ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ပုဇွန်လုံးတွေ နှိုက်ခဲ့တယ်
မြစ်ရေကျလာပြီဆိုရင် မြောင်အရှေ့ဘက် မရိုးကုန်းဆိုတဲ့ရွာရဲ့ တောင်ဘက်က လယ်ကွင်းတွေဟာ ပြန်ပေါ်လာပြီး ရေစပ်စပ်နဲ့ ကျန်ခဲ့တော့တာပေါ့။
အဲဒီအချိန်မှာ မြောင်နဲ့ မရိုးကုန်းကြားက မြေနိမ့်ရာ နေရာဟာ မြစ်ရေပြင်အဖြစ် ရှိနေပါသေးတယ်။ ပြန်ပေါ်လာတဲ့ လယ်ကွင်းတွေမှာတော့ မြက်တွေလည်း ပြန်ပေါက်လာပါတယ်။
မြောင်မြို့ပေါ်မှာ ခိုင်းဘက် မွေးခိုင်းထားတဲ့ နွားခြံတွေရှိတယ်။နွားခြံတွေက နွားတွေကို စိုက်တာပျိုးတာ မလုပ်ကြသေးတဲ့ အဲဒီလယ်ကွက်နေရာတွေမှာ လွှတ်ကျောင်းကြပါတယ်။
နွားကျောင်းသားတွေဟာ အဲဒီစားကျက်နေရာကိုသွားဖို့ ရေအကုန်မကျသေးတဲ့ မြစ်ပြင်ကို နွားရောလူပါ ရေကူးပြီး ဖြတ်ကြရပါတယ်။ တချို့နွားကျောင်းသားတွေက နွားဘေးကနေ နွားကို မှေးကိုင်ပြီး ရေကူးကာ လိုက်သွားကြတတ်ကြတယ်။ အချို့က ဘူးသီးခြောက်တွေပါလာပြီး ဘူးသီးခြောက်တွေကို ဖက်လို့ တစ်ဖက်ကမ်းကို ကူးကြတယ်။
ကျွန်တော်တို့သူငယ်ချင်းတွေကတော့နွားလည်းကျောင်းတာမဟုတ်ဘဲနဲ့ အဲဒီရေပြင်ကို ဖြတ်ကူးခဲ့ကြဖူးတယ်။ ကျွန်တော်တို့ အဲဒီမြစ်ပြင်ကျယ်ကို ဖြတ်ကူးတာမှာ မှီခိုစရာ ဘာမှမပါပါဘူး။ ရေထဲဆင်းလို့ ဒူးလောက်ရောက်ရင် ပုဆိုးလေးမတင် လိုက်တယ်။
တဖြည်းဖြည်းနဲ့ ပေါင်လည်၊ပေါင်လည်ကနေ ဖွားဖက်တော်လေးရေထဲမြုပ်သွားရင် ပုဆိုးနဲ့ အင်္ကျီကိုချွတ်၊ လက်ထဲမှာ လုံးကိုင်ပြီးမြှောက်ထားလိုက်တယ်။ပြီးတော့ ရေထဲခြေဖျားထောက်လျှောက်ပြီး မေးစေ့ကိုရေထိ တော့မှ ကိုယ်ကိုဖော့လို့ ခြေနှစ်ချောင်း လက်တစ်ဖက်နဲ့ ပက်လက်တစ်မျိုး မှောက်ကာတစ်ဖုံနဲ့ မြစ်ကိုဖြတ်ကူးကြပါ တော့တယ်။
လေကိုဝဝရှူပြီး ပက်လက်လေးနေရင် ရေထဲမမြုပ်ပါဘူး။ အဲဒီအနေအထားလေးနဲ့ ကိုယ်သွားမယ့်ဘက်ကို ခေါင်းတည်ပြီး ခြေထောက်လေးက ရေထဲယက်ပေးလိုက်ရင် လက်ပစ်ကူးတာလောက် မမြန်ပေမယ့် တဖြည်းဖြည်းနဲ့ တစ်ဖက်ကမ်းတော့ ရောက်သွားကြပါတယ်။
ဟိုဘက်ကမ်းရောက်လို့ အခြားသူတွေမရှိရင် ပုဆိုးတွေ ပြန်မဝတ်ကြတော့ဘဲ အဝတ်တွေကို လယ်ကန်သင်းရိုးက မြက်ဖုတ်လေးတွေပေါ်တင်ထားလိုက်ပြီး သဘာဝအတိုင်းလေးပဲနေလိုက်ကြတယ်။ ကလေးတွေဆိုတော့လည်း ကလေးအထာလေးတွေပေါ့။
ပြီးရင် ရေစပ်စပ်နဲ့လယ်ကန်းသင်းရိုးတွေမှာရှိတဲ့ ပုဇွန်လုံးကျင်းတွေကို တစ်ကျင်းပြီး တစ်ကျင်းလိုက်ပြီး နှိုက်ပါတော့တယ်။ ပုဇွန်လုံးဆိုတာ ကဏန်းပါ။ ကျွန်တော်တို့ အရပ်မှာတော့ ကဏန်းကို ပုဇွန်လုံးလို့ခေါ်ကြ ပါတယ်။ ပုဇွန်လုံးနှိုက်တယ်ဆိုတာကလည်း လွယ်တော့ မလွယ်လှပါဘူး။ ပုဇွန်လုံးကျင်းက ရေတွေအပြည့်နဲ့လေ။ အတွင်းကိုလည်း မြင်ရတာမဟုတ်ပါဘူး။ မမြင်ရဘဲနဲ့ ရမ်းနှိုက်ကြရတာပါ။
ကျင်းထဲလက်ဝင်လိုက်တာနဲ့ လှုပ်သွားတဲ့ ရေပြင်ကနေ သူတို့ကလည်း ရန်သူလာတယ်ဆိုတာ သိပုံရပါတယ်။ တစ်ကောင်မှ ကောင်းကောင်းအဖမ်းမခံကြပါဘူး။ သူတို့ကိုထိလိုက်တာနဲ့ လက်ဖဝါးကို ညှပ်ပါတော့တယ်။ အဲဒီလို အညှပ်ခံရရင် ရှေ့ဆက်တိုးရင် ပိုညှပ်ပါတယ်။
အဲဒီလို ညှပ်ခံရရင် ကျွန်တော်က အသာလေးငြိမ်ပြီး နေလိုက်ရတယ်။ အချိန်တော်လေးကြာအောင်အထိ ငြိမ်နေပြီးမှ ဆောင့်ရုန်းလိုက်ပြီး သူ့ကျောကုန်းကို ကျော်နှိုက်ပြီး လက်နဲ့ကုပ်ပြီးဖမ်းရပါတယ်။အဲဒါမှ ဖမ်းလို့ရပါတယ်။
ဖမ်းလို့ရတဲ့အကောင်တွေက ဒီအတိုင်းထားလို့မရဘူး။ဒါကြောင့် သူ့လက်မနဲ့ သူ့ရင်ဘတ်ကို ပြန်ထိုးရပါတယ်။ ပြီးရင် ဒီအတိုင်း ကန်သင်းရိုးမှာ ပုံထားလိုက်တယ်။ ဒါမှဒီကောင်တွေ မပြေးနိုင်တော့ဘူးပေါ့။
ရေရှိနေတဲ့ လယ်ကန်သင်းရိုးတွေမှာ ပုဇွန်လုံးကျင်းတွေရှိနေပေမယ့် ကျင်းတိုင်းမှာ ပုဇွန်လုံးဟာရှိမနေပါဘူး။ တစ်ခါတော့ ပုဇွန်လုံးကျင်းတစ်ကျင်းကို နှိုက်လိုက်တာမှာ အထဲက အကောင်ဟာ မာမနေဘဲ ပျော့စိစိကြီးနဲ့။
ဒါဟာ ပုဇွန်လုံးမဟုတ်ဘူး။ ပုဇွန်လုံးမဟုတ်ရင် ငါးပေါ့လို့ အတွေးနဲ့ပျော်တာပေါ့။ ကျင်းထဲက လက်ကို ဆွဲထုတ်လိုက်တော့ မြွေဖြစ်နေပါရောလား။ မြွေမှန်းလည်းသိရော ကန်သင်းရိုးနဲ့ ဆောင့်ရိုက်ပစ်လိုက်ပါတယ်။
အကောင်ရေ တော်တော်များများရတော့ အင်္ကျီဖြန့်ခင်းထည့်ပြီး မြို့ဘက်ကမ်းကို ပြန်ကူးခဲ့ကြတယ်။ အိမ်ကိုလည်း ယူမသွားခဲ့ရဲဘူး။ဒါနဲ့ အရက်ပုန်းဆိုင် သွားရောင်းခဲ့ကြတယ်။ဘယ်လောက်မှ ရတာမဟုတ်ပါဘူး။ အပျော်သဘောပါပဲ။
အပျော်ဟာ အကုသိုလ်မှန်း အဲဒီတုန်းက ဘယ်သိမှာလည်း။ သူတစ်ပါး အသက်နဲ့ အသိုက်အမြုံဆိုတာကို ဖျက်ဆီးမိတယ်ဆိုတာက အပျော်ပဲလုပ်လုပ်၊ အကျိုးတစ်ခုကြောင့်ပဲလုပ်လုပ် လုပ်မိထားခဲ့ပြီးရင်တော့ ပြန်ပေးဆပ်ကြရဦးမယ်ဆိုတာ သိပြီးတဲ့နောက်တော့….။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၈)
ပုဇြန္လုံးေတြ ႏိႈက္ခဲ့တယ္
ျမစ္ေရက်လာၿပီဆိုရင္ ေျမာင္အေ႐ွ႕ဘက္ မ႐ိုးကုန္းဆိုတဲ့႐ြာရဲ႕ ေတာင္ဘက္က လယ္ကြင္းေတြဟာ ျပန္ေပၚလာၿပီး ေရစပ္စပ္နဲ႔ က်န္ခဲ့ေတာ့တာေပါ့။
အဲဒီအခ်ိန္မွာ ေျမာင္နဲ႔ မ႐ိုးကုန္းၾကားက ေျမနိမ့္ရာ ေနရာဟာ ျမစ္ေရျပင္အျဖစ္ ႐ွိေနပါေသးတယ္။ ျပန္ေပၚလာတဲ့ လယ္ကြင္းေတြမွာေတာ့ ျမက္ေတြလည္း ျပန္ေပါက္လာပါတယ္။
ေျမာင္ၿမိဳ႕ေပၚမွာ ခိုင္းဘက္ ေမြးခိုင္းထားတဲ့ ႏြားျခံေတြ႐ွိတယ္။ႏြားျခံေတြက ႏြားေတြကို စိုက္တာပ်ိဳးတာ မလုပ္ၾကေသးတဲ့ အဲဒီလယ္ကြက္ေနရာေတြမွာ လႊတ္ေက်ာင္းၾကပါတယ္။
ႏြားေက်ာင္းသားေတြဟာ အဲဒီစားက်က္ေနရာကိုသြားဖို႔ ေရအကုန္မက်ေသးတဲ့ ျမစ္ျပင္ကို ႏြားေရာလူပါ ေရကူးၿပီး ျဖတ္ၾကရပါတယ္။ တခ်ိဳ႕ႏြားေက်ာင္းသားေတြက ႏြားေဘးကေန ႏြားကို ေမွးကိုင္ၿပီး ေရကူးကာ လိုက္သြားၾကတတ္ၾကတယ္။ အခ်ိဳ႕က ဘူးသီးေျခာက္ေတြပါလာၿပီး ဘူးသီးေျခာက္ေတြကို ဖက္လို႔ တစ္ဖက္ကမ္းကို ကူးၾကတယ္။
ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြကေတာ့ႏြားလည္းေက်ာင္းတာမဟုတ္ဘဲနဲ႔ အဲဒီေရျပင္ကို ျဖတ္ကူးခဲ့ၾကဖူးတယ္။ ကြၽန္ေတာ္တို႔ အဲဒီျမစ္ျပင္က်ယ္ကို ျဖတ္ကူးတာမွာ မွီခိုစရာ ဘာမွမပါပါဘူး။ ေရထဲဆင္းလို႔ ဒူးေလာက္ေရာက္ရင္ ပုဆိုးေလးမတင္ လိုက္တယ္။
တျဖည္းျဖည္းနဲ႔ ေပါင္လည္၊ေပါင္လည္ကေန ဖြားဖက္ေတာ္ေလးေရထဲျမဳပ္သြားရင္ ပုဆိုးနဲ႔ အက်ႌကိုခြၽတ္၊ လက္ထဲမွာ လုံးကိုင္ၿပီးေျမႇာက္ထားလိုက္တယ္။ၿပီးေတာ့ ေရထဲေျခဖ်ားေထာက္ေလွ်ာက္ၿပီး ေမးေစ့ကိုေရထိ ေတာ့မွ ကိုယ္ကိုေဖာ့လို႔ ေျခႏွစ္ေခ်ာင္း လက္တစ္ဖက္နဲ႔ ပက္လက္တစ္မ်ိဳး ေမွာက္ကာတစ္ဖုံနဲ႔ ျမစ္ကိုျဖတ္ကူးၾကပါ ေတာ့တယ္။
ေလကိုဝဝ႐ွဴၿပီး ပက္လက္ေလးေနရင္ ေရထဲမျမဳပ္ပါဘူး။ အဲဒီအေနအထားေလးနဲ႔ ကိုယ္သြားမယ့္ဘက္ကို ေခါင္းတည္ၿပီး ေျခေထာက္ေလးက ေရထဲယက္ေပးလိုက္ရင္ လက္ပစ္ကူးတာေလာက္ မျမန္ေပမယ့္ တျဖည္းျဖည္းနဲ႔ တစ္ဖက္ကမ္းေတာ့ ေရာက္သြားၾကပါတယ္။
ဟိုဘက္ကမ္းေရာက္လို႔ အျခားသူေတြမ႐ွိရင္ ပုဆိုးေတြ ျပန္မဝတ္ၾကေတာ့ဘဲ အဝတ္ေတြကို လယ္ကန္သင္း႐ိုးက ျမက္ဖုတ္ေလးေတြေပၚတင္ထားလိုက္ၿပီး သဘာဝအတိုင္းေလးပဲေနလိုက္ၾကတယ္။ ကေလးေတြဆိုေတာ့လည္း ကေလးအထာေလးေတြေပါ့။
ၿပီးရင္ ေရစပ္စပ္နဲ႔လယ္ကန္းသင္း႐ိုးေတြမွာ႐ွိတဲ့ ပုဇြန္လုံးက်င္းေတြကို တစ္က်င္းၿပီး တစ္က်င္းလိုက္ၿပီး ႏိႈက္ပါေတာ့တယ္။ ပုဇြန္လုံးဆိုတာ ကဏန္းပါ။ ကြၽန္ေတာ္တို႔ အရပ္မွာေတာ့ ကဏန္းကို ပုဇြန္လုံးလို႔ေခၚၾက ပါတယ္။ ပုဇြန္လုံးႏိႈက္တယ္ဆိုတာကလည္း လြယ္ေတာ့ မလြယ္လွပါဘူး။ ပုဇြန္လုံးက်င္းက ေရေတြအျပည့္နဲ႔ေလ။ အတြင္းကိုလည္း ျမင္ရတာမဟုတ္ပါဘူး။ မျမင္ရဘဲနဲ႔ ရမ္းႏိႈက္ၾကရတာပါ။
က်င္းထဲလက္ဝင္လိုက္တာနဲ႔ လႈပ္သြားတဲ့ ေရျပင္ကေန သူတို႔ကလည္း ရန္သူလာတယ္ဆိုတာ သိပုံရပါတယ္။ တစ္ေကာင္မွ ေကာင္းေကာင္းအဖမ္းမခံၾကပါဘူး။ သူတို႔ကိုထိလိုက္တာနဲ႔ လက္ဖဝါးကို ညႇပ္ပါေတာ့တယ္။ အဲဒီလို အညႇပ္ခံရရင္ ေ႐ွ႕ဆက္တိုးရင္ ပိုညႇပ္ပါတယ္။
အဲဒီလို ညႇပ္ခံရရင္ ကြၽန္ေတာ္က အသာေလးၿငိမ္ၿပီး ေနလိုက္ရတယ္။ အခ်ိန္ေတာ္ေလးၾကာေအာင္အထိ ၿငိမ္ေနၿပီးမွ ေဆာင့္႐ုန္းလိုက္ၿပီး သူ႕ေက်ာကုန္းကို ေက်ာ္ႏိႈက္ၿပီး လက္နဲ႔ကုပ္ၿပီးဖမ္းရပါတယ္။အဲဒါမွ ဖမ္းလို႔ရပါတယ္။
ဖမ္းလို႔ရတဲ့အေကာင္ေတြက ဒီအတိုင္းထားလို႔မရဘူး။ဒါေၾကာင့္ သူ႕လက္မနဲ႔ သူ႕ရင္ဘတ္ကို ျပန္ထိုးရပါတယ္။ ၿပီးရင္ ဒီအတိုင္း ကန္သင္း႐ိုးမွာ ပုံထားလိုက္တယ္။ ဒါမွဒီေကာင္ေတြ မေျပးႏိုင္ေတာ့ဘူးေပါ့။
ေရ႐ွိေနတဲ့ လယ္ကန္သင္း႐ိုးေတြမွာ ပုဇြန္လုံးက်င္းေတြ႐ွိေနေပမယ့္ က်င္းတိုင္းမွာ ပုဇြန္လုံးဟာ႐ွိမေနပါဘူး။ တစ္ခါေတာ့ ပုဇြန္လုံးက်င္းတစ္က်င္းကို ႏိႈက္လိုက္တာမွာ အထဲက အေကာင္ဟာ မာမေနဘဲ ေပ်ာ့စိစိႀကီးနဲ႔။
ဒါဟာ ပုဇြန္လုံးမဟုတ္ဘူး။ ပုဇြန္လုံးမဟုတ္ရင္ ငါးေပါ့လို႔ အေတြးနဲ႔ေပ်ာ္တာေပါ့။ က်င္းထဲက လက္ကို ဆြဲထုတ္လိုက္ေတာ့ ေႁမြျဖစ္ေနပါေရာလား။ ေႁမြမွန္းလည္းသိေရာ ကန္သင္း႐ိုးနဲ႔ ေဆာင့္႐ိုက္ပစ္လိုက္ပါတယ္။
အေကာင္ေရ ေတာ္ေတာ္မ်ားမ်ားရေတာ့ အက်ႌျဖန္႔ခင္းထည့္ၿပီး ၿမိဳ႕ဘက္ကမ္းကို ျပန္ကူးခဲ့ၾကတယ္။ အိမ္ကိုလည္း ယူမသြားခဲ့ရဲဘူး။ဒါနဲ႔ အရက္ပုန္းဆိုင္ သြားေရာင္းခဲ့ၾကတယ္။ဘယ္ေလာက္မွ ရတာမဟုတ္ပါဘူး။ အေပ်ာ္သေဘာပါပဲ။
အေပ်ာ္ဟာ အကုသိုလ္မွန္း အဲဒီတုန္းက ဘယ္သိမွာလည္း။ သူတစ္ပါး အသက္နဲ႔ အသိုက္အျမဳံဆိုတာကို ဖ်က္ဆီးမိတယ္ဆိုတာက အေပ်ာ္ပဲလုပ္လုပ္၊ အက်ိဳးတစ္ခုေၾကာင့္ပဲလုပ္လုပ္ လုပ္မိထားခဲ့ၿပီးရင္ေတာ့ ျပန္ေပးဆပ္ၾကရဦးမယ္ဆိုတာ သိၿပီးတဲ့ေနာက္ေတာ့….။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com