တစ်ခါတုန်းက အဖြစ်လေးတွေ (၄၅)
တစ်ခါတုန်းက အဖြစ်လေးတွေ (၄၅) - Property Knowledge in Myanmar from iMyanmarHouse.com
20 Jul 2023 2:06 pm တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
စာပြိုင်ပွဲ
ကျွန်တော်တို့ လေးတန်းကျောင်းသားဘဝ အတန်းတွင်း စာပြိုင်ပွဲလေးတွေ ကြုံရတယ်။ ပြိုင်ပွဲတိုင်းနီးပါး ကျွန်တော်ရှုံးတယ်။ လျှာပါးအာပါးမဟုတ်တဲ့ ကျွန်တော်က လျှာသွက် အာသွက် မိန်းကလေးတွေနဲ့ ပြိုင်တိုင်း အရှုံးပေးလိုက်ရတာက များတယ်။
လျှပ်တစ်ပြက်အတွင်း အလီတွေဖြေရတဲ့အခါမှာ ကျွန်တော်က အလီတွေရနေဦးတော့ တစ်ဖက်မိန်းကလေးက ခပ်သွက်သွက် အရင်ဖြေလိုက်တာနဲ့ပဲ ကျွန်တော်က ရှုံးသွားပြီ။
ကျွန်တော်က နှုတ်လေးလျှာလေးသမား။ နှုတ်လေးလျှာလေးလွန်းလို့ အိမ်သားတွေက ကျွန်တော်ကို ရှမ်းကြီးလို့တောင် ခေါ်ကြတယ်။ စကားလုံးတစ်ခုခု ပြောထွက်ဖို့ကို လေးပင်နေတာရယ်၊ စကားသံ ထွက်လာရင်လည်း တစ်တုံးတစ်ခဲ လေးလေးပင်ပင်ကြီး ဖြစ်နေတတ်တယ်လို့ ပြောကြတယ်။
စာပြိုင်တဲ့ အခါမှာလည်း ယောက်ျားလေးချင်း ပြိုင်ရတာမဟုတ်ပါဘူး။ ယောက်ျားလေးတစ်ဖက် မိန်းကလေးတစ်ဖက် ပြိုင်ကြရတာက များပါတယ်။ မိန်းကလေးဆိုတဲ့ အမျိုးကလည်း အဲဒီနေရာမျိုးဆို ကျွန်တော်တို့ ယောက်ျားလေးတွေထက်ကို ပိုသွက်နေသလိုပါပဲ။ ယောက်ျားလေး အတော်များများလည်း အဲဒီလိုပြိုင်ပွဲတိုင်း အပြောနောက်ကျတာနဲ့ကို ရှုံးကြတာများသလိုပါပဲ။
စာပြိုင်တဲ့အခါ နိုင်တဲ့သူက ရှုံးတဲ့သူကို စာသင်ခန်းထဲက အလယ်လျှောက်လမ်းအတိုင်း နားရွက်ကို ဆွဲပြီး ခေါက်တုံ့ခေါက်ပြန် သွားပြကြရတယ်။
တစ်ခါတစ်ရံ ရှုံးတဲ့သူက နိုင်တဲ့သူကို ကျောပိုးထမ်းပြီး လျှောက်ပြကြရတယ်။ ယောက်ျားလေးဆိုတဲ့ အမျိုးကလည်း ဒီလိုမျိုးလုပ်ရလို့ ရှက်ရကောင်းမှန်းမသိဘူး။ တဟီးဟီးသဘောကျပြီး လုပ်တတ်တယ်။
မိန်းကလေးနဲ့ ယောက်ျားလေး သင်္ချာအလီတွေ အရွတ်ပြိုင်ကြမယ်၊ရှုံးတဲ့သူက နိုင်တဲ့သူကို ကျောပိုးထမ်းပြီး လျှောက်ရမယ်လို့ ဆရာက ပြောလိုက်ရင် အဲဒီလိုအခါမျိုး ဘယ်ကောင်မှ ပြိုင်ဘက်မိန်းကလေးကို အနိုင်မယူဘူး။ အရှုံးပေးတတ်ကြတယ်။
ပျော်ပျော်ကြီး အရှုံးပေးပြီး ကျောပိုးထမ်းကြပါတော့တယ်။
ပထမတုန်းက မြန်မြန်နဲ့ စာကို အနိုင်ရအောင် လုပ်နေတဲ့ကောင်တွေတောင် အဲဒီလို အပြစ်ပေးမယ်ဆိုရင် အရှုံးပေးပြီး အပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကို ခံယူတတ်ကြတယ်။
တစ်ခါများတော့ ဆရာက တပည့်တွေကို ဒီနေ့ အလီရွတ်ပြိုင်ကြရမယ်။ ရှုံးတဲ့သူက နိုင်တဲ့သူကို ကျောပိုးလျှောက်ရမယ်လို့ ပြောတော့ ကျောင်းသားအားလုံးပျော်တာပေါ့။ မိန်းကလေးကျောင်းသူတွေဘက် ကြည့်ပြီး စာနာခြင်း၊ သနားခြင်းတွေနဲ့ အရှုံးပေးလိုက်ကြမယ့် ပုံစံမျိုးတွေနဲ့ ကျောင်းသားတွေက ဂိုက်တွေဖမ်းကြတာပေါ့။
ဆရာက ဘယ်ကောင် ဘယ်ကောင်တွေထဆိုတော့မှ ယောက်ျားလေးချင်း ပြိုင်ခိုင်းတော့မယ်ဆိုတာ သိရတော့တာပဲ။
အဲဒီတော့မှ မောင်မင်းကြီးသားတွေ သူ့ထက်ငါ အနိုင်ရဖို့ လုပ်ကြတော့တာပေါ့။
ဆရာက သင်ပုန်းကြီးပေါ် ၉ နဲ့ အမြှောက်ဂဏန်းလေး ရေးထားပြီး နောက်ထပ် မြှောက်ရမယ့်ဂဏန်း ရေးပြီးပြီဆိုတာနဲ့ အဖြေမှန်ကို ကျွန်တော်တို့က အမြန်တန်းပြီး ရွတ်နိုင်ကြရပါမယ်။နောက်ကျပြီးမှ ရွတ်ရင်တော့ ယောက်ျာလေးချင်း ထမ်းကြပေဦးပေါ့။
ယောက်ျားလေးဆိုတာက ဆန့်ကျင့်ဘက် လိင်အပေါ်မှာသာ သက်သက်ညှာညှာရှိတာ လိင်တူချင်းအပေါ်ဆိုရင် တယ်မလွယ်လှပါဘူး။ ဒါကြောင့် သူနိုင်ငါနိုင် အပြိုင်ကြဲတော့တာပါပဲ။
အခုလို ပြိုင်ပွဲမှာ နိုင်လို့ ရှုံးတဲ့သူကို ကျောပိုးစီးရပြီဆိုရင် ရိုးရိုးစီးတာမဟုတ်ဘူး။ ကျောပိုးလည်းစီးသေးတယ်၊ နားရွက်လည်းဆွဲသေးတယ်။ကျောပါ်ကနေ တကယ့်မြင်းစီးသလို ခုန်ဆွခုန်ဆွကလည်း လုပ်သေးတယ်။ အောက်ကကျတဲ့အကောင်တော့ သေပေရော့ပဲ။
ကျွန်တော်တို့ မူလကျောင်းသားဘဝ အခန်းတွင်း စာပြိုင်ပွဲတွေမှာ ယောက်ျားလေးချင်း ပြိုင်ဖို့ ကြုံလာရင်တော့ အဲဒီလို အကြိတ်အနယ်ရှိလှပါကြောင်း….။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
စာပြိုင်ပွဲ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service