ဖိလစ်ပိုင်သမ္မတများ အစဉ်အဆက် စီးနင်းခဲ့ကြသော တန်ဖိုးကြီး ရှားပါး မော်တော်ကားများ

ဖိလစ်ပိုင်သမ္မတများ အစဉ်အဆက် စီးနင်းခဲ့ကြသော တန်ဖိုးကြီး ရှားပါး မော်တော်ကားများ - Property Knowledge in Myanmar from iMyanmarHouse.com
31 Jul 2023 11:03 am တွင် တင်ခဲ့သည်
558 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

သမ္မတတို့၏ မော်တော်ကားများသည် သယ်ယူပို့ဆောင်မှု တစ်ခုတည်းကိုသာ ထင်ဟပ် ပြသခြင်းမဟုတ်။

၎င်းတို့သည် နိုင်ငံခေါင်းဆောင်တို့၏ သြဇာအာဏာ၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။

“အများစုကတော့ သမ္မတစီးနင်းဖို့ မော်တော်ကားတွေကို အစိုးရအဖွဲ့က ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတအနေနဲ့ သူ (ဒါမှမဟုတ်) သူမ စီးဖို့မော်တော်ကားကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိပါတယ်။ ဥပမာအားဖြင့် သမ္မတ ရိုဒရီဂို ဒူတာတေး ဆိုရင် သမ္မတလုံခြုံရေးအဖွဲ့ (PSG) က ပေးတဲ့ မော်တော်ကားအစား သူ့ရဲ့ Landcruiser ကိုပဲ တရားဝင် နိုင်ငံတော်ကားအဖြစ် အသုံးပြုခဲ့ပါတယ်။ ”ဟု ဖိလစ်ပိုင်အမျိုးသား သမိုင်းကော်မရှင် (NHCP) မှ သမ္မတကားပြတိုက်၏ အကြီးအကဲ Ismael Magallanes, Jr က ပြောသည်။

ပြတိုက်တွင် သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကားသတင်းထောက် Iñigo Roces က ပြောသည်မှာ အချို့သောကားများကို သမ္မတများကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်ပြီး အချို့သော ကားများမှာမူ ယခင်အစိုးရ လက်ထက်က အသုံးပြုခဲ့သောကားများကို ဆက်လက်အသုံးပြုကြကြောင်းပြောသည်။

 

 (Manuel L. Quezon’s 1937 Chrysler Airflow Custom CW)

 

ဤကားသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံးမော်တော်ကားများ၌ တစ်စင်းအပါအဝင်ဖြစ်ကြောင်း Iñigo ကပြောသည်။

ယနေ့ကာလတွင် အဆိုပါကားမျိုး ၁၀ စီးခန့်သာ ရှိတော့သည်။

ဖိလစ်ပိုင်တွင် Chrysler Airflow တစ်စီးသာရှိပြီး ယခုအခါ သမ္မတကားပြတိုက်တွင် ပြသထားသည်။

eight-cylinder အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၃၀ အား ထုတ်လုပ်သည်။

အဆိုပါကားကို ၁၉၃၅ မှ ၁၉၄၄ အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သော ဖိလစ်ပိုင်၏ ဒုတိယမြောက်သမ္မတ Manuel Luis Quezon ၏ လက်ထက်တွင် အသုံးပြုခဲ့သည်။

 

((ဖိလစ်ပိုင်၏ တတိယမြောက်သမ္မတ Jose P. Laurel ၏ 1941 Packard Custom Super Eight 180 Limousine))

 

ဖိလစ်ပိုင်၏ တတိယမြောက် သမ္မတကို ဂျပန်အစိုးရက ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတမော်တော်ကားအဖြစ် ထိုခေတ်က Limousine များတွင် ဈေးအကြီးဆုံးဖြစ်သော ယခုမော်ဒယ်ကို အသုံးပြုခဲ့သည်။

eight-cylinder အင်ဂျင်အသုံးပြုထားပြီး ယာဉ်မောင်းနှင့် ခရီးသည်ကြားတွင် မှန်ဖြင့်အခန်းကန့်ထားရာ သမ္မတကားအဖြစ် အသုံးပြုရန် အထူးသင့်တော်သည်။

Laurel ၏ သက်တမ်းနောက်ပိုင်း စတုတ္ထမြောက်သမ္မတ Sergio Osmeña က ဤကားကို ဆက်လက်အသုံးပြုခဲ့သည်။

 

(ပဉ္စမမြောက်သမ္မတ Manuel L. Roxas ၏ 1947 Cadillac Fleetwood Series 75 Limousine)

ဖိလစ်ပိုင်၏ ပဉ္စမမြောက်သမ္မတ Manuel L. Roxas က ဤကားကို သူ၏ တရားဝင်ကားအဖြစ် အသုံးပြုခဲ့သည်။

ဤကားသည် ထိုခေတ်ထိုကာလက အမြန်ဆုံးနှင့် ဈေးအကြီးဆုံး မော်တော်ကားများတွင် ပါဝင်ခဲ့သည်။

ဖိလစ်ပိုင်သမ္မတတို့၏ မော်တော်ကားများအနက် လေအေးပေးစက်ပါသော ပထမကားလည်း ဖြစ်သည်။

three-speed manual ဖြစ်ပြီး 5.6 liter inline V8 cylinder အင်ဂျင်ဖြစ်ကာ မြင်းကောင်ရေ ၁၃၇ အား ထုတ်လုပ်သည်။

 

(ဆဌမမြောက်သမ္မတ Elpidio Quirino ၏ 1953 Chrysler Crown Imperial Limousine)

ဖိလစ်ပိုင်၏ ဆဌမမြောက်သမ္မတအဖြစ် ၁၉၄၈ မှ ၁၉၅၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ Elpidio Quirino က 1953 Chrysler Crown Imperial Limousine ကို နိုင်ငံတော်ကားအဖြစ် အသုံးပြုခဲ့သည်။

အဆိုပါကားသည် Chrysler က ထုတ်လုပ်ခဲ့သော high-quality ကားများတွင် luxurious အဖြစ်ဆုံး ကားတစ်စီးဖြစ်ကြောင်း NHCP က ဖော်ပြသည်။

ဤကားသည် ဖိလစ်ပိုင်သမ္မတို့၏ ကားများအနက် FM radio ပါဝင်လာသည့် ပထမဆုံးကားဖြစ်ပြီး အင်ဂျင်မှာ မြင်းကောင်ရေ ၂၈၄ ကောင်အား ရှိသည်။

 

(သတ္တမမြောက် သမ္မတ Ramon Magsaysay ၏ 1955 Cadillac Series 75-23)

 

ဖိလစ်ပိုင်၏ သတ္တမမြောက်သမ္မတသည် သမ္မတဟောင်း၏ Crown Imperial ကို ဆက်လက်အသုံးပြုခဲ့သော်လည်း တံခါး ၄ ပေါက်ပါ ဤကားလည်း ရှိသည်။

ဤကားကို သမ္မတ ဖာဒီနန် မားကို့စ် ပထမသက်တမ်းအထိ အရန်ယာဉ်အဖြစ် အသုံးပြုခဲ့သည်။

ဤကားမျိုးကို တရုတ်အကြီးအကဲ ချန်ကေရှိတ်လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: These rare, fast, luxurious cars were once official vehicles of Philippine Presidents (ancx)

 

 

 

[Zawgyi]

 

ဖိလစ္ပိုင္သမၼတမ်ား အစဥ္အဆက္ စီးနင္းခဲ့ၾကေသာ တန္ဖိုးၾကီး ရွားပါး ေမာ္ေတာ္ကားမ်ား

သမၼတတို႔၏ ေမာ္ေတာ္ကားမ်ားသည္ သယ္ယူပို႔ေဆာင္မႈ တစ္ခုတည္းကိုသာ ထင္ဟပ္ ျပသျခင္းမဟုတ္။

၎တို႔သည္ ႏိုင္ငံေခါင္းေဆာင္တို႔၏ ၾသဇာအာဏာ၏ သေကၤတတစ္ခုလည္း ျဖစ္သည္။

“အမ်ားစုကေတာ့ သမၼတစီးနင္းဖို႔ ေမာ္ေတာ္ကားေတြကုိ အစိုးရအဖြဲ႔က ေရြးခ်ယ္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ သမၼတအေနနဲ႔ သူ (ဒါမွမဟုတ္) သူမ စီးဖို႔ေမာ္ေတာ္ကားကို ကိုယ့္စိတ္ၾကိဳက္ ေရြးခ်ယ္ခြင့္ရွိပါတယ္။ ဥပမာအားျဖင့္ သမၼတ ရိုဒရီဂို ဒူတာေတး ဆုိရင္ သမၼတလံုျခံဳေရးအဖြဲ႔ (PSG) က ေပးတဲ့ ေမာ္ေတာ္ကားအစား သူ႔ရဲ႕ Landcruiser ကိုပဲ တရားဝင္ ႏိုင္ငံေတာ္ကားအျဖစ္ အသံုးျပဳခဲ့ပါတယ္။ ”ဟု ဖိလစ္ပုိင္အမ်ဳိးသား သမိုင္းေကာ္မရွင္ (NHCP) မွ သမၼတကားျပတိုက္၏ အၾကီးအကဲ Ismael Magallanes, Jr က ေျပာသည္။

ျပတိုက္တြင္ သုေတသီအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ကားသတင္းေထာက္ Iñigo Roces က ေျပာသည္မွာ အခ်ဳိ႕ေသာကားမ်ားကို သမၼတမ်ားကိုယ္တုိင္ ေရြးခ်ယ္ျခင္းျဖစ္ျပီး အခ်ဳိ႕ေသာ ကားမ်ားမွာမူ ယခင္အစိုးရ လက္ထက္က အသံုးျပဳခဲ့ေသာကားမ်ားကို ဆက္လက္အသံုးျပဳၾကေၾကာင္းေျပာသည္။

 

(Manuel L. Quezon’s 1937 Chrysler Airflow Custom CW)

ဤကားသည္ ကမၻာေပၚတြင္ အရွားပါးဆံုးေမာ္ေတာ္ကားမ်ား၌ တစ္စင္းအပါအဝင္ျဖစ္ေၾကာင္း Iñigo ကေျပာသည္။

ယေန႔ကာလတြင္ အဆုိပါကားမ်ဳိး ၁၀ စီးခန္႔သာ ရွိေတာ့သည္။

ဖိလစ္ပိုင္တြင္ Chrysler Airflow တစ္စီးသာရွိျပီး ယခုအခါ သမၼတကားျပတိုက္တြင္ ျပသထားသည္။

eight-cylinder အင္ဂ်င္တပ္ဆင္ထားျပီး ျမင္းေကာင္ေရ ၁၃၀ အား ထုတ္လုပ္သည္။

အဆိုပါကားကို ၁၉၃၅ မွ ၁၉၄၄ အထိ သမၼတတာဝန္ထမ္းေဆာင္ခဲ့ေသာ ဖိလစ္ပိုင္၏ ဒုတိယေျမာက္သမၼတ Manuel Luis Quezon ၏ လက္ထက္တြင္ အသံုးျပဳခဲ့သည္။

 

((ဖိလစ္ပိုင္၏ တတိယေျမာက္သမၼတ Jose P. Laurel ၏ 1941 Packard Custom Super Eight 180 Limousine))

ဖိလစ္ပိုင္၏ တတိယေျမာက္ သမၼတကုိ ဂ်ပန္အစုိးရက ခန္႔အပ္ခဲ့ျခင္းျဖစ္ျပီး သမၼတေမာ္ေတာ္ကားအျဖစ္ ထိုေခတ္က Limousine မ်ားတြင္ ေစ်းအၾကီးဆံုးျဖစ္ေသာ ယခုေမာ္ဒယ္ကို အသံုးျပဳခဲ့သည္။

eight-cylinder အင္ဂ်င္အသံုးျပဳထားျပီး ယာဥ္ေမာင္းႏွင့္ ခရီးသည္ၾကားတြင္ မွန္ျဖင့္အခန္းကန္႔ထားရာ သမၼတကားအျဖစ္ အသံုးျပဳရန္ အထူးသင့္ေတာ္သည္။

Laurel ၏ သက္တမ္းေနာက္ပိုင္း စတုတၳေျမာက္သမၼတ Sergio Osmeña က ဤကားကို ဆက္လက္အသံုးျပဳခဲ့သည္။

 

(ပဥၥမေျမာက္သမၼတ Manuel L. Roxas ၏ 1947 Cadillac Fleetwood Series 75 Limousine)

ဖိလစ္ပုိင္၏ ပဥၥမေျမာက္သမၼတ Manuel L. Roxas က ဤကားကို သူ၏ တရားဝင္ကားအျဖစ္ အသံုးျပဳခဲ့သည္။

ဤကားသည္ ထိုေခတ္ထိုကာလက အျမန္ဆံုးႏွင့္ ေစ်းအၾကီးဆံုး ေမာ္ေတာ္ကားမ်ားတြင္ ပါဝင္ခဲ့သည္။

ဖိလစ္ပိုင္သမၼတတို႔၏ ေမာ္ေတာ္ကားမ်ားအနက္ ေလေအးေပးစက္ပါေသာ ပထမကားလည္း ျဖစ္သည္။

three-speed manual ျဖစ္ျပီး 5.6 liter inline V8 cylinder အင္ဂ်င္ျဖစ္ကာ ျမင္းေကာင္ေရ ၁၃၇ အား ထုတ္လုပ္သည္။

 

(ဆဌမေျမာက္သမၼတ Elpidio Quirino ၏ 1953 Chrysler Crown Imperial Limousine)

ဖိလစ္ပိုင္၏ ဆဌမေျမာက္သမၼတအျဖစ္ ၁၉၄၈ မွ ၁၉၅၃ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သူ Elpidio Quirino က 1953 Chrysler Crown Imperial Limousine ကို ႏိုင္ငံေတာ္ကားအျဖစ္ အသံုးျပဳခဲ့သည္။

အဆုိပါကားသည္ Chrysler က ထုတ္လုပ္ခဲ့ေသာ high-quality ကားမ်ားတြင္ luxurious အျဖစ္ဆံုး ကားတစ္စီးျဖစ္ေၾကာင္း NHCP က ေဖာ္ျပသည္။

ဤကားသည္ ဖိလစ္ပိုင္သမၼတို႔၏ ကားမ်ားအနက္ FM radio ပါဝင္လာသည့္ ပထမဆံုးကားျဖစ္ျပီး အင္ဂ်င္မွာ ျမင္းေကာင္ေရ ၂၈၄ ေကာင္အား ရွိသည္။

 

(သတၱမေျမာက္ သမၼတ Ramon Magsaysay ၏ 1955 Cadillac Series 75-23)

 

ဖိလစ္ပုိင္၏ သတၱမေျမာက္သမၼတသည္ သမၼတေဟာင္း၏ Crown Imperial ကို ဆက္လက္အသံုးျပဳခဲ့ေသာ္လည္း တံခါး ၄ ေပါက္ပါ ဤကားလည္း ရွိသည္။

ဤကားကို သမၼတ ဖာဒီနန္ မားကို႔စ္ ပထမသက္တမ္းအထိ အရန္ယာဥ္အျဖစ္ အသံုးျပဳခဲ့သည္။

ဤကားမ်ဳိးကို တရုတ္အၾကီးအကဲ ခ်န္ေကရွိတ္လည္း ပိုင္ဆုိင္ခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: These rare, fast, luxurious cars were once official vehicles of Philippine Presidents (ancx)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service