အမေးများတဲ့ ပြဿနာ Special Power နဲ့ General Power

အမေးများတဲ့ ပြဿနာ Special Power နဲ့ General Power - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2023 1:52 pm တွင် တင်ခဲ့သည်
1099 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

SP, GP တို့သည် မည်သည့်အခြေအနေမျိုးမှာ ပျက်ပြယ်တတ်သလဲ ဆိုတဲ့ မေးခွန်းအပါအဝင် အိမ်ခြံမြေဥပဒေဆိုင်ရာ စိတ်ဝင်စားဖွယ် အမေးအဖြေများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာအိမ်ခြံမြေဥပဒေအမေးအဖြေလေးများကို iMyanmarHouse.com မှ အပတ်စဉ် တင်ဆက်ပေးနေပါတယ်။

 

မေးခွန်း (၁) - SP, GP တို့သည် မည်သည့်အခြေအနေမျိုးမှာ ပျက်ပြယ်တတ်ပါသနည်း။

 

ကိုယ်စားလှယ်ဆိုသည်မှာ တပါးသူ၏ ကိစ္စရပ်အား ဆောင်ရွက်ရန် ခန့်ထားခြင်းခံရသူကို ဆိုလိုပါတယ်။

- ကိုယ်စားလှယ်လွှဲအပ်ပေးသူ၏ ပဋိဉာဉ်စာချုပ်စာတမ်းအား ချုပ်ဆိုရန်၊ တရားစွဲဆိုရန်နှင့် ခုခံချေပရန်၊ ဆောင်ရွက်ရန်ကိစ္စတစ်ခုခုအား လွှဲပြောင်းရယူပေးရန် ကိုယ်စားဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်။ -ကိုယ်စားလွှဲစာဖြင့် ချုပ်ဆိုသူမှာ ပဋိဉာဉ်ကို ကိုယ်တိုင်ချုပ်ဆိုသကဲ့သို့ အကျိုးခံစားခွင့်ရရှိပါတယ်။

- အရွယ်မရောက်သေးသူ စိတ်ပေါ့သွပ်သူ၊ပဋိဉာဉ်တစ်ရပ်ကို မိမိကိုယ်တိုင် ဖြစ်စေ၊ကိုယ်စားလှယ်မှ တဆင့်ဖြစ်စေ မပြုနိုင်သူများမှာ ကိုယ်စားလှယ်ခန့်အပ်နိုင်သူများ မဟုတ်ပေ။

ပဋိဉာဉ်ဥပဒေ-၁၈၆ အရ ကိုယ်စားလှယ်အား အခွင့်အာဏာလွှဲအပ်ပေးသည့်အခါ အတိအလင်းဖြစ်စေ၊ လွှဲအပ်မှုပြုသည့်အပြုအမှုဖြင့်ဖြစ်စေလွှဲအပ်နိုင်ပါတယ်။

ကိုယ်စားလှယ်စာ(၃)မျိုးမှာ

- အကြောင်းထူးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အထူးကိုယ်စားလှယ်လွှဲစာ၊

- မှုခင်းကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်လွှဲအပ်ပါက ရှေ့နေကိုယ်စားလှယ်လွှဲစာ၊

- အထွေထွေကိစ္စရပ်များအားလုံးဆောင်ရွက်ရန်အတွက် အထွေထွေကိုယ်စားလှယ်စာ၊တို့အား စာဖြင့် ရေးသားကာ ကိုယ်စားလှယ် ခန့်အပ်ရမည်ဖြစ်ပါတယ်။

ကိုယ်စားလှယ်ခံအပ်ခြင်းခံရလျှင် ကိုယ်စားလှယ်မှာ ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်အတိုင်းသာ ပြုလုပ် ဆောင်ရွက်ခွင့်ရှိပါတယ်။

ပဋိဉာဉ်ဥပဒေ-၂၀၁ အရ SP, GP ပျက်ပြယ်ခြင်းဆိုသည်မှာ

- ကိုယ်စားလှယ်အာဏာကို လွှဲအပ်ပေးသူမှ ပြန်လည် ရုတ်သိမ်းခြင်းပြုပါက

-ကိုယ်စားလှယ်မှကိုယ်စားလှယ်လုပ်ငန်းကိုမဆောင်ရွက်လို၍ငြင်းဆန်ပါက

- ကိုယ်စားလှယ်လုပ်ငန်းပြီးဆုံးသွားပါက

- ကိုယ်စားလှယ်လွှဲအပ်သူနှင့်လွှဲအပ်ခြင်းခံရသူသေဆုံးပါက

- စိတ်ပေါ့သွပ်ခြင်း၊ရူးသွပ်ခြင်းဖြစ်ပေါ်ပါက

- လွှဲအပ်သူမှာအကြွေးမဆပ်နိုင်သည့်အင်ဆော်လဝင်တစ်ဦးဖြစ်ပါက

-သတ်မှတ်အချိန်ကာလဖြင့် ကိုယ်စားဆောင်ရွက်ရန်ခွင့်ပြုထားပါက ကိုယ်စားလှယ်လွှဲစာပျက်ပြယ် ကာ ဆုံးခန်းတိုင်ပြီဖြစ်ပါတယ်။

ပဋိဉာဉ်ဥပဒေ-၂၀၇အရ ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုတ်သိမ်းရာတွင် လွှဲအပ်သူနှင့် လွှဲအပ်ခံရသူနှစ်ဦး အတိအလင်းဖြစ်စေ၊အပြုအမှုဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ အထူးကိုယ်စား လှယ်စာများအား ဖျက်သိမ်းလိုပါက လွှဲအပ်သူနှင့်လွှဲအပ်ခံသူ နှစ်ဦး သဘောတူလက်မှတ်ရေးထိုးကာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဖျက်သိမ်းနိုင်ပြီး အငြင်းပွှားမှုများရှိပါက တရားရုံးတွင် ကိုယ်စားလှယ် လွှဲစာဖျက်သိမ်းပေးစေလိုမှုဖြင့် တရားစွဲဆိုခြင်းများလဲရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

 

မေးခွန်း (၂) - ပါမစ်ပျောက်မြေအား မြေငှားစာချုပ်လျှောက်ထားလို့ရပါသလား။

 

ပါမစ်မြေဆိုသည်မှာ နိုင်ငံတော်မှ ချပေးထားသော လူနေထိုင်ခွင့်မြေအမျိုးအစားပင်ဖြစ်ပါသည်။ အမည် ပေါက်ပိုင်ရှင်မှာ အစိုးရပင်ဖြစ်ကာ ပါမစ်မြေကို မြေငှားဂရန်လျှောက်ထားရယူနိုင်ပါတယ်။ မြေငှားစာချုပ် ရရှိသည်အခါမှ လွှဲပြောင်းရောင်းချ၊ပေါင်နှံ၊ပေးကမ်းခြင်းပြုပါက အဆင်ပြေမည်ဖြစ်ပါသည်။

ဂရန်လျှောက်ထားမှု ပြုလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာနတွင် နှစ်ရှည်၊နှစ်တိုကာလအပိုင်းအခြားအထိ မြေငှားဂရန်သတ်မှတ်ပုံစံများအတိုင်း လျှောက်ထား နိုင်ပါတယ်။

ထို့ပြင် ဂရန်မြေငှားစာချုပ် လျှောက်ထားမည့်သူသည် ...

(၁)။ပဋိဉာဉ်စာချုပ်ချုပ်ဆိုပိုင်ခွင့်ရှိသူဖြစ်ရမည်

(အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ရမည်၊စိတ်ပေါ့သွပ်သူမဖြစ်ရ)။

(၂)။ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူ၊ ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရ သူဖြစ်ရမည်။

(၃)။သတ်မှတ်ထားသောမြေငှားခကို ပေးဆောင်နိုင်သူဖြစ်ရမယ်။

ထို့သို့မြေငှားဂရန်လျှောက်ထားပါက အထောက်အထားအဖြစ် မြေပိုင်ဆိုင်မှု စာချုပ်စာတမ်း၊ မြေပိုင်ဆိုင်မှု အထောက်အထားများမူရင်းများ၊(သို့)တရားရုံးအမိန့်များ တင်ပြရန် လိုအပ်ပါတယ်။

အမွေဆက်ခံခွင့်အရ အမည်ပြောင်းလဲလိုပါက ဥပဒေအညီအမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန် လွှာမူရင်း၊သေစာရင်း၊အိမ်ထောင်စုစာရင်းများလိုအပ်ပါတယ်။

ပါမစ်အမည်ပေါက်၊ စာချုပ်စာတမ်းအဆက်အစပ်များအရ ပါမစ်မြေအား လွှဲပြောင်းပိုင်ဆိုင်ခွင့်ရရှိထား သူ၊တရားရုံးအမိန့် အနိုင်ဒီဂရီအရပါမစ်မြေအား ပိုင်ဆိုင်ခွင့်ရရှိထားသူတို့မှာ ပါမစ်မူရင်း ပျောက်ဆုံးကာ ပါမစ် စာရွက်တင်ပြနိုင်ခြင်း မရှိဘဲ မြေငှားဂရန် လျှောက်ထားလိုပါက အောက်ပါအတိုင်း လျှောက်ထားရပါမယ်။

(၁)။ ဌာနမှ သတ်မှတ်ပုံစံအတိုင်းလျှောက်ထားရမယ်။

(၂)။ လျှောက်ထားသူမှ ကိုယ်တိုင်ကျမ်းကျိန်ထားသော ပါမစ်မူရင်းပျောက်ဆုံးကြောင်း ကျမ်းကျိန် လွှာ။

(၃)။ မြေချပါမစ်ချထားခြင်းခံရသည့်မြို့နယ် ရဲစခန်းထောက်ခံချက်နှင့် အုပ်ချုပ်ရေးမှူး ထောက်ခံ ချက်လဲလိုအပ်သလို ပါမစ်မူရင်းပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ကိုယ်တိုင်ဝန်ခံချက် လိုအပ်ပါတယ်။

(၄)။ မြေငှားချကြွေးကျန်ကင်းရှင်းကြောင်း မြေငှားချနောက်ဆုံးပေးဆောင်ထားသောပြေစာ။

(၅)။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ကန့်သတ်သည့်ဥပဒေနှင့်ငြိစွန်းမှုရှိမရှိ။

(၆)။ ကန့်ကွက်ရန်ရှိမရှိကြေငြာလွှာအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အစီရင်ခံတင်ပြခြင်းကို စီစစ်ခြင်း။

(၇)။ ကန့်ကွက်သူရှိမရှိ သတင်းစာကြေငြာခြင်း။

(၈)။ ပါမစ်ပျောက်ဆုံးကြောင်း ကာယကံရှင်မှ သတ်မှတ်ခံဝန်ပုံစံဖြင့်လက်မှတ်ရေးထိုးစေခြင်းပြုပြီး

ဌာနမှ စီစစ်ဆောင်ရွက်ကာ စာရွက်စာတမ်းများစုံလင်ပါက မြေပုံ/မြေရာဇဝင်ရေးဆွဲ၍ ဝန် ဆောင်ခပေးသွင်းစေ၍ ဂရန်ထုတ်ပေးပါသည်။

လျှောက်ထားသူမှ သိရှိထားရန်အချက်မှာ တစ်ဦးတစ်ယောက်မှ ပါမစ်မူရင်းတင်ပြလာကာ ဂရန် လျှောက်ထားလာခြင်း၊ပါမစ်မူရင်းဖြင့် တင်ပြကန့်ကွက်ခြင်း ပေါ်ပေါက်လာပါက လျှောက်ထားသူအား ထုတ်ပေး ထားသောဂရန်ကို ပယ်ဖျက်မည်ကို သိရှိကြောင်း တံဆိပ်တုံးစာသားပေါ်တွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုး စေကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

 

မေးခွန်း (၃) - သီးစားမြေဆိုတာဘယ်လိုမြေအမျိုးအစားဖြစ်ပါသလဲ။လူနေလို့ရပါသလား။မစိုက်ပဲထားလို့ရောရပါသလား။

 

လယ်ယာမြေဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုရန်လက်ရှိထားမြေကိုဆိုလိုပါသည်။ သီးစားချ ထားပေးသော မြေဆိုသည်မှာ စိုက်ပျိုးရေးအတွက် သီးစားခပေးဆောင်၍ စိုက်ပျိုးရသောမြေကို ဆိုလိုပါသည်။ သီးစားချထားသောမြေမှာလဲ စိုက်ပျိုးမြေဖြစ်သောကြောင့် လူနေထိုင်၍မရဘဲ စိုက်ပျိုးရန်အတွက် ငှားရမ်းပေး ခြင်းပင်ဖြစ်ပါသည်။

အောက်ပါမြေအမျိုးအစားများကို သီးစားချပေးခြင်းဖြစ်ပါသည်။

- စပါးစိုက်ပျိုးသောလယ်မြေ

- ငြုပ်၊ကြက်သွန်၊ကြံခင်းစိုက်ပျိုးသောမြေ

- ယာမြေ၊ကိုင်းမြေ တို့ကို

အစိုးရ(သို့)မြေရှင်များအား သီးစားခပေးဆောင်၍ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး ဥပဒေအရတော့ နှစ်တစ်နှစ်အတွက် မြေခွန်ပေးဆောင်ရသော အခွန်၏(၃)(၂)ဆ‌ သီးစားခအား ပေးဆောင်ရန် သတ်မှတ် ထားပါသည်။ ယခင်လယ်ယာ မြေဥပအဒေအရ ဘိုးဘွားပိုင်မြေအား မျိုးရိုးစဉ်ဆက်မပျက် (၁၂)ကျော် လက်ရှိ ထား လုပ်ကိုင်လာပါက ဘိုးဘွားပိုင်မြေအဖြစ် လုပ်ပိုင်ခွင့်ပေးပြီး (၂)ကျော် မစိုက်ပျိုးဘဲ စိုက်ပျိုးမြေအဖြစ်မှ စွန့်လွှတ်ထားပါက အစိုးရမြေပြန်လည်ဖြစ်ကာ သိမ်းယူနိုင်ပါသည်။ အမည်ပေါက်လယ်ယာမြေဖြစ်စေရန် မြေပုံ/ မြေရာဇဝင်ရေးဆွဲပြီး ပိုင်ဆိုင်မှုအား စာရင်းပြုစုပြီးပါက ဦးပိုင်သတ်မှတ်ပေးကာ အမည်ပေါက်လယ်ယာ မြေဖြစ်လာပါသည်။ ၁၉၆၃ခုနှစ်၊သီးစားချထားရေးဥပဒေကို ရုတ်သိမ်းထားပြီး ဖြစ်ပါတယ်။

ထိုဥပဒေအရ သီးစားခံယူလုပ်ကိုင်သည့် လယ်ယာမြေများမြေရှင်မှဖြစ်စေ၊ သီးစားမြေငှားရမ်းသူမှဖြစ် စေ အောက်ပါအချက်အလက်များပါဝင်ကာ မှတ်ပုံတင်ခြင်းပြုလုပ်နိုင်ပါသည်။

(က) လယ်ယာမြေ၏ ဦးပိုင်အမှတ်၊ကွင်းအမှတ်၊တည်ရှိရာကျေးရွာအုပ်စု

(ခ) လယ်ယာမြေ၏ အကျယ်အဝန်း

(ဂ) လယ်ယာမြေပိုင်ဆိုင်သည့် မြေရှင်၏ အမည်နှင့်လိပ်စာ

(ဃ) သီးစားခံယူလုပ်ကိုင်သူ၏ အမည်နှင့်လိပ်စာ

(င) လက်ရှိလက်ငုတ် သီးစားလုပ်ကိုင်ခဲ့သည့်နှစ်များ

(စ) နှစ်အသီးသီးအတွက် သီးစားခပေးရသည့်သီးစားခ တို့ဖြစ်ကြောင်း ဖော်ပြရေးသားပေးပါတယ်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

 

မေးခွန်းပေးပို့ရန် Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

အေမးမ်ားတဲ့ ျပႆနာ Special Power နဲ႔ General Power

 

SP, GP တို႔သည္ မည္သည့္အေျခအေနမ်ိဳးမွာ ပ်က္ျပယ္တတ္သလဲ ဆိုတဲ့ ေမးခြန္းအပါအဝင္ အိမ္ျခံေျမဥပေဒဆိုင္ရာ စိတ္ဝင္စားဖြယ္ အေမးအေျဖမ်ားကို တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။ အိမ္ျခံေျမေလာကသားတိုင္းအတြက္ သိမွတ္စရာအိမ္ျခံေျမဥပေဒအေမးအေျဖေလးမ်ားကို iMyanmarHouse.com မွ အပတ္စဥ္ တင္ဆက္ေပးေနပါတယ္။

 

ေမးခြန္း (၁) - SP, GP တို႔သည္ မည္သည့္အေျခအေနမ်ိဳးမွာ ပ်က္ျပယ္တတ္ပါသနည္း။

 

ကိုယ္စားလွယ္ဆိုသည္မွာ တပါးသူ၏ ကိစၥရပ္အား ေဆာင္႐ြက္ရန္ ခန္႔ထားျခင္းခံရသူကို ဆိုလိုပါတယ္။

- ကိုယ္စားလွယ္လႊဲအပ္ေပးသူ၏ ပဋိဉာဥ္စာခ်ဳပ္စာတမ္းအား ခ်ဳပ္ဆိုရန္၊ တရားစြဲဆိုရန္ႏွင့္ ခုခံေခ်ပရန္၊ ေဆာင္႐ြက္ရန္ကိစၥတစ္ခုခုအား လႊဲေျပာင္းရယူေပးရန္ ကိုယ္စားေဆာင္႐ြက္ေပးရျခင္းျဖစ္ပါတယ္။ -ကိုယ္စားလႊဲစာျဖင့္ ခ်ဳပ္ဆိုသူမွာ ပဋိဉာဥ္ကို ကိုယ္တိုင္ခ်ဳပ္ဆိုသကဲ့သို႔ အက်ိဳးခံစားခြင့္ရ႐ွိပါတယ္။

- အ႐ြယ္မေရာက္ေသးသူ စိတ္ေပါ့သြပ္သူ၊ပဋိဉာဥ္တစ္ရပ္ကို မိမိကိုယ္တိုင္ ျဖစ္ေစ၊ကိုယ္စားလွယ္မွ တဆင့္ျဖစ္ေစ မျပဳႏိုင္သူမ်ားမွာ ကိုယ္စားလွယ္ခန္႔အပ္ႏိုင္သူမ်ား မဟုတ္ေပ။

ပဋိဉာဥ္ဥပေဒ-၁၈၆ အရ ကိုယ္စားလွယ္အား အခြင့္အာဏာလႊဲအပ္ေပးသည့္အခါ အတိအလင္းျဖစ္ေစ၊ လႊဲအပ္မႈျပဳသည့္အျပဳအမႈျဖင့္ျဖစ္ေစလႊဲအပ္ႏိုင္ပါတယ္။

ကိုယ္စားလွယ္စာ(၃)မ်ိဳးမွာ

- အေၾကာင္းထူးကိစၥရပ္မ်ား ေဆာင္႐ြက္ရန္အတြက္ အထူးကိုယ္စားလွယ္လႊဲစာ၊

- မႈခင္းကိစၥရပ္မ်ား ေဆာင္႐ြက္ရန္အတြက္လႊဲအပ္ပါက ေ႐ွ႕ေနကိုယ္စားလွယ္လႊဲစာ၊

- အေထြေထြကိစၥရပ္မ်ားအားလုံးေဆာင္႐ြက္ရန္အတြက္ အေထြေထြကိုယ္စားလွယ္စာ၊တို႔အား စာျဖင့္ ေရးသားကာ ကိုယ္စားလွယ္ ခန္႔အပ္ရမည္ျဖစ္ပါတယ္။

ကိုယ္စားလွယ္ခံအပ္ျခင္းခံရလွ်င္ ကိုယ္စားလွယ္မွာ ခြင့္ျပဳထားသည့္ လုပ္ပိုင္ခြင့္အတိုင္းသာ ျပဳလုပ္ ေဆာင္႐ြက္ခြင့္႐ွိပါတယ္။

ပဋိဉာဥ္ဥပေဒ-၂၀၁ အရ SP, GP ပ်က္ျပယ္ျခင္းဆိုသည္မွာ

- ကိုယ္စားလွယ္အာဏာကို လႊဲအပ္ေပးသူမွ ျပန္လည္ ႐ုတ္သိမ္းျခင္းျပဳပါက

-ကိုယ္စားလွယ္မွကိုယ္စားလွယ္လုပ္ငန္းကိုမေဆာင္႐ြက္လို၍ျငင္းဆန္ပါက

- ကိုယ္စားလွယ္လုပ္ငန္းၿပီးဆုံးသြားပါက

- ကိုယ္စားလွယ္လႊဲအပ္သူႏွင့္လႊဲအပ္ျခင္းခံရသူေသဆုံးပါက

- စိတ္ေပါ့သြပ္ျခင္း၊႐ူးသြပ္ျခင္းျဖစ္ေပၚပါက

- လႊဲအပ္သူမွာအေႂကြးမဆပ္ႏိုင္သည့္အင္ေဆာ္လဝင္တစ္ဦးျဖစ္ပါက

-သတ္မွတ္အခ်ိန္ကာလျဖင့္ ကိုယ္စားေဆာင္႐ြက္ရန္ခြင့္ျပဳထားပါက ကိုယ္စားလွယ္လႊဲစာပ်က္ျပယ္ ကာ ဆုံးခန္းတိုင္ၿပီျဖစ္ပါတယ္။

ပဋိဉာဥ္ဥပေဒ-၂၀၇အရ ကိုယ္စားလွယ္လႊဲစာကို ျပန္လည္႐ုတ္သိမ္းရာတြင္ လႊဲအပ္သူႏွင့္ လႊဲအပ္ခံရသူႏွစ္ဦး အတိအလင္းျဖစ္ေစ၊အျပဳအမႈျဖင့္ျဖစ္ေစ ျပဳလုပ္ႏိုင္ပါတယ္။ အထူးကိုယ္စား လွယ္စာမ်ားအား ဖ်က္သိမ္းလိုပါက လႊဲအပ္သူႏွင့္လႊဲအပ္ခံသူ ႏွစ္ဦး သေဘာတူလက္မွတ္ေရးထိုးကာ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ဖ်က္သိမ္းႏိုင္ၿပီး အျငင္းပႊားမႈမ်ား႐ွိပါက တရား႐ုံးတြင္ ကိုယ္စားလွယ္ လႊဲစာဖ်က္သိမ္းေပးေစလိုမႈျဖင့္ တရားစြဲဆိုျခင္းမ်ားလဲ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

 

ေမးခြန္း (၂) - ပါမစ္ေပ်ာက္ေျမအား ေျမငွားစာခ်ဳပ္ေလွ်ာက္ထားလို႔ရပါသလား။

 

ပါမစ္ေျမဆိုသည္မွာ ႏိုင္ငံေတာ္မွ ခ်ေပးထားေသာ လူေနထိုင္ခြင့္ေျမအမ်ိဳးအစားပင္ျဖစ္ပါသည္။ အမည္ ေပါက္ပိုင္႐ွင္မွာ အစိုးရပင္ျဖစ္ကာ ပါမစ္ေျမကို ေျမငွားဂရန္ေလွ်ာက္ထားရယူႏိုင္ပါတယ္။ ေျမငွားစာခ်ဳပ္ ရ႐ွိသည္အခါမွ လႊဲေျပာင္းေရာင္းခ်၊ေပါင္ႏွံ၊ေပးကမ္းျခင္းျပဳပါက အဆင္ေျပမည္ျဖစ္ပါသည္။

ဂရန္ေလွ်ာက္ထားမႈ ျပဳလိုပါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံ ခန္႔ခြဲမႈဌာနတြင္ ႏွစ္႐ွည္၊ႏွစ္တိုကာလအပိုင္းအျခားအထိ ေျမငွားဂရန္သတ္မွတ္ပုံစံမ်ားအတိုင္း ေလွ်ာက္ထား ႏိုင္ပါတယ္။

ထို႔ျပင္ ဂရန္ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားမည့္သူသည္ ...

(၁)။ပဋိဉာဥ္စာခ်ဳပ္ခ်ဳပ္ဆိုပိုင္ခြင့္႐ွိသူျဖစ္ရမည္

(အသက္၁၈ႏွစ္ျပည့္ၿပီးသူျဖစ္ရမည္၊စိတ္ေပါ့သြပ္သူမျဖစ္ရ)။

(၂)။ျပည္ေထာင္စုျမန္မာႏိုင္ငံသားအျဖစ္အသိအမွတ္ျပဳခံရသူ၊ ဧည့္ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳခံရ သူျဖစ္ရမည္။

(၃)။သတ္မွတ္ထားေသာေျမငွားခကို ေပးေဆာင္ႏိုင္သူျဖစ္ရမယ္။

ထို႔သို႔ေျမငွားဂရန္ေလွ်ာက္ထားပါက အေထာက္အထားအျဖစ္ ေျမပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း၊ ေျမပိုင္ဆိုင္မႈ အေထာက္အထားမ်ားမူရင္းမ်ား၊(သို႔)တရား႐ုံးအမိန္႔မ်ား တင္ျပရန္ လိုအပ္ပါတယ္။ အေမြဆက္ခံခြင့္အရ အမည္ေျပာင္းလဲလိုပါက ဥပေဒအညီအေမြဆက္ခံခြင့္႐ွိေၾကာင္း က်မ္းက်ိန္ လႊာမူရင္း၊ေသစာရင္း၊အိမ္ေထာင္စုစာရင္းမ်ားလိုအပ္ပါတယ္။

ပါမစ္အမည္ေပါက္၊ စာခ်ဳပ္စာတမ္းအဆက္အစပ္မ်ားအရ ပါမစ္ေျမအား လႊဲေျပာင္းပိုင္ဆိုင္ခြင့္ရ႐ွိထား သူ၊တရား႐ုံးအမိန္႔ အႏိုင္ဒီဂရီအရပါမစ္ေျမအား ပိုင္ဆိုင္ခြင့္ရ႐ွိထားသူတို႔မွာ ပါမစ္မူရင္း ေပ်ာက္ဆုံးကာ ပါမစ္ စာ႐ြက္တင္ျပႏိုင္ျခင္း မ႐ွိဘဲ ေျမငွားဂရန္ ေလွ်ာက္ထားလိုပါက ေအာက္ပါအတိုင္း ေလွ်ာက္ထားရပါမယ္။

(၁)။ ဌာနမွ သတ္မွတ္ပုံစံအတိုင္းေလွ်ာက္ထားရမယ္။

(၂)။ ေလွ်ာက္ထားသူမွ ကိုယ္တိုင္က်မ္းက်ိန္ထားေသာ ပါမစ္မူရင္းေပ်ာက္ဆုံးေၾကာင္း က်မ္းက်ိန္ လႊာ။

(၃)။ ေျမခ်ပါမစ္ခ်ထားျခင္းခံရသည့္ၿမိဳ႕နယ္ ရဲစခန္းေထာက္ခံခ်က္ႏွင့္ အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံ ခ်က္လဲလိုအပ္သလို ပါမစ္မူရင္းေပ်ာက္ဆုံးသည္မွာ မွန္ကန္ေၾကာင္း ကိုယ္တိုင္ဝန္ခံခ်က္ လိုအပ္ပါတယ္။

(၄)။ ေျမငွားခ်ေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေျမငွားခ်ေနာက္ဆုံးေပးေဆာင္ထားေသာေျပစာ။

(၅)။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ကန္႔သတ္သည့္ဥပေဒႏွင့္ၿငိစြန္းမႈ႐ွိမ႐ွိ။

(၆)။ ကန္႔ကြက္ရန္႐ွိမ႐ွိေၾကျငာလႊာအား ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ အစီရင္ခံတင္ျပျခင္းကို စီစစ္ျခင္း။

(၇)။ ကန္႔ကြက္သူ႐ွိမ႐ွိ သတင္းစာေၾကျငာျခင္း။

(၈)။ ပါမစ္ေပ်ာက္ဆုံးေၾကာင္း ကာယကံ႐ွင္မွ သတ္မွတ္ခံဝန္ပုံစံျဖင့္လက္မွတ္ေရးထိုးေစျခင္းျပဳၿပီး

ဌာနမွ စီစစ္ေဆာင္႐ြက္ကာ စာ႐ြက္စာတမ္းမ်ားစုံလင္ပါက ေျမပုံ/ေျမရာဇဝင္ေရးဆြဲ၍ ဝန္ ေဆာင္ခေပးသြင္းေစ၍ ဂရန္ထုတ္ေပးပါသည္။

ေလွ်ာက္ထားသူမွ သိ႐ွိထားရန္အခ်က္မွာ တစ္ဦးတစ္ေယာက္မွ ပါမစ္မူရင္းတင္ျပလာကာ ဂရန္ ေလွ်ာက္ထားလာျခင္း၊ပါမစ္မူရင္းျဖင့္ တင္ျပကန္႔ကြက္ျခင္း ေပၚေပါက္လာပါက ေလွ်ာက္ထားသူအား ထုတ္ေပး ထားေသာဂရန္ကို ပယ္ဖ်က္မည္ကို သိ႐ွိေၾကာင္း တံဆိပ္တုံးစာသားေပၚတြင္ ဝန္ခံကတိျပဳလက္မွတ္ေရးထိုး ေစေၾကာင္း ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - သီးစားေျမဆိုတာဘယ္လိုေျမအမ်ိဳးအစားျဖစ္ပါသလဲ။လူေနလို႔ရပါသလား။မစိုက္ပဲထားလို႔ေရာရပါသလား။

 

လယ္ယာေျမဆိုသည္မွာ စိုက္ပ်ိဳးေရးအတြက္ အသုံးျပဳရန္လက္႐ွိထားေျမကိုဆိုလိုပါသည္။ သီးစားခ် ထားေပးေသာ ေျမဆိုသည္မွာ စိုက္ပ်ိဳးေရးအတြက္ သီးစားခေပးေဆာင္၍ စိုက္ပ်ိဳးရေသာေျမကို ဆိုလိုပါသည္။ သီးစားခ်ထားေသာေျမမွာလဲ စိုက္ပ်ိဳးေျမျဖစ္ေသာေၾကာင့္ လူေနထိုင္၍မရဘဲ စိုက္ပ်ိဳးရန္အတြက္ ငွားရမ္းေပး ျခင္းပင္ျဖစ္ပါသည္။

ေအာက္ပါေျမအမ်ိဳးအစားမ်ားကို သီးစားခ်ေပးျခင္းျဖစ္ပါသည္။

-စပါးစိုက္ပ်ိဳးေသာလယ္ေျမ

-ျငဳပ္၊ၾကက္သြန္၊ၾကံခင္းစိုက္ပ်ိဳးေသာေျမ

-ယာေျမ၊ကိုင္းေျမ တို႔ကို

အစိုးရ(သို႔)ေျမ႐ွင္မ်ားအား သီးစားခေပးေဆာင္၍ စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ေပးျခင္းျဖစ္ၿပီး ဥပေဒအရေတာ့ ႏွစ္တစ္ႏွစ္အတြက္ ေျမခြန္ေပးေဆာင္ရေသာ အခြန္၏(၃)(၂)ဆ‌ သီးစားခအား ေပးေဆာင္ရန္ သတ္မွတ္ ထားပါသည္။ ယခင္လယ္ယာ ေျမဥပအေဒအရ ဘိုးဘြားပိုင္ေျမအား မ်ိဳး႐ိုးစဥ္ဆက္မပ်က္ (၁၂)ေက်ာ္ လက္႐ွိ ထား လုပ္ကိုင္လာပါက ဘိုးဘြားပိုင္ေျမအျဖစ္ လုပ္ပိုင္ခြင့္ေပးၿပီး (၂)ေက်ာ္ မစိုက္ပ်ိဳးဘဲ စိုက္ပ်ိဳးေျမအျဖစ္မွ စြန္႔ လႊတ္ထားပါက အစိုးရေျမျပန္လည္ျဖစ္ကာ သိမ္းယူႏိုင္ပါသည္။ အမည္ေပါက္လယ္ယာေျမျဖစ္ေစရန္ ေျမပုံ/ ေျမရာဇဝင္ေရးဆြဲၿပီး ပိုင္ဆိုင္မႈအား စာရင္းျပဳစုၿပီးပါက ဦးပိုင္သတ္မွတ္ေပးကာ အမည္ေပါက္လယ္ယာ ေျမျဖစ္လာပါသည္။ ၁၉၆၃ခုႏွစ္၊သီးစားခ်ထားေရးဥပေဒကို ႐ုတ္သိမ္းထားၿပီး ျဖစ္ပါ တယ္။

ထိုဥပေဒအရ သီးစားခံယူလုပ္ကိုင္သည့္ လယ္ယာေျမမ်ားေျမ႐ွင္မွျဖစ္ေစ၊ သီးစားေျမငွားရမ္းသူမွျဖစ္ ေစ ေအာက္ပါအခ်က္အလက္မ်ားပါဝင္ကာ မွတ္ပုံတင္ျခင္းျပဳလုပ္ႏိုင္ပါသည္။

(က) လယ္ယာေျမ၏ ဦးပိုင္အမွတ္၊ကြင္းအမွတ္၊တည္႐ွိရာေက်း႐ြာအုပ္စု

(ခ) လယ္ယာေျမ၏ အက်ယ္အဝန္း

(ဂ) လယ္ယာေျမပိုင္ဆိုင္သည့္ ေျမ႐ွင္၏ အမည္ႏွင့္လိပ္စာ

(ဃ) သီးစားခံယူလုပ္ကိုင္သူ၏ အမည္ႏွင့္လိပ္စာ

(င) လက္႐ွိလက္ငုတ္ သီးစားလုပ္ကိုင္ခဲ့သည့္ႏွစ္မ်ား

(စ) ႏွစ္အသီးသီးအတြက္ သီးစားခေပးရသည့္သီးစားခ တို႔ျဖစ္ေၾကာင္း ေဖာ္ျပေရးသားေပးပါတယ္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service