ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
(၁) ပဒုမ္မနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ရနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုအေး သံသာမြည်ကြွေး, စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့, ဆံပင်နီရှိတတ်သည်၊ ကျားကဲ့သို့ကြည့်တတ်သည်ဟူ၏။
(၃) စိတြနီ မိန်းမမျိုး- ဝါရွှေဝင်းသော အသားအရောင်ရှိ၏။ကိုယ်ရနံ့ကား ကျင်ငယ်နံ့ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်းငှက်ကဲ့သို့ သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏၊ ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည်ဟူ၏။
(၄) ဟတ္တနီ မိန်းမမျိုး- အသားနီပန်းရောင် ကိုယ်ရနံ့ ညိုဟောင်ဟောင် အရသာ စပ်ရှားရှား ဆင်ကဲ့သို့ သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ် ရှည်တွဲ၍ ခေါင်းသီးကြီး၏ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည်ဟူ၏။
ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ၏ “သုတေသနသရုပ်ပြ အဘိဓာန်” မှ
(၁) ပဒုမ္မနီ မိန်းမမျိုးသည် - မြင့်မြတ်သော အမျိုးသမီး၊ ဥက္ကဋ္ဌ။
(၂) သင်္ခနီ မိန်းမမျိုးသည် - မြတ်သော အမျိုးသမီး၊ ပဏီတ။
(၃) စိတြနီ မိန်းမမျိုးသည် - မယုတ်မညံ့သော အမျိုးသမီး၊ မဇ္ဈိမ။
(၄) ဟတ္တနီ မိန်းမမျိုးသည် - ယုတ်ညံ့သော အမျိုးသမီး၊ ဟီနဟု သတ်မှတ်ကြ၏။
လောကီ ဣတ္ထိသျှတ္တရမှ ....
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မိန်းမအပြား၊ မျိုးလေးပါး၊ ခွဲခြားသျှတြ။ ။
လောကီ ဣတ္ထိသျှတ္တရမှ ....