ ဒေါက်တာဘာဘာက ပြောသည်မှာ မိမိ၏ လူ့အသိုက်အဝန်းအပေါ် ဝန်ဆောင်မှု များပြုလုပ်ကာ ရရှိလာသော ဝင်ငွေများ တစ်သက်တာစုဆောင်းထားမှုဖြင့် နေအိမ်ဝယ်ယူခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။
ဒေါက်တာဘာဘာက ပြောသည်မှာ… နောက်တစ်နှစ်အကြာတွင် စာချုပ်ပါ လက်မှတ်မှာ အတုဖြစ်ကြောင်း ၊ နေအိမ်ကို မိမိလည်း ပိုင်ဆိုင်ကြောင်း ပြောလာသူတစ်ဦးရှိသည်ဟု ဆိုသည်။
ဤလိမ်လည်မှုတွင် မိမိမှာ သားကောင်ဖြစ်ခဲ့ရကြောင်း ၊ ဤကဲ့သို့ ဖြစ်ရပ်မျိုး လူတိုင်းကြုံရနိုင်ကြောင်း ဒေါက်တာဘာဘာက ပြောသည်။
ပြီးခဲ့သော တနင်္လာနေ့က တရားရုံးကြားနာစစ်ဆေးမှုတွင် မစ္စတာဘုသ်မှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရ သည့်အပြင် ဇနီးဟောင်း မစ္စက်ဘုသ်အား ပေါင် ၅၄၀၀၀ လျော်ကြေးပေးရန်လည်း အမိန့်ချမှတ်ခံရသည်။
တရားရုံးကြားနာမှုအပြီး ဒေါက်တာဘာဘာက ပြောသည်မှာ လူတို့အပေါ် ယုံကြည်မှုကင်းမဲ့သွားကြောင်း ပြောသည်။
နေအိမ်တစ်လုံး လက်လွှဲလက်ပြောင်းဖြစ်ပါက မြေစာရင်းဌာန (သို့မဟုတ်) စကော့တလန်တွင်ဆိုလျှင် မှတ်ပုံတင်ဌာနသို့ တင်ပြရန် လိုအပ်သည်။
သင်သည် အိမ်တစ်လုံးကို ပူးတွဲပိုင်ဆိုင်သူတစ်ဦးထံမှ ဝယ်ယူသည်ဆိုပါက သင့်အနေဖြင့် ရောင်းချသူ ပိုင်ဆိုင်သော ဝေစုကိုသာ ဝယ်ယူပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သည်။
နေအိမ်တစ်လုံး ဝယ်ယူရာတွင် ငွေကြေးများစွာသုံးစွဲကာ ရင်းနှီးမြှပ်နှံရမည်ဖြစ်ရာ စာရွက်စာတမ်းများ မှန်ကန်မှု ရှိမရှိ ဥပဒေအတိုင်ပင်ခံများဖြင့် စစ်ဆေးသင့်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I splashed out £230,000 for my dream house – only to find out I only owned HALF the property…I fought battle and won (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
7Mile Condominium
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service