အမေရိကန်ပြည်တွင် သွပ်ဆူးကြိုး ၊ သဲအိတ်တို့ဖြင့် ဆောက်လုပ်ထားသော အမိုးခုံးအိမ်ကလေးများနှင့် ၁၈ ဧကကျယ်သော ခြံဝန်း ဒေါ်လာ ၂၇၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်တွင် သွပ်ဆူးကြိုး ၊ သဲအိတ်တို့ဖြင့် ဆောက်လုပ်ထားသော အမိုးခုံးအိမ်ကလေးများနှင့် ၁၈ ဧကကျယ်သော ခြံဝန်း ဒေါ်လာ ၂၇၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
28 Jul 2023 11:10 am တွင် တင်ခဲ့သည်
861 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်နိုင်ငံ ၊ အရီဇိုးနားပြည်နယ်တောင်ပိုင်း သဲကန္တာရအတွင်း တည်ရှိသော ၁၈ ဧကကျယ်ဝန်းသည့် မွေးမြူရေးခြံမှာ ပိုင်ရှင်သစ်ရှာဖွေလျက်ရှိသည်။
ဒေါ်လာ ၂၇၉၀၀၀ ဈေးခေါ်ထားသော အဆိုပါအိမ်ကလေးများတွင် လျှပ်စစ်မီးမရှိသောကြောင့် အဝတ်လျှော် စက် (သို့မဟုတ်) ရေခဲသေတ္တာများ သုံးနိုင်မည်မဟုတ်ချေ။
သို့သော် အနီးဆုံးမြို့နှင့် မဝေးလှ။
Ransom Ranch ဟုအမည်ပေးထားသော ခြံသည် အရီဇိုးနားပြည်နယ် ၊ McNeal အရပ်တွင်တည်ရှိပြီး Bisbee မြို့သို့ မော်တော်ကားဖြင့် ၃၅ မိနစ်သာ သွားရကာ မက္ကဆီကို နယ်စပ်နှင့်လည်း နီးသည်။
ခြံဝန်းအတွင်း သစ်သီးပင် ၁၂ ပင် ၊ ပန်းပင်များ၊ အခွံမာသီးပင်များ စိုက်ပျိုးထားသော အော်ဂဲနစ် ပန်းဥယျာဉ်နှင့် ရေတွင်းတစ်ခုတို့ ပါဝင်သည်။
ဤခြံဝန်းတွင် ထူးခြားသည့်အချက်မှာ အမိုးခုံး လူနေအိမ် ၃ လုံးဖြစ်သည်။
အဆိုပါ အမိုးခုံးအိမ်ကလေးများကို ဆောက်လုပ်ပုံမှာ မြေကြီးထည့်ထားသော သဲအိတ်ကလေးများ ဆင့်ထပ်ကာ အိတ်များကြားတွင် သွပ်ဆူးကြိုးများ ခံထားပြီး ဘိလပ်မြေဖြင့် အုပ်ပေးထားသည်။
ခြံဝန်းအတွင်း နေစွမ်းအင်ကိုသာ အသုံးပြုထားပြီး လူတို့၏ အညစ်အကြေးများကို မြေဆွေးပြုလုပ်သည့် အိမ် ၂ လုံးလည်း ပါဝင်ရာ ကျေးလက်ဘဝကို ခံစားရစေမည် ဖြစ်သည်။
“ဒါက တမူကွဲပြားတဲ့ လူနေမှုပုံစံပါပဲ။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး နေထိုင်လို့ ရနိုင်ပါတယ်။”ဟု ဈေးကွက်တင်ပေး သော Bisbee Realty Inc. အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Kimberly Ewing က Insider သတင်းဌာနသို့ ပြောသည်။
(မာစီယာ ဂစ်ဘွန်စ် အမည်ရှိ အမျိုးသမီးက အရီဇိုးနားပြည်နယ် ၊ McNeal အရပ်ရှိ မြေလွတ်ကို ၂၀၀၇ ခုနှစ် တွင် ဝယ်ယူခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ မာစီယာ ဆောက်လုပ်ခဲ့သော အမိုးခုံးအိမ် ၃ လုံးအနက် တစ်ခု ဖြစ်သည်။ ဓာတ်ပုံ- Kimberly Ewing)
(မာစီယာ မူလရည်ရွယ်ခဲ့သည်မှာ သစ်သားအိမ်ငယ်ကလေး ဆောက်လုပ်ရန် ဖြစ်သော်လည်း နောက်ပိုင်းတွင် သမရိုးကျ မဟုတ်သော အဆောက်အအုံ ပုံစံမျိုး ဆောက်လုပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ- Kimberly Ewing)
(မာစီယာက အီရန်လူမျိုး ဗိသုကာပညာရှင် နာဒါခါလီလီ၏ နေအိမ်ဆောက်လုပ်သည့် နည်းစနစ်ကို အလွန်သဘောကျခဲ့သည်။ ပုံတွင် ခြံဝန်းအတွင်း သက်ရင့်သစ်ပင်အချို့ တွေ့ရမည်ဖြစ်သည်။ ဓာတ်ပုံ- Kimberly Ewing)
(အမိုးခုံးနေအိမ်များမှ တစ်လုံး၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Kimberly Ewing)
(ရှားစောင်းပင်အချို့နှင့် အမိုးခုံးနေအိမ်များ။ ဓာတ်ပုံ- Kimberly Ewing)
မာစီယာသည် ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်ပြီး ဤအမိုးခုံးနေအိမ်များကို တပည့်ဟောင်းများ၏ အကူအညီဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
(အရောင်အသွေး တောက်ပသော အမိုးခုံးအိမ်တစ်လုံး။ ဓာတ်ပုံ- Kimberly Ewing)
အမိုးခုံးအိမ် ၃ လုံးတွင် နေအလင်းရောင်ရရန် အပေါက်ငယ်လေးများ ထားရှိသည်။
ခြံဝန်းအတွင်း Outdoor မီးဖိုဆောင်တစ်ခုအပြင် ရေတွင်းကို အုပ်မိုးဆောက်လုပ်ပေးထားသော ကောက်ရိုးအိမ်တစ်လုံးလည်းရှိသည်။
(အမိုးခုံးအိမ်၏ ကောင်းကင်အလင်း ရယူပုံ။ ဓာတ်ပုံ- Kimberly Ewing)
(မာစီယာက သစ်သီးပင်များနှင့် အခွံမာသီးပင်များလည်း စိုက်ပျိုးထားသည်။ ဓာတ်ပုံ- Kimberly Ewing)
(ဧည့်ခန်းနေရာတစ်ခု။ ဓာတ်ပုံ- Kimberly Ewing)
(ခြံဝန်းအတွင်းမှ ဆိုလာပြား ၂ ခု။ ဓာတ်ပုံ- Kimberly Ewing)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Photos: You can own this 18-acre property that comes with three dome homes made out of barbed wire and sandbags for $279,000 (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service