အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2023 2:34 pm တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ဒီကနေ့မှာတော့ ပုံစံ ၁၀၅ ဖြင့် မြေယာအရောင်းအဝယ် လုပ်ခြင်းသည် တရားဝင် ပိုင်ဆိုင်မှုခိုင်မာပါသလား .. ဆိုတဲ့ မေးခွန်းအပါအဝင် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) - ပုံစံ ၁၀၅ ဖြင့် မြေယာအရောင်းအဝယ် လုပ်ခြင်းသည် တရားဝင် ပိုင်ဆိုင်မှုခိုင်မာပါသလား။

 

မြေစာရင်းတွင် မိတ္တူကူးဆောင်ရွက်ရာတွင် သက်သေခံမိတ္တူအဖြစ်ကူးယူခြင်းနှင့် အထောက်အထား အဖြစ် ကူးယူခြင်းဟူ၍ နှစ်မျိုးရှိပါတယ်။ ပုံစံ-၁၀၅ ဆိုတာ မြေပိုင်ဆိုင်မှု မှတ်တမ်းမဟုတ်သလို ၎င်းဖြင့် အရောင်းအဝယ်ပြုလုပ် လို့လဲမရပါဘူး။ဌာနဆိုင်ရာ ရုံးများအား တင်ပြသော တရားရုံးတွင် သက်သေခံ တင်သွင်း ခြင်း၊ မှတ်ပုံတင် စာချုပ်စာတမ်း ရုံးတွင် စာချုပ်ချုပ် ဆိုခြင်း၊စည်ပင်သာယာရေးကော်မတီထံသို့ ဂရန်လျှောက် ထားခြင်းများအား သက်သေခံမိတ္တူကူး ယူရပါတယ်။

မရွှေ့မပြောင်းနိုင်သာ ပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်သည့်အခါတိုင်းမြေပုံမြေရာဇဝင်ပါရှိပါမယ်။ မြေကွက်အမှန်တကယ်တည်ရှိသော အကျယ်အဝန်းကို သိရှိလိုပါက မြေပုံနှင့်တိုက်ဆိုင်စစ်ဆေးမှသာ သိရှိနိုင်ကာ ထိုမြေပုံ တွင် ပါရှိသော အကျယ်အဝန်းနှင့်အချက်အလက်များ မှန်ကန်ကြောင်း သက်သေခံခြင်းသာ ဖြစ်ပါသည်။

မြေပုံများ ထုတ်ပေးရာတွင် မှတ်ချက်ပါဝင်ပြီး အကြောင်းအရာပေါ်မူတည်၍ ဂရန်လျှောက်ထားရန်၊ အိမ်ဆောက်ရန်၊အရောင်းအဝယ်ပြုရန် ဟု ဖော်ပြပါရှိပါတယ်။မြေပုံဆိုတာ ပိုင်ဆိုင်ကြောင်း အာမခံသည့် အနေဖြင့် အထောက်အထားဖြစ်စေရန် ထုတ်ပေးခြင်းမျိုးမဟုတ်ပါဘူး။လျှောက်ထားသူအား မိမိ ဆောက်ရွက်လို သော ကိစ္စအတွက် အထောက်အထားတစ်ခုဖြစ်စေရန် ဦးပိုင်အမှတ်၊ဧရိယာ၊အမည်ပေါက် ပိုင်ရှင်တို့ပါဝင်ခြင်းအား ကူးယူဖော်ပြပေးခြင်း သာဖြစ်ပါတယ်။မြေပုံကူးယူရာတွင် မြေကွက်အား ပိုင်ဆိုင်ကြောင်း အထောက်အထားများ တင်ပြလျှောက်ထားရပါမယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေ-၃၄၊၄၄ တွင် သတ်မှတ်ချက်များနှင့်အညီ မြေစာရင်းများမှတ်တမ်းများကို အများပြည်သူအား ကြည့်ရှုခွင့်ပေးခြင်း၊မိတ္တူကူးယူခွင့်ပြု ခြင်းတို့ပြုကြောင်းနှင့်လိုအပ်ချက်များအရ လျှောက်ထားလာပါက မြေတိုင်းတာပြီး အတည်ပြုမြေပုံရေးဆွဲကာ ထုတ် ပေးကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် ပုံစံ-၁၀၅ပဲ ပြသပြီး အရောင်းအဝယ်ပြုလုပ်ရင် ခိုင်မာမှုမရှိပါဘူး တရားဝင်ပိုင်ဆိုင်သည့် မြေဌား အမည်ပေါက်ဂရန်ကိုသာ တောင်းယူကြည့်ရှုရပါမယ်။အရောင်းအဝယ်ပြုလုပ်သည့်အခါတိုင်း မြေကွက်များအား ပုံစံ-၁၀၅ ပူးတွဲပါရှိဖို့လိုကာ အရောင်းအဝယ်များပြုလုပ်ရာတွင် (၁)နှစ်အတွင်း ကူးယူထားသော မြေပုံဖြစ်ရန် လိုအပ်ပါတယ်။

 

မေးခွန်း (၂) - - အိမ်ခြံမြေ၊ အဆောက်အအုံတို့ကို အာမခံထား၍ ဘဏ်များမှ ငွေချေးခြင်းများအတွက် မည်သို့ ဆောင်ရွက်နိုင်ပါသနည်း။

 

ဘဏ်တွင် အာမခံဖြင့်ငွေချေးပါက အာမခံထားရှိသည့်ပစ္စည်းမှာ မရွှေ့မပြောင်းနိုင်သောပစ္စည်း ဖြစ်ရန်လိုအပ် သည်။ ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများအပြင် မြေပုံ-၁၀၅တွင်လဲ မှတ်ချက်အနေဖြင့် ဘဏ်ချေးရန် မြေပုံ အား ထုတ်ယူရန် လိုအပ်သည်။

အစိုးဘဏ်ဖြစ်စေ၊ပုဂ္ဂလိကဘဏ်များတွင်ဖြစ်စေ မိမိအမည်ပေါက်မြေအား အာမခံထားကာ ငွေချေးနိုင်ပါသည်။ ဘဏ်ချေးငွေ လျှောက်လွှာတင်ပြီးပါက အပေါင်ပစ္စည်းအပေါ်မူတည်၍ ဘဏ်ရာဖြတ်မှ ဈေးနှုန်းဖြတ်ကာ ကာလပေါက် ဈေးအပေါ်တွင် ချေးငွေအား(၃၀%)သတ်မှတ်ကာငွေချေးပါသည်။အာမခံပစ္စည်းဖြင့် ငွေချေးပါက ချေးငွေမဆပ်လျှင် အာမခံ ပစ္စည်းအား တရားရုံးအမိန့်ရယူကာ လွှဲပြောင်းရောင်းချနိုင်ပါသည်။

အစိုးဘဏ်ချေးငွေအနေနဲ့ကတော့နှစ်ချင်းဆပ်ချေးငွေ၊ကာလသတ်မှတ်ချေးငွေ၊အသေးစားချေးငွေ၊လယ်ယာဖွံ့ဖြိုးရေးအတွက်ချေးငွေဟူ၍ ချေးငွေအမျိုးအစားများရှိကြပါတယ်။ ဘဏ်ချေးငွေလျှောက်ထားရာတွင် အောက်ပါအချက်အလက်များလိုအပ်ပါသည်။

-အာမခံသည့်မြေသည်မြေအမျိုးအစားမှာ လွှဲပြောင်းနိုင်သောမြေအမျိုးအစားဖြစ်ရမည်။ ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်း များနှင့်မြေပုံမြေရာဇဝင် -၁၀၅၊၁၀၆၊အဆောက်အဦးပြီးစီးကြောင်း(B.C.C)လဲပါရှိရမည်။ ဝင်ငွေရလမ်းလုပ်ငန်း အထောက် အထားအနေဖြင့် ကုမ္ပဏီမှတ်ပုံတင် ၊စည်ပင်သာယာရေးလုပ်ငန်း လိုင်စင်၊ လက်ရှိအလုပ်လုပ်ကိုင်နေသော တရားဝင် သက်တမ်းရှိ လုပ်ငန်းလိုင်စင် ဖော်ပြရမည်။

အခွန်ပေးဆောင်ရသောလုပ်ငန်း ဖြစ်ပါက အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်၊ ထမ်းဆောင်ထားသော အခွန်ပြေစာများဖော်ပြပေးရမည်။ အာမခံပစ္စည်း၏ မှတ်တမ်းဓာတ်ပုံ၊ မိမိအိမ်အားအမှန်တကယ်ပိုင်ဆိုင်ကြောင်း လွှဲပြောင်း ရောင်းချထားခြင်း မရှိကြောင်း ကျမ်းကျိန်လွှာတို့အား ဘဏ်မှ သတ်မှတ်ပုံစံများနှင့်အတူ ပူးတွဲ၍ လျှောက်ထားရမည်။ ဘဏ်အပေါ်မှုတည်၍ စာရွက်စာတမ်းများ တင်ပြရမှု ပြောင်းလဲနိုင်ပါတယ်။

အစိုးရဘဏ် နိုင်ငံတော်စိုက်ပျိုးရေးဘဏ်နည်းဥပဒေ-၂၀တွင် အာမခံပစ္စည်းနှင့်ပတ်သတ်၍ ချေးငွေအား ပြန်လည်ပေး ဆပ်ရန် ပျက်ကွက်ပါကနည်းဥပဒေ ၁၇၊ ၁၈၊ သို့တည်းမဟုတ်၁၉ ပါပြဋ္ဌာန်းချက်များနှင့် အညီ အရေးယူနိုင်သည့်ပြင်၊ ချေးငွေအတွက်အာမခံအဖြစ် အပေါင်ခံယူထားသောပစ္စည်းများကို ရောင်းချခြင်းဖြင့် မြေခွန်တော်ကိုအရ တောင်းခံသည့် နည်း လမ်းအတိုင်းအရေးယူရန် ကော်လိတ်တော်အရာရှိအား တောင်းဆိုနိုင်သည်ဟု ဖော်ပြထားကြောင်း ဘဏ်လုပ်ငန်းစဉ်နှင့် စပ်လျဉ်း ၍ ရေးသားလိုက်ပါတယ်။

 

မေးခွန်း (၃) - ပုဂ္ဂလိကမြေငှါးဂရန်၊ စက်မှုမြေငှါးဂရန် ရယူလိုသူတို့မှ လျှောက်ထားဆောင်ရွက်ရမည့် အချက်များကိုဖော် ပြပါ။

 

လိုင်စင်မြေ၊ပါမစ်မြေ၊စကွာတာမြေတို့ကို ပုဂ္ဂလိကမြေငှါးဂရန်လျှောက်ထားနိုင်ပါတယ်။ မြို့မြေအတွင်း ကျရောက်ပြီး အစိုးရမှချထားနိုင်သောမြေဖြစ်မှ သာလျှင် ဂရန်ပေးလို့ရပါတယ်။ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုးရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ လက်ရှိသုံးနေတဲ့ မြေတွေကို ဂရန်အမည်ပြောင်းပဲလျှောက် ထားရမှာပါ ဂရန်သစ်လျှောက်ထားလို့မရပါ။ လူနေထိုင်ရန်၊စက်မှုလက်မှု လုပ်ငန်းများလုပ်ကိုင်ရန် မြေငှားဂရန် လျှောက် ထားလိုပါကမြေကွက်တည်ရှိရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်အောက်ပါအချက်အလက်များပါဝင်ကာ လျှောက်ထား ရမယ်။

- အမည်၊မှတ်ပုံတင်၊နေရပ်လိပ်စာ။

-မြေတိုင်းတာပြီးဖြစ်လျှင် ကူးယူထားသည့် မြေပုံကို ပူးတွဲတင်ပြရန်။

-မြေကွက် တည်ရှိရာနေရာကို တိတိကျကျ ဖေါ်ပြရမည်။

-နောက်ဆုံးပေးဆောင်ထားသော မြေခွန်ပြေစာ။

-မြေတိုင်းတာခြင်းမပြုရသေးလျှင် မြေကိုလက်ရှိအချိန်ထိတိုင်းတာသတ်မှတ်ခြင်း မပြုရသေးကြောင်း ဝန်ခံချက် ဖော်ပြရန်။

- မြေကွက် နယ်နိမိတ် အလားအလာများ လေးဘက်လေးလံ ဖော်ပြရန်။

-အိမ်၏အရွယ်အစားနှင့်အိမ်အားဆောက်လုပ် အသုံးပြုထားသောပစ္စည်းများ။

-မြေငှားဂရန် ရယူလိုခြင်း ရည်ရွယ်ချက်၊ (အဆောက်အဦးဆောက်ရန်၊ လူနေထိုင်ရန်၊ သို့မဟုတ် စက်မှု လက်မှုလုပ်ငန်း လုပ်ရန်) ဖော်ပြရမည်။

-ဌာနမှသတ်မှတ်ထားသော ပုံစံဖြင့်လျှောက်ထားရမည်။

သတ်မှတ်ထားသော အချက်အလက်များပြည့်စုံမှုရှိမရှိစီစစ်ပြီးပြည့်စုံမှုရှိပါက အမူတွဲမှတ်ပုံစာရင်းစာအုပ်တွင် မှတ်တမ်း တင်ကာ အမှုတွဲဖွင့်လှစ်ပါသည်။ပြည့်စုံမှုမရှိပါက ဂရန်လျှောက်ထားခြင်းကို ပယ်နိုင်ပါ သည်။ (အောက်မြန်မာ ပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ-၁၅)

ထို့ပြင်ဌာနမှ အထောက်အထားမူရင်းများနှင့်တိုက်ဆိုင်စစ်ဆေးပြီး (၁၄)ရက်အတွင်း ကန့်ကွက်သူရှိမရှိ ကြေညာ ပါတယ်။ကန့်ကွက်မှုမရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။ ဌာနမှုးနှင့် လျှောက်ထား သူတို့သည် အသိသက်သေများပါဝင်ကာ မြေငှားစာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးပြီး ဂရန်ထုတ်ပေးပါသည်။

မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ ဂရန်တွင် သတ်မှတ်နှုန်းထားအတိုင်း အထူးတံဆိပ်ခေါင်းကပ်ရပါသည်။ ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)အား ပေးဆောင်ရမည်။ သတ် မှတ်ကာလကုန်ဆုံးရင် ဂရန်သက်တမ်းတိုးလျှောက်ရပါမည်။ အဆောက်အဦးခိုင်မာမှုမှာ ရေရှည်အတွက်ဖြစ်သူကိုသာ နှစ်(၉၀)ဂရန်ချထားပေးပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူး က တစ်ဧကထိရှိသော မြေကွက်ကို ခွင့်ပြုပေးနိုင်ပြီး(၁)ဧကမှ (၅)ဧကထိဖြစ်ပါက တိုင်းဒေသ ကြီး/ပြည်နယ်က ခွင့်ပြုရ သည်။(၅)ဧကထက်ကျော်ပါကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကခွင့်ပြုပေးပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 


 






 


 







 


 


















 






 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service