တန်ဖိုးကြီးလူနေခန်းပိုင်ဆိုင်ထားကာ ဒေါ်လာ ၁ သန်းနီးပါး ကြွယ်ဝသော ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား

တန်ဖိုးကြီးလူနေခန်းပိုင်ဆိုင်ထားကာ ဒေါ်လာ ၁ သန်းနီးပါး ကြွယ်ဝသော ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား - Property News in Myanmar from iMyanmarHouse.com
20 Jul 2023 11:09 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် နေထိုင်သော တစ်ဦးသောသူအတွက် တောင်းရမ်းစားသောက်ခြင်းဟူသည်မှာ အလွန်မက်လောက်ဖွယ်အလုပ်တစ်ခုဖြစ်ဟန်ရသည်။

အိန္ဒိယပြည်တွင်း သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ ဘာရတ်ဂျိန်း (Bharat Jain) အမည်ရှိ တောင်းရမ်း စားသောက်သူသည် နည်းပညာနှင့် ဘဏ္ဍာရေးအချက်အခြာမြို့ကြီး မွမ်ဘိုင်းမြို့ လမ်းများပေါ်တွင် တောင်းရမ်းခြင်းမှတဆင့် ရူပီး ၇ ဒသမ ၅ ကုဋေ (ကန်ဒေါ်လာ ၈၉၀၇၀၈) (မြန်မာငွေ သိန်းပေါင်း ၁၈၀၀၀ ကျော်) ချမ်းသာကြွယ်ဝလျက်ရှိသည်ဟု ဆိုသည်။

သူ၏ နေ့စဉ်ဝင်ငွေမှာ ရူပီး ၂၅၀၀ ခန့်ရှိရာ ကန်ဒေါ်လာအားဖြင့်ဆိုလျှင် တစ်ရက်ဝင်ငွေ ဒေါ်လာ ၃၀(မြန်မာငွေ ၆၂၀၀၀ ခန့်) ၊ တစ်လလျှင် ၉၀၄ ဒေါ်လာ(မြန်မာငွေ ၁၈ သိန်း)ခန့် ဝင်ငွေရှိသည်။

(မှတ်ချက်။ ဇူလိုင်လ ၁၅ ရက် သတ်မှတ်ငွေလဲနှုန်း ၁ ဒေါ်လာလျှင် မြန်မာငွေ ၂၀၉၅ ကျပ်ဖြင့် တွက်ချက်ထားခြင်းသာ ဖြစ်ပါသည်။)

(မွမ်ဘိုင်းမြို့ လမ်းများပေါ်တွင် တောင်းရမ်းစားသောက်သူတစ်ဦးသည် ဒေါ်လာ ၈၉၀၇၀၈ ချမ်းသာကြွယ်ဝကြောင်း အိန္ဒိယပြည်တွင်း သတင်းမီဒီယာတို့က ဖော်ပြသည်။ ဓာတ်ပုံ-Bharat Jain)

ဘာရတ်ဂျိန်းသည် မွမ်ဘိုင်းတွင် အိပ်ခန်း ၂ ခန်းပါ တန်ဖိုးကြီး ဇိမ်ခံလူနေခန်းတစ်ခန်း ပိုင်ဆိုင်ထားသည်။

ထို့အပြင် ဈေးဆိုင် ၂ ခုလည်း ပိုင်ဆိုင်ထားပြီး ထိုဆိုင်များကို အငှားချထားခြင်းမှတဆင့် တစ်လလျှင် ၃၆၃ ဒေါ်လာခန့် ဝင်ငွေရသေးသည်။ သတင်းမီဒီယာများစွာက ဘာရတ်ဂျိန်းကို ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူတောင်းစားအဖြစ် ဖော်ပြကြသည်။

(သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ ဘာရတ်ဂျိန်းသည် တစ်ရက်လျှင် ဒေါ်လာ ၃၀ ခန့်၊ တစ်လလျှင် ၉၀၄ ဒေါ်လာခန့် ဝင်ငွေရှိကြောင်း ဖော်ပြကြသည်။ ဓာတ်ပုံ-ရိုက်တာ)

ဘာရတ်သည် ဆင်းရဲနုံချာလှသော ဘဝဖြင့် ကြီးပြင်းလာခဲ့ပြီး အတန်းပညာလည်းမရှိရာ တောင်းရမ်း စားသောက်သည့် ဘဝကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

(ဘာရတ်ဂျိန်း၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၈၉၀၇၀၈ ခန့် ကြွယ်ဝသည်ဟု အိန္ဒိယပြည်တွင်းသတင်းမီဒီယာတို့က ဖော်ပြသည်။ ဓာတ်ပုံ -ရိုက်တာ)

ယခုအခါ ဘာရတ်က သူ၏ သားသမီးများကို အဆိုပါငွေများဖြင့် ကွန်ဗင့်ကျောင်းတွင် ကျောင်းထားနိုင်နေပြီ ဖြစ်သည်။

ဘာရတ်သည် နေ့စဉ် အချိန် ၁၀ နာရီမှ ၁၂ နာရီခန့်အထိ တောင်းရမ်းလေ့ရှိသည်ဟု ဆိုသည်။

အဓိက တောင်းရမ်းလေ့ရှိသော နေရာများမှာ Chhatrapati Shivaji Terminus ရထားဘူတာရုံဝန်းကျင်နှင့် Azad Maidan အားကစားကွင်းအနီးတွင်ဖြစ်ပြီး ထိုနေရာများမှာ တောင်းရမ်းသူတို့၏ အချက်အခြာနေရာများ ဖြစ်ကြသည်။

ဘာရတ်၏ မိသားစုက စာရေးကရိယာဆိုင်တစ်ခု ဖွင့်လှစ်ထားပြီး ဘာရတ်အား တောင်းရမ်းမှုများ မလုပ်တော့ရန် ပြောသော်လည်း ဘာရတ်မှာ သူ့တစ်ဘဝလုံး ဖြတ်သန်းခဲ့သည့် တောင်းရမ်းမှုအလုပ်ကို မစွန့်လွှတ်နိုင်ဘဲ မွန်ဘိုင်းမြို့လမ်းများပေါ်တွင် ဆက်လက်ကျင်လည်လျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s richest beggar is worth nearly $1M (nypost)

[Zawgyi]

တန္ဖုိးၾကီးလူေနခန္းပိုင္ဆိုင္ထားကာ ေဒၚလာ ၁ သန္းနီးပါး ၾကြယ္ဝေသာ ကမၻာ့အခ်မ္းသာဆံုး သူေတာင္းစား

အိႏိၵယႏိုင္ငံ၊ မြမ္ဘိုင္းျမိဳ႕တြင္ ေနထိုင္ေသာ တစ္ဦးေသာသူအတြက္ ေတာင္းရမ္းစားေသာက္ျခင္းဟူသည္မွာ အလြန္မက္ေလာက္ဖြယ္အလုပ္တစ္ခုျဖစ္ဟန္ရသည္။

အိႏိၵယျပည္တြင္း သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ ဘာရတ္ဂ်ိန္း (Bharat Jain) အမည္ရွိ ေတာင္းရမ္း စားေသာက္သူသည္ နည္းပညာႏွင့္ ဘ႑ာေရးအခ်က္အျခာျမိဳ႕ၾကီး မြမ္ဘိုင္းျမိဳ႕ လမ္းမ်ားေပၚတြင္ ေတာင္းရမ္းျခင္းမွတဆင့္ ရူပီး ၇ ဒသမ ၅ ကုေဋ (ကန္ေဒၚလာ ၈၉၀၇၀၈) (ျမန္မာေငြ သိန္းေပါင္း ၁၈၀၀၀ ေက်ာ္) ခ်မ္းသာၾကြယ္ဝလ်က္ရွိသည္ဟု ဆိုသည္။

သူ၏ ေန႔စဥ္ဝင္ေငြမွာ ရူပီး ၂၅၀၀ ခန္႔ရွိရာ ကန္ေဒၚလာအားျဖင့္ဆိုလွ်င္ တစ္ရက္ဝင္ေငြ ေဒၚလာ ၃၀(ျမန္မာေငြ ၆၂၀၀၀ ခန္႔) ၊ တစ္လလွ်င္ ၉၀၄ ေဒၚလာ(ျမန္မာေငြ ၁၈ သိန္း)ခန္႔ ဝင္ေငြရွိသည္။

(မွတ္ခ်က္။ ဇူလိုင္လ ၁၅ ရက္ သတ္မွတ္ေငြလဲႏႈန္း ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၂၀၉၅ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္းသာ ျဖစ္ပါသည္။)

(မြမ္ဘိုင္းျမိဳ႕ လမ္းမ်ားေပၚတြင္ ေတာင္းရမ္းစားေသာက္သူတစ္ဦးသည္ ေဒၚလာ ၈၉၀၇၀၈ ခ်မ္းသာၾကြယ္ဝေၾကာင္း အိႏိၵယျပည္တြင္း သတင္းမီဒီယာတို႔က ေဖာ္ျပသည္။ ဓာတ္ပံု-Bharat Jain)

ဘာရတ္ဂ်ိန္းသည္ မြမ္ဘိုင္းတြင္ အိပ္ခန္း ၂ ခန္းပါ တန္ဖုိးၾကီး ဇိမ္ခံလူေနခန္းတစ္ခန္း ပိုင္ဆိုင္ထားသည္။

ထို႔အျပင္ ေစ်းဆိုင္ ၂ ခုလည္း ပိုင္ဆိုင္ထားျပီး ထိုဆိုင္မ်ားကို အငွားခ်ထားျခင္းမွတဆင့္ တစ္လလွ်င္ ၃၆၃ ေဒၚလာခန္႔ ဝင္ေငြရေသးသည္။ သတင္းမီဒီယာမ်ားစြာက ဘာရတ္ဂ်ိန္းကို ကမၻာေပၚတြင္ အခ်မ္းသာဆံုးသူေတာင္းစားအျဖစ္ ေဖာ္ျပၾကသည္။

(သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ ဘာရတ္ဂ်ိန္းသည္ တစ္ရက္လွ်င္ ေဒၚလာ ၃၀ ခန္႔၊ တစ္လလွ်င္ ၉၀၄ ေဒၚလာခန္႔ ဝင္ေငြရွိေၾကာင္း ေဖာ္ျပၾကသည္။ ဓာတ္ပံု-ရိုက္တာ)

ဘာရတ္သည္ ဆင္းရဲႏံုခ်ာလွေသာ ဘဝျဖင့္ ၾကီးျပင္းလာခဲ့ျပီး အတန္းပညာလည္းမရွိရာ ေတာင္းရမ္း စားေသာက္သည့္ ဘဝကို ေရြးခ်ယ္ခဲ့ျခင္း ျဖစ္သည္။

(ဘာရတ္ဂ်ိန္း၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၈၉၀၇၀၈ ခန္႔ ၾကြယ္ဝသည္ဟု အိႏိၵယျပည္တြင္းသတင္းမီဒီယာတို႔က ေဖာ္ျပသည္။ ဓာတ္ပံု -ရိုက္တာ)

ယခုအခါ ဘာရတ္က သူ၏ သားသမီးမ်ားကို အဆိုပါေငြမ်ားျဖင့္ ကြန္ဗင့္ေက်ာင္းတြင္ ေက်ာင္းထားႏိုင္ေနျပီ ျဖစ္သည္။

ဘာရတ္သည္ ေန႔စဥ္ အခ်ိန္ ၁၀ နာရီမွ ၁၂ နာရီခန္႔အထိ ေတာင္းရမ္းေလ့ရွိသည္ဟု ဆိုသည္။

အဓိက ေတာင္းရမ္းေလ့ရွိေသာ ေနရာမ်ားမွာ Chhatrapati Shivaji Terminus ရထားဘူတာရံုဝန္းက်င္ႏွင့္ Azad Maidan အားကစားကြင္းအနီးတြင္ျဖစ္ျပီး ထိုေနရာမ်ားမွာ ေတာင္းရမ္းသူတို႔၏ အခ်က္အျခာေနရာမ်ား ျဖစ္ၾကသည္။

ဘာရတ္၏ မိသားစုက စာေရးကရိယာဆိုင္တစ္ခု ဖြင့္လွစ္ထားျပီး ဘာရတ္အား ေတာင္းရမ္းမႈမ်ား မလုပ္ေတာ့ရန္ ေျပာေသာ္လည္း ဘာရတ္မွာ သူ႔တစ္ဘဝလံုး ျဖတ္သန္းခဲ့သည့္ ေတာင္းရမ္းမႈအလုပ္ကို မစြန္႔လႊတ္ႏိုင္ဘဲ မြန္ဘိုင္းျမဳိ႕လမ္းမ်ားေပၚတြင္ ဆက္လက္က်င္လည္လ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World’s richest beggar is worth nearly $1M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service