တရုတ်သမ္မတ ရှီကျင့်ဖျင် ဘယ်ကားစီးလဲ

တရုတ်သမ္မတ ရှီကျင့်ဖျင် ဘယ်ကားစီးလဲ - Property Knowledge in Myanmar from iMyanmarHouse.com
3 Aug 2023 2:41 pm တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ ၊ မော်စကိုမြို့တော်သို့ ယခုနှစ်မတ်လအတွင်းက အလည်အပတ်ခရီး သွားရောက်ခဲ့သည်။

၁၀ နှစ်တာကာလအတွင်း မော်စကိုသို့ ၉ ကြိမ်မြောက် အလည်အပတ်ခရီးစဉ် ဖြစ်သည်။

အရေးကြီးဧည့်သည်တော်တစ်ဦး၏ နိုင်ငံတော်အလည်အပတ်ခရီးစဉ်တွင် တွေ့ရနိုင်သော ခမ်းနားထည်ဝါမှုများ အားလုံးတွေ့မြင်ရမည်ဖြစ်ရာ ကရင်မလင်နန်းတော်တွင် သမ္မတပူတင်နှင့် တွေ့ဆုံမည့် ရှီကျင့်ဖျင်အား နိုင်ငံတော်အခမ်းအနားဖြင့် ခေါ်ဆောင်လာသော များပြားသည့် ယာဉ်တန်းကြီးလည်း အပါအဝင် ဖြစ်သည်။

မော်စကိုမြို့လမ်းများပေါ်တွင် သမ္မတရှီကျင့်ဖျင် စီးခဲ့သည်မှာ အလွန်တရာရှားပါးလှသည့် Hongqi N701 မော်တော်ကားဖြစ်သည်။

တရုတ်ထုတ် Luxury ကားဖြစ်ပြီး နိုင်ငံခေါင်းဆောင်များအတွက်သာ ထုတ်လုပ်ထားသည်။

Sputnik သတင်းဌာနက ရရှိခဲ့သော ဗွီဒီယိုဖိုင်အရ ရုရှားထုတ် Aurus Arsenal van များ ၊ BMW , Mercedes , Volkswagen sedan များ , SUV များ အပါအဝင် အစောင့်အကြပ်ယာဉ်များအကြားတွင် Hongqi N701 ၂ စင်းကို တွေ့ရသည်။

သမ္မတရှီ မော်စကိုသို့ မရောက်မီ ၂ ရက်အလိုကတည်းက Hongqi N701 များကို မော်စကိုတွင် တွေ့ခဲ့ကြသည်ဟု ဆိုသည်။

Hongqi N701 ကို တရုတ်ပြည်တွင် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လအတွင်း စတင်ထုတ်လုပ်ခဲ့ပြီး ဟောင်ကောင်သို့ ရှီကျင့်ဖျင်၏ အလည်အပတ်ခရီးစဉ်တွင် စတင်အသုံးပြုခဲ့သော်လည်း ထိုကားနှင့် ပတ်သက်သည့် အချက်အလက်များ သိရှိရမှု နည်းပါးခဲ့သည်။

Limousine အသွင် ထုတ်လုပ်ထားပြီး အလျား ၅ မီတာကျော်ရှိကာ မြင့်မားသော အလယ်ခန်း (B-pillar) ရှည်လျားသော ရှေးရိုးဟန်စက်ခန်း ၊ ပုံမှန်အောက် ကျဉ်းမြောင်းသော Trunk အစရှိသည်တို့ တွေ့ရပြီး မျက်မှောက်ခေတ် Luxury ကားဒီဇိုင်းများအတိုင်း ထုတ်လုပ်ထားသည်။

Hongqi မှာ တရုတ်ဘာသာအားဖြင့် အလံနီဟု အဓိပ္ပာယ်ရသည်။

 

 

(၁၉၅၉ ခုနှစ်ထုတ် Honqi CA72 ။ ဓာတ်ပုံ-Wikipedia)

Hongqi N701 တွင် ကြီးမားသော ရှေးရိုးဟန် grill ၊ ထောင့်မှန်စတုဂံပုံ ရှေ့မီးကြီးများ၊ ကားနောက်ဘက် ခရိုမီယမ် ဘားပေါ်မှ မထင်ရှားသော Tail Lights နှင့် Dual Exhaust တို့ ပါဝင်သည်။

အခြားအသေးစိတ်အချက်အလက်များကို မသိရသော်လည်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြချက်အရ Hongqi N701 တွင် တရုတ်ပြည်တွင်းထုတ် V8 သို့မဟုတ် V12 အင်ဂျင်တပ်ဆင်ထားပြီး ကျည်ကာ မော်တော်ကားတစ်စီးဖြစ်သည်ဟု ဆိုသည်။

 

(Hongqi N701 ကို မော်စကိုမြို့တွင် တွေ့ရပုံ။ ဓာတ်ပုံ- Sputnik)

CarNews China.com တွင် ဖော်ပြချက်အရ Hongqi N701 ကို လာမည့် ဆယ်စုနှစ်တွင် အစင်းရေ ၅၀ သာ ထုတ်လုပ်မည်ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါကားများသည် သမ္မတ ၊ ဝန်ကြီးများနှင့် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုမှ အဖွဲ့ဝင်များ အပါအဝင် ထိပ်တန်းခေါင်းဆောင်များ စီးရန်အတွက်သာ ဖြစ်ပြီး အများပြည်သူတို့ ဝယ်ယူခြင်း မပြုနိုင်ချေ။

ထိုအချက်ကြောင့် ဤကားသည် Rolls-Royce နှင့် Cadillac တို့ကဲ့သို့ ကမ္ဘာတစ်လွှားရှိ နိုင်ငံခေါင်းဆောင်များ အသုံးပြုလေ့ရှိသော ကားများထက် များစွာ exclusive ဖြစ်သည်။

 

(ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်တို့ကို အောင်နိုင်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်တွင် ပေကျင်းမြို့ ၊ တီအန်မင်ရင်ပြင်တွင် ကျင်းပခဲ့သော စစ်ရေးပြပွဲ၌ သမ္မတ ရှီကျင့်ဖျင်က Modify ပြုလုပ်ထားသော Hongqi L9 ကားဖြင့် စစ်သည်များအား ကြည့်ရှုစစ်ဆေးနေပုံ။ ဓာတ်ပုံ-AFP)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What We Know About the Ultra-Rare ‘Chinese Rolls-Royce’ Spotted Chauffeuring Xi Around in Moscow (sputnikglobe)

 

 

 

[Zawgyi]

တရုတ္သမၼတ ရွီက်င့္ဖ်င္ ဘယ္ကားစီးလဲ

 

တရုတ္သမၼတ ရွီက်င့္ဖ်င္သည္ ရုရွားႏိုင္ငံ ၊ ေမာ္စကိုျမဳိ႕ေတာ္သုိ႔ ယခုႏွစ္မတ္လအတြင္းက အလည္အပတ္ခရီး သြားေရာက္ခဲ့သည္။

၁၀ ႏွစ္တာကာလအတြင္း ေမာ္စကိုသို႔ ၉ ၾကိမ္ေျမာက္ အလည္အပတ္ခရီးစဥ္ ျဖစ္သည္။

အေရးၾကီးဧည့္သည္ေတာ္တစ္ဦး၏ ႏိုင္ငံေတာ္အလည္အပတ္ခရီးစဥ္တြင္ ေတြ႔ရႏိုင္ေသာ ခမ္းနားထည္ဝါမႈမ်ား အားလံုးေတြ႔ျမင္ရမည္ျဖစ္ရာ ကရင္မလင္နန္းေတာ္တြင္ သမၼတပူတင္ႏွင့္ ေတြ႔ဆံုမည့္ ရွီက်င့္ဖ်င္အား ႏိုင္ငံေတာ္အခမ္းအနားျဖင့္ ေခၚေဆာင္လာေသာ မ်ားျပားသည့္ ယာဥ္တန္းၾကီးလည္း အပါအဝင္ ျဖစ္သည္။

ေမာ္စကိုျမဳိ႕လမ္းမ်ားေပၚတြင္ သမၼတရွီက်င့္ဖ်င္ စီးခဲ့သည္မွာ အလြန္တရာရွားပါးလွသည့္ Hongqi N701 ေမာ္ေတာ္ကားျဖစ္သည္။

တရုတ္ထုတ္ Luxury ကားျဖစ္ျပီး ႏိုင္ငံေခါင္းေဆာင္မ်ားအတြက္သာ ထုတ္လုပ္ထားသည္။

Sputnik သတင္းဌာနက ရရွိခဲ့ေသာ ဗြီဒီယိုဖိုင္အရ ရုရွားထုတ္ Aurus Arsenal van မ်ား ၊ BMW , Mercedes , Volkswagen sedan မ်ား , SUV မ်ား အပါအဝင္ အေစာင့္အၾကပ္ယာဥ္မ်ားအၾကားတြင္ Hongqi N701 ၂ စင္းကို ေတြ႔ရသည္။

သမၼတရွီ ေမာ္စကိုသို႔ မေရာက္မီ ၂ ရက္အလိုကတည္းက Hongqi N701 မ်ားကို ေမာ္စကုိတြင္ ေတြ႔ခဲ့ၾကသည္ဟု ဆိုသည္။

Hongqi N701 ကို တရုတ္ျပည္တြင္ ၂၀၂၂ ခုႏွစ္ ၊ ဇူလိုင္လအတြင္း စတင္ထုတ္လုပ္ခဲ့ျပီး ေဟာင္ေကာင္သို႔ ရွီက်င့္ဖ်င္၏ အလည္အပတ္ခရီးစဥ္တြင္ စတင္အသံုးျပဳခဲ့ေသာ္လည္း ထိုကားႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား သိရွိရမႈ နည္းပါးခဲ့သည္။

Limousine အသြင္ ထုတ္လုပ္ထားျပီး အလ်ား ၅ မီတာေက်ာ္ရွိကာ ျမင့္မားေသာ အလယ္ခန္း (B-pillar) ရွည္လ်ားေသာ ေရွးရိုးဟန္စက္ခန္း ၊ ပံုမွန္ေအာက္ က်ဥ္းေျမာင္းေသာ Trunk အစရွိသည္တို႔ ေတြ႔ရျပီး မ်က္ေမွာက္ေခတ္ Luxury ကားဒီဇိုင္းမ်ားအတုိင္း ထုတ္လုပ္ထားသည္။

Hongqi မွာ တရုတ္ဘာသာအားျဖင့္ အလံနီဟု အဓိပၸာယ္ရသည္။ (၁၉၅၉ ခုႏွစ္ထုတ္ Honqi CA72 ။ ဓာတ္ပံု-Wikipedia) Hongqi N701 တြင္ ၾကီးမားေသာ ေရွးရိုးဟန္ grill ၊ ေထာင့္မွန္စတုဂံပံု ေရွ႕မီးၾကီးမ်ား၊ ကားေနာက္ဘက္ ခရိုမီယမ္ ဘားေပၚမွ မထင္ရွားေသာ Tail Lights ႏွင့္ Dual Exhaust တို႔ ပါဝင္သည္။

အျခားအေသးစိတ္အခ်က္အလက္မ်ားကို မသိရေသာ္လည္း တရုတ္သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပခ်က္အရ Hongqi N701 တြင္ တရုတ္ျပည္တြင္းထုတ္ V8 သို႔မဟုတ္ V12 အင္ဂ်င္တပ္ဆင္ထားျပီး က်ည္ကာ ေမာ္ေတာ္ကားတစ္စီးျဖစ္သည္ဟု ဆိုသည္။

(Hongqi N701 ကို ေမာ္စကုိျမဳိ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Sputnik) CarNews China.com တြင္ ေဖာ္ျပခ်က္အရ Hongqi N701 ကို လာမည့္ ဆယ္စုႏွစ္တြင္ အစင္းေရ ၅၀ သာ ထုတ္လုပ္မည္ျဖစ္ေၾကာင္း ေဖာ္ျပသည္။

အဆုိပါကားမ်ားသည္ သမၼတ ၊ ဝန္ၾကီးမ်ားႏွင့္ ကြန္ျမဴနစ္ပါတီ ေပၚလစ္ဗ်ဴရိုမွ အဖြဲ႔ဝင္မ်ား အပါအဝင္ ထိပ္တန္းေခါင္းေဆာင္မ်ား စီးရန္အတြက္သာ ျဖစ္ျပီး အမ်ားျပည္သူတို႔ ဝယ္ယူျခင္း မျပဳႏိုင္ေခ်။

ထိုအခ်က္ေၾကာင့္ ဤကားသည္ Rolls-Royce ႏွင့္ Cadillac တုိ႔ကဲ့သုိ႔ ကမၻာတစ္လႊားရွိ ႏိုင္ငံေခါင္းေဆာင္မ်ား အသံုးျပဳေလ့ရွိေသာ ကားမ်ားထက္ မ်ားစြာ exclusive ျဖစ္သည္။

(ဒုတိယကမၻာစစ္ၾကီးအျပီး ဂ်ပန္တို႔ကို ေအာင္ႏိုင္ခဲ့သည့္ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ၃ ရက္တြင္ ေပက်င္းျမဳိ႕ ၊ တီအန္မင္ရင္ျပင္တြင္ က်င္းပခဲ့ေသာ စစ္ေရးျပပြဲ၌ သမၼတ ရွီက်င့္ဖ်င္က Modify ျပဳလုပ္ထားေသာ Hongqi L9 ကားျဖင့္ စစ္သည္မ်ားအား ၾကည့္ရႈစစ္ေဆးေနပံု။ ဓာတ္ပံု-AFP)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: What We Know About the Ultra-Rare ‘Chinese Rolls-Royce’ Spotted Chauffeuring Xi Around in Moscow (sputnikglobe)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service