အမေရိကန်ပြည် ၊ ဝါရှင်တန်ဒီစီမှ အမျိုးသားတစ်ဦးက အုတ်တံတိုင်းတစ်ခုကို ဒေါ်လာ ၅၀၀၀၀ ဖြင့် ရောင်းချမည်

အမေရိကန်ပြည် ၊ ဝါရှင်တန်ဒီစီမှ အမျိုးသားတစ်ဦးက အုတ်တံတိုင်းတစ်ခုကို ဒေါ်လာ ၅၀၀၀၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
31 Jul 2023 10:20 am တွင် တင်ခဲ့သည်
666 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည် ၊ ဝါရှင်တန်ဒီစီမှ အမျိုးသားတစ်ဦးက အုတ်တံတိုင်းတစ်ခုကို ဒေါ်လာ ၅၀၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဝါရှင်တန်ဒီစီမြို့၊ ဂျော့ချ်တောင်းအရပ်ရှိ အဆိုပါ အုတ်တံတိုင်းကို Keller Williams Capital Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ရောဘတ်မောရစ်က အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

အရောင်းဈေးကွက်တင်သော ဓာတ်ပုံများကို ရုတ်တရက်ကြည့်မည်ဆိုပါက နေအိမ်တန်းတစ်ခု၏ ဓာတ်ပုံ ဟုသာ ထင်ရမည်ဖြစ်သည်။

သို့သော် အသေအချာကြည့်မည်ဆိုပါက နေအိမ်နှင့် ကပ်လျက်အုတ်နံရံတစ်ခုကို ညွှန်ပြထားကြောင်း တွေ့ရ မည် ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းတွင် ခေါ်ဈေး ဒေါ်လာ ၅၀၀၀၀ ဟု ဖော်ပြထားသည်။

Redfin ၏ ဖော်ပြချက်အရ ဂျော့ချ်တောင်းအရပ်တွင် ပျမ်းမျှအိမ်ဈေးမှာ ဒေါ်လာ ၁ ဒသမ ၆ သန်းခန့်ရှိသည်ဟု ဆိုသည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားသည်မှာ “ဂျော့ချ်တောင်း၏ အစိတ်အပိုင်းတစ်ခုကို ရယူပိုင်ဆိုင်လိုက်ပါ။ အခွင့်အလမ်းအလားအလာများ အကန့်သတ်မဲ့ရှိပါသည်”ဟု ဖော်ပြထားသည်။

အကျိုးဆောင် မောရစ်က ဝါရှင်တန်ပို့စ် သတင်းဌာနသို့ ပြောသည်မှာ အုတ်နံရံမှာ ကောင်းမွန်သည့် အနေအထား မရှိကြောင်း ၊ ပျက်စီးယိုယွင်းနေကြောင်း ပြောသည်။

ယခုဈေးကွက်တင်မှုသည် ဝါရှင်တန်ဒီစီအခြေစိုက် Washingtonian Problems ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများတွင် ပြက်လုံးတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

အုတ်တံတိုင်း၏ လက်ရှိပိုင်ရှင် Allan Berger က အိမ်နီးချင်းဖြစ်သူ Daniela Walls နှင့် အငြင်းပွားရမှုများ ကြောင့် အရောင်းဈေးကွက်တင်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဝါရှင်တန်ဒီစီမှ အိမ်ပိုင်ရှင် ၂ ဦးအကြား တင်းမာမှုများ နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုဈေးကွက်တင်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Allan Berger က ဝါရှင်တန်ပို့စ်သို့ ပြောသည်မှာ ထိုအုတ်တံတိုင်းကို ဖခင်ထံမှ အမွေရထားခြင်း ဖြစ်ကြောင်း ၊ ဖခင်က ဂျော့ချ်တောင်း၏ အစိတ်အပိုင်းတစ်ခု ပိုင်ဆိုင်ထားသည်ဟု ပြောနိုင်ရန် အုတ်တံတိုင်းကို ဝယ်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

အိမ်နီးချင်းဖြစ်သူ Daniela Walls က ဝါရှင်တန်ပို့စ်သို့ ပြောသည်မှာ သူမသည် ယခုအိမ်ကို ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့ကြောင်း ၊ နေအိမ်၏ တောင်ဘက်ခြမ်းရှိ အုတ်တံတိုင်း၏ တစိတ်တပိုင်းအား Allan Berger ပိုင်ဆိုင်သည်ကို ဝယ်ယူစဉ်ကတည်းက သိရှိခဲ့ကြောင်း ပြောသည်။

Daniela Walls က ပြောသည်မှာ အုတ်တံတိုင်း၏ အတွင်းပိုင်း ၁၂ လက်မကို မိမိပိုင်ပြီး အပြင်ဘက် ၁၂ လက်မကို Allan Berger ပိုင်ကြောင်း ပြောသည်။

Daniela Walls က ပြောသည်မှာ သူမ၏ နေအိမ် ၂၀၂၀ ပြည့်နှစ်အတွင်း ရေယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ကြောင်း ၊ Allan Berger ပိုင်ဆိုင်သော နံရံဘက်မှာ စိုစွတ်နေသည်ကို တွေ့ခဲ့ကြောင်း ၊ ထိုအခြေအနေမှာ မိမိနေအိမ်၏ ကြံ့ခိုင်မှုကို ခြိမ်းခြောက်မှု ဖြစ်လာကြောင်း ပြောသည်။

သူမ အာမခံထားသော ကုမ္ပဏီ၏ အင်ဂျင်နီယာများက ၂၀၂၂ အတွင်းတင်သွင်းခဲ့သော အစီရင်ခံစာတွင်လည်း ထိုအချက်ကို အတည်ပြုထားသည်။ Daniela Walls က အုတ်တံတိုင်းကို ဝယ်ယူရန် ဒေါ်လာ ၆၀၀ ဖြင့် ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှုကြောင့်ပင် Allan Berger က ဒေါ်လာ ၅၀၀၀၀ ဖြင့် ဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A man is selling a wall in Washington, DC, for $50,000 out of spite for his neighbor (insider)

[Zawgyi]

အေမရိကန္ျပည္ ၊ ဝါရွင္တန္ဒီစီမွ အမ်ဳိးသားတစ္ဦးက အုတ္တံတုိင္းတစ္ခုကို ေဒၚလာ ၅၀၀၀၀ ျဖင့္ ေရာင္းခ်မည္

အေမရိကန္ျပည္ ၊ ဝါရွင္တန္ဒီစီမွ အမ်ဳိးသားတစ္ဦးက အုတ္တံတုိင္းတစ္ခုကို ေဒၚလာ ၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ဝါရွင္တန္ဒီစီျမိဳ႕၊ ေဂ်ာ့ခ်္ေတာင္းအရပ္ရွိ အဆိုပါ အုတ္တံတိုင္းကို Keller Williams Capital Properties အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ေရာဘတ္ေမာရစ္က အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

အေရာင္းေစ်းကြက္တင္ေသာ ဓာတ္ပံုမ်ားကို ရုတ္တရက္ၾကည့္မည္ဆိုပါက ေနအိမ္တန္းတစ္ခု၏ ဓာတ္ပံု ဟုသာ ထင္ရမည္ျဖစ္သည္။

သို႔ေသာ္ အေသအခ်ာၾကည့္မည္ဆိုပါက ေနအိမ္ႏွင့္ ကပ္လ်က္အုတ္နံရံတစ္ခုကို ညႊန္ျပထားေၾကာင္း ေတြ႔ရ မည္ ျဖစ္သည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေခၚေစ်း ေဒၚလာ ၅၀၀၀၀ ဟု ေဖာ္ျပထားသည္။

Redfin ၏ ေဖာ္ျပခ်က္အရ ေဂ်ာ့ခ်္ေတာင္းအရပ္တြင္ ပ်မ္းမွ်အိမ္ေစ်းမွာ ေဒၚလာ ၁ ဒသမ ၆ သန္းခန္႔ရွိသည္ဟု ဆိုသည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပထားသည္မွာ “ေဂ်ာ့ခ်္ေတာင္း၏ အစိတ္အပိုင္းတစ္ခုကို ရယူပိုင္ဆိုင္လိုက္ပါ။ အခြင့္အလမ္းအလားအလာမ်ား အကန္႔သတ္မဲ့ရွိပါသည္”ဟု ေဖာ္ျပထားသည္။

အက်ဳိးေဆာင္ ေမာရစ္က ဝါရွင္တန္ပို႔စ္ သတင္းဌာနသို႔ ေျပာသည္မွာ အုတ္နံရံမွာ ေကာင္းမြန္သည့္ အေနအထား မရွိေၾကာင္း ၊ ပ်က္စီးယိုယြင္းေနေၾကာင္း ေျပာသည္။

ယခုေစ်းကြက္တင္မႈသည္ ဝါရွင္တန္ဒီစီအေျခစိုက္ Washingtonian Problems ကဲ့သို႔ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ျပက္လံုးတစ္ခုသဖြယ္ ျဖစ္လာခဲ့သည္။

အုတ္တံတုိင္း၏ လက္ရွိပိုင္ရွင္ Allan Berger က အိမ္နီးခ်င္းျဖစ္သူ Daniela Walls ႏွင့္ အျငင္းပြားရမႈမ်ား ေၾကာင့္ အေရာင္းေစ်းကြက္တင္ျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ဝါရွင္တန္ဒီစီမွ အိမ္ပိုင္ရွင္ ၂ ဦးအၾကား တင္းမာမႈမ်ား ႏွစ္ေပါင္းမ်ားစြာ ျဖစ္ေပၚခဲ့ျပီးေနာက္ပိုင္း ယခုေစ်းကြက္တင္မႈ ေပၚေပါက္လာျခင္း ျဖစ္သည္။

Allan Berger က ဝါရွင္တန္ပို႔စ္သုိ႔ ေျပာသည္မွာ ထိုအုတ္တံတုိင္းကို ဖခင္ထံမွ အေမြရထားျခင္း ျဖစ္ေၾကာင္း ၊ ဖခင္က ေဂ်ာ့ခ်္ေတာင္း၏ အစိတ္အပိုင္းတစ္ခု ပိုင္ဆိုင္ထားသည္ဟု ေျပာႏိုင္ရန္ အုတ္တံတုိင္းကို ဝယ္ထားျခင္း ျဖစ္ေၾကာင္း ေျပာသည္။

အိမ္နီးခ်င္းျဖစ္သူ Daniela Walls က ဝါရွင္တန္ပို႔စ္သုိ႔ ေျပာသည္မွာ သူမသည္ ယခုအိမ္ကို ၂၀၁၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ေၾကာင္း ၊ ေနအိမ္၏ ေတာင္ဘက္ျခမ္းရွိ အုတ္တံတုိင္း၏ တစိတ္တပိုင္းအား Allan Berger ပိုင္ဆိုင္သည္ကို ဝယ္ယူစဥ္ကတည္းက သိရွိခဲ့ေၾကာင္း ေျပာသည္။

Daniela Walls က ေျပာသည္မွာ အုတ္တံတုိင္း၏ အတြင္းပိုင္း ၁၂ လက္မကို မိမိပိုင္ျပီး အျပင္ဘက္ ၁၂ လက္မကို Allan Berger ပိုင္ေၾကာင္း ေျပာသည္။

Daniela Walls က ေျပာသည္မွာ သူမ၏ ေနအိမ္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ေရယိုစိမ့္မႈ ျဖစ္ေပၚခဲ့ေၾကာင္း ၊ Allan Berger ပိုင္ဆိုင္ေသာ နံရံဘက္မွာ စိုစြတ္ေနသည္ကုိ ေတြ႔ခဲ့ေၾကာင္း ၊ ထုိအေျခအေနမွာ မိမိေနအိမ္၏ ၾကံ႕ခိုင္မႈကို ျခိမ္းေျခာက္မႈ ျဖစ္လာေၾကာင္း ေျပာသည္။

သူမ အာမခံထားေသာ ကုမၸဏီ၏ အင္ဂ်င္နီယာမ်ားက ၂၀၂၂ အတြင္းတင္သြင္းခဲ့ေသာ အစီရင္ခံစာတြင္လည္း ထိုအခ်က္ကို အတည္ျပဳထားသည္။ Daniela Walls က အုတ္တံတုိင္းကို ဝယ္ယူရန္ ေဒၚလာ ၆၀၀ ျဖင့္ ကမ္းလွမ္းခဲ့သည္။

ထိုကမ္းလွမ္းမႈေၾကာင့္ပင္ Allan Berger က ေဒၚလာ ၅၀၀၀၀ ျဖင့္ ေစ်းကြက္တင္လာျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A man is selling a wall in Washington, DC, for $50,000 out of spite for his neighbor (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service