သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်၏ ၁၉၉၆ ခုနှစ်ထုတ် Mercedes –Benz S600 Lorinser ၂၃ ဒေါ်လာဖြင့် ရောင်းမည်

သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်၏ ၁၉၉၆ ခုနှစ်ထုတ် Mercedes –Benz S600 Lorinser ၂၃ ဒေါ်လာဖြင့် ရောင်းမည် - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2023 10:43 am တွင် တင်ခဲ့သည်
443 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

မိုက်ကယ်ဂျော်ဒန် (မွေး-၁၉၆၃) ကို MJ ဟုလည်း လူသိများပြီး သူသည် ယခင်က နာမည်ကြီး အမေရိကန် ဘတ်စ်ကက်ဘောကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်။

အမေရိကန်အမျိုးသားဘတ်စ်ကက်ဘောအသင်း (NBA) ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် “မိုက်ကယ်ဂျော်ဒန်သည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကစားသမားတစ်ဦး ဖြစ်သည်”ဟု ဖော်ပြထားသည်။

 

 

မိုက်ကယ်ဂျော်ဒန်သည် Chicago Bulls အသင်းနှင့်အတူ NBA တွင် ၁၅ ရာသီကစားခဲ့ပြီး NBA ချန်ပီယံဖလား ၆ ကြိမ်ရရှိခဲ့သည်။

မိုက်ကယ်ဂျော်ဒန်သည် NBA မှ Charlotte Hornets အသင်းပိုင်ရှင်၊ ဥက္ကဌလည်း ဖြစ်သည်။

 

 

သင့်အနေဖြင့် ဘတ်စကက်ဘောကစားရာတွင် မိုက်ကယ်ဂျော်ဒန်ကဲ့သို့ ကစားနိုင်ဖွယ်မရှိသော်လည်း သူ၏ အထွတ်အထိတ်ကာလများက စီးနင်းခဲ့သည့် မော်တော်ကားကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေသည်။

မိုက်ကယ်ဂျော်ဒန်သည် သူ၏ NBA ကစားသမားဘဝ အထွတ်အထိတ်ကာလများအတွင်း ၁၉၉၆ ခုနှစ်ထုတ် Mercedes –Benz S600 Lorinser ကို စီးနင်းခဲ့ပြီး ယခုရက်သတ္တပတ်အတွင်း အဆိုပါကား ရောင်းချမည်ဖြစ်သည်။

ဤကား၏ ထူးခြားချက်မှာ မိုက်ကယ်ဂျော်ဒန် ပိုင်ဆိုင်ဖူးသည့်အချက်သာမက ခေါ်ဈေးမှာလည်း ထူးခြားပြီး ၂၃ ဒေါ်လာသာ ဈေးခေါ်ထားသည်။

 

 

အဆိုပါကားကို Live လွှင့်ဈေးရောင်း ပလက်ဖောင်းတစ်ခုဖြစ်သော Whatnot မှတဆင့် ဇူလိုင်လ ၂၆ ရက်မှ ဇူလိုင် ၃၀ အထိ ကျင်းပမည့် ယခုနှစ်၏ National Sports Collectors Convention တွင် ရောင်းချသွားမည် ဖြစ်သည်။

ဤကားကို ဝယ်ယူရန် စိတ်ဝင်စားသူ မည်သူမဆို Whatnot Drop App ကို ဝင်ရောက်ကာ ဝယ်ယူနိုင်ပါသည်။

ထိုပွဲတော်တွင် မိုက်ကယ်ဂျော်ဒန်၏ ကားကို ၂၃ ဒေါ်လာဖြင့် မည်သူဝယ်ယူခွင့်ရမည်ကို ရွေးချယ်သွားမည် ဖြစ်သည်။

ပွဲတော်သို့ တက်ရောက်သူများမှာမူ ကားကို ကိုယ်တိုင်ကြည့်ရှုစစ်ဆေးခွင့် ရရှိမည်ဖြစ်သည်။

 

 

(မိုက်ကယ်ဂျော်ဒန်၏ ၁၉၉၆ ခုနှစ်ထုတ် Mercedes –Benz S600 Lorinser )

 

မိုက်ကယ်ဂျော်ဒန်၏ Mercedes မှာ W140 S-Klasse တံခါး ၂ ပေါက်ဖြစ်ပြီး သူနှင့်ဇနီးဟောင်း Juanita တို့က ၁၉၉၅ နှစ်ကုန်ပိုင်းတွင် ဝယ်ယူခဲ့ပြီး ၂၀၀၃ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။

The Last Dance ရုပ်သံအစီအစဉ် အပိုင်း ၇ တွင် ဤမော်တော်ကား ပါဝင်ခဲ့ဖူးသည်။

Metallic Dark Blue အရောင်ဖြစ်ပြီး အပြင်ဘက်ကို စိတ်ကြိုက်မွမ်းမံမှုများ ပြုလုပ်ထားရာ Wide Body Kit နှင့် ခရိုမီယန် Monobloc Wheel တို့ အပါအဝင် ဖြစ်သည်။

 

 

ကားအတွင်းပိုင်းတွင် ဒက်ရှ်ဘုတ်ပေါ်၌ မိုက်ကယ်ဂျော်ဒန်၏ နာမည်ရေးသားထားသော ကားဖုန်းတစ်လုံး တွေ့ရမည် ဖြစ်သည်။

အင်ဂျင်မှာ 6.0 –Liter V-12 ဖြစ်သည်။

တစ်ခုဈေးခေါ်ထားသည်မှာ ၂၃ ဒေါ်လာဖြစ်ပြီး မိုက်ကယ်ဂျော်ဒန်၏ ကစားသမားဘဝ ကျောနံပါတ်မှာလည်း ၂၃ ဖြစ်သည်။

 

 

မိုက်ကယ်ဂျော်ဒန်သည် သူ၏ စံအိမ်ကြီးတစ်လုံးကို အရောင်းဈေးကွက်တင်ထားရာတွင်လည်း ဂဏန်းများ ပေါင်းလိုက်လျှင် ၂၃ ရသော ၁၄၈၅၅၀၀၀ ဖြင့်ဈေးခေါ်ထားသည်။

မိုက်ကယ်ဂျော်ဒန်၏ကားကို ယခင်ပိုင်ဆိုင်ခဲ့ဖူးသူများက အကြိမ်ကြိမ်ရောင်းချရာတွင် ရောင်းမထွက်ခဲ့။

Beverly Hill Car Culb က မိုက်ကယ်ဂျော်ဒန်၏ ကားကို ပြီးခဲ့သော ၃ နှစ်လုံး ရောင်းချရန် ကြိုးစားခဲ့သော်လည်း ရောင်းမထွက်ခဲ့။

Whatnot ကမူ အလားတူ ပြဿနာမျိုး ကြုံရဖွယ်မရှိချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Michael Jordan’s 1996 Mercedes-Benz S600 Lorinser Is on Sale—for $23 (robbreport)

 

 

 

 

[Zawgyi]

သမိုင္းတစ္ေလွ်ာက္အၾကီးျမတ္ဆံုး ဘတ္စ္ကက္ေဘာၾကယ္ပြင့္ မိုက္ကယ္ေဂ်ာ္ဒန္၏ ၁၉၉၆ ခုႏွစ္ထုတ္ Mercedes –Benz S600 Lorinser ၂၃ ေဒၚလာျဖင့္ ေရာင္းမည္

 

မိုက္ကယ္ေဂ်ာ္ဒန္ (ေမြး-၁၉၆၃) ကို MJ ဟုလည္း လူသိမ်ားျပီး သူသည္ ယခင္က နာမည္ၾကီး အေမရိကန္ ဘတ္စ္ကက္ေဘာၾကယ္ပြင့္တစ္ဦး ျဖစ္ခဲ့သည္။

အေမရိကန္အမ်ဳိးသားဘတ္စ္ကက္ေဘာအသင္း (NBA) ၏ တရားဝင္ဝက္ဘ္ဆိုက္တြင္ “မိုက္ကယ္ေဂ်ာ္ဒန္သည္ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး ဘတ္စ္ကက္ေဘာကစားသမားတစ္ဦး ျဖစ္သည္”ဟု ေဖာ္ျပထားသည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ Chicago Bulls အသင္းႏွင့္အတူ NBA တြင္ ၁၅ ရာသီကစားခဲ့ျပီး NBA ခ်န္ပီယံဖလား ၆ ၾကိမ္ရရွိခဲ့သည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ NBA မွ Charlotte Hornets အသင္းပိုင္ရွင္၊ ဥကၠဌလည္း ျဖစ္သည္။

သင့္အေနျဖင့္ ဘတ္စကက္ေဘာကစားရာတြင္ မိုက္ကယ္ေဂ်ာ္ဒန္ကဲ့သို႔ ကစားႏိုင္ဖြယ္မရွိေသာ္လည္း သူ၏ အထြတ္အထိတ္ကာလမ်ားက စီးနင္းခဲ့သည့္ ေမာ္ေတာ္ကားကို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္ေနသည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ သူ၏ NBA ကစားသမားဘဝ အထြတ္အထိတ္ကာလမ်ားအတြင္း ၁၉၉၆ ခုႏွစ္ထုတ္ Mercedes –Benz S600 Lorinser ကို စီးနင္းခဲ့ျပီး ယခုရက္သတၱပတ္အတြင္း အဆိုပါကား ေရာင္းခ်မည္ျဖစ္သည္။

ဤကား၏ ထူးျခားခ်က္မွာ မိုက္ကယ္ေဂ်ာ္ဒန္ ပိုင္ဆုိင္ဖူးသည့္အခ်က္သာမက ေခၚေစ်းမွာလည္း ထူးျခားျပီး ၂၃ ေဒၚလာသာ ေစ်းေခၚထားသည္။

အဆိုပါကားကို Live လႊင့္ေစ်းေရာင္း ပလက္ေဖာင္းတစ္ခုျဖစ္ေသာ Whatnot မွတဆင့္ ဇူလိုင္လ ၂၆ ရက္မွ ဇူလုိင္ ၃၀ အထိ က်င္းပမည့္ ယခုႏွစ္၏ National Sports Collectors Convention တြင္ ေရာင္းခ်သြားမည္ ျဖစ္သည္။

ဤကားကို ဝယ္ယူရန္ စိတ္ဝင္စားသူ မည္သူမဆို Whatnot Drop App ကို ဝင္ေရာက္ကာ ဝယ္ယူႏိုင္ပါသည္။

ထိုပြဲေတာ္တြင္ မိုက္ကယ္ေဂ်ာ္ဒန္၏ ကားကို ၂၃ ေဒၚလာျဖင့္ မည္သူဝယ္ယူခြင့္ရမည္ကို ေရြးခ်ယ္သြားမည္ ျဖစ္သည္။

ပြဲေတာ္သုိ႔ တက္ေရာက္သူမ်ားမွာမူ ကားကို ကိုယ္တိုင္ၾကည့္ရႈစစ္ေဆးခြင့္ ရရွိမည္ျဖစ္သည္။

(မိုက္ကယ္ေဂ်ာ္ဒန္၏ ၁၉၉၆ ခုႏွစ္ထုတ္ Mercedes –Benz S600 Lorinser )

မိုက္ကယ္ေဂ်ာ္ဒန္၏ Mercedes မွာ W140 S-Klasse တံခါး ၂ ေပါက္ျဖစ္ျပီး သူႏွင့္ဇနီးေဟာင္း Juanita တို႔က ၁၉၉၅ ႏွစ္ကုန္ပိုင္းတြင္ ဝယ္ယူခဲ့ျပီး ၂၀၀၃ ခုႏွစ္အထိ ပိုင္ဆိုင္ခဲ့သည္။ The Last Dance ရုပ္သံအစီအစဥ္ အပိုင္း ၇ တြင္ ဤေမာ္ေတာ္ကား ပါဝင္ခဲ့ဖူးသည္။

Metallic Dark Blue အေရာင္ျဖစ္ျပီး အျပင္ဘက္ကို စိတ္ၾကိဳက္မြမ္းမံမႈမ်ား ျပဳလုပ္ထားရာ Wide Body Kit ႏွင့္ ခရိုမီယန္ Monobloc Wheel တို႔ အပါအဝင္ ျဖစ္သည္။

ကားအတြင္းပိုင္းတြင္ ဒက္ရွ္ဘုတ္ေပၚ၌ မိုက္ကယ္ေဂ်ာ္ဒန္၏ နာမည္ေရးသားထားေသာ ကားဖုန္းတစ္လံုး ေတြ႔ရမည္ ျဖစ္သည္။

အင္ဂ်င္မွာ 6.0 –Liter V-12 ျဖစ္သည္။

တစ္ခုေစ်းေခၚထားသည္မွာ ၂၃ ေဒၚလာျဖစ္ျပီး မိုက္ကယ္ေဂ်ာ္ဒန္၏ ကစားသမားဘဝ ေက်ာနံပါတ္မွာလည္း ၂၃ ျဖစ္သည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ သူ၏ စံအိမ္ၾကီးတစ္လံုးကို အေရာင္းေစ်းကြက္တင္ထားရာတြင္လည္း ဂဏန္းမ်ား ေပါင္းလုိက္လွ်င္ ၂၃ ရေသာ ၁၄၈၅၅၀၀၀ ျဖင့္ေစ်းေခၚထားသည္။

မိုက္ကယ္ေဂ်ာ္ဒန္၏ကားကို ယခင္ပိုင္ဆုိင္ခ့ဲဖူးသူမ်ားက အၾကိမ္ၾကိမ္ေရာင္းခ်ရာတြင္ ေရာင္းမထြက္ခဲ့။

Beverly Hill Car Culb က မိုက္ကယ္ေဂ်ာ္ဒန္၏ ကားကို ျပီးခဲ့ေသာ ၃ ႏွစ္လံုး ေရာင္းခ်ရန္ ၾကိဳးစားခဲ့ေသာ္လည္း ေရာင္းမထြက္ခဲ့။

Whatnot ကမူ အလားတူ ျပႆနာမ်ဳိး ၾကံဳရဖြယ္မရွိေခ်။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Michael Jordan’s 1996 Mercedes-Benz S600 Lorinser Is on Sale—for $23 (robbreport)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service