Tesla က အိန္ဒိယလျှပ်စစ်မော်တော်ကား ဈေးကွက်တွင် ကန်ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ စက်ရုံဖွင့်လှစ်ရန် သုံးသပ်လျက်ရှိ

Tesla က အိန္ဒိယလျှပ်စစ်မော်တော်ကား ဈေးကွက်တွင် ကန်ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ စက်ရုံဖွင့်လှစ်ရန် သုံးသပ်လျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jul 2023 10:44 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

Tesla Inc.သည် အိန္ဒိယနိုင်ငံတွင် တစ်နှစ်လျှင် လျှပ်စစ်မော်တော်ကား အစင်းရေ ၅၀၀,၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိသည့် စက်ရုံတစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် အိန္ဒိယအစိုးရထံ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်သွင်းရန် သုံးသပ်လျက်ရှိကြောင်း အစိုးရသတင်းရင်းမြစ်သတင်းများကို ကိုးကားထားသည့် မကြာသေးမီက အစီရင်ခံစာ တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ စီမံကိန်း အကောင်အထည် ဖော်ဖြစ်မည်ဆိုပါက ဒေသတွင်းရှိ အခြားနိုင်ငံများသို့ လျှပ်စစ်မော်တော်ကားများ တင်ပို့ရန် Tesla အတွက် အခြေစိုက်နေရာတစ်ခု ရရှိစေမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း အိန္ဒိယတွင် ရောင်းချမည့် လျှပ်စစ်မော်တော်ကား များ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၄၄၀၁ (မြန်မာငွေ ၅၁၂ သိန်း) ခန့် ရှိမည်ဟု ဆိုသည်။

(မှတ်ချက်။ ဇူလိုင်လ ၁၈ ရက်သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၂၀၉၈ ကျပ်ဖြင့် တွက်ချက်ထားခြင်းသာ ဖြစ်ပါသည်။)

အဆိုပါ ဈေးနှုန်းသည် အိန္ဒိယမှ ဈေးအသက်သာဆုံး လျှပ်စစ်ကားများထက် အလွန်များပြားနေသော်လည်း အမေရိကန်ပြည်ထောင်စုကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရောင်းချနေသော Tesla Evs များ၏ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် competitive price ဖြစ်သည်ဟု ဆိုနိုင်သည်။

“Tesla ဟာ ကျွန်တော်တို့ဆီကို ရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒီခြေလှမ်းက အပြုသဘောဆောင်ပါတယ်။ အထူးသဖြင့် ဒီစီမံကိန်းဟာ ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်ပ တင်ပို့မှုတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။”ဟု အဆိုပါ စီမံကိန်းနှင့် စပ်လျဉ်းပြီး Times of India သတင်းဌာနနှင့် ဆွေးနွေးခဲ့သော သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ပြီးခဲ့သောနှစ်အတွင်းကမူ Tesla က အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း Tesla ၏ မော်တော်ယာဉ်များအပေါ် သွင်းကုန်အကောက်ခွန်လျော့ချပေးရန် အိန္ဒိယအစိုးရက ငြင်းပယ်ခဲ့သောကြောင့် Tesla ၏ မျှော်မှန်းချက်မှာ အခက်ကြုံခဲ့ရသည်။

အိန္ဒိယသည် လျှပ်စစ်မော်တော်ကားများအပေါ် သွင်းကုန်အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းအထက် ကောက်ခံ သည်။ အိန္ဒိယကလည်း Tesla က ၎င်း၏ ပြည်တွင်းတွင် ထုတ်လုပ်ရေးအခြေစိုက်နေရာ လာရောက်တည်ထောင်မည့် အပေါ် စိတ်ဝင်စားနေသည်။

သို့သော် Tesla က ဈေးကွက်ဝယ်လိုအားကို အကဲဖြတ် ခန့်မှန်းရန်အတွက် ကနဦးအနေဖြင့် အိန္ဒိယသို့ ၎င်း၏ လျှပ်စစ်ကားများ တင်ပို့သည့် နည်းလမ်းကို ပိုမိုလိုလားကြောင်း ပြောသည်။

အိန္ဒိယဈေးကွက်သို့ ထိုးဖောက်ရန် ပြောင်းလဲထားသော မဟာဗျူဟာအရ လျှပ်စစ်မော်တော်ကားနှင့် ဘက်ထရီထုတ်လုပ်ရေးအတွက် ရရှိနိုင်မည့် မက်လုံးများနှင့် စပ်လျဉ်းပြီး Tesla က အိန္ဒိယအစိုးရ ကိုယ်စားလှယ်များနှင့် မေလအတွင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးဆောင်ခဲ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဝန်းကျင်မျိုး ရှိစေကာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် သဘောတူညီချက်မျိုး ဖော်ဆောင်နိုင်ရန် ဦးတည်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများတွင်း ပြည်တွင်းထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့မှု ကဏ္ဍ ၂ ရပ်လုံး ပါဝင်ခဲ့သည်။

Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk နှင့် မကြာသေးမီက ဆွေးနွေးခဲ့မှုတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက Tesla အား အိန္ဒိယတွင် ကြီးမားသည့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် အားပေးခဲ့သည်။

ယခုစီမံကိန်းသာ အကောင်အထည်ဖော်ဖြစ်ပါက Tesla နှင့် အိန္ဒိယမော်တော်ကားဈေးကွက် ၂ ခုလုံးအတွက် ကြီးမားစွာ အကျိုးရှိစေလိမ့်မည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tesla Is Considering A $25 Billion Bet On The Indian Electric Vehicle Market (finance)

 

 

[Zawgyi]

 

Tesla က အိႏၵိယလွ်ပ္စစ္ေမာ္ေတာ္ကား ေဈးကြက္တြင္ ကန္ေဒၚလာ ၂၅ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံကာ စက္႐ုံဖြင့္လွစ္ရန္ သုံးသပ္လ်က္႐ွိ

 

Tesla Inc.သည္ အိႏၵိယႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ လွ်ပ္စစ္ေမာ္ေတာ္ကား အစင္းေရ ၅၀၀,၀၀၀ ခန္႔ ထုတ္လုပ္ႏိုင္စြမ္း႐ွိသည့္ စက္႐ုံတစ္ခု ဖြင့္လွစ္ႏိုင္ေရးအတြက္ အိႏၵိယအစိုးရထံ ရင္းႏွီးျမႇဳပ္ႏွံမႈ အဆိုျပဳလႊာ တင္သြင္းရန္ သုံးသပ္လ်က္႐ွိေၾကာင္း အစိုးရသတင္းရင္းျမစ္သတင္းမ်ားကို ကိုးကားထားသည့္ မၾကာေသးမီက အစီရင္ခံစာ တစ္ခုတြင္ ေဖာ္ျပသည္။

အဆိုပါ စီမံကိန္း အေကာင္အထည္ ေဖာ္ျဖစ္မည္ဆိုပါက ေဒသတြင္း႐ွိ အျခားႏိုင္ငံမ်ားသို႔ လွ်ပ္စစ္ေမာ္ေတာ္ကားမ်ား တင္ပို႔ရန္ Tesla အတြက္ အေျခစိုက္ေနရာတစ္ခု ရ႐ွိေစမည္ ျဖစ္သည္။

အေသးစိတ္အခ်က္အလက္မ်ားကို မသိရေသးေသာ္လည္း အိႏၵိယတြင္ ေရာင္းခ်မည့္ လွ်ပ္စစ္ေမာ္ေတာ္ကား မ်ား၏ ေဈးႏႈန္းမွာ ကန္ေဒၚလာ ၂၄၄၀၁ (ျမန္မာေငြ ၅၁၂ သိန္း) ခန္႔ ႐ွိမည္ဟု ဆိုသည္။

(မွတ္ခ်က္။ ဇူလိုင္လ ၁၈ ရက္သတ္မွတ္ေငြလဲႏႈန္း ကန္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၂၀၉၈ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္းသာ ျဖစ္ပါသည္။)

အဆိုပါ ေဈးႏႈန္းသည္ အိႏၵိယမွ ေဈးအသက္သာဆုံး လွ်ပ္စစ္ကားမ်ားထက္ အလြန္မ်ားျပားေနေသာ္လည္း အေမရိကန္ျပည္ေထာင္စုကဲ့သို႔ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားတြင္ ေရာင္းခ်ေနေသာ Tesla Evs မ်ား၏ ေဈးႏႈန္းႏွင့္ ႏိႈင္းယွဥ္လွ်င္ competitive price ျဖစ္သည္ဟု ဆိုႏိုင္သည္။

“Tesla ဟာ ကြၽန္ေတာ္တို႔ဆီကို ရည္မွန္းခ်က္ႀကီးမားတဲ့ စီမံကိန္းနဲ႔ ေရာက္႐ွိလာခဲ့တာ ျဖစ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ဒီေျခလွမ္းက အျပဳသေဘာေဆာင္ပါတယ္။ အထူးသျဖင့္ ဒီစီမံကိန္းဟာ ျပည္တြင္းမွာ ထုတ္လုပ္ၿပီး ျပည္ပ တင္ပို႔မႈေတြ ပါဝင္ေနတာေၾကာင့္ ျဖစ္ပါတယ္။”ဟု အဆိုပါ စီမံကိန္းႏွင့္ စပ္လ်ဥ္းၿပီး Times of India သတင္းဌာနႏွင့္ ေဆြးေႏြးခဲ့ေသာ သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

ၿပီးခဲ့ေသာႏွစ္အတြင္းကမူ Tesla က အိႏၵိယေဈးကြက္သို႔ ဝင္ေရာက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း Tesla ၏ ေမာ္ေတာ္ယာဥ္မ်ားအေပၚ သြင္းကုန္အေကာက္ခြန္ေလ်ာ့ခ်ေပးရန္ အိႏၵိယအစိုးရက ျငင္းပယ္ခဲ့ေသာေၾကာင့္ Tesla ၏ ေမွ်ာ္မွန္းခ်က္မွာ အခက္ၾကဳံခဲ့ရသည္။

အိႏၵိယသည္ လွ်ပ္စစ္ေမာ္ေတာ္ကားမ်ားအေပၚ သြင္းကုန္အေကာက္ခြန္ ၁၀၀ ရာခိုင္ႏႈန္းအထက္ ေကာက္ခံ သည္။ အိႏၵိယကလည္း Tesla က ၎၏ ျပည္တြင္းတြင္ ထုတ္လုပ္ေရးအေျခစိုက္ေနရာ လာေရာက္တည္ေထာင္မည့္ အေပၚ စိတ္ဝင္စားေနသည္။

သို႔ေသာ္ Tesla က ေဈးကြက္ဝယ္လိုအားကို အကဲျဖတ္ ခန္႔မွန္းရန္အတြက္ ကနဦးအေနျဖင့္ အိႏၵိယသို႔ ၎၏ လွ်ပ္စစ္ကားမ်ား တင္ပို႔သည့္ နည္းလမ္းကို ပိုမိုလိုလားေၾကာင္း ေျပာသည္။

အိႏၵိယေဈးကြက္သို႔ ထိုးေဖာက္ရန္ ေျပာင္းလဲထားေသာ မဟာဗ်ဴဟာအရ လွ်ပ္စစ္ေမာ္ေတာ္ကားႏွင့္ ဘက္ထရီထုတ္လုပ္ေရးအတြက္ ရ႐ွိႏိုင္မည့္ မက္လုံးမ်ားႏွင့္ စပ္လ်ဥ္းၿပီး Tesla က အိႏၵိယအစိုးရ ကိုယ္စားလွယ္မ်ားႏွင့္ ေမလအတြင္း ေဆြးေႏြးညႇိႏိႈင္းမႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါ ေဆြးေႏြးညႇိႏိႈင္းမႈမ်ားကို အိႏၵိယကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာနက ဦးေဆာင္ခဲ့ၿပီး ယွဥ္ၿပိဳင္ႏိုင္စြမ္း႐ွိေသာ ဝန္းက်င္မ်ိဳး ႐ွိေစကာ ႏွစ္ဦးႏွစ္ဖက္ အက်ိဳး႐ွိမည့္ သေဘာတူညီခ်က္မ်ိဳး ေဖာ္ေဆာင္ႏိုင္ရန္ ဦးတည္ေဆြးေႏြးခဲ့ၾကသည္။ ေဆြးေႏြးမႈမ်ားတြင္း ျပည္တြင္းထုတ္လုပ္ေရးႏွင့္ ျပည္ပတင္ပို႔မႈ က႑ ၂ ရပ္လုံး ပါဝင္ခဲ့သည္။

Tesla ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ Elon Musk ႏွင့္ မၾကာေသးမီက ေဆြးေႏြးခဲ့မႈတြင္ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီက Tesla အား အိႏၵိယတြင္ ႀကီးမားသည့္ ရင္းႏွီးျမႇပ္ႏွံမႈမ်ား ျပဳလုပ္ရန္ အားေပးခဲ့သည္။

ယခုစီမံကိန္းသာ အေကာင္အထည္ေဖာ္ျဖစ္ပါက Tesla ႏွင့္ အိႏၵိယေမာ္ေတာ္ကားေဈးကြက္ ၂ ခုလုံးအတြက္ ႀကီးမားစြာ အက်ိဳး႐ွိေစလိမ့္မည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tesla Is Considering A $25 Billion Bet On The Indian Electric Vehicle Market (finance)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service