နိုင်ငံအကြီးအကဲများ စီးနင်းသော Mercedes S600 စီးမည်မဟုတ်ဘဲ သာမန်ကားသာ စီးမည်ဖြစ်ကြောင်း ပြောကြားထားသူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်

နိုင်ငံအကြီးအကဲများ စီးနင်းသော Mercedes S600 စီးမည်မဟုတ်ဘဲ သာမန်ကားသာ စီးမည်ဖြစ်ကြောင်း ပြောကြားထားသူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် - Property Knowledge in Myanmar from iMyanmarHouse.com
25 Jul 2023 1:59 pm တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပြီးခဲ့သော ၂၀၂၂ နှစ်ကုန်ပိုင်းက မလေးရှား၏ ဒသမမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသူ အန်ဝါ အီဗရာဟင်က အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီး မကြာမီမှာပင် သူ၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကို တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ရာ ယခင်အစိုးရ ဝယ်ယူခဲ့သော တန်ဖိုးကြီး ဇိမ်ခံကားကို အသုံးပြုမည် မဟုတ်ကြောင်း ရေးသားခဲ့သည်။

တွစ်တာတွင် အန်ဝါ အီဗရာဟင် ရေးသားခဲ့သည်မှာ “ကျွန်တော်ဝန်ကြီးချုပ်အဖြစ် တာဝန်မယူမီ ဝန်ကြီးချုပ်ရုံးက ဝယ်ယူခဲ့တဲ့ Mercedes S600 အမျိုးအစား မော်တော်ကားကို အသုံးပြုဖို့ ကျွန်တော် ငြင်းဆိုခဲ့တယ်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်”ဟု ရေးသားဖော်ပြထားသည်။

တွစ်တာတွင် ၎င်းက ဆက်လက်ရေးသားဖော်ပြသည်မှာ မိမိအတွက် ပြည်သူငွေဖြင့် မည်သည့်အသုံးစရိတ်အသစ်ကိုမှ မလိုလားသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရဖြင်းဖြစ်ကြောင်း ၊ နေ့စဉ် အသုံးပြုရန်အတွက် ရုံးတွင် ရနိုင်သည့် အခြားကားအမျိုးအစားကို အသုံးပြုမည်ဖြစ်ကြောင်း ရေးသားထားသည်။

 

 

Mercedes –Benz S600 Limousine တစ်စီး၏ တန်ဖိုးမှာ ရင်းဂစ် ၇၀၀,၀၀၀ (ကန်ဒေါ်လာ ၁၅၆၀၀၀) မှ ရင်းဂစ် ၁ ဒသမ ၉ သန်းကြား ရှိသည်။

အန်ဝါ အီဗရာဟင်သည် Sungai Long ဗလီသို့ သွားရောက်ခဲ့ရာတွင် ပြည်သူ့ ဘဏ္ဍာငွေ ဖြုန်းတီးမှုမျိုးကို ကာကွယ်ရန်အတွက် မိမိတို့ ဝန်ကြီးချုပ်ရုံးအနေဖြင့် မည်သည့်ကားသစ်မှ ဝယ်လိမ့်မည်မဟုတ်သလို မည်သည့် ရုံးခန်းပြုပြင်မွမ်းမံမှုများမှလည်း လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အန်ဝါ အီဗရာဟင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရာတွင် လစာယူမည် မဟုတ်ကြောင်းလည်း ကတိပြုထားခဲ့ဖူးသည်။

 

“ရင်းဂစ် ၁၀၀ ၊ ၁၀၀၀ ၊ ၁၀၀၀၀ အကုန်အကျ သက်သာတယ်ဆိုရင် ဒီငွေတွေက မရှိဆင်းရဲသားတွေအတွက် အသုံးပြုလို့ရပါတယ်။ လစာ မယူဖို့လည်း ကျွန်တော် ကတိပြုခဲ့ပြီး ဖြစ်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့မှာ ရှိတဲ့ ရန်ပုံငွေတွေကို ဖြုန်းတီးမပစ်ဖို့ပါပဲ။”

“လက်ရှိအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ ဓလေ့ထုံးစံသစ်တစ်ခု စတင်သင့်တယ်ဆိုတာ သတိရဖို့ ဌာနအားလုံးက ခေါင်းဆောင်တွေကို သတင်းစကားပါးလိုက်တာလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Facilities တွေအတွက် အစိုးရငွေကို မသုံးကြပါနဲ့။”ဟု အန်ဝါ အီဗရာဟင်က ပြောသည်။

 

 

ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီးနောက် အန်ဝါအီဗရာဟင်က သူ၏ ပထမဦးစားပေး အလုပ်မှာ ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်မြင့်မားမှုတို့ကို ကိုင်တွယ် ဖြေရှင်းရန်ဖြစ်ကြောင်း ပြောကြားသည်။

မလေးရှားတွင် ပြီးခဲ့သောနှစ် နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မည်သည့်ပါတီမျှ အမတ်နေရာအများစု အပြတ်အသတ်အနိုင်ရခြင်း မရှိခဲ့။

ထို့ကြောင့် Pakatan Harapan ပါတီဥက္ကဌဖြစ်သူ အန်ဝါအီဗရာဟင်က Barisan Nasional နှင့် East Malaysia ဟုခေါ်သော ဘော်နီယိုပြည်နယ်များမှ လွှတ်တော်အမတ်များ၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Malaysia PM Anwar Ibrahim refuses to use his office’s official Mercedes S600 (malaysia)

 

 

[Zawgyi]

 

ႏိုင္ငံအၾကီးအကဲမ်ား စီးနင္းေသာ Mercedes S600 စီးမည္မဟုတ္ဘဲ သာမန္ကားသာ စီးမည္ျဖစ္ေၾကာင္း ေျပာၾကားထားသူ မေလးရွားဝန္ၾကီးခ်ဳပ္ အန္ဝါ အီဗရာဟင္

 

ျပီးခဲ့ေသာ ၂၀၂၂ ႏွစ္ကုန္ပုိင္းက မေလးရွား၏ ဒသမေျမာက္ ဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ျခင္းခံခ့ဲရသူ အန္ဝါ အီဗရာဟင္က အစိုးရအဖြဲ႔သစ္ ဖြဲ႔စည္းျပီး မၾကာမီမွာပင္ သူ၏ ျပဳျပင္ေျပာင္းလဲေရး ေျခလွမ္းမ်ားကို တြစ္တာလူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပခဲ့ရာ ယခင္အစိုးရ ဝယ္ယူခဲ့ေသာ တန္ဖိုးၾကီး ဇိမ္ခံကားကို အသံုးျပဳမည္ မဟုတ္ေၾကာင္း ေရးသားခဲ့သည္။

တြစ္တာတြင္ အန္ဝါ အီဗရာဟင္ ေရးသားခဲ့သည္မွာ “ကၽြန္ေတာ္ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္မယူမီ ဝန္ၾကီးခ်ဳပ္ရံုးက ဝယ္ယူခဲ့တဲ့ Mercedes S600 အမ်ဳိးအစား ေမာ္ေတာ္ကားကို အသံုးျပဳဖို႔ ကၽြန္ေတာ္ ျငင္းဆိုခဲ့တယ္ဆိုတာ ျပည္သူေတြကို အသိေပးခ်င္ပါတယ္”ဟု ေရးသားေဖာ္ျပထားသည္။

တြစ္တာတြင္ ၎က ဆက္လက္ေရးသားေဖာ္ျပသည္မွာ မိမိအတြက္ ျပည္သူေငြျဖင့္ မည္သည့္အသံုးစရိတ္အသစ္ကိုမွ မလိုလားေသာေၾကာင့္ ယခုကဲ့သို႔ ဆံုးျဖတ္ခဲ့ရျဖင္းျဖစ္ေၾကာင္း ၊ ေန႔စဥ္ အသံုးျပဳရန္အတြက္ ရံုးတြင္ ရႏုိင္သည့္ အျခားကားအမ်ဳိးအစားကို အသံုးျပဳမည္ျဖစ္ေၾကာင္း ေရးသားထားသည္။

Mercedes –Benz S600 Limousine တစ္စီး၏ တန္ဖုိးမွာ ရင္းဂစ္ ၇၀၀,၀၀၀ (ကန္ေဒၚလာ ၁၅၆၀၀၀) မွ ရင္းဂစ္ ၁ ဒသမ ၉ သန္းၾကား ရွိသည္။

အန္ဝါ အီဗရာဟင္သည္ Sungai Long ဗလီသို႔ သြားေရာက္ခဲ့ရာတြင္ ျပည္သူ႔ ဘ႑ာေငြ ျဖဳန္းတီးမႈမ်ဳိးကို ကာကြယ္ရန္အတြက္ မိမိတုိ႔ ဝန္ၾကီးခ်ဳပ္ရံုးအေနျဖင့္ မည္သည့္ကားသစ္မွ ဝယ္လိမ့္မည္မဟုတ္သလုိ မည္သည့္ ရံုးခန္းျပဳျပင္မြမ္းမံမႈမ်ားမွလည္း လုပ္ေဆာင္လိမ့္မည္ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။

အန္ဝါ အီဗရာဟင္က ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ရာတြင္ လစာယူမည္ မဟုတ္ေၾကာင္းလည္း ကတိျပဳထားခဲ့ဖူးသည္။

“ရင္းဂစ္ ၁၀၀ ၊ ၁၀၀၀ ၊ ၁၀၀၀၀ အကုန္အက် သက္သာတယ္ဆုိရင္ ဒီေငြေတြက မရွိဆင္းရဲသားေတြအတြက္ အသံုးျပဳလုိ႔ရပါတယ္။ လစာ မယူဖုိ႔လည္း ကၽြန္ေတာ္ ကတိျပဳခဲ့ျပီး ျဖစ္ပါတယ္။ အေရးၾကီးတာက ကၽြန္ေတာ္တို႔မွာ ရွိတဲ့ ရန္ပံုေငြေတြကို ျဖဳန္းတီးမပစ္ဖုိ႔ပါပဲ။”

“လက္ရွိအေျခအေနမ်ဳိးမွာ ကၽြန္ေတာ္တုိ႔ဟာ ဓေလ့ထံုးစံသစ္တစ္ခု စတင္သင့္တယ္ဆုိတာ သတိရဖို႔ ဌာနအားလံုးက ေခါင္းေဆာင္ေတြကို သတင္းစကားပါးလိုက္တာလဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ Facilities ေတြအတြက္ အစိုးရေငြကို မသံုးၾကပါနဲ႔။”ဟု အန္ဝါ အီဗရာဟင္က ေျပာသည္။

ဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရျပီးေနာက္ အန္ဝါအီဗရာဟင္က သူ၏ ပထမဦးစားေပး အလုပ္မွာ ေငြေၾကးေဖာင္းပြမႈႏွင့္ လူေနမႈစရိတ္ျမင့္မားမႈတို႔ကုိ ကိုင္တြယ္ ေျဖရွင္းရန္ျဖစ္ေၾကာင္း ေျပာၾကားသည္။

မေလးရွားတြင္ ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာ ၁၉ ရက္က က်င္းပခဲ့ေသာ အေထြေထြေရြးေကာက္ပြဲတြင္ မည္သည့္ပါတီမွ် အမတ္ေနရာအမ်ားစု အျပတ္အသတ္အႏုိင္ရျခင္း မရွိခဲ့။

ထုိ႔ေၾကာင့္ Pakatan Harapan ပါတီဥကၠဌျဖစ္သူ အန္ဝါအီဗရာဟင္က Barisan Nasional ႏွင့္ East Malaysia ဟုေခၚေသာ ေဘာ္နီယိုျပည္နယ္မ်ားမွ လႊတ္ေတာ္အမတ္မ်ား၏ ေထာက္ခံမႈျဖင့္ ညြန္႔ေပါင္းအစိုးရဖြဲ႔စည္းခဲ့ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Malaysia PM Anwar Ibrahim refuses to use his office’s official Mercedes S600 (malaysia)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service