အရှင်ဆန္ဒာဓိကရဲ့တတိယအကြိမ်ထုတ်ဝေထားတဲ့ ဘယ်လောက်ဝေးဝေးနီးနီးလေး တရားတော်
အရှင်ဆန္ဒာဓိကရဲ့တတိယအကြိမ်ထုတ်ဝေထားတဲ့ ဘယ်လောက်ဝေးဝေးနီးနီးလေး တရားတော် - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2023 3:22 pm တွင် တင်ခဲ့သည်
526 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
၂၀၀၆ ခုနှစ်မှာထုတ်ဝေပြီး တန်ဖိုးအနေနဲ့ ၅၀၀ ကျပ်သာရှိတဲ့ အရှင်ဆန္ဒာဓိကရဲ့တတိယအကြိမ်ထုတ်ဝေထားတဲ့ ဘယ်လောက်ဝေးဝေးနီးနီးလေး စာအုပ်ကို အိမ်ရှင်းရင်းနဲ့ ရှာတွေ့ခဲ့တယ်။
စီးပွားရေးစာအုပ်တွေပဲ ရွေးချယ်ဖတ်တတ်တဲ့သူအနေနဲ့ ဒီလိုစာအုပ်မျိုးဖတ်တာက ခပ်ရှားရှားပါပဲ။
သတိရခြင်းတွေနဲ့ပတ်သက်ပြီးဆရာတော်က ဒီလိုမျိုးဟောတော်မူခဲ့တယ်
လူတစ်ယောက်ကိုသတိရတယ်ဆိုတာ အဲ့ဒီလူရဲ့ပုံရိပ်ကကိုယ့်စိတ်မှာထင်နေတာပဲ။
စိတ်ရောက်တယ် စိတ်ရောက်တယ်လို့ဆိုပေမယ့် စိတ်ကအပြင်ထွက်ပြီးတော့ရောက်သွားတာမဟုတ်ဘူး။
ဟိုးအဝေးကြီးမှာရှိတဲ့ ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညိုလေးစားတဲ့သူဆီကို စိတ်ကလေးရောက်သွားတယ် အဲ့လူဆီကိုတကယ်ရောက်သွားတာမဟုတ်ပါဘူး အဲ့လူရဲ့ ပုံရိပ်လေးက ကိုယ့်စိတ်မှာလာထင်တာ။
‌လူချင်းဘယ်လောက်ဝေးဝေး စိတ်ချင်းနီးရင်နီးနီးလေးပါပဲ။ လူချင်းဝေးပေမယ့်စိတ်ချင်းနီးနေရင် တစ်ယောက်နဲ့တစ်ယောက်နီးနေတာပါပဲတဲ့ ဒီစကားကို မြတ်စွာဘုရားကပဲဟောထားခဲ့တာ
‌ပုံရိပ်တွေကိုယ့်ဆီမှာ ခဏခဏထင်လာတယ် ဒီစာဖတ်ရင်းနဲ့တောင်ပုံရိပ်လေးတွေမြင်လာတယ်။ ပုံရိပ်စစ်တွေလား၊ ပုံရိပ်ယောင်တွေလား။ ကိုယ့်ကိုတကယ်ချစ်လို့ချစ်ဟန်ပြတယ်ဆိုရင်တော့ ပုံရိပ်စစ်ပေါ့၊ ကိုယ့်ကိုတကယ်မချစ်ဘဲ ချစ်ဟန်ဆောင်ခဲ့တယ်ဆိုရင်တော့ပုံရိပ်ယောင်တွေပေါ့ ။ ပုံရိပ်ယောင်တွေချည်းပဲများနေတယ်ဆိုရင်တော့ ကိုယ့်ကိုတကယ်ချစ်တဲ့သူ တစ်ယောက်မှ မရှိဘူးပေါ့ ။ နင်ကတော့ ငါ့ကိုပုံရိပ်ယောင်တွေပဲထားရစ်ခဲ့တယ်လို့ပြောကြတယ် ၊ ပုံရိပ်စစ်ပဲဖြစ်ဖြစ် ပုံရိပ်ယောင်ပဲဖြစ်ဖြစ် သတိရတယ်ဆိုတာ စိတ်မှာပုံရိပ်တွေထင်နေတာပါပဲ။
ကိုယ်သတိရတဲ့သူက ကိုယ့်စိတ်မှာပုံရိပ်လာထင်တာပါ။ အရပ်သုံးစကားအရတော့ “ သူ့ဆီစိတ်ရောက်သွားတယ်” ပြောရမှာပေါ့။
‌အဝေးမှာနေသူ တစ်ယောက်ယောက်ဆီစိတ်ရောက်သောအားဖြင့် သတိရနေရင် အဲ့ဒီတစ်ယောက်ဟာ ကိုယ်နဲ့နီးနေပါတယ်။ အဲ့ဒီတစ်ယောက်ယောက်နဲ့ ကိုယ်နဲ့ဟာ ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။
‌လူတစ်ယောက်ကိုသတိရလိုက်တာနဲ့တစ်ပြိုင်နက် အဲ့ဒီလူဟာ ကိုယ့်အနားရောက်လာတော့တာပါပဲ။ မျက်စိရှေ့ရောက်လာတာတော့ မဟုတ်ဘူး၊ စိတ်ရှေ့ရောက်လာတာပေါ့ ။ စိတ်ထဲမှာ အဲ့ဒီလူရှိနေတာဟာ ကိုယ့်အနားမှာ အဲ့ဒီလူ ရှိနေတာနဲ့အတူတူပဲလေ။
မျက်စိ‌ရှေ့မှာ ရှိနေပေမယ် စိတ်ထဲမှာမရှိရင် နီးလျက်ဝေးနေပါတယ်။
မျက်စိရှေ့မှာ မရှိပေမယ့် စိတ်ထဲမှာရှိနေရင် ဝေးလျက် နီးနေပါတယ်။
မျက်စိရှေ့မှာရှိဖို့ထက် စိတ်ထဲမှာရှိဖို့က ပိုအရေးကြီးပါတယ်။
မျက်စိရှေ့မှာလည်းရှိ၊ စိတ်ထဲမှာလည်း ရှိနေရင်တော့အကောင်းဆုံးပေါ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service