မြန်မာနိုင်ငံတွင် အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ဖူးသော အမေရိကန်သမ္မတ ဟားဘတ်ဟူးဗား၏ အင်္ဂလန်နိုင်ငံ ဆာရေးခရိုင်မှ စံအိမ် ပေါင် ၂ ဒသမ ၃၅ သန်းဖြင့် ရောင်းမည်

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ဖူးသော အမေရိကန်သမ္မတ ဟားဘတ်ဟူးဗား၏ အင်္ဂလန်နိုင်ငံ ဆာရေးခရိုင်မှ စံအိမ် ပေါင် ၂ ဒသမ ၃၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Aug 2023 10:51 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဟားဘတ်ဟူးဗား၏ သမ္မတမဖြစ်မီ ဘဝဖြတ်သန်းမှု)

ဟားဘတ်ဟူးဗား၏ အမည်ရင်းမှာ ဟားဘတ် ကလာ့ခ် ဟူးဗားဖြစ်ပြီး ၁၈၇၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် မွေးဖွားသည်။

(မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ကင်းဝင်မင်းကြီးဦးကောင်းသည် ပြင်သစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရန် ရန်ကုန်သင်္ဘောဆိပ်မှ စတင်ထွက်ခွာသည်)

ဟားဘတ်ဟူးဗားသည် ၉ နှစ်သားအရွယ်အထိ ဇာတိမြို့ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါ ပြည်နယ်၊ West Branch မြို့ငယ်လေးတွင် နေထိုင်ခဲ့သည်။

ဖခင်ဖြစ်သူ ဂျက်ဆီ ကလာ့ခ် ဟူးဗားမှာ ပန်းပဲဆရာတစ်ဦးဖြစ်ပြီး လယ်ယာသုံးပစ္စည်းများလည်း ရောင်းချသူ ဖြစ်သည်။

ဂျက်ဆီသည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ထိုအချိန်တွင် ဟားဘတ်ဟူးဗားမှာ ၆ နှစ်သားအရွယ်သာ ရှိသေးသည်။

ဖခင်ဖြစ်သူကွယ်လွန်ပြီး ၃ နှစ်အကြာတွင် ဟူးဗား၏ မိခင် Huldah Minthorn Hoover မှာ နမိုးနီးယားဖြစ်ကာ ကွယ်လွန်သွားပြန်သည်။

သို့ကြောင့် ဟားဘတ်ဟူးဗားနှင့် အကိုဖြစ်သူ သီအိုဒို၊ ညီမငယ် မေရီတို့မှာ မိဘမဲ့များ ဖြစ်သွားကြသည်။

ယင်းနောက်ပိုင်း ဆွေမျိုးများထံတွင် နှစ်အနည်းငယ် လှည့်ပတ်နေထိုင်ခဲ့ရပြီး နောက်ဆုံးတွင် ဟူးဗားသည် အော်ရီဂွန်ပြည်နယ်တွင် နေထိုင်သော ဦးလေးဖြစ်သူ ဒေါက်တာ John Minthorn ထံတွင် နေထိုင်ခွင့်ရခဲ့သည်။

ကလေးဘဝတွင် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရသူ ဟူးဗားမှာ ရှက်ကြောက်ခြင်း၊ တစ်ယောက်ထဲနေတတ်လာခြင်း၊ ထိရှလွယ်ခြင်း၊ သံသယများခြင်းများ ခံစားခဲ့ရသည်။

ဟူးဗားသည် အော်ရီဂွန်ပြည်နယ်၊ Newberg မြို့ရှိ Friends Pacific Academy တွင် ကျောင်းတက်ခဲ့ရာ သင်္ချာမှလွဲပြီး ဘာသာစုံကျသည့် အခြေအနေနှင့် ရင်ဆိုင်ရသည်။

သို့သော်လည်း ခိုင်မာသည့်သန္တွိဌာန်ရှိသော ဟူးဗားက ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto တွင် အသစ်ဖွင့်လှစ်ထားခါစဖြစ်သော စတန်းဖို့ဒ်တက္ကသိုလ်သို့ တက်ရန် ရည်မှန်းထားခဲ့သည်။

သို့ဖြင့် ဟူးဗားသည် အပြင်းအထန်ကြိုးစားခဲ့ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့သည်။ သို့သော် အောင်ရုံမျှအမှတ်ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဟူးဗားသည် စတန်းဖို့ဒ်တက္ကသိုလ်တွင် ဘူမိဗေဒမေဂျာဖြင့် တက်ရောက်ခဲ့သည်။

ကျောင်းလခပေးရန်အတွက် မှတ်ပုံတင်ရုံးတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။

(သမ္မတမဖြစ်မီ ဘဝဖြတ်သန်းမှု)

၁၈၉၅ ခုနှစ်တွင် ကျောင်းပြီးသောအခါ ဟူးဗားသည် မြေတိုင်းအရာရှိအဖြစ် အလုပ်ရှာခဲ့သော်လည်း ကယ်လီဖိုးနီးယားပြည်နယ်၊ နီဗားဒါးမြို့အနီးရှိ ရွှေတွင်းတစ်ခုတွင် တစ်ပတ်လျှင် နာရီပေါင်း ၇၀ လုပ်ကိုင်ရသည့် အလုပ်ကြမ်းသမားတစ်ဦးအဖြစ်သာ လုပ်ကိုင်ခဲ့ရပြီး သတ္တုရိုင်းတင် တွန်းလှည်းများကို တွန်းရ၏။

ယင်းနောက်ပိုင်း ဆန်ဖရန်စစ္စကိုတွင် ရုံးအလုပ်တစ်ခု ရခဲ့သည်။ ဝယ်ယူရမည့် သတ္တုတွင်းများကို စစ်ဆေးစုံစမ်းကာ တန်ဖိုးတွက်ချက်ရသည့်အလုပ် လုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည်။

၁၈၉၇ ခုနှစ်တွင် ဟူးဗားသည် သြစတေးလျသို့ လည်းကောင်း၊ ၁၈၉၉ ခုနှစ်တွင် တရုတ်ပြည်သို့လည်းကောင်း သွားရောက်ခဲ့ကာ သတ္တုတွင်းအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သည်။

ကမ္ဘာတဝန်းတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများစွာကြောင့် ဟူးဗားသည် သူ့နယ်ပယ်တွင် အထူးနှံ့စပ်လာခဲ့သည်။

၁၉၀၈ ခုနှစ်တွင် ကိုယ်ပိုင် သတ္တုတွင်း အတိုင်ပင်ခံလုပ်ငန်းကို တည်ထောင်ခဲ့သည်။

၁၉၁၄ ခုနှစ်သို့ ရောက်သောအခါ ဟူးဗားသည် သူ၏ လစာမြင့်မားသောအလုပ်မှ ဝင်ငွေများအပြင် မြန်မာပြည်တွင် ပိုင်ဆိုင်ထားသည့် ငွေတွင်း (silver mines) များမှ ဝင်ငွေများဖြင့် ကြွယ်ဝသူတစ်ဦး ဖြစ်နေပြီ ဖြစ်၏။

(ဟားဘတ်ဟူးဗား အချစ်ရေး)

ဟူးဗားသည် စတန်းဖို့ဒ်တက္ကသိုလ်တွင် Lou Henry အမည်ရှိ မိန်းကလေးတစ်ဦးနှင့် ဆုံစည်းခဲ့သည်။

စတန်းဖို့ဒ်တက္ကသိုလ်၊ ဘူမိဗေဒမေဂျာတွင် မိန်းကလေးကျောင်းသူတစ်ဦးတည်းသာရှိပြီး Lou ဖြစ်သည်။

ဟူးဗားသည် သြစတေးလျတွင် သွားရောက်အလုပ်လုပ်ကိုင်နေစဉ်အတွင်း Lou အား ကြေးနန်းရိုက်ကာ ချစ်ရေးဆိုခဲ့သည်။

ချစ်ရေးဆိုပြီး မကြာမီတွင် ဟူးဗားသည် တရုတ်ပြည်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။

Lou ကလည်း ဟူးဗားကို ချစ်ကြောင်း ကြေးနန်းရိုက်ကာ ပြန်လည်အကြောင်းကြားခဲ့ပြီး ၁၈၉၉ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီးနောက် Lou သည် ဟူးဗားအလုပ်လုပ်ကိုင်သည့် နိုင်ငံများစွာသို့ အတူလိုက်ပါနေထိုင်ခဲ့သည်။

၁၉၁၇ ခုနှစ်တွင်ကား ဟူးဗားတို့ ဇနီးမောင်နှံ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်အခြေချခဲ့သည်။

(အရောင်းဈေးကွက်ဝင်လာသော အင်္ဂလန်မှ စံအိမ်)

တစ်ချိန်က အမေရိကန်သမ္မတဟောင်း ဟားဘတ်ဟူးဗား နေထိုင်ခဲ့ဖူးသော အင်္ဂလန်နိုင်ငံ ဆာရေးခရိုင်မှ အိပ်ခန်း ၄ ခန်းပါ နေအိမ် ပေါင် ၂ ဒသမ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဟူးဗားတို့ မိသားစုသည် အဆိုပါနေအိမ်တွင် ၁၉၀၂ ခုနှစ်၌ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၂၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၃၁ ဆက်မြောက် သမ္မတကြီး ဖြစ်လာခဲ့သည်။

ဟူးဗားက ၁၉၅၂ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သော ဘဝမှတ်တမ်းတွင် ရေးသားခဲ့သည်မှာ သူ၏ ဇနီးက သိမ်းမြစ်၏ တောင်ဘက်ကမ်းမှ Walton-on-Thames အမည်ရှိ မြို့ကလေးတွင် ကျေးလက်နေအိမ် ၁ လုံးရှာဖွေခဲ့ကြောင်း ရေးသားထားသည်။

ထိုအိမ်ကလေးမှာ အိမ်ဖြူတော်ဟူသော အမည်ဖြင့် လူသိများပြီး ထိုအိမ်ကို ရှာတွေ့ချိန်တွင် ဟူးဗား၌ နိုင်ငံရေး ရည်မှန်းချက်များ ရှိနေပြီ ဖြစ်နိုင်သည်။

(ဟားဘတ်ဟူးဗား ၁၉၀၂ ခုနှစ်တွင် နေထိုင်ခဲ့သော နေအိမ်)

(ဟူးဗားသည် ၁၉၂၉ ခုနှစ်တွင် အမေရိကန်၏ ၃၁ ဆက်မြောက် သမ္မတ ဖြစ်လာခဲ့သည်။)

ဟူးဗားသည် ယခုအိမ်တွင် ကာလတိုသာ နေထိုင်ခဲ့ပြီး သူ၏ ဇနီးမှာမူ အနည်းငယ် ပိုမိုကြာရှည်စွာ နေထိုင်ခဲ့ကာ နောက်ပိုင်းတွင် လန်ဒန်မြို့လယ်သို့ ပြောင်းရွှေ့ခဲ့သည်။

(ဤစံအိမ်ကို ဂျော်ဂျီယာခေတ်ကာလဖြစ်သော ၁၇၆၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အိမ်နံရံအပြင်ဘက်သို့ ခုံးထွက် ဆောက်လုပ်ထားသော ပြတင်းပေါက်များကဲ့သို့ ခမ်းနားသော မူရင်းလက်ရာများ ပါဝင်သည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A former US President once lived in this four-bed Surrey house known as 'The White House' - and it's now for sale for £2.35m (dailymail)

[Zawgyi]

ျမန္မာႏိုင္ငံတြင္ အင္ဂ်င္နီယာအျဖစ္ လာေရာက္လုပ္ကိုင္ဖူးေသာ အေမရိကန္သမၼတ ဟားဘတ္ဟူးဗား၏ အဂၤလန္ႏိုင္ငံ ဆာေရးခရိုင္မွ စံအိမ္ ေပါင္ ၂ ဒသမ ၃၅ သန္းျဖင့္ ေရာင္းမည္

(ဟားဘတ္ဟူးဗား၏ သမၼတမျဖစ္မီ ဘဝျဖတ္သန္းမႈ)

ဟားဘတ္ဟူးဗား၏ အမည္ရင္းမွာ ဟားဘတ္ ကလာ့ခ္ ဟူးဗားျဖစ္ျပီး ၁၈၇၄ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္တြင္ ေမြးဖြားသည္။

(မင္းတုန္းမင္းလက္ထက္ ၁၈၇၄ ခုႏွစ္၊ မတ္လ ၂၆ ရက္တြင္ ကင္းဝင္မင္းၾကီးဦးေကာင္းသည္ ျပင္သစ္ႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးသြားရန္ ရန္ကုန္သေဘၤာဆိပ္မွ စတင္ထြက္ခြာသည္)

ဟားဘတ္ဟူးဗားသည္ ၉ ႏွစ္သားအရြယ္အထိ ဇာတိျမိဳ႕ျဖစ္ေသာ အေမရိကန္ျပည္ေထာင္စု၊ အိုင္အိုဝါ ျပည္နယ္၊ West Branch ျမိဳ႕ငယ္ေလးတြင္ ေနထုိင္ခဲ့သည္။

ဖခင္ျဖစ္သူ ဂ်က္ဆီ ကလာ့ခ္ ဟူးဗားမွာ ပန္းပဲဆရာတစ္ဦးျဖစ္ျပီး လယ္ယာသံုးပစၥည္းမ်ားလည္း ေရာင္းခ်သူ ျဖစ္သည္။

ဂ်က္ဆီသည္ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္ခဲ့ျပီး ထိုအခ်ိန္တြင္ ဟားဘတ္ဟူးဗားမွာ ၆ ႏွစ္သားအရြယ္သာ ရွိေသးသည္။

ဖခင္ျဖစ္သူကြယ္လြန္ျပီး ၃ ႏွစ္အၾကာတြင္ ဟူးဗား၏ မိခင္ Huldah Minthorn Hoover မွာ နမိုးနီးယားျဖစ္ကာ ကြယ္လြန္သြားျပန္သည္။ သို႔ေၾကာင့္ ဟားဘတ္ဟူးဗားႏွင့္ အကိုျဖစ္သူ သီအိုဒို၊ ညီမငယ္ ေမရီတို႔မွာ မိဘမဲ့မ်ား ျဖစ္သြားၾကသည္။

ယင္းေနာက္ပိုင္း ေဆြမ်ဳိးမ်ားထံတြင္ ႏွစ္အနည္းငယ္ လွည့္ပတ္ေနထုိင္ခဲ့ရျပီး ေနာက္ဆံုးတြင္ ဟူးဗားသည္ ေအာ္ရီဂြန္ျပည္နယ္တြင္ ေနထိုင္ေသာ ဦးေလးျဖစ္သူ ေဒါက္တာ John Minthorn ထံတြင္ ေနထုိင္ခြင့္ရခဲ့သည္။

ကေလးဘဝတြင္ မိဘႏွစ္ပါး ဆံုးရံႈးခဲ့ရသူ ဟူးဗားမွာ ရွက္ေၾကာက္ျခင္း၊ တစ္ေယာက္ထဲေနတတ္လာျခင္း၊ ထိရွလြယ္ျခင္း၊ သံသယမ်ားျခင္းမ်ား ခံစားခဲ့ရသည္။

ဟူးဗားသည္ ေအာ္ရီဂြန္ျပည္နယ္၊ Newberg ျမိဳ႕ရွိ Friends Pacific Academy တြင္ ေက်ာင္းတက္ခဲ့ရာ သခ်ၤာမွလြဲျပီး ဘာသာစံုက်သည့္ အေျခအေနႏွင့္ ရင္ဆိုင္ရသည္။

သို႔ေသာ္လည္း ခိုင္မာသည့္သႏ႖ိဌာန္ရွိေသာ ဟူးဗားက ကယ္လီဖုိးနီးယားျပည္နယ္၊ Palo Alto တြင္ အသစ္ဖြင့္လွစ္ထားခါစျဖစ္ေသာ စတန္းဖို႔ဒ္တကၠသိုလ္သို႔ တက္ရန္ ရည္မွန္းထားခဲ့သည္။

သို႔ျဖင့္ ဟူးဗားသည္ အျပင္းအထန္ၾကိဳးစားခဲ့ရာ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲကို ေအာင္ျမင္ခဲ့သည္။ သို႔ေသာ္ ေအာင္ရံုမွ်အမွတ္ျဖင့္ ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။

ဟူးဗားသည္ စတန္းဖုိ႔ဒ္တကၠသိုလ္တြင္ ဘူမိေဗဒေမဂ်ာျဖင့္ တက္ေရာက္ခဲ့သည္။

ေက်ာင္းလခေပးရန္အတြက္ မွတ္ပံုတင္ရံုးတြင္ စာေရးအျဖစ္ လုပ္ကိုင္ခဲ့သည္။

(သမၼတမျဖစ္မီ ဘဝျဖတ္သန္းမႈ)

၁၈၉၅ ခုႏွစ္တြင္ ေက်ာင္းျပီးေသာအခါ ဟူးဗားသည္ ေျမတိုင္းအရာရွိအျဖစ္ အလုပ္ရွာခဲ့ေသာ္လည္း ကယ္လီဖုိးနီးယားျပည္နယ္၊ နီဗားဒါးျမိဳ႕အနီးရွိ ေရႊတြင္းတစ္ခုတြင္ တစ္ပတ္လွ်င္ နာရီေပါင္း ၇၀ လုပ္ကိုင္ရသည့္ အလုပ္ၾကမ္းသမားတစ္ဦးအျဖစ္သာ လုပ္ကိုင္ခဲ့ရျပီး သတၱဳရိုင္းတင္ တြန္းလွည္းမ်ားကို တြန္းရ၏။

ယင္းေနာက္ပိုင္း ဆန္ဖရန္စစၥကိုတြင္ ရံုးအလုပ္တစ္ခု ရခဲ့သည္။ ဝယ္ယူရမည့္ သတၱဳတြင္းမ်ားကို စစ္ေဆးစံုစမ္းကာ တန္ဖုိးတြက္ခ်က္ရသည့္အလုပ္ လုပ္ကိုင္ခဲ့ရျခင္း ျဖစ္သည္။

၁၈၉၇ ခုႏွစ္တြင္ ဟူးဗားသည္ ၾသစေတးလ်သို႔ လည္းေကာင္း၊ ၁၈၉၉ ခုႏွစ္တြင္ တရုတ္ျပည္သို႔လည္းေကာင္း သြားေရာက္ခဲ့ကာ သတၱဳတြင္းအင္ဂ်င္နီယာအျဖစ္ လုပ္ကိုင္ခဲ့သည္။

ကမၻာတဝန္းတြင္ လုပ္ကိုင္ခဲ့သည့္ အေတြ႔အၾကံဳမ်ားစြာေၾကာင့္ ဟူးဗားသည္ သူ႔နယ္ပယ္တြင္ အထူးႏွံ႔စပ္လာခဲ့သည္။

၁၉၀၈ ခုႏွစ္တြင္ ကိုယ္ပိုင္ သတၱဳတြင္း အတိုင္ပင္ခံလုပ္ငန္းကို တည္ေထာင္ခဲ့သည္။

၁၉၁၄ ခုႏွစ္သို႔ ေရာက္ေသာအခါ ဟူးဗားသည္ သူ၏ လစာျမင့္မားေသာအလုပ္မွ ဝင္ေငြမ်ားအျပင္ ျမန္မာျပည္တြင္ ပိုင္ဆိုင္ထားသည့္ ေငြတြင္း (silver mines) မ်ားမွ ဝင္ေငြမ်ားျဖင့္ ၾကြယ္ဝသူတစ္ဦး ျဖစ္ေနျပီ ျဖစ္၏။

(ဟားဘတ္ဟူးဗား အခ်စ္ေရး)

ဟူးဗားသည္ စတန္းဖို႔ဒ္တကၠသိုလ္တြင္ Lou Henry အမည္ရွိ မိန္းကေလးတစ္ဦးႏွင့္ ဆံုစည္းခဲ့သည္။

စတန္းဖို႔ဒ္တကၠသိုလ္၊ ဘူမိေဗဒေမဂ်ာတြင္ မိန္းကေလးေက်ာင္းသူတစ္ဦးတည္းသာရွိျပီး Lou ျဖစ္သည္။

ဟူးဗားသည္ ၾသစေတးလ်တြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနစဥ္အတြင္း Lou အား ေၾကးနန္းရိုက္ကာ ခ်စ္ေရးဆိုခဲ့သည္။

ခ်စ္ေရးဆုိျပီး မၾကာမီတြင္ ဟူးဗားသည္ တရုတ္ျပည္သို႔ ေျပာင္းေရႊ႕လုပ္ကိုင္ခဲ့သည္။

Lou ကလည္း ဟူးဗားကို ခ်စ္ေၾကာင္း ေၾကးနန္းရိုက္ကာ ျပန္လည္အေၾကာင္းၾကားခဲ့ျပီး ၁၈၉၉ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကသည္။

လက္ထပ္ျပီးေနာက္ Lou သည္ ဟူးဗားအလုပ္လုပ္ကိုင္သည့္ ႏိုင္ငံမ်ားစြာသို႔ အတူလိုက္ပါေနထိုင္ခဲ့သည္။

၁၉၁၇ ခုႏွစ္တြင္ကား ဟူးဗားတို႔ ဇနီးေမာင္ႏွံ အေမရိကန္ျပည္ေထာင္စုသို႔ ျပန္လည္အေျခခ်ခဲ့သည္။

(အေရာင္းေစ်းကြက္ဝင္လာေသာ အဂၤလန္မွ စံအိမ္)

တစ္ခ်ိန္က အေမရိကန္သမၼတေဟာင္း ဟားဘတ္ဟူးဗား ေနထိုင္ခဲ့ဖူးေသာ အဂၤလန္ႏိုင္ငံ ဆာေရးခရိုင္မွ အိပ္ခန္း ၄ ခန္းပါ ေနအိမ္ ေပါင္ ၂ ဒသမ ၃၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ဟူးဗားတို႔ မိသားစုသည္ အဆိုပါေနအိမ္တြင္ ၁၉၀၂ ခုႏွစ္၌ ေနထိုင္ခဲ့ျခင္းျဖစ္ျပီး ယင္းေနာက္ပိုင္း ႏွစ္ေပါင္း ၂၀ ေက်ာ္အၾကာ ၁၉၂၉ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၏ ၃၁ ဆက္ေျမာက္ သမၼတၾကီး ျဖစ္လာခဲ့သည္။

ဟူးဗားက ၁၉၅၂ ခုႏွစ္တြင္ ေရးသားထုတ္ေဝခဲ့ေသာ ဘဝမွတ္တမ္းတြင္ ေရးသားခဲ့သည္မွာ သူ၏ ဇနီးက သိမ္းျမစ္၏ ေတာင္ဘက္ကမ္းမွ Walton-on-Thames အမည္ရွိ ျမဳိ႕ကေလးတြင္ ေက်းလက္ေနအိမ္ ၁ လံုးရွာေဖြခဲ့ေၾကာင္း ေရးသားထားသည္။

ထုိအိမ္ကေလးမွာ အိမ္ျဖဴေတာ္ဟူေသာ အမည္ျဖင့္ လူသိမ်ားျပီး ထိုအိမ္ကို ရွာေတြ႔ခ်ိန္တြင္ ဟူးဗား၌ ႏိုင္ငံေရး ရည္မွန္းခ်က္မ်ား ရွိေနျပီ ျဖစ္ႏိုင္သည္။

(ဟားဘတ္ဟူးဗား ၁၉၀၂ ခုႏွစ္တြင္ ေနထိုင္ခဲ့ေသာ ေနအိမ္)

(ဟူးဗားသည္ ၁၉၂၉ ခုႏွစ္တြင္ အေမရိကန္၏ ၃၁ ဆက္ေျမာက္ သမၼတ ျဖစ္လာခဲ့သည္။)

ဟူးဗားသည္ ယခုအိမ္တြင္ ကာလတိုသာ ေနထုိင္ခဲ့ျပီး သူ၏ ဇနီးမွာမူ အနည္းငယ္ ပိုမိုၾကာရွည္စြာ ေနထုိင္ခဲ့ကာ ေနာက္ပိုင္းတြင္ လန္ဒန္ျမဳိ႕လယ္သို႔ ေျပာင္းေရႊ႕ခဲ့သည္။

(ဤစံအိမ္ကို ေဂ်ာ္ဂ်ီယာေခတ္ကာလျဖစ္ေသာ ၁၇၆၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အိမ္နံရံအျပင္ဘက္သုိ႔ ခုံးထြက္ ေဆာက္လုပ္ထားေသာ ျပတင္းေပါက္မ်ားကဲ့သို႔ ခမ္းနားေသာ မူရင္းလက္ရာမ်ား ပါဝင္သည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A former US President once lived in this four-bed Surrey house known as 'The White House' - and it's now for sale for £2.35m (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service