“ ပျော်ရွှင်မှုနှင့် မလဲပါ ”

“ ပျော်ရွှင်မှုနှင့် မလဲပါ ” - Property Knowledge in Myanmar from iMyanmarHouse.com
19 Jul 2023 3:48 pm တွင် တင်ခဲ့သည်
607 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

တစ်ခါက သူဌေးကြီးရဲ့ အိမ်အနီးမှာ အလွန်ဆင်းရဲပြီး ရေထမ်းရောင်းကာ အသက်မွေးကြရတဲ့ ကုလားလင်မယားနှစ်ယောက် ရှိကြပါသတဲ့။

ကုလားလင်မယားဟာ ပစ္စည်းမွဲသော်လည်း ညကျရင် လင်ကဗုံတီး၊ မယားကသီချင်းဆိုပြီး အလွန်ပျော်ကြသတဲ့။

သူဌေးကြီးက ကုလားလင်မယားကို သနားလို့ အိမ်ကိုခေါ်ပြီး မင်းတို့ဟာ အင်မတန်ဆင်းရဲတယ်၊ ရေထမ်းစားကြရတယ်၊ သည်ကရှေ့ ရေမထမ်းကြနှင့်၊ ကောင်းရောင်းကောင်းဝယ် လုပ်စားကြ၊ ငါငွေတစ်ထောင်ပေးမယ်လို့ ထောင်ထုပ်တစ်ထုပ် ပေးလိုက်တယ်။

ကုလားလင်မယားဟာ ဝမ်းသာအားရနှင့် ငွေထုပ်ကိုယူသွားကြတယ်။ ညကျတော့ ခါတိုင်းလို ဗုံလည်းမတီးနိုင်တော့၊ သီချင်းလည်း မဆိုနိုင်ကြဘူးတဲ့၊ လင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်ပြီး သည်ငွေကို ဘယ်လိုလုပ်ရမလဲလို့ တိုင်ပင်နေကြရတာနှင့် အိပ်ချိန်မအိပ်ရ၊စားချိန်မစားရဖြစ်သွားကြပါသတဲ့။

ငါးရက်လောက်ကြာတော့ ကုလားလင်မယားဟာ ငွေထုပ်ကို သူဌေးကြီးထံပြန်ယူလာပြီး သူဌေးကြီးရယ် သူဌေးကြီးရဲ့ ငွေထုပ်ကိုပြန်ယူပါ၊ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ပြန်ပေးပါ၊ ကျွန်တော်တို့ဟာ သူဌေးကြီးထံက ငွေရတဲ့နေ့ကစပြီး လုံးဝပျော်ရွှင်မှု မရှိတော့ပါဘူးလို့ ပြောကြသတဲ့။

သည်ပုံပြင်မှာပါတဲ့ အတိုင်း ရွှေငွေစတဲ့ ပစ္စည်းဥစ္စာဟာ လူ့ရဲ့စိတ်ကို အင်မတန်မှဆွတယ်၊ ငွေမချမ်းသာမီ ကာလက စိတ်နှလုံးကောင်းတဲ့လူဟာ ငွေချမ်းသာလျှင် စိတ်နှလုံး ခက်ထန်လာတတ်တယ်၊ မာန်တက်လာ တတ်တယ်။

ဒါကြောင့် ရွှေငွေစတဲ့ ဝတ္ထုကာမတွေဟာ မိမိရဲ့သန္ထာန်မှာရှိနေတဲ့ ကိလေသာကာမကို ထကြွအောင် ဆွတယ်၊ ကိလေသာကာမထကြွလာခဲ့တော့ အဲဒီကိလေသာတွေက သူများကိုမတိုက်ဘူး၊ ကိုယ့်ကိုယ် ပြန်ပြီးတိုက်တယ်၊ သူများကိုမနှိပ်စက်ဘူး၊ကိုယ့်ကိုယ် ပြန်ပြီးနှိပ်စက်တယ်၊ သေသေချာချာ စဉ်းစားကြည့်လျှင် ရွှေငွေစတဲ့ ဝတ္ထုကာမတွေဟာ မိမိတို့ရဲ့ မိတ်ဆွေဟောင်းများ မဟုတ်ကြဘူး၊ရန်သူတွေသာဖြစ်တယ်။

သို့သော်လည်း မီးတို့ရေတို့ဟာ မိမိတို့ရဲ့ မိတ်ဆွေမဟုတ်ကြလို့ ရန်သူစာရင်းအတွင်းမှာပါဝင်တယ်၊ မီးရေဟာ ရန်သူဖြစ်တယ်ဆိုပြီး စွန့်ပစ်လို့ ဖြစ်သလား၊ စွန့်ပစ်လို့ မဖြစ်ဘူး၊ သူ့နေရာနှင့်သူ အသုံးချတတ်လျှင် မီး,ရေဟာ လူသားကိုအလွန်အကျိုးပြုတဲ့ မိတ်ဆွေများဖြစ်သွားကြတယ်။

ရွှေငွေဟာလည်း လူသားရဲ့ ရန်သူပါပဲ၊ သို့သော်လည်း သူ့နေရာနှင့်သူ အသုံးချတတ်လျှင် ရွှေငွေဟာ ရန်သူမဟုတ်ဘူး၊ မိတ်ဆွေဖြစ်သွားတတ်တယ်၊ လောကမှာမိတ်ဆွေမရှိတဲ့လူဟာ အထီးကျန်ဘဝဖြင့် ဆင်းရဲဒုက္ခကြုံရတတ်သလို၊ ရွှေငွေဥစ္စာ မရှိတဲ့သူဟာလည်း အထီးကျန်ဘဝဖြင့် ဆင်းရဲကြရတယ်၊ ဒါကြောင့် ရွှေငွေကို ဖြစ်တဲ့နည်းနဲ့ ရှာဖွေကြရတယ်၊ စုဆောင်းကြရတယ်၊ သည်စကားရပ်က လူသားတွေအတွက် ရည်ရွယ်တဲ့ စကားရပ်ပဲ။

ဒီပုံပြင်လေးက ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီး၏ “ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၂)- ရဟန်းတော်များနှင့် ရွှေငွေအလှူ” မှ ကောက်နုတ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

 


 
















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service