တစ်ခါတုန်းက အဖြစ်လေးတွေ (၄၇)

တစ်ခါတုန်းက အဖြစ်လေးတွေ (၄၇) - Property Knowledge in Myanmar from iMyanmarHouse.com
24 Jul 2023 2:17 pm တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Zawgyi]

 

ထီးတစ်လက်လောက်လိုချင်တယ်

 

ယောက်ျားလေးဆိုတာ ဖြစ်နိုင်ရင် လက်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်မယ့် ဟာတွေကို သိပ်မကိုင်ချင်ဘူး။ဒါပေမယ့် လက်မှာ အရှုပ်ခံပြီး ကိုင်ထားရမယ့် ထီးလေးတစ်လက်ကိုတော့ တစ်ချိန်က လိုချင်မိခဲ့ဖူးတယ်။

ထီးလိုချင်တယ်ဆိုတာကလည်း မိုးမိတဲ့ အကြောင်းကစရမှာပဲ။ အညာဆိုတာ မိုးကို မျှော်ရတဲ့ နေရာတွေပါ။ မိုးရွာခဲလှပါတယ်။ တစ်နှစ်မှာ မိုးရွာတဲ့ရက်ဟာ သိပ်ပြီး မရှိလှသလိုပါပဲ။

ပူပြင်းလှတဲ့ နွေကိုရောက်လာရင် မိုးတိမ်မိုးရိပ်တွေ မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။ တိမ်တွေဟာ ကောင်းကင်လေနဲ့ အတူ လွင့်ပါဖြတ်သန်းလာတဲ့ အခါမျိုးမှာ အပူသက်သာလိုသက်သာငြား တိမ်ရိပ် ရွေ့လျားတဲ့အတိုင်း တိမ်ရိပ်နောက်လိုက်ခဲ့ဖူးတယ်။ မြေပြင်မှာ လေငြိမ်သလောက် ကောင်းကင်လေက အတော်ပြင်းတာကို တိမ်တွေရွေ့လျားနှုန်းကို ကြည့်တာနဲ့ သိနိုင်တယ်။ တိမ်ရိပ်ကို ခိုနင်းပြီး ဆော့ကစားတာတောင် ကောင်းကင်လေကြောင့် တိမ်ရွေ့နှုန်းကမြန်နေတော့ လိုက်လို့ မမီဘဲ မောတာပဲ အဖတ်တင်တယ်။

မိုးမလာသေးခင်ကာလမှာ ရွေလျားဖြတ်သန်းနေကြတဲ့ တိမ်တွေဟာ ကောင်းကင်မှာ ပုံရိပ်အမျိုးမျိုး ဖန်တီးပြသကြတာကို ငယ်ငယ်က မြင်တွေ့ခဲ့တုန်းက သဘောတကျ ကြည့်ခဲ့ရတဲ့ အရသာကတော့ မမေ့နိုင်အောင်ပါပဲ။

နောက်များ ဆရာတော် ရှင်ဥတ္တမကျော်ရဲ့ တောလားကို ဖတ်ခဲ့ရတော့မှ ဆရာတော်ဖွဲ့စပ်ခဲ့တဲ့ တိမ်ပန်းချီတွေက ကိုယ့်ရင်ထဲက တိမ်ပန်းချီတွေလိုပါပဲလားလို့ ပီတိဖြစ်ခဲ့ရပါတယ်။ ဟုတ်တယ်လေ မပြောတတ်လို့ မဖွဲ့စပ်တတ်လို့သာပါ၊ မြင်ရတဲ့ တိမ်စိုင်တွေက ကောင်းကင်မှာ ပုံရိပ်အမျိုးမျိုး ဖန်တီးပြောင်းလဲနေကြတဲ့ သဘာဝတရားကြီးကို သတိထားမိတဲ့သူတိုင်း မြင်မိကြမှာပါပဲ။

ဆရာတော်ကတော့ နောက်လူ ပြောစရာမလိုလောက်အောင် လက်ကုန်ပြောခဲ့တာပါပဲ။

“တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရန်းဘက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့၊”ဆိုပြီး ကောင်းကင်က တိမ်ပန်းချီတွေကို မြင်သာအောင်ဆိုခဲ့ပါတယ်။

ဟုတ်ပါတယ်။ကောင်ကင်ကတိမ်တွေကလည်း သဘာဝတရားကြီးအရ ဖြစ်လာတဲ့ သဘာဝပန်းချီကားတစ်ချပ် မြင်တတ်အောင်မြင်မှ ခံစားကြရတာပါ။ဝါဂွမ်းဖြူလွလွလေးတွေကို ပက်ကြဲထားတာမျိုး၊လှိုင်းကြက်ခွပ်လေးတွေ ပြန့်ကြဲနေသလိုမျိုး၊မာန်စောင်နေတဲ့ ခြင်္သေ့တစ်ကောင်လိုမျိုး၊နောက်ခံနေရောင်ကြောင့် ညို့ညို့မှောင်နေတဲ့ တိမ်တောင်ကြီးတွေရဲ့ အနားသတ်က ငွေရေး၊ရွှေရေးကွပ်ထားသလိုဖြစ်တာတွေက သိပ်ကိုကြည့်ကောင်း လှပါတယ်။

ဒီလိုမြင်ခွင့်ရတဲ့ တိမ်ပန်းချီတွေက တကယ်မိုးရွာမယ့်တိမ်တွေတော့ မဟုတ်ပါဘူး။မိုးဦးရှေ့ပြေးရဲ့ တိမ်တွေပါပဲ။

မိုးရွာမယ့်တိမ်တွေက လှ လှတယ်မဟုတ်ပါဘူး။ကောင်းကင်တစ်ခွင်တစ်ပြင်လုံး မှိုင်းညို့မည်းမှောင်နေတဲ့ တိမ်တွေကသာ မိုးရွာဖို့ အလားအလာကောင်းတဲ့ တိမ်တွေပါ။

ဒီလိုမိုးရွာနိုင်တဲ့တိမ်တွေကို မြင်တွေ့ရတာတောင်မှ ကောင်းကင်လေက ပြင်းနေရင် ကိုယ့်ဆီမှာ မိုးရွာချမယ့် တိမ်မဟုတ်သလို အလျင်အမြန်ကိုပဲ လေနဲ့အတူ ဘယ်ဆီကို လွင့်ပါသွားတယ်ဆိုတာ မသိပါဘူး။

ဒီလိုကောင်ကင်က မိုးသားအခြေအနေတွေဟာ လှလို့လည်းကြည်မိတယ်။ ထီးမရှိလို့လည်း သတိထားပြီး ကြည့်မိတယ်။

ဟုတ်တယ်လေ ကိုယ့်ကျောင်းတက် ကျောင်းဆင်းအချိန် မိုးရွာနိုင်မရွာလားတွက်ဆ နေရတာကိုး။ ကျောင်းသွားချိန် ကျောင်းအရောက် မိုးရွာနိုင်၊ မိုးမရွာနိုင်တွက်ကြည့်ပြီး ကျောင်းကို အရောက်ပြေးရတယ်။ ကျောင်းဆင်းချိန်မှာလည်း အိမ်မရောက်ခင် မိုးရွာနိုင်ရင် ကျောင်းကနေမထွက်သေးဘဲ နေလိုက်တယ်။ မိုးရွာပြီးမှ အိမ်ပြန်ပြေးကြရတယ်။

ဒီလိုတွက်ထားလို့လည်း ရလားဆိုတော့ မသေချာပါဘူး။ မိုးက ရန်ကုန်မိုးလို ခုရွာပြီး တော်ကြာနေသာတာမျိုး မဟုတ်ဘူး။ မိုးတစွေစွေ ရွာချင်လည်း ရွာနေတတ်ပြန်ရော မဟုတ်လား။

ထီးမရှိသူအတွက်က ဒီလိုအခြေအနေမှာ ထီးလေးတစ်လက်လောက် လိုချင်နေမိတယ်။ မဲနှိုက်လို့ ပေါက်မှ ရှားရှားပါးပါးရတတ်တဲ့ ကျောင်းသုံးစာအုပ်ဆိုတာ မိုးစိုခံလို့ မဖြစ်ဘူးလေ။ တစ်ချို့စာအုပ်တွေဆိုတာကလည်း အစ်ကိုတွေရဲ့ အကျကို ဆက်ပြီးသုံးနိုင်လို့သာပေါ့။ နို့မဟုတ်ရင် အဲဒီတုန်းက ကျောင်းသားတိုင်းနီးပါး စာအုပ်အစုံ မကိုင်နိုင်ကြပါဘူး။

ဒီလို ကျောင်းသုံးစာအုပ် အစုံမကိုင်နိုင်တဲ့ အခြေအနေမှာ ရှိတဲ့ စာအုပ်လေးတွေကို အပျက်အစီးမခံနိုင်ပါဘူး။ အခုလို မိုးရာသီမှာ လူကိုသာ မိုးအစို ခံနိုင်ပေမယ့် ကျောင်းသုံးစာအုပ်တွေကိုတော့ မိုးရေအထိမခံနိုင်ပါဘူး။ ဒါကြောင့်လည်း ထီးလေးတစ်လက်လောက် လိုချင်မိခဲ့ဖူးတယ်။

အသွားအပြန်မှာ မထင်မှတ်ဘဲ မိုးရွာလာရင် နီးစပ်ရာ အိမ်တွေ ဆိုင်တွေမှာ မိုးဝင်ခို လိုက်ရတာပါပဲ။ မိုးကြီးတိတ်မှ အိမ်ပြန်ရတာဟာ ဖြစ်ရိုးဖြစ်စဉ်လိုကို ဖြစ်နေတော့တာပါပဲ။သိပ်မထူးဆန်း သလိုပါပဲ။

တစ်ခါတော့ ကျွန်တော်တို့ မြို့အဝင်မှာ ရှိတဲ့ ဘောလုံးကွင်မှာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ရှိတော့ ညနေကျောင်းစောစောလွှတ်တာနဲ့ သွားကြည့်ပါတယ်။ရာသီဥတုက မှိုင်းညို့ညို့နဲ့ပေါ့။မိုးတိမ်တွေ အလုအယက် ပြေးလွှားနေလို့ပေါ့။ရွာတော့ မရွာတန်ကောင်းပါဘူးလေလို့ သဘောထားပြီး အိမ်နဲ့ ဆန့်ကျင်ဘက် ဘောလုံးကွင်းရှိရာအရပ်ဆီ ရောက်အောင်သွားခဲ့ပါတယ်။

ဘောပွဲကလည်းကောင်း ပထမပိုင်းပြီးချိန်မှာ မိုးလေးကလည်း တဖြောင်းဖြောင်းလုပ်လာပါတယ်။ ဘယ်ကိုမှ အာရုံက မရတော့။ စာအုပ်တွေမိုးစိုကုန်မှာသာ စိုးထိတ်လာပါတယ်။ဪ…ထီးလေးတစ်လက်လောက်ရှိရင် ဒီအချိန် ဘယ်လောက်ကောင်းလိုက်မလဲလို့ အတွေးတွေဖြစ်နေပေမယ့် ပုဆိုးခြုံအောက်က လွယ်အိတ်ထဲက စာအုပ်တွေကတော့ တစ်စတစ်စ မိုးစိုကုန်ပါတော့တယ်။ထီးမရှိတဲ့ ကိုယ့်အတွက် ရက်ရက်စက်စက် ရွာရက်တဲ့ မိုးကြောင့် အိမ်ပြန်ရောက်တော့ လူရောစာအုပ်ရော မီးလှုံပေးကြရပါတယ်။

ပုံနှိပ်စာအုပ်က စာရွက်တွေ နူးပွပြီး အချင်းချင်းကပ်မကုန်အောင် မီးကင်ပေးလိုက်ရပါတော့တယ်။လက်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက် မကိုင်ချင်လှပေမယ့် ဒီလိုအခြေအနေမှာ ထီးကလေးတစ်လက်သာရှိခဲ့ရင်လို့…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Unicode]

 

တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၇)

 

ထီးတစ္လက္ေလာက္လိုခ်င္တယ္

ေယာက်္ားေလးဆိုတာ ျဖစ္ႏိုင္ရင္ လက္ထဲမွာ ႐ႈပ္႐ႈပ္ယွက္ယွက္ျဖစ္မယ့္ ဟာေတြကို သိပ္မကိုင္ခ်င္ဘူး။ဒါေပမယ့္ လက္မွာ အ႐ႈပ္ခံၿပီး ကိုင္ထားရမယ့္ ထီးေလးတစ္လက္ကိုေတာ့ တစ္ခ်ိန္က လိုခ်င္မိခဲ့ဖူးတယ္။

ထီးလိုခ်င္တယ္ဆိုတာကလည္း မိုးမိတဲ့ အေၾကာင္းကစရမွာပဲ။ အညာဆိုတာ မိုးကို ေမွ်ာ္ရတဲ့ ေနရာေတြပါ။ မိုး႐ြာခဲလွပါတယ္။ တစ္ႏွစ္မွာ မိုး႐ြာတဲ့ရက္ဟာ သိပ္ၿပီး မ႐ွိလွသလိုပါပဲ။

ပူျပင္းလွတဲ့ ေႏြကိုေရာက္လာရင္ မိုးတိမ္မိုးရိပ္ေတြ မ႐ွိဘူး မဟုတ္ပါဘူး။ ႐ွိပါတယ္။ တိမ္ေတြဟာ ေကာင္းကင္ေလနဲ႔ အတူ လြင့္ပါျဖတ္သန္းလာတဲ့ အခါမ်ိဳးမွာ အပူသက္သာလိုသက္သာျငား တိမ္ရိပ္ ေ႐ြ႕လ်ားတဲ့အတိုင္း တိမ္ရိပ္ေနာက္လိုက္ခဲ့ဖူးတယ္။ ေျမျပင္မွာ ေလၿငိမ္သေလာက္ ေကာင္းကင္ေလက အေတာ္ျပင္းတာကို တိမ္ေတြေ႐ြ႕လ်ားႏႈန္းကို ၾကည့္တာနဲ႔ သိႏိုင္တယ္။ တိမ္ရိပ္ကို ခိုနင္းၿပီး ေဆာ့ကစားတာေတာင္ ေကာင္းကင္ေလေၾကာင့္ တိမ္ေ႐ြ႕ႏႈန္းကျမန္ေနေတာ့ လိုက္လို႔ မမီဘဲ ေမာတာပဲ အဖတ္တင္တယ္။

မိုးမလာေသးခင္ကာလမွာ ေ႐ြလ်ားျဖတ္သန္းေနၾကတဲ့ တိမ္ေတြဟာ ေကာင္းကင္မွာ ပုံရိပ္အမ်ိဳးမ်ိဳး ဖန္တီးျပသၾကတာကို ငယ္ငယ္က ျမင္ေတြ႕ခဲ့တုန္းက သေဘာတက် ၾကည့္ခဲ့ရတဲ့ အရသာကေတာ့ မေမ့ႏိုင္ေအာင္ပါပဲ။

ေနာက္မ်ား ဆရာေတာ္ ႐ွင္ဥတၱမေက်ာ္ရဲ႕ ေတာလားကို ဖတ္ခဲ့ရေတာ့မွ ဆရာေတာ္ဖြဲ႕စပ္ခဲ့တဲ့ တိမ္ပန္းခ်ီေတြက ကိုယ့္ရင္ထဲက တိမ္ပန္းခ်ီေတြလိုပါပဲလားလို႔ ပီတိျဖစ္ခဲ့ရပါတယ္။ ဟုတ္တယ္ေလ မေျပာတတ္လို႔ မဖြဲ႕စပ္တတ္လို႔သာပါ၊ ျမင္ရတဲ့ တိမ္စိုင္ေတြက ေကာင္းကင္မွာ ပုံရိပ္အမ်ိဳးမ်ိဳး ဖန္တီးေျပာင္းလဲေနၾကတဲ့ သဘာဝတရားႀကီးကို သတိထားမိတဲ့သူတိုင္း ျမင္မိၾကမွာပါပဲ။

ဆရာေတာ္ကေတာ့ ေနာက္လူ ေျပာစရာမလိုေလာက္ေအာင္ လက္ကုန္ေျပာခဲ့တာပါပဲ။

“တိမ္ညိဳမိလႅာ၊ တိမ္စူကာႏွင့္၊ တိမ္ျပာေရာယွက္၊ မရန္းဘက္၍၊ တိမ္သက္တန္႔ေရာင္၊ အဝါေပါင္ဝယ္၊ ေမွာင္ခဲ့တခါ၊ ျပာခဲ့တခ်ိဳ႕၊ ညိဳခဲ့တလီ၊ ရီခဲ့တဖုံ၊ မႈန္ခဲ့တခ်က္၊ ယုဂန္ထက္က၊ ေလးဘက္လုံးျခဳံ၊ တိမ္ဂဠဳန္လည္း၊ နဂါး႐ုံေႂကြ၊ ရန္ခ်င္းေတြ႕ေသာ္၊ ခိုးေငြ႕လႊတ္ၿပိဳင္၊ ဂုဏ္ခ်င္းဆိုင္ခဲ့၊”ဆိုၿပီး ေကာင္းကင္က တိမ္ပန္းခ်ီေတြကို ျမင္သာေအာင္ဆိုခဲ့ပါတယ္။

ဟုတ္ပါတယ္။ေကာင္ကင္ကတိမ္ေတြကလည္း သဘာဝတရားႀကီးအရ ျဖစ္လာတဲ့ သဘာဝပန္းခ်ီကားတစ္ခ်ပ္ ျမင္တတ္ေအာင္ျမင္မွ ခံစားၾကရတာပါ။ဝါဂြမ္းျဖဴလြလြေလးေတြကို ပက္ႀကဲထားတာမ်ိဳး၊လိႈင္းၾကက္ခြပ္ေလးေတြ ျပန္႔ႀကဲေနသလိုမ်ိဳး၊မာန္ေစာင္ေနတဲ့ ျခေသၤ့တစ္ေကာင္လိုမ်ိဳး၊ေနာက္ခံေနေရာင္ေၾကာင့္ ညိဳ႕ညိဳ႕ေမွာင္ေနတဲ့ တိမ္ေတာင္ႀကီးေတြရဲ႕ အနားသတ္က ေငြေရး၊ေ႐ႊေရးကြပ္ထားသလိုျဖစ္တာေတြက သိပ္ကိုၾကည့္ေကာင္း လွပါတယ္။

ဒီလိုျမင္ခြင့္ရတဲ့ တိမ္ပန္းခ်ီေတြက တကယ္မိုး႐ြာမယ့္တိမ္ေတြေတာ့ မဟုတ္ပါဘူး။မိုးဦးေ႐ွ႕ေျပးရဲ႕ တိမ္ေတြပါပဲ။

မိုး႐ြာမယ့္တိမ္ေတြက လွ လွတယ္မဟုတ္ပါဘူး။ေကာင္းကင္တစ္ခြင္တစ္ျပင္လုံး မိႈင္းညိဳ႕မည္းေမွာင္ေနတဲ့ တိမ္ေတြကသာ မိုး႐ြာဖို႔ အလားအလာေကာင္းတဲ့ တိမ္ေတြပါ။

ဒီလိုမိုး႐ြာႏိုင္တဲ့တိမ္ေတြကို ျမင္ေတြ႕ရတာေတာင္မွ ေကာင္းကင္ေလက ျပင္းေနရင္ ကိုယ့္ဆီမွာ မိုး႐ြာခ်မယ့္ တိမ္မဟုတ္သလို အလ်င္အျမန္ကိုပဲ ေလနဲ႔အတူ ဘယ္ဆီကို လြင့္ပါသြားတယ္ဆိုတာ မသိပါဘူး။

ဒီလိုေကာင္ကင္က မိုးသားအေျခအေနေတြဟာ လွလို႔လည္းၾကည္မိတယ္။ ထီးမ႐ွိလို႔လည္း သတိထားၿပီး ၾကည့္မိတယ္။

ဟုတ္တယ္ေလ ကိုယ့္ေက်ာင္းတက္ ေက်ာင္းဆင္းအခ်ိန္ မိုး႐ြာႏိုင္မ႐ြာလားတြက္ဆ ေနရတာကိုး။ ေက်ာင္းသြားခ်ိန္ ေက်ာင္းအေရာက္ မိုး႐ြာႏိုင္၊ မိုးမ႐ြာႏိုင္တြက္ၾကည့္ၿပီး ေက်ာင္းကို အေရာက္ေျပးရတယ္။ ေက်ာင္းဆင္းခ်ိန္မွာလည္း အိမ္မေရာက္ခင္ မိုး႐ြာႏိုင္ရင္ ေက်ာင္းကေနမထြက္ေသးဘဲ ေနလိုက္တယ္။ မိုး႐ြာၿပီးမွ အိမ္ျပန္ေျပးၾကရတယ္။

ဒီလိုတြက္ထားလို႔လည္း ရလားဆိုေတာ့ မေသခ်ာပါဘူး။ မိုးက ရန္ကုန္မိုးလို ခု႐ြာၿပီး ေတာ္ၾကာေနသာတာမ်ိဳး မဟုတ္ဘူး။ မိုးတေစြေစြ ႐ြာခ်င္လည္း ႐ြာေနတတ္ျပန္ေရာ မဟုတ္လား။

ထီးမ႐ွိသူအတြက္က ဒီလိုအေျခအေနမွာ ထီးေလးတစ္လက္ေလာက္ လိုခ်င္ေနမိတယ္။ မဲႏိႈက္လို႔ ေပါက္မွ ႐ွား႐ွားပါးပါးရတတ္တဲ့ ေက်ာင္းသုံးစာအုပ္ဆိုတာ မိုးစိုခံလို႔ မျဖစ္ဘူးေလ။ တစ္ခ်ိဳ႕စာအုပ္ေတြဆိုတာကလည္း အစ္ကိုေတြရဲ႕ အက်ကို ဆက္ၿပီးသုံးႏိုင္လို႔သာေပါ့။ ႏို႔မဟုတ္ရင္ အဲဒီတုန္းက ေက်ာင္းသားတိုင္းနီးပါး စာအုပ္အစုံ မကိုင္ႏိုင္ၾကပါဘူး။

ဒီလို ေက်ာင္းသုံးစာအုပ္ အစုံမကိုင္ႏိုင္တဲ့ အေျခအေနမွာ ႐ွိတဲ့ စာအုပ္ေလးေတြကို အပ်က္အစီးမခံႏိုင္ပါဘူး။ အခုလို မိုးရာသီမွာ လူကိုသာ မိုးအစို ခံႏိုင္ေပမယ့္ ေက်ာင္းသုံးစာအုပ္ေတြကိုေတာ့ မိုးေရအထိမခံႏိုင္ပါဘူး။ ဒါေၾကာင့္လည္း ထီးေလးတစ္လက္ေလာက္ လိုခ်င္မိခဲ့ဖူးတယ္။

အသြားအျပန္မွာ မထင္မွတ္ဘဲ မိုး႐ြာလာရင္ နီးစပ္ရာ အိမ္ေတြ ဆိုင္ေတြမွာ မိုးဝင္ခို လိုက္ရတာပါပဲ။ မိုးႀကီးတိတ္မွ အိမ္ျပန္ရတာဟာ ျဖစ္႐ိုးျဖစ္စဥ္လိုကို ျဖစ္ေနေတာ့တာပါပဲ။သိပ္မထူးဆန္း သလိုပါပဲ။

တစ္ခါေတာ့ ကြၽန္ေတာ္တို႔ ၿမိဳ႕အဝင္မွာ ႐ွိတဲ့ ေဘာလုံးကြင္မွာ ေက်ာင္းေပါင္းစုံ ေဘာလုံးၿပိဳင္ပြဲ ႐ွိေတာ့ ညေနေက်ာင္းေစာေစာလႊတ္တာနဲ႔ သြားၾကည့္ပါတယ္။ရာသီဥတုက မိႈင္းညိဳ႕ညိဳ႕နဲ႔ေပါ့။မိုးတိမ္ေတြ အလုအယက္ ေျပးလႊားေနလို႔ေပါ့။႐ြာေတာ့ မ႐ြာတန္ေကာင္းပါဘူးေလလို႔ သေဘာထားၿပီး အိမ္နဲ႔ ဆန္႔က်င္ဘက္ ေဘာလုံးကြင္း႐ွိရာအရပ္ဆီ ေရာက္ေအာင္သြားခဲ့ပါတယ္။

ေဘာပြဲကလည္းေကာင္း ပထမပိုင္းၿပီးခ်ိန္မွာ မိုးေလးကလည္း တေျဖာင္းေျဖာင္းလုပ္လာပါတယ္။ ဘယ္ကိုမွ အာ႐ုံက မရေတာ့။ စာအုပ္ေတြမိုးစိုကုန္မွာသာ စိုးထိတ္လာပါတယ္။ဪ…ထီးေလးတစ္လက္ေလာက္႐ွိရင္ ဒီအခ်ိန္ ဘယ္ေလာက္ေကာင္းလိုက္မလဲလို႔ အေတြးေတြျဖစ္ေနေပမယ့္ ပုဆိုးျခဳံေအာက္က လြယ္အိတ္ထဲက စာအုပ္ေတြကေတာ့ တစ္စတစ္စ မိုးစိုကုန္ပါေတာ့တယ္။ထီးမ႐ွိတဲ့ ကိုယ့္အတြက္ ရက္ရက္စက္စက္ ႐ြာရက္တဲ့ မိုးေၾကာင့္ အိမ္ျပန္ေရာက္ေတာ့ လူေရာစာအုပ္ေရာ မီးလႈံေပးၾကရပါတယ္။

ပုံႏွိပ္စာအုပ္က စာ႐ြက္ေတြ ႏူးပြၿပီး အခ်င္းခ်င္းကပ္မကုန္ေအာင္ မီးကင္ေပးလိုက္ရပါေတာ့တယ္။လက္ထဲမွာ ႐ႈပ္႐ႈပ္ယွက္ယွက္ မကိုင္ခ်င္လွေပမယ့္ ဒီလိုအေျခအေနမွာ ထီးကေလးတစ္လက္သာ႐ွိခဲ့ရင္လို႔…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service