ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
နတ်သမီး ကွမ်းသွေး(ကွမ်းတံတွေး)ကောင်
အညာမှာနေတုန်းက ကျွန်တော်တို့ စက်မှုလယ်ယာရုံး ခြံစည်းရိုးနဲ့ကပ်ရက် အနောက်ဘက်မှာရှိတဲ့ လယ်ကွင်းတွေဟာ စိုက်ပျိုးပင်တွေ မရှိသေးတဲ့အချိန်ဆိုရင် မြက်မုန်ညင်းပင်တွေနဲ့ စူလာနဖာပင်တွေ ပေါက်တတ်ပါတယ်။ ဆင်ငိုမြက်တွေလည်း ပေါက်တယ်။
တောင်သူကတော့ အဲဒီလယ်ကွက်ကို နှမ်းနဲ့ ဆေးရွက်ကြီးတွေ တစ်လှည့်စီ စိုက်တာကိုတော့ ငယ်ငယ်က တွေ့ခဲ့ရဖူးတယ်။
အဲဒီလယ်ကွင်းတွေဟာ ပထမတော့ စက်မှုလယ်ယာဝင်းထဲမှာ မဟုတ်ပါဘူး။ ပိုင်ရှင်သက်သက်ရှိနေခဲ့ပါတယ်။ နောက်မှ စက်မှုလယ်ယာက သိမ်းလိုက်ပုံရပါတယ်။
ရာသီဥတုသာယာတဲ့ရက်တွေမှာဆိုရင် အဲဒီလယ်ကွင်း၊ လယ်ကွက်တွေထဲမှာ ကျွန်တော်တို့သူငယ်ချင်းတွေ စွန်လွှတ်ကြတာပေါ့။ စွန်လွှတ်နေရင်း တစ်ခါတစ်ရံ စူလာနဖာပင်တွေကို နုတ်ဖြစ်တယ်။ စူလနဖာဆိုတာ မြက်ပင်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ရင့်လာတဲ့ စူလာနဖာတွေမှာ အပွင့်လိုလို အဖူးလိုလို အနှံသေးသေးလေးတွေက ပြန့်ကားကားလေးနဲ့ ရှိတတ်ပါတယ်။
တစ်ခါတစ်ရံ မြက်မုန်ညင်းတွေကို ဆွဲနုတ်ပြီး ရလာတဲ့ ဥမည်းမည်းလေးတွေကို အခွံခွာပြီး စားကြပါသေးတယ်။ ဘာရယ်မဟုတ်ပါဘူး စားလို့ရလို့သာ စားလိုက်တာ မြက်မုန်ညင်းဥ အရသာက ဘာအချိုဓာတ်မှ မရှိပါဘူး။ အဆိမ့်ဓာတ်လေးမသိမသာပါပြီး ပူစပ်စပ်အရသာကတော့ အတော်ပြင်းပါတယ်။
စူလာနဖာပင်ရဲ့ ပဉ္စငါးပါးဟာ ပရဆေးအတွက် အသုံးဝင်တယ်။ လျက်ဆားထဲမှာ ထည့်သုံးတယ်လို့တော့ သိရတယ်။ စုဆောင်းထားတဲ့ စူလာနဖာပင်တွေကို ဈေးအဝင်ဝ ညာဘက်မှာရှိတဲ့ ဦးအောင်ဖေရဲ့ ပရဆေးဆိုင်မှာ သွားရောင်းရင် ပိုက်ဆံတော့မရဘူး လျှက်ဆားထုပ်တွေနဲ့ပဲ လဲပေးလိုက်တယ် ထင်ပါတယ်။
ပြောချင်တာက ကလေးဘဝက လုပ်ခဲ့တာလေးတွေပါ။ ကောင်းတာကိုလည်း ကောင်းတယ်ရယ်လို့ သိလှလို့တော့ မဟုတ်ပါဘူး၊ ဆိုးတာကိုလည်း ဆိုးပါတယ်ဆိုတာမျိုး သိလှတာ မဟုတ်ပါဘူး။ အဖော်ကောင်းရင် လျှောက်လုပ်တတ်ကြတာကို ပြောချင်တာပါ။
စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေနဲ့ စာမေးပွဲတွေ ဖြေပြီးတဲ့ နွေကျောင်းရက်ရှည်ပိတ်တဲ့ အခါမျိုးတွေမှာ အင်းတွေထဲသွားပြီး ငါးမျှားတဲ့အခါမျှားတယ်။ အနီးအနားကဘုရားငုတ်တိုဘက်၊ ဖောင်းကတောချောင်းဘက် သွားပြီး ငှက်ပစ်ထွက်ကြတယ်။ ပုဒက်ထောင်တယ်။ အိမ်မှာ ထင်းလိုတဲ့အခါ ထင်းခွေထွက်ကြရတယ်။
ကျွန်တော်တို့ ကလေးဘဝတွေက အဲဒီလိုလေးတွေနဲ့ အချိန်ကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ စာဖတ်ချင်ရင် ရုံးကစာကြည့်တိုက်မှာ ငှားဖတ်တယ်။ အငှားဆိုင်က စာအုပ်တွေငှားဖတ်တယ်။
စွန်လွှတ်လို့ကောင်းတဲ့ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက်ရွာပြီးစ နေသာတဲ့နေ့တွေမှာ စောစောကပြောခဲ့တဲ့ လယ်ကွက်တွေမှာသွားပြီး စွန်လွှတ်ကြတယ်။ စွန်လွှတ်တယ်ဆိုတာကလည်း ကိုယ့်စွန်ကောင်းကင်မှာ တစွင့်စွင့်တက်သွားတာကိုပဲ ကြည့်နေရတာက ပျင်းဖို့ကောင်းလှပါတယ်။
တိုက်စွန်တွေ ကျွန်တော်တို့ လုပ်ကြတယ်။ သူတစ်ပါးရဲ့ စွန်ကို ဖြတ်ချနိုင်ဖို့ အပ်ချည်ကြိုးကို မှန်စာတိုက်ကြ ရတယ်။ ပုလင်းတွေခွဲ အမှုန့်ထောင်း၊ ကော်နဲ့ရောပြီး အပ်ချည်ကြိုးမှာ ပွတ်ပေးရတယ်။ ဒါဆို မှန်စာကြိုးရပြီ။
ကိုယ့်လိုပါပဲ တစ်ဖက်လူကလည်း စွန်တိုက်ဖို့ အတွက် မှန်စာကြိုးနဲ့ လာတာပါပဲ။ကောင်းကင်မှာ ပြိုင်ဘက်တွေ တွေ့ကျရင် စွန်ကြိုးကို အလျှော့အတင်းလုပ်ပြီး တစ်ဖက်လူရဲ့စွန်ကို ဖြတ်ချနိုင်အောင် လုပ်ရပါတယ်။ဒီနေရာမှာ ပညာပါတယ်။
အခြားပြိုင်ဘက် တိုက်စွန်တွေမရှိတဲ့ အခါမျိုးမှာ စွန်ကို ကောင်းကင်လေရတဲ့အထိ ကြိုးကုန် လွှတ်တင်လိုက်တယ်။ ကြိုးဆုံးသွားရင် ရစ်ဘီးလက်ကိုင်ရိုးတစ်ဖက်ကို မြေမှာစိုက်ပြီး ဒီတိုင်းထားလိုက်တယ်။
ပြီးရင်လယ်ကွက်ထဲ လျှောက်သွားပြီး ဟိုကြည့်ဒီကြည့်နဲ့ ဘာတွေမလဲပေါ့။စားစရာတွေ့ရင်စားမယ်။ နုတ်စရာတွေ့ရင် နုတ်မယ်ပေါ့။
မိုးရွာပြီးနေသာတဲ့နေ့ နေ့မျိုးတွေမှာ အဲဒီလယ်ကွက်တွေထဲမှာ နတ်သမီးကွမ်းသွေး(ကွမ်းတံတွေး)ကောင် လေးတွေ ရှိတတ်တာကို သတိရမိတော့ လိုက်ရှာမိတယ်။
နတ်သမီး ကွမ်းတံတွေးကောင်လို့ ကျွန်တော်တို့က ခေါ်ကြတာပေါ့။ သူ့ကိုယ်က ကတ္တီပါသားလိုနူးညံ့လှတဲ့ အမွေးလေးတွေနဲ့ပါ။ ပင့်ကူနဲ့ နွားတွေမှာ ကပ်နေတဲ့ မှတ်လိုအကောင်နဲ့တူပေမယ့်သူတို့က မာတယ်၊ မည်းတယ်။
နတ်သမီး ကွမ်းသွေး(ကွမ်းတံတွေး)ကောင်ကတော့ တစ်ကိုယ်လုံး နီရဲနေပြီး နူးညံ့လှပါတယ်။မာတဲ့ အရိုးအကာတွေမရှိတဲ့ အတွက် လက်ထဲမှာဖိညှစ်လိုက်ရင် ကြေသွားပြီး အရေနီနီတွေ ထွက်လာပါတယ်။
ထူးခြားတာက ဒီအကောင်တွေက မြေထဲမှာနေသလား။ကောင်းကင်ကပဲ ကျလာသလားဆိုတာတော့ မသိပါဘူး။တခြားအချိန်တွေမှာလည်း မတွေ့ရတတ်ဘူး။မိုးရွာရင် အဆင်သင့်ဖြစ်အောင် မြေလှန်ထားတဲ့ မြေခဲတွေအပေါ်မှာ မိုးရွာပြီး နေသာတဲ့ရက်တွေမှာသာပေါ်လာပြီး နောက်ရက်တွေမှာ ရှိတယ်လို့ မတွေ့ရတော့ပါဘူး။
နတ်သမီး ကွမ်းတံတွေးကောင်လေးတွေက အပင်တွေအရွက်ပေါ်မှာ ရှင်သန်တဲ့အကောင် မဟုတ်တာတော့ သေချာပါတယ်။
မိုးရွာပြီးစမှာမှ တွေ့ရတတ်တာမို့ မိုးရေနဲ့ အတူပါလာတဲ့ အကောင်တွေလို့ပဲ ကလေးဘဝက ယူဆခဲ့ဖူးတယ်။ နတ်သမီးတွေ တံတွေးထွးချလို့ ဖြစ်လာတဲ့ အကောင်လေးတွေလို့လည်း နာမည်နဲ့လိုက်ပြီး ထင်ခဲ့ဖူးတယ်။
အခြားအချိန်တွေမှာတော့ အမှန်ကို တွေ့ရခဲတဲ့ အကောင်လေးတွေပါ။ တစ်ရက်တလေသာ ထွက်ပေါ်လာ တတ်ပြီး ကျန်တဲ့အချိန်မှာ မြေတွင်းအောင်းပြီးပဲ နေနေကြတာလားတော့ မသိပါ။
အခုလို လယ်ယာမြေတွေကို ဆေးအမျိုးကြွေးပြီး အသီးအနှံတွေအထွက်တိုးဖို့ တွန်းအားပေးနေတဲ့ အခြေအနေမှာ ဒီနတ်သမီး ကွမ်းသွေး(ကွမ်းတံတွေး)ကောင်လေးတွေဟာ ရှိများမှ ရှိကြသေးရဲ့လား မသိတော့ပါ။
နတ်သမီးကွမ်းသွေးကောင် ပုံရှာဖွေနိုင်ရန် (Red Velvet Mites – Rain Bugs)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Photo Credit: google
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၆)
နတ္သမီး ကြမ္းေသြး(ကြမ္းတံေတြး)ေကာင္
အညာမွာေနတုန္းက ကြၽန္ေတာ္တို႔ စက္မႈလယ္ယာ႐ုံး ျခံစည္း႐ိုးနဲ႔ကပ္ရက္ အေနာက္ဘက္မွာ႐ွိတဲ့ လယ္ကြင္းေတြဟာ စိုက္ပ်ိဳးပင္ေတြ မ႐ွိေသးတဲ့အခ်ိန္ဆိုရင္ ျမက္မုန္ညင္းပင္ေတြနဲ႔ စူလာနဖာပင္ေတြ ေပါက္တတ္ပါတယ္။ ဆင္ငိုျမက္ေတြလည္း ေပါက္တယ္။
ေတာင္သူကေတာ့ အဲဒီလယ္ကြက္ကို ႏွမ္းနဲ႔ ေဆး႐ြက္ႀကီးေတြ တစ္လွည့္စီ စိုက္တာကိုေတာ့ ငယ္ငယ္က ေတြ႕ခဲ့ရဖူးတယ္။
အဲဒီလယ္ကြင္းေတြဟာ ပထမေတာ့ စက္မႈလယ္ယာဝင္းထဲမွာ မဟုတ္ပါဘူး။ ပိုင္႐ွင္သက္သက္႐ွိေနခဲ့ပါတယ္။ ေနာက္မွ စက္မႈလယ္ယာက သိမ္းလိုက္ပုံရပါတယ္။
ရာသီဥတုသာယာတဲ့ရက္ေတြမွာဆိုရင္ အဲဒီလယ္ကြင္း၊ လယ္ကြက္ေတြထဲမွာ ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြ စြန္လႊတ္ၾကတာေပါ့။ စြန္လႊတ္ေနရင္း တစ္ခါတစ္ရံ စူလာနဖာပင္ေတြကို ႏုတ္ျဖစ္တယ္။ စူလနဖာဆိုတာ ျမက္ပင္နဲ႔ ခပ္ဆင္ဆင္ပါပဲ။ ရင့္လာတဲ့ စူလာနဖာေတြမွာ အပြင့္လိုလို အဖူးလိုလို အႏွံေသးေသးေလးေတြက ျပန္႔ကားကားေလးနဲ႔ ႐ွိတတ္ပါတယ္။
တစ္ခါတစ္ရံ ျမက္မုန္ညင္းေတြကို ဆြဲႏုတ္ၿပီး ရလာတဲ့ ဥမည္းမည္းေလးေတြကို အခြံခြာၿပီး စားၾကပါေသးတယ္။ ဘာရယ္မဟုတ္ပါဘူး စားလို႔ရလို႔သာ စားလိုက္တာ ျမက္မုန္ညင္းဥ အရသာက ဘာအခ်ိဳဓာတ္မွ မ႐ွိပါဘူး။ အဆိမ့္ဓာတ္ေလးမသိမသာပါၿပီး ပူစပ္စပ္အရသာကေတာ့ အေတာ္ျပင္းပါတယ္။
စူလာနဖာပင္ရဲ႕ ပၪၥငါးပါးဟာ ပရေဆးအတြက္ အသုံးဝင္တယ္။ လ်က္ဆားထဲမွာ ထည့္သုံးတယ္လို႔ေတာ့ သိရတယ္။ စုေဆာင္းထားတဲ့ စူလာနဖာပင္ေတြကို ေဈးအဝင္ဝ ညာဘက္မွာ႐ွိတဲ့ ဦးေအာင္ေဖရဲ႕ ပရေဆးဆိုင္မွာ သြားေရာင္းရင္ ပိုက္ဆံေတာ့မရဘူး လွ်က္ဆားထုပ္ေတြနဲ႔ပဲ လဲေပးလိုက္တယ္ ထင္ပါတယ္။
ေျပာခ်င္တာက ကေလးဘဝက လုပ္ခဲ့တာေလးေတြပါ။ ေကာင္းတာကိုလည္း ေကာင္းတယ္ရယ္လို႔ သိလွလို႔ေတာ့ မဟုတ္ပါဘူး၊ ဆိုးတာကိုလည္း ဆိုးပါတယ္ဆိုတာမ်ိဳး သိလွတာ မဟုတ္ပါဘူး။ အေဖာ္ေကာင္းရင္ ေလွ်ာက္လုပ္တတ္ၾကတာကို ေျပာခ်င္တာပါ။
စေန တနဂၤေႏြ ေက်ာင္းပိတ္ရက္ေတြနဲ႔ စာေမးပြဲေတြ ေျဖၿပီးတဲ့ ေႏြေက်ာင္းရက္႐ွည္ပိတ္တဲ့ အခါမ်ိဳးေတြမွာ အင္းေတြထဲသြားၿပီး ငါးမွ်ားတဲ့အခါမွ်ားတယ္။ အနီးအနားကဘုရားငုတ္တိုဘက္၊ ေဖာင္းကေတာေခ်ာင္းဘက္ သြားၿပီး ငွက္ပစ္ထြက္ၾကတယ္။ ပုဒက္ေထာင္တယ္။ အိမ္မွာ ထင္းလိုတဲ့အခါ ထင္းေခြထြက္ၾကရတယ္။
ကြၽန္ေတာ္တို႔ ကေလးဘဝေတြက အဲဒီလိုေလးေတြနဲ႔ အခ်ိန္ကို ျဖတ္သန္းခဲ့ရဖူးပါတယ္။ စာဖတ္ခ်င္ရင္ ႐ုံးကစာၾကည့္တိုက္မွာ ငွားဖတ္တယ္။ အငွားဆိုင္က စာအုပ္ေတြငွားဖတ္တယ္။
စြန္လႊတ္လို႔ေကာင္းတဲ့ မိုးေလးတစ္ၿဖိဳက္ႏွစ္ၿဖိဳက္႐ြာၿပီးစ ေနသာတဲ့ေန႔ေတြမွာ ေစာေစာကေျပာခဲ့တဲ့ လယ္ကြက္ေတြမွာသြားၿပီး စြန္လႊတ္ၾကတယ္။ စြန္လႊတ္တယ္ဆိုတာကလည္း ကိုယ့္စြန္ေကာင္းကင္မွာ တစြင့္စြင့္တက္သြားတာကိုပဲ ၾကည့္ေနရတာက ပ်င္းဖို႔ေကာင္းလွပါတယ္။
တိုက္စြန္ေတြ ကြၽန္ေတာ္တို႔ လုပ္ၾကတယ္။ သူတစ္ပါးရဲ႕ စြန္ကို ျဖတ္ခ်ႏိုင္ဖို႔ အပ္ခ်ည္ႀကိဳးကို မွန္စာတိုက္ၾက ရတယ္။ ပုလင္းေတြခြဲ အမႈန္႔ေထာင္း၊ ေကာ္နဲ႔ေရာၿပီး အပ္ခ်ည္ႀကိဳးမွာ ပြတ္ေပးရတယ္။ ဒါဆို မွန္စာႀကိဳးရၿပီ။
ကိုယ့္လိုပါပဲ တစ္ဖက္လူကလည္း စြန္တိုက္ဖို႔ အတြက္ မွန္စာႀကိဳးနဲ႔ လာတာပါပဲ။ေကာင္းကင္မွာ ၿပိဳင္ဘက္ေတြ ေတြ႕က်ရင္ စြန္ႀကိဳးကို အေလွ်ာ့အတင္းလုပ္ၿပီး တစ္ဖက္လူရဲ႕စြန္ကို ျဖတ္ခ်ႏိုင္ေအာင္ လုပ္ရပါတယ္။ဒီေနရာမွာ ပညာပါတယ္။
အျခားၿပိဳင္ဘက္ တိုက္စြန္ေတြမ႐ွိတဲ့ အခါမ်ိဳးမွာ စြန္ကို ေကာင္းကင္ေလရတဲ့အထိ ႀကိဳးကုန္ လႊတ္တင္လိုက္တယ္။ ႀကိဳးဆုံးသြားရင္ ရစ္ဘီးလက္ကိုင္႐ိုးတစ္ဖက္ကို ေျမမွာစိုက္ၿပီး ဒီတိုင္းထားလိုက္တယ္။
ၿပီးရင္လယ္ကြက္ထဲ ေလွ်ာက္သြားၿပီး ဟိုၾကည့္ဒီၾကည့္နဲ႔ ဘာေတြမလဲေပါ့။စားစရာေတြ႕ရင္စားမယ္။ ႏုတ္စရာေတြ႕ရင္ ႏုတ္မယ္ေပါ့။
မိုး႐ြာၿပီးေနသာတဲ့ေန႔ ေန႔မ်ိဳးေတြမွာ အဲဒီလယ္ကြက္ေတြထဲမွာ နတ္သမီးကြမ္းေသြး(ကြမ္းတံေတြး)ေကာင္ ေလးေတြ ႐ွိတတ္တာကို သတိရမိေတာ့ လိုက္႐ွာမိတယ္။
နတ္သမီး ကြမ္းတံေတြးေကာင္လို႔ ကြၽန္ေတာ္တို႔က ေခၚၾကတာေပါ့။ သူ႕ကိုယ္က ကတၱီပါသားလိုႏူးညံ့လွတဲ့ အေမြးေလးေတြနဲ႔ပါ။ ပင့္ကူနဲ႔ ႏြားေတြမွာ ကပ္ေနတဲ့ မွတ္လိုအေကာင္နဲ႔တူေပမယ့္သူတို႔က မာတယ္၊ မည္းတယ္။
နတ္သမီး ကြမ္းေသြး(ကြမ္းတံေတြး)ေကာင္ကေတာ့ တစ္ကိုယ္လုံး နီရဲေနၿပီး ႏူးညံ့လွပါတယ္။မာတဲ့ အ႐ိုးအကာေတြမ႐ွိတဲ့ အတြက္ လက္ထဲမွာဖိညႇစ္လိုက္ရင္ ေၾကသြားၿပီး အေရနီနီေတြ ထြက္လာပါတယ္။
ထူးျခားတာက ဒီအေကာင္ေတြက ေျမထဲမွာေနသလား။ေကာင္းကင္ကပဲ က်လာသလားဆိုတာေတာ့ မသိပါဘူး။တျခားအခ်ိန္ေတြမွာလည္း မေတြ႕ရတတ္ဘူး။မိုး႐ြာရင္ အဆင္သင့္ျဖစ္ေအာင္ ေျမလွန္ထားတဲ့ ေျမခဲေတြအေပၚမွာ မိုး႐ြာၿပီး ေနသာတဲ့ရက္ေတြမွာသာေပၚလာၿပီး ေနာက္ရက္ေတြမွာ ႐ွိတယ္လို႔ မေတြ႕ရေတာ့ပါဘူး။
နတ္သမီး ကြမ္းတံေတြးေကာင္ေလးေတြက အပင္ေတြအ႐ြက္ေပၚမွာ ႐ွင္သန္တဲ့အေကာင္ မဟုတ္တာေတာ့ ေသခ်ာပါတယ္။
မိုး႐ြာၿပီးစမွာမွ ေတြ႕ရတတ္တာမို႔ မိုးေရနဲ႔ အတူပါလာတဲ့ အေကာင္ေတြလို႔ပဲ ကေလးဘဝက ယူဆခဲ့ဖူးတယ္။ နတ္သမီးေတြ တံေတြးထြးခ်လို႔ ျဖစ္လာတဲ့ အေကာင္ေလးေတြလို႔လည္း နာမည္နဲ႔လိုက္ၿပီး ထင္ခဲ့ဖူးတယ္။
အျခားအခ်ိန္ေတြမွာေတာ့ အမွန္ကို ေတြ႕ရခဲတဲ့ အေကာင္ေလးေတြပါ။ တစ္ရက္တေလသာ ထြက္ေပၚလာ တတ္ၿပီး က်န္တဲ့အခ်ိန္မွာ ေျမတြင္းေအာင္းၿပီးပဲ ေနေနၾကတာလားေတာ့ မသိပါ။
အခုလို လယ္ယာေျမေတြကို ေဆးအမ်ိဳးေႂကြးၿပီး အသီးအႏွံေတြအထြက္တိုးဖို႔ တြန္းအားေပးေနတဲ့ အေျခအေနမွာ ဒီနတ္သမီး ကြမ္းေသြး(ကြမ္းတံေတြး)ေကာင္ေလးေတြဟာ ႐ွိမ်ားမွ ႐ွိၾကေသးရဲ႕လား မသိေတာ့ပါ။
နတ္သမီးကြမ္းေသြးေကာင္ ပုံ႐ွာေဖြႏိုင္ရန္ (Red Velvet Mites – Rain Bugs)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
Photo Credit: google