ကလာအတတ် ၆၄-ရပ်

ကလာအတတ် ၆၄-ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
19 Jul 2023 3:08 pm တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

သိပ္ပံပညာခေါ် လက်မှုပညာအတတ် ၆၄-ရပ်ကို လိုရင်းပဓာနမျှ ထုတ်ပြသော သုကြနီတိကျမ်းလာ ဖြစ်၏၊ ဘာဂဝတ ပုရဏ်စသည်တို့၌လည်း ကလာအတတ်ပေါင်းများစွာရှိသေးသည်။

(၁) နစ္စ-အကမျိုးစုံအတတ်၊ (၂) ဝါဒန- တီးမှုတ်မျိုးစုံအတတ်၊ (၃) ဝတ္ထာလင်္ကာရ သန္ဓာန- လူနှင့်လျော်အောင် အဝတ်တန်ဆာဆင်ယင်ပေးမှုအတတ်၊ (၄) အနေက ရူပ ဝိဘာ၀ ကရဏ- အဆင်းသဏ္ဍန် မျက်နှာရုပ်ပုံအမျိုးမျိုးတို့ကို ကောင်းစွာလှပအောင် ပြုပြင်ပေးနိုင်ခြင်း၊ အလှပြင်အတတ်၊ (၅) သေယျတ္ထရဏာဒိ သံယောဂ ပုပ္ဖါဒိ ဂန္ထန- အိပ်ရာ ကုတင်စသည်တို့ကို တင့်တယ်ဖွယ်ရာစွာ ပြင်ဆင်ခင်းကျင်း တတ်ခြင်း၊ ပန်းစသည်တို့ကိုသီကုံးပြုပြင်တတ်ခြင်းအတတ်၊ (၆) အနေက ကီဠာရဉ္စန- ကစားမျိုးစုံတို့ဖြင့် လူအပေါင်းအား နှစ်သက်စေနိုင်ခြင်းအတတ်၊ (၇) အနေကာသန သန္ဓာန ရတိဇာနန- နေရာအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် ကာမ မွေ့လျော် ခံစားပြုလုပ်ပုံနည်းကို သိသောအတတ်၊ (၈) မဇ္ဇ သဝါဒိကရဏ- သေရည်သေရက် အမျိုးမျိုး စိမ်ချက်မှုအတတ်၊ (၉) သလ္လဟာရဏ ဝဏဝိဇ္ဈန- စူးဝင်သောမြား ကျည်ဆန်နှင့် အနာဟူသမျှတို့ကို ခွဲစိတ်ကုသနိုင်ခြင်းအတတ်၊ (၁၀) အန္နာဒိပဝန- အချက်အပြုတ် စဖိုစသည်အတတ်။ (၁၁) ဗီဇာရောပနာဒိ- သစ်ပင်မျိုးစေ့တို့ကို စိုက်ပျိုးစောင့်ရှောက်ခြင်း လယ်ယာ ဥယျာဉ်မှူးအတတ်၊ (၁၂) ပါသာဏ ဓါတွာဒိ ဝိဓါကရဏ ဘသ္မီကရဏ- ကျောက်ခဲ ရွှေ ငွေ သံ စသောဓါတ်တို့ကို ခွဲစိတ်ခြင်း၊ သန့်စင်ခြင်း၊ ပြာချခြင်းအတတ်၊ (၁၃) ဥစ္ဆု ဝိကာရ ကရဏ- ထန်းလျက် ကြံသကာ တင်လဲ သကြားစသည် ချက်လုပ်မှုအတတ်၊ (၁၄) ဓါတောသဓိ သံယောဂါဓိ ကိရိယာ- ရွှေစသောဓါတ်နှင့်ဆေးတို့ကို ယှဉ်စပ်သောအတတ်၊ (၁၅) ဓါတု သံယောဂ ဝိဘာဂ ကရဏ- ရွှေ ငွေစသော ဓါတ်တို့ကို ရောစပ်ခြင်း ခွဲထုတ်ခြင်းဟူသော ဓါတုဗေဒ အတတ်၊ (၁၆) ဓါတွာဒိ သံယောဂ ပုဗ္ဗဝိညာဏ- ဓါတ်မျိုးစုံစပ်နည်းကို ရှေးဦးစွာစတင်စမ်းသပ်ပြုလုပ်နိုင်ခြင်း အတတ်၊ (၁၇) ခါရနိက္ကာသန- ယမ်း ဆား ဆပ်ပြာထုတ်လုပ်တတ်မှု၊ (၁၈) သတ္ထ သန္ဓာန ဝိက္ခေပ- အလိုရှိရာ၌ ကျရောက်ထိမှန်နိုင်စေရန် လက်နက်ကို ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊ (၁၉) မလ္လယုဒ္ဓ- လက်ပမ်းလုံးခြင်းအတတ်၊ (၂၀) ဗာဟု ယုဒ္ဓ- လက်ဝှေ့သတ်ခြင်းအတတ်။

 

 

 

 

(၂၁) ပတိကိရိယာ- ရန်သူလက်ချက်မှလွတ်မြောက်အောင် ရှောင်လွှဲခြင်းအတတ်၊ (၂၂) ဗျူဟာစရနာဒိ ကရဏ- စည် မောင်း ဘင် ခရာအမှတ်ဖြင့် စစ်ဆင် စစ်တက်အမျိုးမျိုး ယန္တရားလက်နက်တို့ကို စနစ်တကျ စီစဉ်ချထားပစ်ခတ်ခြင်းအတတ်၊ (၂၃) ဒေဝတာတောသန- နတ်တို့အားနှစ်သက်စေခြင်း မေတ္တာပို့အမျှပေးဝေမှုအတတ်၊ (၂၄) သာရယျ ဟတ္ထိ အဿ ဂတိ သိက္ခာ- ရထားမောင်း ဆင်စီး မြင်းစီးအတတ်၊ (၂၅) မတ္တိကာဘဏ္ဍ သံကိရိယာ- အိုး အင် အုတ်လုပ် အိုးထိန်းသည်အတတ်၊ (၂၆) ကဋ္ဌာ ဘဏ္ဍ သံကိရိယာ- သစ်သားထည်မျိုးစုံ ပန်းပု လက်သမားအတတ်၊ (၂၇) ပါသာဏ ဘဏ္ဍ သံကိရိယာ- ကျောက်ရုပ်ကျောက်ပန်း ကျောက်ဆစ်အတတ်၊ (၂၈) ဓါတု ဘဏ္ဍ သံကိရိယာ- ကြေးထည် သံထည်မျိုးစုံ ပန်းပဲပန်းတင်းအတတ်၊ (၂၉) စိတ္တာဒျာလေခန- ပန်းချီပုံဆွဲအတတ်၊ (၃၀) တဠာက ပိပါသာဒ သမဘူမိကိရိယာ-ချောင်း မြောင်း ရေတွင်းရေကန်တူးခြင်း၊ ကျုံးတူးခြင်း၊ တိုက်အိမ် မြို့ကွက်တို့၌၊ မြေညှိခြင်းအတတ်။

 

 

 

 

 

(၃၁) ယန္တရ ကရဏ- နာရီ စက် တူရိယာမျိုးစုံ ပြုလုပ်နိုင်ခြင်းအတတ်၊ (၃၂) ဝဏ္ဏ ရဉ္ဇန-အရောင်မျိုးစုံ ဆေးဆိုးပန်းရိုက် လုပ်ငန်းအတတ်၊ (၃၃) ဇလ ဝါယွဂ္ဂိ သံယောဂ နိရောဓ ကိရိယာ- ရေစက်လေစက် မီးစက် အင်ဂျင်စက် အတတ်၊ (၃၄) ယာန ကရဏ- ယာဉ်မျိုးစုံတို့ကို တည်ဆောက်ပြုလုပ်ခြင်းအတတ်၊ (၃၅) သုတ္တာဒိ ရဇ္ဇ ကရဏ- ချည်မျှင် ချည်ကြိုး အမျိုးမျိုးငင်လုပ်သောအတတ်၊ (၃၆) ဝတ္ထုဝါယန- အထည်မျိုးစုံရက်လုပ်သောအတတ်၊ (၃၇) ရတနဝေဓါဒိ သန္တသန္တညာန- ရတနာတို့၏ အနေအထားအပေါက်စသည်တို့၌ ကောင်း မကောင်းသိသောအတတ်၊ (၃၈) သုဝဏ္ဏာဒိ ယထာယထဝိညာဏ- ရွှေစသည်တို့ကို အမျိုးမှန် မမှန်၊ ကောင်း မကောင်းသိသောအတတ်၊ (၃၉) ကိတ္တိမ သုဝဏ္ဏရတနာဒိ ကိရိယာဝိညာပန-ပြုလုပ်အပ်သော ရွှေစသည့် ကိတ်ရတနာတို့ကို ပြုလုပ်နိုင်ခြင်း ရွှေဖြစ် ငွေဖြစ် အတတ်၊ (၄၀) လေပါဒိသံကိရိယာ-ပန်းရံ အတတ်။

 

 

 

 

(၄၁) စမ္မမဒ္ဒဝါဒိကိရိယာ- သားရေနယ်အမျိုးမျိုးနှင့် ၎င်းင်းတို့ကိုဆေးဆိုးခြင်း သားရေနယ်အတတ်၊ (၄၂) သုဝဏ္ဏဒျာလင်္ကာရကိရိယာ- ပုံစံမျိုးစုံလုပ်နိုင်သော ရွှေပန်းထိမ်အတတ်၊ (၄၃) ပသုစမ္မင်္ဂနီဟာရ ကိရိယာ-သားကောင်ပုံမပျက်အောင် သားရေကိုခွာဆုတ်နိုင်သောအတတ်၊ (၄၄) ဒုဒ္ဓဒေါဟာဒိဝိညာဏ- နို့ညှစ်မှစ၍ထောပတ်အထိပြုလုပ်နိုင်ခြင်း အတတ်၊ (၄၅) ကဉ္ဇကာဒိ သီဝန- ချပ်ဝတ် သင်တိုင်း အင်္ကျီစသည်တို့ကို ချုပ်လုပ်သီတွယ် ဖြတ်ညှပ်မှုအတတ်၊ (၄၆) ဇလ တရဏ- ရေကူး ရေငုပ်အတတ်၊ (၄၇) ဂေဟ ဘဏ္ဍာဒိမဇ္ဇန-အိမ်သုံးပရိဘောဂအိုးခွက် စသည်တို့ကို ပြောင်လက်စင်ကြယ်အောင်ပြုလုပ်ခြင်းအတတ်၊ (၄၈) ဝတ္ထသမ္မဇ္ဇန- ခဝါသည်အတတ်၊ (၄၉) ခုရကမ္မ- ဆတ္တာသည် အတတ်၊ (၅၀) တိလ မံသာဒိ သိနေဟ နိဏ္ဏသန- နှမ်းဆီ အမဲဆီစသည်တို့ကို ထုတ်ယူခြင်းအတတ်။

 

 

 

(၅၁) သီရာဒျာကဿက- လယ်ထွန်အတတ်၊ (၅၂) ရုက္ခာရောဟ- သစ်ပင်တက်အတတ်၊ (၅၃) မနောနုကူလ သေဝါကရဏ- အရှင့်စိတ်တိုင်းကျအောင် ခစားလုပ်ကျွေးခြင်းအတတ်၊ (၅၄) ဝေဏုတိဏာဒိ ပတ္တ ကရဏ- နှီးခွက် နှီးဖျာ မြက်ခွက် မြက်ဖျာစသည်အတတ်၊ (၅၅) ကာစ ပတ္တာဒိ ကရဏ-စဉ့်အိုးခွက်, ကြွေç ဖလ်အိုးခွက်, ပန်းကန်ပြုလုပ်ခြင်း အတတ်၊ (၅၆) ဇလ သံသေစန ဟရဏ- ရေယူ ရေထုတ် ရေလှောင် ရေပေး ဆည်မြောင်းအတတ်၊ (၅၇) လောဟာဘိသာရ သတ္ထကရဏ- သံမဏိ သံရေကြိုစက် လက်နက်မျိုးစုံလုပ်ခြင်းအတတ်၊ (၅၈) ဟတ္ထိ အဿာဒိ ပိဌရဏကိရိယာ- ဆင်ကုန်း မြင်းကုန်းစသည် လုပ်ခြင်းအတတ်၊ (၅၉) သီသုသံရက္ခဏ ဓါရဏာဒိကိရိယာ-ကလေးသူငယ်စောင့်ရှောက်မွေးမြူရေး ကလေးထိန်းအတတ်၊ (၆၀) အပရာဓိတာဠနÓဏ- အပြစ်ရှိသူကိုအပြစ်နှင့်လျော်စွာ ပုတ်ခတ်ရိုက်နှက်ခြင်းအတတ်။ (၆၁) နာနာဒေသိယ ဝဏ္ဏ လေခန- ဘာသာမျိုးစုံတို့၏ စာပေအက္ခရာကို ရေးသားမှုအတတ်၊ (၆၂) တမ္ဗူလာရက္ခာဒိကိရိယာ- ကွမ်းယာ ကွမ်းပြင်စသည်အတတ်၊ (၆၃) ပြဆိုပြီး ၆၂-ပါးသောကလာတို့၌လေးဆေးသင့်လျှင် လေးဆေးစွာပြုလုပ်တတ်ခြင်း အာဒါနဂုဏ်၊ (၆၄) လျင်မြန်သင့်လျှင် လျင်မြန်စွာပြုလုပ်တတ်ခြင်း ပတိဒါနဂုဏ်။

(သုတေသန သရုပ်ပြ အဘိဓာန်မှ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ကလာအတတ္ ၆၄-ရပ္

 

သိပၸံပညာေခၚ လက္မႈပညာအတတ္ ၆၄-ရပ္ကို လိုရင္းပဓာနမွ် ထုတ္ျပေသာ သုၾကနီတိက်မ္းလာ ျဖစ္၏၊ ဘာဂ၀တ ပုရဏ္စသည္တို႔၌လည္း ကလာအတတ္ေပါင္းမ်ားစြာရွိေသးသည္။

(၁) နစၥ-အကမ်ိဳးစံုအတတ္၊ (၂) ၀ါဒန- တီးမႈတ္မ်ိဳးစံုအတတ္၊ (၃) ၀တၳာလကၤာရ သႏၶာန- လူႏွင့္ေလ်ာ္ေအာင္ အ၀တ္တန္ဆာဆင္ယင္ေပးမႈအတတ္၊ (၄) အေနက ႐ူပ ၀ိဘာ၀ ကရဏ- အဆင္းသ႑န္ မ်က္ႏွာ႐ုပ္ပံုအမ်ိဳးမ်ိဳးတို႔ကို ေကာင္းစြာလွပေအာင္ ျပဳျပင္ေပးႏိုင္ျခင္း၊ အလွျပင္အတတ္၊ (၅) ေသယ်တၳရဏာဒိ သံေယာဂ ပုပၹါဒိ ဂႏၴန- အိပ္ရာ ကုတင္စသည္တို႔ကို တင့္တယ္ဖြယ္ရာစြာ ျပင္ဆင္ခင္းက်င္း တတ္ျခင္း၊ ပန္းစသည္တို႔ကိုသီကံုးျပဳျပင္တတ္ျခင္းအတတ္၊ (၆) အေနက ကီဠာရဥၥန- ကစားမ်ိဳးစံုတို႔ျဖင့္ လူအေပါင္းအား ႏွစ္သက္ေစႏိုင္ျခင္းအတတ္၊ (၇) အေနကာသန သႏၶာန ရတိဇာနန- ေနရာအမ်ိဳးမ်ိဳး နည္းအမ်ိဳးမ်ိဳးျဖင့္ ကာမ ေမြ႕ေလ်ာ္ ခံစားျပဳလုပ္ပံုနည္းကို သိေသာအတတ္၊ (၈) မဇၨ သ၀ါဒိကရဏ- ေသရည္ေသရက္ အမ်ိဳးမ်ိဳး စိမ္ခ်က္မႈအတတ္၊ (၉) သလႅဟာရဏ ၀ဏ၀ိဇၩန- စူး၀င္ေသာျမား က်ည္ဆန္ႏွင့္ အနာဟူသမွ်တို႔ကို ခြဲစိတ္ကုသႏိုင္ျခင္းအတတ္၊ (၁၀) အႏၷာဒိပ၀န- အခ်က္အျပဳတ္ စဖိုစသည္အတတ္။ (၁၁) ဗီဇာေရာပနာဒိ- သစ္ပင္မ်ိဳးေစ့တို႔ကို စိုက္ပ်ိဳးေစာင့္ေရွာက္ျခင္း လယ္ယာ ဥယ်ာဥ္မႉးအတတ္၊ (၁၂) ပါသာဏ ဓါတြာဒိ ၀ိဓါကရဏ ဘသၼီကရဏ- ေက်ာက္ခဲ ေရႊ ေငြ သံ စေသာဓါတ္တို႔ကို ခြဲစိတ္ျခင္း၊ သန္႔စင္ျခင္း၊ ျပာခ်ျခင္းအတတ္၊ (၁၃) ဥစၦဳ ၀ိကာရ ကရဏ- ထန္းလ်က္ ၾကံသကာ တင္လဲ သၾကားစသည္ ခ်က္လုပ္မႈအတတ္၊ (၁၄) ဓါေတာသဓိ သံေယာဂါဓိ ကိရိယာ- ေရႊစေသာဓါတ္ႏွင့္ေဆးတို႔ကို ယွဥ္စပ္ေသာအတတ္၊ (၁၅) ဓါတု သံေယာဂ ၀ိဘာဂ ကရဏ- ေရႊ ေငြစေသာ ဓါတ္တို႔ကို ေရာစပ္ျခင္း ခြဲထုတ္ျခင္းဟူေသာ ဓါတုေဗဒ အတတ္၊ (၁၆) ဓါတြာဒိ သံေယာဂ ပုဗၺ၀ိညာဏ- ဓါတ္မ်ိဳးစံုစပ္နည္းကို ေရွးဦးစြာစတင္စမ္းသပ္ျပဳလုပ္ႏိုင္ျခင္း အတတ္၊ (၁၇) ခါရနိကၠာသန- ယမ္း ဆား ဆပ္ျပာထုတ္လုပ္တတ္မႈ၊ (၁၈) သတၳ သႏၶာန ၀ိေကၡပ- အလိုရွိရာ၌ က်ေရာက္ထိမွန္ႏိုင္ေစရန္ လက္နက္ကို ခ်ိန္ရြယ္ပစ္လႊတ္ျခင္းအတတ္၊ (၁၉) မလႅယုဒၶ- လက္ပမ္းလံုးျခင္းအတတ္၊ (၂၀) ဗာဟု ယုဒၶ- လက္ေ၀ွ႕သတ္ျခင္းအတတ္။ (၂၁) ပတိကိရိယာ- ရန္သူလက္ခ်က္မွလြတ္ေျမာက္ေအာင္ ေရွာင္လႊဲျခင္းအတတ္၊ (၂၂) ဗ်ဴဟာစရနာဒိ ကရဏ- စည္ ေမာင္း ဘင္ ခရာအမွတ္ျဖင့္ စစ္ဆင္ စစ္တက္အမ်ိဳးမ်ိဳး ယႏၲရားလက္နက္တို႔ကို စနစ္တက် စီစဥ္ခ်ထားပစ္ခတ္ျခင္းအတတ္၊ (၂၃) ေဒ၀တာေတာသန- နတ္တို႔အားႏွစ္သက္ေစျခင္း ေမတၱာပို႔အမွ်ေပးေ၀မႈအတတ္၊ (၂၄) သာရယ် ဟတၳိ အႆ ဂတိ သိကၡာ- ရထားေမာင္း ဆင္စီး ျမင္းစီးအတတ္၊ (၂၅) မတၱိကာဘ႑ သံကိရိယာ- အိုး အင္ အုတ္လုပ္ အိုးထိန္းသည္အတတ္၊ (၂၆) က႒ာ ဘ႑ သံကိရိယာ- သစ္သားထည္မ်ိဳးစံု ပန္းပု လက္သမားအတတ္၊ (၂၇) ပါသာဏ ဘ႑ သံကိရိယာ- ေက်ာက္႐ုပ္ေက်ာက္ပန္း ေက်ာက္ဆစ္အတတ္၊ (၂၈) ဓါတု ဘ႑ သံကိရိယာ- ေၾကးထည္ သံထည္မ်ိဳးစံု ပန္းပဲပန္းတင္းအတတ္၊ (၂၉) စိတၱာဒ်ာေလခန- ပန္းခ်ီပံုဆြဲအတတ္၊ (၃၀) တဠာက ပိပါသာဒ သမဘူမိကိရိယာ-ေခ်ာင္း ေျမာင္း ေရတြင္းေရကန္တူးျခင္း၊ က်ံဳးတူးျခင္း၊ တုိက္အိမ္ ၿမိဳ႕ကြက္တို႔၌၊ ေျမညိႇျခင္းအတတ္။ (၃၁) ယႏၲရ ကရဏ- နာရီ စက္ တူရိယာမ်ိဳးစံု ျပဳလုပ္ႏိုင္ျခင္းအတတ္၊ (၃၂) ၀ဏၰ ရဥၨန-အေရာင္မ်ိဳးစံု ေဆးဆိုးပန္း႐ိုက္ လုပ္ငန္းအတတ္၊ (၃၃) ဇလ ၀ါယြဂိၢ သံေယာဂ နိေရာဓ ကိရိယာ- ေရစက္ေလစက္ မီးစက္ အင္ဂ်င္စက္ အတတ္၊ (၃၄) ယာန ကရဏ- ယာဥ္မ်ိဳးစံုတို႔ကို တည္ေဆာက္ျပဳလုပ္ျခင္းအတတ္၊ (၃၅) သုတၱာဒိ ရဇၨ ကရဏ- ခ်ည္မွ်င္ ခ်ည္ႀကိဳး အမ်ိဳးမ်ိဳးငင္လုပ္ေသာအတတ္၊ (၃၆) ၀တၳဳ၀ါယန- အထည္မ်ိဳးစံုရက္လုပ္ေသာအတတ္၊ (၃၇) ရတနေ၀ဓါဒိ သႏၲသႏၲညာန- ရတနာတို႔၏ အေနအထားအေပါက္စသည္တို႔၌ ေကာင္း မေကာင္းသိေသာအတတ္၊ (၃၈) သု၀ဏၰာဒိ ယထာယထ၀ိညာဏ- ေရႊစသည္တို႔ကို အမ်ိဳးမွန္ မမွန္၊ ေကာင္း မေကာင္းသိေသာအတတ္၊ (၃၉) ကိတၱိမ သု၀ဏၰရတနာဒိ ကိရိယာ၀ိညာပန-ျပဳလုပ္အပ္ေသာ ေရႊစသည့္ ကိတ္ရတနာတို႔ကို ျပဳလုပ္ႏိုင္ျခင္း ေရႊျဖစ္ ေငြျဖစ္ အတတ္၊ (၄၀) ေလပါဒိသံကိရိယာ-ပန္းရံ အတတ္။ (၄၁) စမၼမဒၵ၀ါဒိကိရိယာ- သားေရနယ္အမ်ိဳးမ်ိဳးႏွင့္ ၎င္းတို႔ကိုေဆးဆိုးျခင္း သားေရနယ္အတတ္၊ (၄၂) သု၀ဏၰဒ်ာလကၤာရကိရိယာ- ပံုစံမ်ိဳးစံုလုပ္ႏိုင္ေသာ ေရႊပန္းထိမ္အတတ္၊ (၄၃) ပသုစမၼဂၤနီဟာရ ကိရိယာ-သားေကာင္ပံုမပ်က္ေအာင္ သားေရကိုခြာဆုတ္ႏိုင္ေသာအတတ္၊ (၄၄) ဒုဒၶေဒါဟာဒိ၀ိညာဏ- ႏို႔ညႇစ္မွစ၍ေထာပတ္အထိျပဳလုပ္ႏိုင္ျခင္း အတတ္၊ (၄၅) ကဥၨကာဒိ သီ၀န- ခ်ပ္၀တ္ သင္တိုင္း အကႌ်စသည္တို႔ကို ခ်ဳပ္လုပ္သီတြယ္ ျဖတ္ညႇပ္မႈအတတ္၊ (၄၆) ဇလ တရဏ- ေရကူး ေရငုပ္အတတ္၊ (၄၇) ေဂဟ ဘ႑ာဒိမဇၨန-အိမ္သံုးပရိေဘာဂအိုးခြက္ စသည္တို႔ကို ေျပာင္လက္စင္ၾကယ္ေအာင္ျပဳလုပ္ျခင္းအတတ္၊ (၄၈) ၀တၳသမၼဇၨန- ခ၀ါသည္အတတ္၊ (၄၉) ခုရကမၼ- ဆတၱာသည္ အတတ္၊ (၅၀) တိလ မံသာဒိ သိေနဟ နိဏၰသန- ႏွမ္းဆီ အမဲဆီစသည္တို႔ကို ထုတ္ယူျခင္းအတတ္။ (၅၁) သီရာဒ်ာကႆက- လယ္ထြန္အတတ္၊ (၅၂) ႐ုကၡာေရာဟ- သစ္ပင္တက္အတတ္၊ (၅၃) မေနာႏုကူလ ေသ၀ါကရဏ- အရွင့္စိတ္တိုင္းက်ေအာင္ ခစားလုပ္ေကြၽးျခင္းအတတ္၊ (၅၄) ေ၀ဏုတိဏာဒိ ပတၱ ကရဏ- ႏွီးခြက္ ႏွီးဖ်ာ ျမက္ခြက္ ျမက္ဖ်ာစသည္အတတ္၊ (၅၅) ကာစ ပတၱာဒိ ကရဏ-စဥ့္အိုးခြက္, ေၾကြç ဖလ္အိုးခြက္, ပန္းကန္ျပဳလုပ္ျခင္း အတတ္၊ (၅၆) ဇလ သံေသစန ဟရဏ- ေရယူ ေရထုတ္ ေရေလွာင္ ေရေပး ဆည္ေျမာင္းအတတ္၊ (၅၇) ေလာဟာဘိသာရ သတၳကရဏ- သံမဏိ သံေရႀကိဳစက္ လက္နက္မ်ိဳးစံုလုပ္ျခင္းအတတ္၊ (၅၈) ဟတၳိ အႆာဒိ ပိဌရဏကိရိယာ- ဆင္ကုန္း ျမင္းကုန္းစသည္ လုပ္ျခင္းအတတ္၊ (၅၉) သီသုသံရကၡဏ ဓါရဏာဒိကိရိယာ-ကေလးသူငယ္ေစာင့္ေရွာက္ေမြးျမဴေရး ကေလးထိန္းအတတ္၊ (၆၀) အပရာဓိတာဠနÓဏ- အျပစ္ရွိသူကိုအျပစ္ႏွင့္ေလ်ာ္စြာ ပုတ္ခတ္႐ိုက္ႏွက္ျခင္းအတတ္။ (၆၁) နာနာေဒသိယ ၀ဏၰ ေလခန- ဘာသာမ်ိဳးစံုတို႔၏ စာေပအကၡရာကို ေရးသားမႈအတတ္၊ (၆၂) တမၺဴလာရကၡာဒိကိရိယာ- ကြမ္းယာ ကြမ္းျပင္စသည္အတတ္၊ (၆၃) ျပဆိုၿပီး ၆၂-ပါးေသာကလာတို႔၌ေလးေဆးသင့္လွ်င္ ေလးေဆးစြာျပဳလုပ္တတ္ျခင္း အာဒါနဂုဏ္၊ (၆၄) လ်င္ျမန္သင့္လွ်င္ လ်င္ျမန္စြာျပဳလုပ္တတ္ျခင္း ပတိဒါနဂုဏ္။

(သုေတသန သရုပ္ျပ အဘိဓာန္မွ)

 

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service