ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
စပိန်နိုင်ငံ မာလော့ကာကျွန်းရှိ ခေတ်ဆန်သောလင်းနို့ဂူနေအိမ် ပေါင် ၃ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ခေတ်ဆန်သောနှင့် လင်းနို့ဂူဟူသော စကားလုံးများကို စာကြောင်းတစ်ခုတည်းကို တွေ့ရဖွယ် မရှိချေ။
သို့သော် စပိန်နိုင်ငံ ၊ မာလော့ကာ (Mallorca) ကျွန်းမှ နေအိမ်တစ်လုံးမှာမူ ….အိမ်တစ်လုံးသည် လင်းနို့များ နေထိုင်ရာနေရာနှင့် အသွင်တူနေသည့် တစ်ချိန်ထဲမှာပင် လှပခမ်းနားသည့် သွင်ပြင်လည်း ရှိနိုင်ကြောင်း ပြသနေသည်။
အိပ်ခန်း ၅ ခန်းပါအိမ်ဖြစ်ပြီး Felanitx မြို့ရှိ တောင်နံရံတစ်ခုတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
(လှိုဏ်ဂူတစ်ခုအတွင်းရှိ ဂိမ်းကစားခန်း။ ဓာတ်ပုံ- Savills)
(သူမတူသောအလှ။ ဓာတ်ပုံ- Savills)
(နေအိမ်တစ်ခုလုံးကို ဖြန့်ကျက်ထားသည့် လှိုဏ်ဂူအလှဗေဒ။ ဓာတ်ပုံ- Savills)
(ခမ်းနားသော နောက်ခံ ရှုခင်း။ ဓာတ်ပုံ- Savills)
ပေါင် ၃ ဒသမ ၄ သန်းဈေးခေါ်ထားသော လှိုဏ်ဂူအိမ်တွင် ရေကူးကန် ၂ ခု (တစ်ခုမှာ အပူပေးစနစ်ပါ ) ၊ ကျောက်မိုင်းတွင်းဟောင်းတစ်ခုအတွင်း ထားရှိသော Jacuzzi ၊ ဝိုင်ထုတ်လုပ်ရေးပစ္စည်းများရှိသော စပျစ်ခင်း အစရှိသည်တို့အပြင် အပန်းဖြေခြင်း ၊ ကစားခြင်း ၊ ညစာစားခြင်းနှင့် အဖျော်ယမကာ သောက်ခြင်းများ ပြုလုပ်ရန် နေရာများစွာလည်း ပါဝင်သည်။ ထို့အပြင် Indoor နှင့် Outdoor ရုပ်ရှင်ကြည့်နေရာများလည်း ရှိသည်။
(ရှုခင်းများမှာ လွန်စွာ ခမ်းနားလှသည်။ ဓာတ်ပုံ- Savills)
(ရင်သပ်ရှုမောဖွယ် အိပ်ခန်းတစ်ခု။ ဓာတ်ပုံ- Savills)
(ရေကူးကန်။ ဓာတ်ပုံ- Savills)
အဆိုပါအိမ်ကို လက်ရှိအားဖြင့် Savills အိမ်ခြံမြေကုမ္ပဏီက အရောင်းဈေးကွက် တင်ပေးထားသည်။
ဒေသခံတို့၏ ဒဏ္ဍာရီများအရ ဤနေရာသည် မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူ ခရစ္စတိုဖာ ကိုလံဘတ်စ် မိသားစု နေထိုင်ခဲ့သောနေရာဖြစ်ပြီး ကိုလံဘတ်စ် ငယ်စဉ်က ဤနေရာတွင် နေထိုင်သွားသည်ဟု ဆိုသည်။
Felanitx မြို့သည် ကြွေထည် ၊ ဝိုင်နှင့် ကော့ညက်ထုတ်လုပ်မှုတို့ဖြင့် နာမည်ကျော်သည့် ဒေသဖြစ်သည်။
(အပန်းဖြေရန် ပြီးပြည့်စုံသည့်နေရာလေး။ ဓာတ်ပုံ- Savills)
(ရေကူးကန်တစ်ခု။ ဓာတ်ပုံ- Savills)
(မီးဖိုဆောင်။ ဓာတ်ပုံ- Savills)
(နားနေ နေရာတစ်ခု။ ဓာတ်ပုံ- Savills )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Stylish ‘bat cave’ house up for sale in Mallorca for £3.4million 9Ref: )
[Zawgyi]
ေျမာက္အေမရိကတုိက္ကို ရွာေဖြေတြ႔ရွိခဲ့သူ ခရစၥတိုဖာ ကိုလံဘတ္စ္ ငယ္စဥ္က ေနထုိင္ခဲ့ေသာ စပိန္ႏိုင္ငံမွ လင္းႏို႔ဂူေနအိမ္ အေရာင္းေစ်းကြက္ဝင္လာ
စပိန္ႏိုင္ငံ မာေလာ့ကာကၽြန္းရွိ ေခတ္ဆန္ေသာလင္းႏို႔ဂူေနအိမ္ ေပါင္ ၃ ဒသမ ၄ သန္းျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။
ပံုမွန္အားျဖင့္ဆိုလွ်င္ ေခတ္ဆန္ေသာႏွင့္ လင္းႏို႔ဂူဟူေသာ စကားလံုးမ်ားကို စာေၾကာင္းတစ္ခုတည္းကို ေတြ႔ရဖြယ္ မရွိေခ်။
သို႔ေသာ္ စပိန္ႏိုင္ငံ ၊ မာေလာ့ကာ (Mallorca) ကၽြန္းမွ ေနအိမ္တစ္လံုးမွာမူ ….အိမ္တစ္လံုးသည္ လင္းႏို႔မ်ား ေနထုိင္ရာေနရာႏွင့္ အသြင္တူေနသည့္ တစ္ခ်ိန္ထဲမွာပင္ လွပခမ္းနားသည့္ သြင္ျပင္လည္း ရွိႏိုင္ေၾကာင္း ျပသေနသည္။
အိပ္ခန္း ၅ ခန္းပါအိမ္ျဖစ္ျပီး Felanitx ျမိဳ႕ရွိ ေတာင္နံရံတစ္ခုတြင္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။
(လိႈဏ္ဂူတစ္ခုအတြင္းရွိ ဂိမ္းကစားခန္း။ ဓာတ္ပံု- Savills)
(သူမတူေသာအလွ။ ဓာတ္ပံု- Savills)
(ေနအိမ္တစ္ခုလံုးကို ျဖန္႔က်က္ထားသည့္ လိႈဏ္ဂူအလွေဗဒ။ ဓာတ္ပံု- Savills)
(ခမ္းနားေသာ ေနာက္ခံ ရႈခင္း။ ဓာတ္ပံု- Savills)
ေပါင္ ၃ ဒသမ ၄ သန္းေစ်းေခၚထားေသာ လိႈဏ္ဂူအိမ္တြင္ ေရကူးကန္ ၂ ခု (တစ္ခုမွာ အပူေပးစနစ္ပါ ) ၊ ေက်ာက္မိုင္းတြင္းေဟာင္းတစ္ခုအတြင္း ထားရွိေသာ Jacuzzi ၊ ဝိုင္ထုတ္လုပ္ေရးပစၥည္းမ်ားရွိေသာ စပ်စ္ခင္း အစရွိသည္တို႔အျပင္ အပန္းေျဖျခင္း ၊ ကစားျခင္း ၊ ညစာစားျခင္းႏွင့္ အေဖ်ာ္ယမကာ ေသာက္ျခင္းမ်ား ျပဳလုပ္ရန္ ေနရာမ်ားစြာလည္း ပါဝင္သည္။ ထို႔႔အျပင္ Indoor ႏွင့္ Outdoor ရုပ္ရွင္ၾကည့္ေနရာမ်ားလည္း ရွိသည္။
(ရႈခင္းမ်ားမွာ လြန္စြာ ခမ္းနားလွသည္။ ဓာတ္ပံု- Savills)
(ရင္သပ္ရႈေမာဖြယ္ အိပ္ခန္းတစ္ခု။ ဓာတ္ပံု- Savills)
(ေရကူးကန္။ ဓာတ္ပံု- Savills)
အဆိုပါအိမ္ကို လက္ရွိအားျဖင့္ Savills အိမ္ျခံေျမကုမၸဏီက အေရာင္းေစ်းကြက္ တင္ေပးထားသည္။
ေဒသခံတို႔၏ ဒ႑ာရီမ်ားအရ ဤေနရာသည္ ေျမာက္အေမရိကတိုက္ကို ရွာေဖြေတြ႔ရွိခဲ့သူ ခရစၥတိုဖာ ကိုလံဘတ္စ္ မိသားစု ေနထုိင္ခဲ့ေသာေနရာျဖစ္ျပီး ကိုလံဘတ္စ္ ငယ္စဥ္က ဤေနရာတြင္ ေနထုိင္သြားသည္ဟု ဆိုသည္။
Felanitx ျမိဳ႕သည္ ေၾကြထည္ ၊ ဝိုင္ႏွင့္ ေကာ့ညက္ထုတ္လုပ္မႈတို႔ျဖင့္ နာမည္ေက်ာ္သည့္ ေဒသျဖစ္သည္။
(အပန္းေျဖရန္ ျပီးျပည့္စံုသည့္ေနရာေလး။ ဓာတ္ပံု- Savills)
(ေရကူးကန္တစ္ခု။ ဓာတ္ပံု- Savills)
(မီးဖိုေဆာင္။ ဓာတ္ပံု- Savills)
(နားေန ေနရာတစ္ခု။ ဓာတ္ပံု- Savills )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Stylish ‘bat cave’ house up for sale in Mallorca for £3.4million 9Ref: )