အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် သူ၏မော်တော်ကားများ

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် သူ၏မော်တော်ကားများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2023 12:13 pm တွင် တင်ခဲ့သည်
558 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

နာရန်ဒရာမိုဒီ (မွေး-၁၉၅၀) သည် ၂၀၁၄ ခုနှစ်၊ မေလမှစတင်ပြီး အိန္ဒိယနိုင်ငံ၏ ၁၄ ဆက်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။

နာရန်ဒရာမိုဒီသည် ဂူဂျာရတ်ပြည်နယ် အရှေ့မြောက်ပိုင်း Vadnagar မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်က Vadnagar ဘူတာရုံတွင် ဖခင်ကြီးနှင့်အတူ လဘက်ရည်ကူရောင်းခဲ့ရသည်။

မိုဒီသည် BJP ပါတီဝင်တစ်ဦးဖြစ်ပြီး ဗာရာဏသီမြို့ကိုယ်စားပြုလွှတ်တော်အမတ်ဖြစ်ခဲ့ကာ ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အထိ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

 

 

(နာရန်ဒရာမိုဒီ၏ မော်တော်ကားများ)

 

၁။ Mahindra Scorpio

 

 

နာရန်ဒရာမိုဒီသည် ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က Mahindra Scorpio ကို အသုံးပြုခဲ့သည်။ ရုတ်တရက်ကြည့်လျှင် ရိုးရိုး Mahindra Scorpio တစ်စီးဖြစ်သည်ဟု ထင်ရနိုင်သော်လည်း အာနန် မဟိန္ဒြ (Anand Mahindra) ကိုယ်တိုင်ဦးစီးကာ နာရန်ဒရာမိုဒီအတွက် အထူးထုတ်လုပ်ပေးထားသော ကားဖြစ်သည်။

ဤကားသည် မိုဒီ၏ အသည်းကျော်ဖြစ်ဖွယ်ရာရှိသည်။ အဘယ်ကြောင့်ဆိုလျှင် အိန္ဒိယဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရချိန်တွင် မိုဒီသည် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ဤကားဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်လာသူ မိုဒီအတွက် Mahindra Scorpio ကို ပြန်လည်ဆန်းသစ်ကာ အထူးထုတ်လုပ်ပေးရန် အာနန် မဟိန္ဒြက ကမ်းလှမ်းခဲ့ရာ Made in India မူဝါဒကို အားပေးသူ မိုဒီက သဘောတူခဲ့သော်လည်း လုံခြုံရေးအဖွဲ့ (SPG) ကမူ ငြင်းပယ်ခဲ့ကာ ယခုဆောင်းပါး၏ နံပါတ် ၂ နေရာတွင် ဖော်ပြထားသည့် မော်တော်ကားကို ရွေးချယ်ခဲ့ကြသည်။

 

 

၂။ BMW 7-Series 760 Li High-Security Edition

 

 

ဤကားမှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခေါင်းဆောင်များစွာနှင့် သူဌေးကြီးများ စီးကြသော high-security ကား ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် ဘေးကင်းစွာ သွားလာနိုင်ရေးအတွ က် SPG က Mahindra Scorpio ကို ပယ်ချကာ ယခုကားကို ရွေးချယ်ခဲ့သည်။

ဤကားသည် ပွိုင့်ဖိုးဖိုး ကာလီဘာ မဂ္ဂနမ်ရိုင်ဖယ်ကဲ့သို့ လက်နယ်ငယ်မျိုးဖြင့် တိုက်ခိုက်မှုမျိုးအထိ ကာကွယ်နိုင်စွမ်းရှိသည်။

ထို့အပြင် AK-47 ကဲ့သို့သော မောင်းပြန်များသည်လည်း ဤကားကို အန္တရာယ်မပြုနိုင်ဟု ဆိုသည်။

ကားဘီးတွင် ၂၀ လက်မ အလွိုင်းနှင့် လေမရှိသော်လည်း မောင်းနှင်နိုင်စွမ်းရှိသော တာယာများ တပ်ဆင်ထားသည်။

ဆီကန်မှာ self-sealing စနစ်ဖြစ်ပြီး ကားထဲတွင် internal Oxygen လည်း ပါဝင်သည်။

 

 

၃။ 2010 Range Rover HSE

 

Range Rover သည် စီးရသည်မှာ အလွန် luxury ဖြစ်သည်ကား ပြောစရာမလိုချေ။

BMW စီးချိန်မျိုးတွင် မိုဒီကို မမြင်ရနိုင်သော်လည်း RR တွင်မူ ရှေ့လေကာမှန် ကြီးမားလှသောကြောင့် ရှေ့ခုံမှ မိုဒီကို အလွယ်တကူ တွေ့နိုင်သည်။ အင်ဂျင်ပါဝါမှာ 5-litre V8 ဖြစ်ပြီး All Wheel Drive ဖြစ်သည်။

 

၄။ Toyota Land Cruiser

 

နာရန်ဒရာ မိုဒီ၏ Toyota Land Cruiser မှာ ရူပီး ၂ ကုဋေခန့် တန်ကြေးရှိသည်။

မိုဒီ၏ အခြားကားများနည်းတူ ဤကားမှာလည်း သမားရိုးကျ ကားတစ်စီး မဟုတ်ဘဲ အထူးထုတ်လုပ်ထားသော မော်ဒယ်ဖြစ်သည်။

တိုယိုတာကမူ ၎င်း၏ မော်တော်ယာဉ်များတွင် high-security ပေးမထား။ ဤကားကို third party စက်ရုံတစ်ခုမှတဆင့် အထူးပြန်လည် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

4.5-litre V8 အင်ဂျင် တပ်ဆင်ထားပြီး 262 Bhp ရှိကာ ရုန်းအားမှာ 650 Nm ရှိသည်။

ကျည်ကားများနှင့် အခြား လုံခြုံရေးပစ္စည်းများ ထည့်သွင်းထားခြင်းကြောင့် အလေးချိန်ပိုလာရာ အင်ဂျင်ပါဝါ အလွန်ကောင်းမွန်ရန် လိုအပ်သည်။

 

 

၅။ Tata Safari

 

ဝန်ကြီးချုပ်သည် Tata Safari ကို လုံးဝ စီးနင်းခြင်း မရှိသော်လည်း သူ့အတွက် အရေးပါသော ကားတစ်စီး ဖြစ်သည်။

ဤကားတွင် network jammer များနှင့် diffuser နည်းပညာများ တပ်ဆင်ထားသည်။

ဝန်ကြီးချုပ်၏ ကားတန်းရှေ့တွင် အန္တရာယ်ရှိသော ပစ္စည်းတစ်ခုခု ရှိနေလျှင် ဤကားမှ ထောက်လှမ်းသိရှိနိုင်သည်။

ကားတန်း သွားနေစဉ်အတွင်း ပေါက်ကွဲတတ်သည့် ပစ္စည်းများပေါက်ကွဲစေရန် အချက်ပြသော signal များအားလုံးကို jammer က ဖြတ်တောက် ကာကွယ်ပေးနိုင်သည်။

 

၆။ Toyota Fortuner

 

ဤကားသည် မိုဒီ၏ ကားတန်းတွင် အရေးပါသော ကားတစ်စီး ဖြစ်သည်။ Range Rover ကို ဝန်ကြီးချုပ်က စီးနင်းပြီး Fortuner ကားများကိုမူ လုံခြုံရေး တပ်ဖွဲ့ဝင်များ စီးနင်းသည်။

 

(ဆက်စပ်သတင်း)

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ စံအိမ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ၇ ချက်

https://www.imyanmarhouse.com/news/read/889672

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Narendra Modi and his cars! Machines that drive the nation! (gomechanic)

 

 

 

[Zawgyi]

 

အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီႏွင့္ သူ၏ေမာ္ေတာ္ကားမ်ား

 

နာရန္ဒရာမိုဒီ (ေမြး-၁၉၅၀) သည္ ၂၀၁၄ ခုႏွစ္၊ ေမလမွစတင္ျပီး အိႏိၵယႏိုင္ငံ၏ ၁၄ ဆက္ေျမာက္ ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိသူျဖစ္သည္။

နာရန္ဒရာမိုဒီသည္ ဂူဂ်ာရတ္ျပည္နယ္ အေရွ႕ေျမာက္ပိုင္း Vadnagar ျမိဳ႕တြင္ ေမြးဖြားၾကီးျပင္းခဲ့ျပီး ငယ္စဥ္က Vadnagar ဘူတာရံုတြင္ ဖခင္ၾကီးနွင့္အတူ လဘက္ရည္ကူေရာင္းခဲ့ရသည္။

မိုဒီသည္ BJP ပါတီဝင္တစ္ဦးျဖစ္ျပီး ဗာရာဏသီျမိဳ႕ကိုယ္စားျပဳလႊတ္ေတာ္အမတ္ျဖစ္ခဲ့ကာ ၂၀၀၁ မွ ၂၀၁၄ ခုႏွစ္အထိ ဂူဂ်ာရတ္ျပည္နယ္ ဝန္ၾကီးခ်ဳပ္အျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့သည္။

(နာရန္ဒရာမိုဒီ၏ ေမာ္ေတာ္ကားမ်ား)

 

၁။ Mahindra Scorpio

နာရန္ဒရာမိုဒီသည္ ဂူဂ်ာရတ္ျပည္နယ္ ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္က Mahindra Scorpio ကို အသံုးျပဳခဲ့သည္။

ရုတ္တရက္ၾကည့္လွ်င္ ရိုးရိုး Mahindra Scorpio တစ္စီးျဖစ္သည္ဟု ထင္ရႏိုင္ေသာ္လည္း အာနန္ မဟိျႏၵ (Anand Mahindra) ကိုယ္တိုင္ဦးစီးကာ နာရန္ဒရာမိုဒီအတြက္ အထူးထုတ္လုပ္ေပးထားေသာ ကားျဖစ္သည္။

ဤကားသည္ မိုဒီ၏ အသည္းေက်ာ္ျဖစ္ဖြယ္ရာရွိသည္။ အဘယ္ေၾကာင့္ဆိုလွ်င္ အိႏိၵယဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရခ်ိန္တြင္ မိုဒီသည္ က်မ္းသစၥာက်ိန္ဆိုပြဲအခမ္းအနားသို႔ ဤကားျဖင့္ တက္ေရာက္ခဲ့ျခင္း ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္ျဖစ္လာသူ မိုဒီအတြက္ Mahindra Scorpio ကို ျပန္လည္ဆန္းသစ္ကာ အထူးထုတ္လုပ္ေပးရန္ အာနန္ မဟိျႏၵက ကမ္းလွမ္းခဲ့ရာ Made in India မူဝါဒကို အားေပးသူ မိုဒီက သေဘာတူခဲ့ေသာ္လည္း လံုျခံဳေရးအဖြဲ႔ (SPG) ကမူ ျငင္းပယ္ခဲ့ကာ ယခုေဆာင္းပါး၏ နံပါတ္ ၂ ေနရာတြင္ ေဖာ္ျပထားသည့္ ေမာ္ေတာ္ကားကို ေရြးခ်ယ္ခဲ့ၾကသည္။

 

၂။ BMW 7-Series 760 Li High-Security Edition

ဤကားမွာ ကမၻာတစ္ဝန္းရွိ ႏိုင္ငံေခါင္းေဆာင္မ်ားစြာႏွင့္ သူေဌးၾကီးမ်ား စီးၾကေသာ high-security ကား ျဖစ္သည္။ အိႏိၵယဝန္ၾကီးခ်ဳပ္ ေဘးကင္းစြာ သြားလာႏိုင္ေရးအတြ က္ SPG က Mahindra Scorpio ကို ပယ္ခ်ကာ ယခုကားကို ေရြးခ်ယ္ခဲ့သည္။

ဤကားသည္ ပြိဳင့္ဖိုးဖိုး ကာလီဘာ မဂၢနမ္ရိုင္ဖယ္ကဲ့သို႔ လက္နယ္ငယ္မ်ဳိးျဖင့္ တိုက္ခိုက္မႈမ်ဳိးအထိ ကာကြယ္ႏိုင္စြမ္းရွိသည္။

ထို႔အျပင္ AK-47 ကဲ့သို႔ေသာ ေမာင္းျပန္မ်ားသည္လည္း ဤကားကို အႏၱရာယ္မျပဳႏိုင္ဟု ဆိုသည္။

ကားဘီးတြင္ ၂၀ လက္မ အလြိဳင္းႏွင့္ ေလမရွိေသာ္လည္း ေမာင္းႏွင္ႏိုင္စြမ္းရွိေသာ တာယာမ်ား တပ္ဆင္ထားသည္။

ဆီကန္မွာ self-sealing စနစ္ျဖစ္ျပီး ကားထဲတြင္ internal Oxygen လည္း ပါဝင္သည္။

 

၃။ 2010 Range Rover HSE

Range Rover သည္ စီးရသည္မွာ အလြန္ luxury ျဖစ္သည္ကား ေျပာစရာမလုိေခ်။

BMW စီးခ်ိန္မ်ဳိးတြင္ မိုဒီကို မျမင္ရႏိုင္ေသာ္လည္း RR တြင္မူ ေရွ႕ေလကာမွန္ ၾကီးမားလွေသာေၾကာင့္ ေရွ႕ခံုမွ မိုဒီကို အလြယ္တကူ ေတြ႔ႏိုင္သည္။ အင္ဂ်င္ပါဝါမွာ 5-litre V8 ျဖစ္ျပီး All Wheel Drive ျဖစ္သည္။

၄။ Toyota Land Cruiser

နာရန္ဒရာ မိုဒီ၏ Toyota Land Cruiser မွာ ရူပီး ၂ ကုေဋခန္႔ တန္ေၾကးရွိသည္။

မိုဒီ၏ အျခားကားမ်ားနည္းတူ ဤကားမွာလည္း သမားရုိးက် ကားတစ္စီး မဟုတ္ဘဲ အထူးထုတ္လုပ္ထားေသာ ေမာ္ဒယ္ျဖစ္သည္။

တိုယိုတာကမူ ၎၏ ေမာ္ေတာ္ယာဥ္မ်ားတြင္ high-security ေပးမထား။ ဤကားကို third party စက္ရံုတစ္ခုမွတဆင့္ အထူးျပန္လည္ ထုတ္လုပ္ထားျခင္း ျဖစ္သည္။

4.5-litre V8 အင္ဂ်င္ တပ္ဆင္ထားျပီး 262 Bhp ရွိကာ ရုန္းအားမွာ 650 Nm ရွိသည္။

က်ည္ကားမ်ားႏွင့္ အျခား လံုျခံဳေရးပစၥည္းမ်ား ထည့္သြင္းထားျခင္းေၾကာင့္ အေလးခ်ိန္ပိုလာရာ အင္ဂ်င္ပါဝါ အလြန္ေကာင္းမြန္ရန္ လိုအပ္သည္။

 

၅။ Tata Safari

ဝန္ၾကီးခ်ဳပ္သည္ Tata Safari ကို လံုးဝ စီးနင္းျခင္း မရွိေသာ္လည္း သူ႔အတြက္ အေရးပါေသာ ကားတစ္စီး ျဖစ္သည္။

ဤကားတြင္ network jammer မ်ားႏွင့္ diffuser နည္းပညာမ်ား တပ္ဆင္ထားသည္။

ဝန္ၾကီးခ်ဳပ္၏ ကားတန္းေရွ႕တြင္ အႏၱရာယ္ရွိေသာ ပစၥည္းတစ္ခုခု ရွိေနလွ်င္ ဤကားမွ ေထာက္လွမ္းသိရွိႏိုင္သည္။

ကားတန္း သြားေနစဥ္အတြင္း ေပါက္ကြဲတတ္သည့္ ပစၥည္းမ်ားေပါက္ကြဲေစရန္ အခ်က္ျပေသာ signal မ်ားအားလံုးကို jammer က ျဖတ္ေတာက္ ကာကြယ္ေပးႏိုင္သည္။

၆။ Toyota Fortuner

ဤကားသည္ မိုဒီ၏ ကားတန္းတြင္ အေရးပါေသာ ကားတစ္စီး ျဖစ္သည္။ Range Rover ကုိ ဝန္ၾကီးခ်ဳပ္က စီးနင္းျပီး Fortuner ကားမ်ားကိုမူ လံုျခံဳေရး တပ္ဖြဲ႔ဝင္မ်ား စီးနင္းသည္။

(ဆက္စပ္သတင္း)

အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာမိုဒီ၏ စံအိမ္ႏွင့္ ပတ္သက္သည့္ သိမွတ္ဖြယ္ ၇ ခ်က္

https://www.imyanmarhouse.com/news/read/889672

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Narendra Modi and his cars! Machines that drive the nation! (gomechanic)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service