ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အတွေးများသည် နယ်ချဲ့တတ်သလားမပြောတတ်ပါ။ သူမတွင်ရှိသောအကျင့်တစ်ခုသည် မျက်စိရှေ့တွင်မြင်လိုက်ရသည့်မြင်ကွင်းတစ်ခုနှင့်ပတ်သက်ပြီး တော်တော်နှင့်မမေ့ပျောက်နိုင်ဘဲ အတွေးများဆက်စပ်တွေးမိနေတတ်ခြင်းဖြစ်သည်။ဘာရယ်လို့မဟုတ် ဘတ်စ်ကားစီးလျှင်လည်း ဟိုဟိုဒီဒီငေးကာ တွေးမိတွေးရာတွေးမိနေတတ်သည်။ပြီးလျှင်လည်း တော်တော်နှင့်အတွေးကြောမဖြတ်နိုင်ဖြစ်တတ်သည်။ ပိုဆိုးသည်က အိမ်မှရုံးကိုသွားရသည့်ကြာချိန်သည် တစ်နာရီနီးပါးခန့်ပုံမှန်ဖြစ်သဖြင့် ဘတ်စ်ကားစီးနေသည့်အချိန်၊ ဘတ်စ်ကားဂိတ်မှရုံးသို့လမ်းလျှောက်ရသည့် အချိန်များသည် အတွေးခရီးနှင်လို့ကောင်းသည့်အချိန်များဖြစ်နေသည်။
သူမစိတ်ထဲတွင် အခုချိန်ထိမမေ့ဖျောက်နိုင်ဘဲ စွဲထင်နေခဲ့သောအတွေးလေးတစ်ခုမှာ ရုံးသို့လာသည့်တစ်မနက် လမ်းတွင်တွေ့ခဲ့ရသည့်မြင်ကွင်းတစ်ခုမှစခဲ့သည်။သုံးလ လေးလလောက်ပင် ကြာနေသော်ငြားလည်း မတွေးဘဲမနေနိုင်ဖြစ်နေခဲ့သဖြင့် ချရေးဖို့စိတ်ကူးပေါ်လာခဲ့ခြင်းဖြစ်သည်။
သူမမှတ်မိသလောက် ထိုနေ့မနက်သည် ပုံမှန်နေ့များထက် သာလွန်ပြီး ထူးခြားနေခြင်းမျိုးမရှိခဲ့ပါ။ပုံမှန်နေ့များလိုပင် ဘတ်စ်ကားဂိတ်မှ ရုံးသို့လမ်းလျှောက်လာခဲ့သည်။ အချိန်စီမံခန့်ခွဲမှုအားနည်းသည့် အကျင့်ကြောင့် ရုံးနောက်ကျတတ်သဖြင့် ထိုနေ့ကလည်း ခပ်သွက်သွက်ပင်လမ်းလျှောက်လာခဲ့သည်။ ဘေးဘီဝဲယာကိုလည်း သေသေချာချာမကြည့်မိခဲ့။ လမ်းလျှောက်နေသည့် ခြေလှမ်းပေါ်တွင်သာ အာရုံစိုက်ထားမိခဲ့သည်။ထိုအချိန်တွင် မျက်နှာချင်းဆိုင်မှ အလုပ်သွားမည့် အလုပ်ကြမ်းသမားတစ်ချို့လမ်းလျှောက်လာသည်နှင့် ဆုံသည်။ဘေးချင်းယှဉ်၍ ကျော်ဖြတ်ပြီးသည့် အချိန်တွင် ထိုအလုပ်သမားအုပ်စုဆီမှ’’ဟာ သွားပါပြီ’’ ‘’ကုန်ပါပြီ’’ ဟူသော ရေရွတ်သံများကြားလိုက်ရသည်။
အသံကြားလိုက်သည်နှင့် တပြိုင်နက် ဦးနှောက်၏စေ့ဆော်မှုကြောင့် လှည့်ကြည့်မိလျက်သားဖြစ်သွားရာ ပထမဆုံးမြင်လိုက်ရသည်မှာ ကတ္တရာလမ်းပေါ်တွင်ဖွေးဖွေးလှုပ်ပြန့်ကျဲနေသော ထမင်းများ၊ ပြီးလျှင် ကြက်သွန်နိုင်နိုင် ဆီရွှဲရွှဲဖြင့်သုပ်ထားသည့် ပဲကတ္တီပါ(သို့) ဧရာဝတီတိုင်းအခေါ် ပဲနီလေးစေ့နီနီလေးများကို တစ်ဆက်တည်းတွေ့လိုက်ရသည်။သူတို့၏ဘေးတွင်တော့ အပေါစားစတီးချိုင့်လေးသည်လဲပြိုကျနေသည်။
လက်ချော်သွား၍ပဲလား၊ ထမင်းချိုင့်အံမကျ၍ပဲလားမသိ မှောက်သွားပုံရသည်။ ထမင်းချိုင့်ပိုင်ရှင် ဖြစ်ဟန်တူသူသည် နှမြောတသစွာဖြင့် ဖုန်သဲများနှင့်ဝေးသော အပေါ်ယံမှ ထမင်းများကိုလက်ဖြင့်သဲ့ယူကာ ချိုင့်ထဲသို့ထည့်နေသည်ကိုတွေ့လိုက်ရသည်။
မြင်ခဲ့သည့်မြင်ကွင်းကား ဒီအထိပင်ဖြစ်သော်လည်း ခေါင်းထဲတွင်မူ တဝဲဝဲလည်လည်အတွေးများ ထပ်ဆင့်ပွားလာခဲ့သည်။ပထမဆုံးတွေးမိသည်မှာ ထမင်းချိုင့်ရဖို့အတွက် ထမင်းချိုင့်ပိုင်ရှင်၏ဇနီးမယားဖြစ်သူသည် ခင်ပွန်းသည် အလုပ်သွားချိန်အမီ မနက် စောစောထကာ ချက်ပြုတ်ပြင်ဆင်ရပေလိမ့်မည်။ပူပူနွေးနွေးစားစေချင်သည့်စေတနာကြောင့်ရော အဆာခံစေရန်အတွက်ရော ရည်ရွယ်ပြီး ထမင်းအိအိထွေးထွေးကို ချိုင့်ထဲသို့ အပြည့်အမောက်ထည့်ပေးလိုက်လိမ့်မည်။
ဟင်းစားအတွက် မည်မည်ရရချက်ပြုတ်စရာမရှိသော်လည်း ရှိတာလေးကို သေသေချာချာဟင်းတစ်ခွက်ဖြစ်အောင် လုပ်ပေးလိုက်ပုံပေါ်သည်။မှောက်ကျသွားသည့် ပမာဏကိုကြည့်ခြင်းဖြင့် မနက်၊ နေ့လယ် ဝဝလင်လင်စားလောက်သည့် ပမာဏဖြစ်သည်။
ယောက်ျားဖြစ်သူအနေဖြင့်လည်း တစ်နေကုန်အလုပ်လုပ်ရမည့်ခွန်အားအတွက် ဒီထမင်းချိုင့်လေးအပေါ် မှီခိုအားထားရမည်ဖြစ်ပေသည်။အခုတော့ ကံမကောင်းအကြောင်းမလှစွာပင် ထမင်းချိုင့်လေးသည် မတော်တဆဖြစ်ခဲ့ပြီ။
ဆန်တစ်ပြည် ငါးထောင်ကျော်၊ ကြက်သွန်နီတစ်ပိဿာ သုံးထောင်ကျော်နေသည့် အချိန်တွင် အလုပ်ကြမ်းသမားတစ်ယောက် တစ်နေ့လခဘယ်လောက်ရသလဲ။ထမင်းတစ်နပ်ရဖို့ ဘယ်နှရက်အလုပ်လုပ်ရသလဲ သူမသေချာမသိပါ။ သူမစိတ်ထဲတွင် ထပ်တလဲလဲမြင်ယောင်နေမိသည်မှာ လမ်းမပေါ်တွင် ဖွေးဖွေးလှုပ်နေသော ထမင်းများနှင့် ပဲနီလေးစေ့နီနီကလေးများသာဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ျပန္႔က်ဲသြားေသာ ေခြၽးႏွဲစာမ်ား
အေတြးမ်ားသည္ နယ္ခ်ဲ႕တတ္သလားမေျပာတတ္ပါ။ သူမတြင္႐ွိေသာအက်င့္တစ္ခုသည္ မ်က္စိေ႐ွ႕တြင္ျမင္လိုက္ရသည့္ျမင္ကြင္းတစ္ခုႏွင့္ပတ္သက္ၿပီး ေတာ္ေတာ္ႏွင့္မေမ့ေပ်ာက္ႏိုင္ဘဲ အေတြးမ်ားဆက္စပ္ေတြးမိေနတတ္ျခင္းျဖစ္သည္။ဘာရယ္လို႔မဟုတ္ ဘတ္စ္ကားစီးလွ်င္လည္း ဟိုဟိုဒီဒီေငးကာ ေတြးမိေတြးရာေတြးမိေနတတ္သည္။ၿပီးလွ်င္လည္း ေတာ္ေတာ္ႏွင့္အေတြးေၾကာမျဖတ္ႏိုင္ျဖစ္တတ္သည္။ ပိုဆိုးသည္က အိမ္မွ႐ုံးကိုသြားရသည့္ၾကာခ်ိန္သည္ တစ္နာရီနီးပါးခန္႔ပုံမွန္ျဖစ္သျဖင့္ ဘတ္စ္ကားစီးေနသည့္အခ်ိန္၊ ဘတ္စ္ကားဂိတ္မွ႐ုံးသို႔လမ္းေလွ်ာက္ရသည့္ အခ်ိန္မ်ားသည္ အေတြးခရီးႏွင္လို႔ေကာင္းသည့္အခ်ိန္မ်ားျဖစ္ေနသည္။
သူမစိတ္ထဲတြင္ အခုခ်ိန္ထိမေမ့ေဖ်ာက္ႏိုင္ဘဲ စြဲထင္ေနခဲ့ေသာအေတြးေလးတစ္ခုမွာ ႐ုံးသို႔လာသည့္တစ္မနက္ လမ္းတြင္ေတြ႕ခဲ့ရသည့္ျမင္ကြင္းတစ္ခုမွစခဲ့သည္။သုံးလ ေလးလေလာက္ပင္ ၾကာေနေသာ္ျငားလည္း မေတြးဘဲမေနႏိုင္ျဖစ္ေနခဲ့သျဖင့္ ခ်ေရးဖို႔စိတ္ကူးေပၚလာခဲ့ျခင္းျဖစ္သည္။
သူမမွတ္မိသေလာက္ ထိုေန႔မနက္သည္ ပုံမွန္ေန႔မ်ားထက္ သာလြန္ၿပီး ထူးျခားေနျခင္းမ်ိဳးမ႐ွိခဲ့ပါ။ပုံမွန္ေန႔မ်ားလိုပင္ ဘတ္စ္ကားဂိတ္မွ ႐ုံးသို႔လမ္းေလွ်ာက္လာခဲ့သည္။ အခ်ိန္စီမံခန္႔ခြဲမႈအားနည္းသည့္ အက်င့္ေၾကာင့္ ႐ုံးေနာက္က်တတ္သျဖင့္ ထိုေန႔ကလည္း ခပ္သြက္သြက္ပင္လမ္းေလွ်ာက္လာခဲ့သည္။ ေဘးဘီဝဲယာကိုလည္း ေသေသခ်ာခ်ာမၾကည့္မိခဲ့။ လမ္းေလွ်ာက္ေနသည့္ ေျခလွမ္းေပၚတြင္သာ အာ႐ုံစိုက္ထားမိခဲ့သည္။ထိုအခ်ိန္တြင္ မ်က္ႏွာခ်င္းဆိုင္မွ အလုပ္သြားမည့္ အလုပ္ၾကမ္းသမားတစ္ခ်ိဳ႕လမ္းေလွ်ာက္လာသည္ႏွင့္ ဆုံသည္။ေဘးခ်င္းယွဥ္၍ ေက်ာ္ျဖတ္ၿပီးသည့္ အခ်ိန္တြင္ ထိုအလုပ္သမားအုပ္စုဆီမွ’’ဟာ သြားပါၿပီ’’ ‘’ကုန္ပါၿပီ’’ ဟူေသာ ေရ႐ြတ္သံမ်ားၾကားလိုက္ရသည္။
အသံၾကားလိုက္သည္ႏွင့္ တၿပိဳင္နက္ ဦးေႏွာက္၏ေစ့ေဆာ္မႈေၾကာင့္ လွည့္ၾကည့္မိလ်က္သားျဖစ္သြားရာ ပထမဆုံးျမင္လိုက္ရသည္မွာ ကတၱရာလမ္းေပၚတြင္ေဖြးေဖြးလႈပ္ျပန္႔က်ဲေနေသာ ထမင္းမ်ား၊ ၿပီးလွ်င္ ၾကက္သြန္ႏိုင္ႏိုင္ ဆီ႐ႊဲ႐ႊဲျဖင့္သုပ္ထားသည့္ ပဲကတၱီပါ(သို႔) ဧရာဝတီတိုင္းအေခၚ ပဲနီေလးေစ့နီနီေလးမ်ားကို တစ္ဆက္တည္းေတြ႕လိုက္ရသည္။သူတို႔၏ေဘးတြင္ေတာ့ အေပါစားစတီးခ်ိဳင့္ေလးသည္လဲၿပိဳက်ေနသည္။
လက္ေခ်ာ္သြား၍ပဲလား၊ ထမင္းခ်ိဳင့္အံမက်၍ပဲလားမသိ ေမွာက္သြားပုံရသည္။ ထမင္းခ်ိဳင့္ပိုင္႐ွင္ ျဖစ္ဟန္တူသူသည္ ႏွေျမာတသစြာျဖင့္ ဖုန္သဲမ်ားႏွင့္ေဝးေသာ အေပၚယံမွ ထမင္းမ်ားကိုလက္ျဖင့္သဲ့ယူကာ ခ်ိဳင့္ထဲသို႔ထည့္ေနသည္ကိုေတြ႕လိုက္ရသည္။
ျမင္ခဲ့သည့္ျမင္ကြင္းကား ဒီအထိပင္ျဖစ္ေသာ္လည္း ေခါင္းထဲတြင္မူ တဝဲဝဲလည္လည္အေတြးမ်ား ထပ္ဆင့္ပြားလာခဲ့သည္။ပထမဆုံးေတြးမိသည္မွာ ထမင္းခ်ိဳင့္ရဖို႔အတြက္ ထမင္းခ်ိဳင့္ပိုင္႐ွင္၏ဇနီးမယားျဖစ္သူသည္ ခင္ပြန္းသည္ အလုပ္သြားခ်ိန္အမီ မနက္ ေစာေစာထကာ ခ်က္ျပဳတ္ျပင္ဆင္ရေပလိမ့္မည္။ပူပူေႏြးေႏြးစားေစခ်င္သည့္ေစတနာေၾကာင့္ေရာ အဆာခံေစရန္အတြက္ေရာ ရည္႐ြယ္ၿပီး ထမင္းအိအိေထြးေထြးကို ခ်ိဳင့္ထဲသို႔ အျပည့္အေမာက္ထည့္ေပးလိုက္လိမ့္မည္။
ဟင္းစားအတြက္ မည္မည္ရရခ်က္ျပဳတ္စရာမ႐ွိေသာ္လည္း ႐ွိတာေလးကို ေသေသခ်ာခ်ာဟင္းတစ္ခြက္ျဖစ္ေအာင္ လုပ္ေပးလိုက္ပုံေပၚသည္။ေမွာက္က်သြားသည့္ ပမာဏကိုၾကည့္ျခင္းျဖင့္ မနက္၊ ေန႔လယ္ ဝဝလင္လင္စားေလာက္သည့္ ပမာဏျဖစ္သည္။
ေယာက်ာ္းျဖစ္သူအေနျဖင့္လည္း တစ္ေနကုန္အလုပ္လုပ္ရမည့္ခြန္အားအတြက္ ဒီထမင္းခ်ိဳင့္ေလးအေပၚ မွီခိုအားထားရမည္ျဖစ္ေပသည္။အခုေတာ့ ကံမေကာင္းအေၾကာင္းမလွစြာပင္ ထမင္းခ်ိဳင့္ေလးသည္ မေတာ္တဆျဖစ္ခဲ့ၿပီ။
ဆန္တစ္ျပည္ ငါးေထာင္ေက်ာ္၊ ၾကက္သြန္နီတစ္ပိႆာ သုံးေထာင္ေက်ာ္ေနသည့္ အခ်ိန္တြင္ အလုပ္ၾကမ္းသမားတစ္ေယာက္ တစ္ေန႔လခဘယ္ေလာက္ရသလဲ။ထမင္းတစ္နပ္ရဖို႔ ဘယ္ႏွရက္အလုပ္လုပ္ရသလဲ သူမေသခ်ာမသိပါ။ သူမစိတ္ထဲတြင္ ထပ္တလဲလဲျမင္ေယာင္ေနမိသည္မွာ လမ္းမေပၚတြင္ ေဖြးေဖြးလႈပ္ေနေသာ ထမင္းမ်ားႏွင့္ ပဲနီေလးေစ့နီနီကေလးမ်ားသာျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com